Brahmaso Siddhi Healing

Brahmaso Siddhi Healing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brahmaso Siddhi Healing, Happy Street, Yangon.

Certified Holistic Healer
Reiki Master,
Certified Advanced Pranic Healer
Crystal Healer
Certified Psychology & Psychotherapy
IAC ( International Certified Professional Coach , Level -II)
Mindfulness Based Divine Living

12/08/2026

#ဝါတွင်းကာလ ပညာဒါနကုသိုလ်
1:1 Hypnotherapy & Subconscious Healing Session
မှာ စိတ်ဝင်စားစွာဖြင့် Form ဖြည့်ပေးထားတာများအတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ယခု August လအတွက်လည်း 1:1 Hypothesis Sessions အတွက် slot လက်ခံပေးနေပါသေးတယ်။
ကိုယ့်ဘဝရဲ့ အခက်အခဲတွေကို ကျော်လွှားပြီး တကယ့်ပြောင်းလဲမှုတွေကို လက်တွေ့လုပ်ဆောင်ဖို့ စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page Messenger ကနေတစ်ဆင့် Booking ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်…
🍃 Lei Khaing Moe
Certified Holistic Healer


#ဝါတွင်းသုံးလပညာဒါန
#ဝါတွင်းကုသိုလ်

Photos from Brahmaso Siddhi Healing's post 12/08/2026

အရာရာဟာ အချိန်ကိုက် ဖန်တီးပေးထားသလိုပါပဲ…

မနေ့က သမီးငယ်လေးကို ကျောင်းသွားကြိုတဲ့ လမ်းမှာ မထင်မှတ်ဘဲ မီးပွိုင့်ထိပ်မှာတင် ကားက ထိုးရပ်သွားခဲ့တယ်။

သမီးကြီးက အနက်ရောင် ဝမ်းဆက်လေး ဝတ်ထားတာကို မြင်တော့ ငယ်ငယ်က အမေနဲ့ ပြင်ဦးလွင် သွားလည်တုန်းက ( Tour trip ) မှာ အနက်ရောင် ဝတ်မိလို့ ကားပျက်ခဲ့တဲ့ အမှတ်တရလေးတောင် ဖျတ်ခနဲ ခေါင်းထဲ ဝင်လာမိသေးတယ်။

ဒါပေမဲ့ ဒီတစ်ခါတော့ ပြာယာခတ်မသွားဘဲ စိတ်ကို အေးအေးဆေးဆေးပဲ ထားလိုက်တယ်။
ကားစက်သတ်၊ Hazard light ဖွင့်၊ Reiki energy လေး run ပြီး အခြေအနေကို သတိအပြည့်နဲ့ စီမံလိုက်တယ်။

အရေးပေါ် အခြေအနေတိုင်းမှာ စိတ်ကို ငြိမ်ငြိမ်ထားနိုင်ရင် "ဖြေရှင်းနည်းတွေက အချိန်ကိုက် ရောက်လာတတ်ပါတယ်" —
သမီးငယ်လေး ကျောင်းဆင်းဖို့ နာရီဝက်လိုသေးတော့
သမီးကြီးကို ဖေဖေ့ဆီ ဖုန်းခေါ် ခိုင်းပြီး ကားပျက်တာ ပြောခိုင်းလိုက်တယ်။
ကျွန်မက ငယ်သူငယ်ချင်းဆီ ( သူ့ကလေးတွေနဲ့ ကျောင်းအတူတူပဲမို့ ) ဖုန်းဆက်ပြီး သမီးငယ်လေးကို ကျောင်းမှာ စိတ်မပူပဲ စောင့်နေပေးဖို့ သတင်းစကားလေးပါးပေးဖို့ တောင်းဆိုလိုက်တယ်။

ဒါပေမယ့် သူငယ်ချင်းက "သမီးလေးကို ကျမ ရှိနေမည့်နေရာဆီ လာပို့ပေးမယ်" ဆိုပြီး ကူညီပေးလာခဲ့တယ်။

မီးပိုင့် ၃- ခါ လောက် လွှတ်ပြီးချိန်မှာ ကားစက် ပြန်နိုးသွားလို့ အဆင်ပြေတဲ့နေရာကို ရွှေ့ရပ်နိုင်ခဲ့သလို၊ လမ်းသွားလမ်းလာတွေကိုလည်း အနှောင့်အယှက် မဖြစ်စေမိခဲ့ဘူး။

အမျိုးသားကလည်း သတင်းရတာနဲ့ သူ့တပည့်တွေကို အရင်လွှတ်လိုက်တာ
၁၀ မိနစ်အတွင်း အရောက်လာပြီး ကူညီပေးခဲ့တယ်။ကျေးဇူးတင်စကားဆိုရင်း ရောက်လာတာမြန်လိုက်တာနော်လို့ ပြောမိတော့ သူတို့လည်း ဒီနားလေး ရောက်နေတာဖြစ်ချိန် တိုက်ဆိုင်မှုလေးပေါ့ )

