Macy Wholesales
Premium Quality ထိုင်းနိုင်ငံမှ ဘုရားကျောင်းဆောင်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး။ Customize and Inst
10/07/2026
မနက်တိုင်း ရွတ်ဖတ်ပူဇော်ကြပါ။✨✨✨
" သရဏဂုံ "
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ
ဥုံ ဗုဒ္ဓစက္ခုံ ကိုယ်လုံးခြုံ လုံပါစေသား လုံစေသား
ဥုံ ဓမ္မစက္ခုံ ကိုယ်လုံးခြုံ လုံပါစေသား လုံစေသား
ဥုံ သံဃစက္ခုံ ကိုယ်လုံးခြုံ လုံပါစေသား လုံစေသား
ဥုံ အနန္တဂုဏ်ကိုယ်လုံးခြုံ လုံပါစေသား လုံစေသား
ဦးခေါင်းထက်၌
ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူသော
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း
ညာပုခုံးထက်၌
ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည် လည်းကောင်း
ဘယ်ပုခုံးထက်၌
အဂ္ဂသာဝကကြီးများသည်လည်းကောင်း
ရင်ထက်၌
ရဟန္တာအရှင်သူမြတ်တို့သည်လည်းကောင်း
ကျောပြင်၌ လောကပါလနတ်မြတ်တို့သည်လည်းကောင်း
ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက်
ပေးတော်မူကြပါ ဘုရား🙏🙏🙏
ရွက်ဆိုပူဇော်ကြသူတိုင်း ကျရောက်ဆဲ ကျရောက်လတံ့သော ဘေးဥပါဒ်အန္တရာယ် အစခပ်သိမ်းမှ
လွတ်မြောက်ပါစေ🙏🙏🙏
#မင်္ဂလာနံနက်ခင်း
အိမ်သစ်တက်ဘုရားကျောင်းဆောင်အမှီပြင်ဦးလွင်မြို့သို့ ပို့ဆောင်ပေးရမည့်
ချစ်ရတဲ့Customerအစ်မ ရဲ့ အမှာအော်ဒါ
သိန်း 4x ကျော်ဖိုးအများကြီး onlineကနေ
ယုံကြည်စိတ်ချစွာ ချစ်ခင်အားပေးမှုတွက်
အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်🌿✨
🌼 ဘုရားပန်းအိုး၊ရွှေပြောင်ကြွေပန်းအိုး
🌼 Crystal ဖန်ကြည်ရေတော်ခွက်
🌼 ဘုရားဆင်းတုတော်နေကထိုင်အခင်း
🌼 အလှူမင်္ဂလာပွဲသုံး ရေစက်ချခွက်များ
Macy Wholesales ဆိုင်ခွဲ ( 2 )
ခြံ အမှတ် 42/A, အင်းယားမြိုင်လမ်း
ဗဟန်းမြို့နယ်
My Hill Restaurant မျက်နှာချင်းဆိုင်
G & G ဘေးကပ်လျက်မှာပါရှင့်
☎️ ဆိုင်ဖုန်း 09676122408 / 409
စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ✨
အဖြေက တိုတိုလေးပါပဲ။
ကိုယ့်ရင်ထဲမှာ...
အကုသိုလ်စိတ်တွေ ကိန်းနေရင်
စိတ်ဆင်းရဲရပါတယ်။
ကိုယ့်ရင်ထဲမှာ...
ကုသိုလ်စိတ်တွေ ကိန်းနေရင်
စိတ်ချမ်းသာရပါတယ်။
တစ်ခါတစ်လေ...
စိတ်ချမ်းသာနေပြီဆိုရင်
ကိုယ့်ရင်ထဲကို ပြန်အာရုံပြုကြည့်လိုက်ပါ။
ကုသိုလ်စိတ်တွေ ကိန်းနေတာ တွေ့ရလိမ့်မယ်။
ဒါနနဲ့ယှဉ်တဲ့ ကုသိုလ်ပဲ ဖြစ်ဖြစ်၊
ဝေယျာ၀စ္စပရဟိတနဲ့ယှဉ်တဲ့ ကုသိုလ်ပဲ ဖြစ်ဖြစ်၊
ဂုဏ်တော် မေတ္တာ ဝိပဿနာနဲ့ယှဉ်တဲ့
ကုသိုလ်ပဲ ဖြစ်ဖြစ်၊
ကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။
ဒီလိုပါပဲ။
စိတ်ဆင်းရဲနေရပြီဆိုရင်လည်း
အကုသိုလ်စိတ်တစ်ခုခု ကိန်းနေလို့ပါ။
ဒေါသပဲဖြစ်ဖြစ်၊ ဣဿာမစ္ဆရိယပဲဖြစ်ဖြစ်၊
အကုသိုလ်စိတ်တစ်ခုခု၀င်နေတာ
တွေ့ရပါလိမ့်မယ်။
တကယ်လို့ စိတ်ဆင်းရဲနေလို့
ကိုယ့်ရင်ထဲကို သတိနဲ့ပြန်ကြည့်လို့
အကုသိုလ်စိတ်တစ်ခုခု ကိန်းနေတာ တွေ့ရရင်
"ဒီအကုသိုလ်စိတ်ကလေးကြောင့်
ငါစိတ်ဆင်းရဲ နေတာပဲ" ဆိုပြီး ဆင်ခြင်လိုက်ပါ။
ပြီးရင် ကိုယ်ကြိုက်တဲ့ ဣရိယာပုတ်နဲ့
သေချာထိုင်ပြီး ကိုယ့်ရင်ထဲက
အကုသိုလ်စိတ်ကလေးကို
စိတ်နဲ့ပဲ ပြန်သိနေလိုက်ပါ။
တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်မိနစ်ပဲဖြစ်ဖြစ်၊
သုံးမိနစ်ပဲဖြစ်ဖြစ်၊
ငါးမိနစ်-ဆယ်မိနစ်ပဲ ဖြစ်ဖြစ်
အချိန်ကလေး ယူပြီး
ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ကလေးကို
သတိကပ်ပြီး သိနေလိုက်ပါ။
သိပါ သိပါ များလာရင် ထွက်သွားပါလိမ့်မယ်။
တစ်ခုတော့ ရှိပါတယ်။
ကိုယ့်ရင်ထဲရောက်နေတဲ့ အကုသိုလ်က
သိပ်ကြီးနေရင်တော့...
အချိန်ကလေးတော့ ယူပေးရပါမယ်။
ဒါက စိတ္တနုပဿနာခေါ်တဲ့ ဝိပဿနာနဲ့
အဆင့်မြင့်မြင့် ပယ်ထုတ်ပစ်လိုက်တာပါ။
ကိုယ့်ရင်ထဲမှာ...
အကုသိုလ်စိတ် တစ်ခုခု၀င်လာရင်
အဲဒီ အကုသိုလ်စိတ်ကို
ဉာဏ်နဲ့ စိုက်ကြည့်တဲ့ အလုပ်ကို
သေချာ ထုံထားလိုက်ပါ။
ကြာလာရင် ကိုယ်မျှော်လင့်တဲ့
စိတ်ချမ်းသာမှုလေးတွေ ရောက်လာပါလိမ့်မယ်။
ကိုယ်က ဝိပဿနာနဲ့ အဆင့်မြင့်မြင့်
မပယ်နိုင်သေးဘူးဆိုရင်တော့...
ဖြစ်နေတဲ့ အကုသိုလ်ကလေးကိုပဲ
စိုက်ကြည့်ပြီးးး
"အကုသိုလ်ဆိုတာ မကောင်းဘူး၊
စိတ်ကိုလည်း ပူလောင်စေတယ်၊
ရုပ်ကိုလည်း ပူလောင်စေတယ် " လို့...