အမျိုးသားလည်း ရောက်လာပြီး Workshop ပို့လိုက်တာ Safe ဖြစ်တယ်ဆိုလို့ ကျမ ကိုယ်တိုင်ပဲ မောင်းသွားလိုက်တယ်။

မိုးလည်း ရွာမနေသလို၊ ကားက ဘက်ထရီနဲ့ အင်ဂျင်ကြောင့် မဟုတ်ဘဲ 92 ဆီ နှစ်ခါဆက်တိုက်ထည့်မိလို့ ဆီပန့် နည်းနည်းပြဿနာဖြစ်သွားတာကိုလည်း အချိန်မီ သိလိုက်ရတယ်။

အလုပ် Schedule အချို့တော့ ရွှေ့လိုက်ရတယ်… ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ဆုံးရှုံးမှု ဒါမှမဟုတ် စိတ်ရှုပ်ထွေးမှုဆိုတာ လုံးဝမရှိခဲ့ပါဘူး။

"Abundance (ပြည့်စုံကြွယ်ဝခြင်း) ဆိုတာ ငွေကြေးတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။"
ကိုယ် အခက်အခဲကြုံနေရချိန်မှာ—

အချိန်ကိုက် ရောက်လာပေးတဲ့ မေတ္တာနဲ့ ကူညီမှုတွေ၊

ပတ်ဝန်းကျင်ရဲ့ အဆင်ပြေချောမွေ့မှုတွေ၊

အရာရာကို အေးချမ်းစွာ ဖြတ်သန်းနိုင်တဲ့ ကိုယ့်ရဲ့ Mindset တွေဟာ တကယ့်ကို ပြည့်စုံကြွယ်ဝခြင်းပါပဲ။

ကူညီပေးခဲ့တဲ့ သူငယ်ချင်းရဲ့ ကလေးတွေအတွက် မုန့်ဆိုင်ကောင်းကောင်းလေးကနေ မုန့်လက်ဆောင် ဝယ်ပေးရင်း ကျေးဇူးတရား (Gratitude) နဲ့ မေတ္တာကို အချင်းချင်း ပြန်လည်မျှဝေဖြစ်ခဲ့ပါတယ်။

ဘဝမှာ အစီအစဉ်တွေ လွဲချော်သွားတဲ့အခါ စိတ်တိုဒေါသထွက်မယ့်အစား "ကျေးဇူးတင်စရာတွေကို ရှာဖွေကြည့်ပါ"… အရာရာဟာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်တည်ပေးနေတာကို တွေ့ရပါလိမ့်မယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်ခင်လေးစားစွာဖြင့်…
🍃 Lei Khaing Moe
Holistic Transformational Coach