ထပ်ကာ ထပ်ကာလေး ဆင်ခြင်ပေးနေလိုက်ပါ။
ကိုယ့်ရဲ့ အကုသိုလ်လေးက
ထွက်သွားတာ များတယ်။
ဆင်ခြင်ပေမယ့် အသိဉာဏ်ပိုင်းက
လက်မခံသေးဘူးဆိုရင်တော့
အကုသိုလ်က မထွက်သေးပါဘူး။
ဆင်ခြင်မှုတွေ များလာတဲ့အခါ
အသိဉာဏ်ပိုင်းက
လက်ခံသွားတဲ့အခါမှာတော့
အကုသိုလ်လေးက မနေဝံ့တော့ပါဘူး။
ထွက်ကိုထွက် သွားရတော့တာပါ။
ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ်(အင်းမ)
09/07/2026
Vietnam ဘုရား ပူဇော်လို့ရပါတယ်။ instock ရှိပါတယ်ရှင့်။ ကြွေအထူ ရွှေနားကွတ်ထားလို့ Vietnam ဘုရား သပ္ပါယ်လှပါတယ်။🙏🙏🙏 Silk Box လေးပါပါတယ်။
22cmx15cmx25cm
07/07/2026
နေရာမယူပဲ သစ်သီးအမျိုးမျိုး နှင့် ပန်းမျိုးစုံကပ်လို့ရတဲ့ ဖန် ၃ ဆင့် စင်လေး Instock ပါရှင့်🙏🙏🙏
07/07/2026
မနက်တိုင်း ရွတ်ဖတ်ပူဇော်ကြပါ။✨
" သရဏဂုံ "
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ
ရုပ်၊နာမ် နှစ်ပါး၊ ခန္ဓာ ငါးပါးတို့အား
ဘုရားရှင်အား လှူဒါန်းပါ၏
ရုပ်၊နာမ် နှစ်ပါး၊ ခန္ဓာ ငါးပါးတို့အား
တရားတော်အား လှူဒါန်းပါ၏
ရုပ်၊နာမ် နှစ်ပါး၊ ခန္ဓာ ငါးပါးတို့အား
သံဃာတော်အား လှူဒါန်းပါ၏
" ငါ၏ကိုယ်မှာ ၊ နံ့သာမွှေးကြိုင် ၊ မြဲခိုင်လှစွာ ၊
ကောင်းရာမမြင် ၊ ဆံပင်သာရှိ ၊ အမွှေးရှိ၍ ၊
ရှိသည့်လက်သည်း ၊ ခြေအသည်းနှင့် ၊
သွားလဲတစ်ထွေ ၊ အရည်တစ်မျိုး ၊
ညှီနံ့ဆိုးသည် ၊ အသိုးအပုပ်ကြီးပါတကား "
သတ္တဝါမှန်သရွေ့ တရားတွေ့ အေးချမ်းသာယာရှိပါစေ
မင်္ဂလာနံနက်ခင်းအစပြု၍
ဘုရားဂုဏ်တော် (၉)ပါး
အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္တာဒေဝ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။
၁။ အရဟံ
ပူဇော်အထူး ခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသောတရားအပေါင်းကို
သိမြင်တော်မူသောဂုဏ်။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊
စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၄။ သုဂေတာ
ကောင်းသောစကားကိုသာ
ဆိုတော်မူသောဂုဏ်။
၅။ လောကဝီဒူ
လောကသုံးပါးကို သိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ
မယဉ်ကျေးသော
လူနတ်ဗြဟ္မာသတ္တဝါတို့ကို
ယဉ်ကျေးအောင် ဆုံးမသောဂုဏ်။
၇။ သတ္ထာဒေ၀မနုဿာနံ
နတ်လူတို့၏ ဆရာဖြစ်တော်မူသောဂုဏ်။
၈။ ဗုဒ္ဓေါ
သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂဝါ
ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသောဂုဏ်။
ရွှေမျက်နှာဆရာဟိဏ်း✨
06/07/2026
#တောင်တန်းသာသနာပြု ဆရာတော်ထံမှ "
ပဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ပူဇော်နည်း
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ပဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ဖြင့်
ပူဇော်ရန်အတွက်ပြင်ဆင်ခြင်း
----------------------------------------------------------
(၁) ရေဖန်ခွက် (၂၄) ခွက်
(၂) ဆီမီးတိုင် (၂၄) တိုင်
(၃) ဆူးမပါသော ပန်း / ပွင့်ဖတ် များ
- သင့်တော်ရာစားပွဲတွင်
ရေဖန်ခွက် ၂၄ ခွက်ကို မိမိနှစ်သက်သလိုစီပြီး
ကြားထဲတွင် ပန်းလေးများ/ပွင့်ဖတ်များ လှပအောင်စီ
ပူဇော်ပါ 🙏
- ဆီမီး ၂၄ တိုင်ကိုလည်း အဆင်ပြေသလို
ကြည်ညိုဖွယ် ထွန်းပါ 🙏
- ရေဖန်ခွက်ထဲ ရေသွန်းလောင်းထည့်ချိန်
မိမိစိတ်တွင်းရွတ်ရွတ် နှုတ်တက်ရွတ်ရွတ်
ပဋ္ဌာန်း၂၄ပစ္စည်းကို တစ်ခွက်ချင်းပေါ်
ရေသွန်းလောင်း ထည့်ရင်း
(ဟေတုပစ္စယော မှ အဝိဂတပစ္စယော) ထိ ပူဇော်ပါ 🙏
-ပဋ္ဌာန်း(၂၄)ပစ္စည်းနှင့် ဖန်ခွက် ၂၄ခွက်
အတိအကျစစ်ပြီးသလို
ပဋ္ဌာန်းအကျဉ်း ၂၄ ကြိမ်ပူဇော်ပြီး ဖြစ်ပါမယ် 🙏
***ရွတ်ဖတ် ပူဇော်ရန်အတွက် ***
(၁) နတ်ပင့်
(၂) ပဋ္ဌာန်း ၂၄ ခေါက် အကျဉ်း (ရေသွန်းလောင်း ထည့်စဉ်)
(၃) "ပစ္စယနိဒ္ဒေသ'' အကျယ် ၁ ခေါက်
(၄) "သံဗုဒ္ဓေ" ၂၄ ခေါက်
(၅) မေတ္တာသုတ် ၁ ခေါက်
(၆) မေတ္တာပို့
(၇) လိုရာဆုတောင်း
(၈) အမျှဝေ
(၉) နတ်ပို့
*** နတ်ပင့်ရန် ***
#လောကစောင့်ကြပ် နတ်များအပေါင်းတို့၊
(အရပ်ဋ္ဌာန-မိမိပူဇော်သောနေရာ)သို့ ပဋ္ဌာန်းရေလမ်း ပန်းလမ်း အလင်းလမ်း လှူဒါန်းရန် လာကြပါကုန်လော့ 🙏
#တောစောင့်နတ်၊ တောင်စောင့်နတ်အပေါင်း၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်အပေါင်း၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုး နတ်အပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့ 🙏
#မြေစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်၊ ၀ဠာဟကနတ်၊ ပဇ္ဇုန်မိုးနတ် စတုလောကပါလနတ်၊ သိကြား၊ ဗြဟ္မာ၊ အသုရာ၊ ယမာ အစရှိသော နတ်ဗြဟ္မာအပေါင်းတို့၊ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော 🙏
#နဂါး ၊ ဂဠုန် ၊ ဂုမ်ဘာန်၊ ယက္ခက် အစရှိသော သူတော်ကောင်းအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့ 🙏
#၀ိဇ္ဇာ၊ ဇော်ဂျီ တပသီ အစရှိကုန်သော သူတော်ကောင်းအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့ 🙏
#လူအပေါင်း နတ်အပေါင်း ဗြဟ္မာအပေါင်း၊ အပါယ်လေးပါး သတ္တဝါအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် ဖိတ်ခေါ်ပါကုန်၏🙏
နတ်ပို့ရန်
******
ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။
ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။
ဧတ္တာဝတာ စ – သဒ္ဓါစေတနာ ဝေဖြာသန့်ရှင်း ညစ်ကြေးကင်း၍ ထိန်လင်းကျက်သရေ ယုန်စက်ငွေသို့ လက်ဝေစေကြောင်းဖြစ်သော ဤဓမ္မဒေသနာတော်အပေါင်းတို့အား ရွတ်ပွားသရဇ္ဈာယ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ရခြင်းဖြင့်၊
အမှေဟိ – အကျွန်ုပ်တို့သည်၊
သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ – အလုံးစုံကုန်သော စည်းစိမ်ချမ်းသာ မင်္ဂလာကျက်သရေတို့နှင့် ပြည့်စုံခြင်းငှာ၊
သမ္ဘတံ – ကောင်းစွာမပြတ် ဆည်းပူးအပ်သော၊
ပုညသမ္ပဒံ – ဖြူစင်သန့်ရှင်း ကုသိုလ်ကောင်းမှုတို့၏ပြည့်စုံခြင်းကို၊
သဗ္ဗေ – ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊
ဒေဝါ – စကြဝဠာအဖြာဖြာမှ ကြွလာသောင်းသောင်း နတ်ဗြဟ္မာအပေါင်းတို့သည်၊
အနုမောဒန္တု – ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။
ဒါနံ – ပေးကမ်းစွန့်ကြဲ နည်းများမဟူ အလှူဒါနကို၊
သဒ္ဓါယ – ကံ, ကံ၏အကျိုးကို ယုံကြည်လျက်၊
ဒဒန္တု – ဘဝဘောဂ တောင့်တမရှိ ပကတိစင်ဖြူ ပေးလှူနိုင်ကြပါစေကုန်သတည်း။
သီလံ – စာရိတ္တ ဝါရိတ္တ မြတ်သီလကို၊
ရက္ခန္တု – မကျိုးမပေါက် စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေကုန်သတည်း။
ဘာဝနာဘိရတာ – သမထဝိပဿနာ ဘာဝနာ၌ ကောင်းစွာကြိုးပမ်းလျက် ချီးမွမ်းမွေ့လျော်ကြကုန်သည်၊
ဟောန္တု – ဖြစ်ကြပါစေကုန်သတည်း။
အာဂတာ – စကြဝဠာ ကမ္ဘာလောကဓာတ်အရပ်ရပ်မှ ဆိုက်ကပ်ညီညာ ရောက်လာကြကုန်သော၊
ဒေဝတာ – နတ်ဗြဟ္မာအပေါင်းတို့သည်၊
ဂစ္ဆန္တု – သာဓုအနုမောဒနာ ဝမ်းမြောက်စွာလျှင် နှုတ်လျာသံညီး ပြုပြီးလေဘိ မိမိတို့နေရာ ပျော်ဖွယ်ရာရိပ်ခန်း ဘုံဗိမာန်နန်းသို့ စံမြန်းတော်မူနိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု
----------------------------------------------------------------=
-မြတ်စွာဘုရား ပူဇော်ပြီး လှူဒါန်းပြီး ပြန်စွန့်ချိန်တွင်
ပဋ္ဌာန်းပူဇော်ပြီး ရေများ, ပန်းများအား မိမိ အလိုရှိသလို အသုံးပြုနိုင်ပါတယ်....
(သတ္တဝါအများဝေနေယျာအတွက် ပြန်လှူသလို မိသားစု သောက်သုံးတဲ့ရေအိုးထဲထည့် ပြီး ဘေးအန္တရာယ်ကင်းရန်
အလို့ဌာ သောက်သုံးနိုင်ပါတယ်...
မိသားစုသုံးရေကန်ထဲ ဆပွားရန် အနည်းငယ်ထည့် သုံးစွဲနိုင်ပါတယ်)
😇 အချိန် သိပ်မပေးနိုင်ပါက ရေ ပန်း မီး ပြင်ဆင်နေစဉ်
ပဋ္ဌာန်းအကျဉ်း ကိုမပြတ်ရွတ်ပါ
😇 ပဋ္ဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ခင်းခြင်း
ပဋ္ဌာန်းအရှိန်တန်ခိုးနှင့် ဘဝခရီးလမ်း ရေလိုကြည်လင်အေးချမ်းပြီး ဉာဏ်ရည်ထက်မြက်, သာယာတဲ့ဘဝ ခရီးလမ်းကို နေ့စဉ် ဘဝ နေစဉ် ခဏမှာ လျှောက်လှမ်းနိုင်ပါလိမ့်မယ်
နတ်လူသတ္တဝါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကြ ပါ စေ...
မူရင်းရေးသားသူအားလေးစားလျက်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်🙏
Bonsai ရွှေပင်ရေတံခွန် LEDမီးဝိုင်းပါ✨✨✨
ရေတံခွန်ပစ္စည်းလေးစရောက်ထဲက
ချစ်ရတဲ့ Customer တွေအားပေးကြမ်းကြတာ
အိမ်အတွက်ရော၊ မိတ်ဆွေတွေအတွက်ကန်တော့
လက်ဆောင်မွန်ပေးဖို့ရန်အတွက်ပါအများကြီး
အားပေးကြသူ Customer တစ်ဦးတစ်ယောက်ချင်းကို
ကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏🍀🍀🍀
ရေတံခွန်လေးဒီဇိုင်းစုံလိုအပ်လို့ မှာယူချင်တယ်ဆိုရင်
- 𝑴𝒂𝒄𝒚 𝑾𝒉𝒐𝒍𝒆𝒔𝒂𝒍𝒆𝒔 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့်
မှာယူနိုင်သလိုရန်ကုန် Showroom မှာကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလို့ရပါတယ်ရှင့်
Macy Wholesales ဆိုင်ခွဲ ( 2 )
ခြံ အမှတ် 42/A, အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်
My Hill Coffeehouse မျက်နှာချင်းဆိုင်
G & G ဘေးကပ်လျက်မှာပါရှင့်
☎️09 676 122 408 / 409
#ရွှေအပင်ရေတံခွန် #ရေတံခွန်
ချစ်ရတဲ့ VIP Customer အစ်မ တွေ
ဆိုင်ရောက်ပြီဆိုတာနဲ့ အလှတွေကြီး
ရွေးချယ်အားပေးတတ်တာ ပညာတစ်ခု
အများကြီးညွှန်းစရာမလိုဘဲ ပစ္စည်းတွေအကုန်လှနေလို့ အများကြီးချစ်ပေး🤭
အများကြီးအားပေးသွားတဲ့အတွက်✨
ကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏🌷
လိုအပ်လို့ မှာယူချင်တယ်ဆိုရင်
- 𝑴𝒂𝒄𝒚 𝑾𝒉𝒐𝒍𝒆𝒔𝒂𝒍𝒆𝒔 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့် မှာယူနိုင်သလိုရန်ကုန် Showroom မှာကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလို့ရပါတယ်ရှင့်
Macy Wholesales ဆိုင်ခွဲ ( 2 )
ခြံ အမှတ် 42/A, အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်
My Hill Coffeehouse မျက်နှာချင်းဆိုင်
G & G ဘေးကပ်လျက်မှာပါရှင့်
☎️ 09 676 122 408 / 409
ြွေပန်းအိုး ှပန်းအိုး
#ကော်ဖီအချိုစုံ #မုန်ထည့်ပန်းကန်
#ရေစက်ချခွက်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 42/A, Inya Myaing Road, Bahan Township
Yangon