08/08/2026
07/08/2026

စိတ်အသိ (Conscious Mind) က ဖြေရှင်းလို့ မရနိုင်တဲ့ အကြောင်းမဲ့ ကြောက်ရွံ့မှုနဲ့ စိတ်ဒဏ်ရာတွေဟာ ဘယ်ကလာတာလဲ
အကြောင်းမဲ့ ရင်တုန်တာ၊ ပဟေဠိဆန်ဆန် စိုးရိမ်ပူပန်မှု (Anxiety) တွေ ဖြစ်နေတာ၊ ဒါမှမဟုတ် အကြောင်းပြချက် မရှိဘဲ တစ်စုံတစ်ခုကို အလွန်အမင်း ကြောက်ရွံ့နေတာမျိုး ခံစားဖူးပါသလား။
ဒီလို အခြေအနေမျိုးမှာ ကျွန်မတို့ရဲ့ အသိစိတ်က "ဘာမှ ကြောက်စရာ မရှိပါဘူး၊ အရာရာ အဆင်ပြေပါတယ်" လို့ ဘယ်လိုပဲ စိတ္တဇတွေးပြီး နှစ်သိမ့်ပေးပါစေ... ရင်ထဲက ပူပန်ကြောက်ရွံ့မှုက လျော့မသွားဘဲ ကျန်နေတတ်ပါတယ်။
ကမ္ဘာကျော် စိတ်ကျန်းမာရေး ဆရာဝန်ကြီး Dr. Brian Weiss ရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် စာအုပ်တစ်အုပ်ဖြစ်တဲ့ "Many Lives, Many Masters" ထဲမှာ ဒီလို စိတ်ဝင်စားဖွယ် ဖြစ်ရပ်တစ်ခုကို မီးမောင်းထိုးပြထားပါတယ်—
Dr. Brian Weiss ထံကို ရောက်ရှိလာတဲ့ လူနာ Catherine ဟာ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှု လက္ခဏာများ၊ ရေနစ်မည်ကို အလွန်အမင်း ကြောက်ရွံ့ခြင်း၊ အမှောင်ကြောက်ခြင်းနဲ့ Panic Attack များကို နှစ်ရှည်လများ စွဲကပ်စွာ ခံစားနေရသူ ဖြစ်ပါတယ်။
ဆရာဝန်ကြီးက သာမန် စိတ်ကုထုံး (Conventional Therapy) နည်းလမ်းများစွာနဲ့ နှစ်ပေါင်းများစွာ ကုသပေးခဲ့ပေမဲ့ Catherine ရဲ့ ဝေဒနာများဟာ လုံးဝ သက်သာမသွားခဲ့ပါဘူး။
နောက်ဆုံးမှာတော့ Dr. Brian Weiss ဟာ Hypnotherapy (စိတ်ညှို့အိပ်မွေ့ချ ကုထုံး) ကို အသုံးပြုပြီး Catherine ရဲ့ မသိစိတ် (Subconscious Mind) အထိ နက်ရှိုင်းစွာ ဝင်ရောက်စူးစမ်း ကုသခဲ့ပါတယ်။
ထိုအခါမှသာ Catherine ရဲ့ မသိစိတ်ထဲမှာ နက်ရှိုင်းစွာ မြှုပ်နှံစွဲကျန်နေခဲ့တဲ့ စိတ်ဒဏ်ရာ (Trauma) များနှင့် ကြောက်ရွံ့မှု၏ အမြစ်တွယ်ရာ ဖြစ်ရပ်အမှန်များကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ မသိစိတ်ထဲက ပိတ်ဆို့နေတဲ့ ထိုစိတ်ဒဏ်ရာများကို ဘေးကင်းစွာ ထုတ်လွှတ် (Release) ပေးလိုက်နိုင်တဲ့အခါမှာတော့—
Catherine နှစ်ရှည်လများ ခံစားနေရတဲ့ Panic Attack များ၊ အကြောင်းမဲ့ ကြောက်ရွံ့မှုများနှင့် စိတ်ဖိစီးမှု ဝေဒနာများဟာ ရုတ်ခြည်း ဆိုသလို လုံးဝ ပျောက်ကင်းသွားခဲ့ပါတယ်။
◈ ဒီဖြစ်ရပ်မှန်က ကျွန်မတို့ကို ဘာသင်ခန်းစာ ပေးသလဲ။
ကျွန်မတို့ရဲ့ စိတ်အသိ (Conscious Mind) က မမှတ်မိတော့တဲ့၊ သို့မဟုတ် မသိတော့တဲ့ စိတ်ဒဏ်ရာတွေဟာ မသိစိတ် (Subconscious Mind) ရဲ့ အနက်ရှိုင်းဆုံး အလွှာထဲမှာ ကိန်းဝပ်ကျန်ရစ်နေတတ်ပါတယ်။
စိတ်ညှို့အိပ်မေ့ချ ကုထုံး (Hypnotherapy) ဆိုတာ—
အသိစိတ်ရဲ့ တားဆီးထားမှုများကို လျှော့ချ၍ မသိစိတ်ထဲသို့ ဘေးကင်းစွာ ဆင်းသက်ပေးခြင်း
မသိစိတ်ထဲတွင် ပိတ်ဆို့နေသော အတိတ်မှ စိတ်ဒဏ်ရာနှင့် နာကျင်မှုများကို အမြစ်မှစ၍ သန့်စင်ပေးခြင်း (Subconscious Trauma Cleansing)
အတွင်းစိတ်၏ ငြိမ်းချမ်းမှု၊ စွမ်းအားနှင့် ယုံကြည်မှုများကို အသစ်တစ်ဖန် ပြန်လည် စိုက်ပျိုးပေးခြင်း
တို့အတွက် အလွန် ထိရောက်ခိုင်မာသည့် သိပ္ပံနည်းကျ မသိစိတ်ဆိုင်ရာ ကုထုံးတစ်ခု ဖြစ်ပါတယ်ရှင်။
သင့်အတွင်းစိတ်ထဲမှာ ပိတ်ဆို့နေတဲ့ စိတ်ဒဏ်ရာဟောင်းတွေကို စွန့်လွှတ်ပြီး စိတ်၏ ငြိမ်းချမ်းမှုအပြည့်နဲ့ ဘဝသစ်ကို ပြန်လည်စတင်ဖို့ အဆင်သင့် ဖြစ်ပြီလားရှင်။
🍃 Lei Khaing Moe
Holistic Transformational Coach
Integrative Mind & Energy Specialist
Golden Ratio Life Coaching
Harmony in Every Dimension
#စိတ်ညှို့အိပ်မွေ့ချ

04/08/2026

#ဝါတွင်းကာလ ပညာဒါနကုသိုလ်
1:1 Hypnotherapy & Subconscious Healing Session

မင်္ဂလာပါရှင်။
၂၀၂၆ ခုနှစ် ဩဂုတ်လနဲ့အတူ မွန်မြတ်လှတဲ့ ဝါတွင်းကာလကို ရောက်ရှိလာပါပြီ။
◈ ဒီဝါတွင်းကာလမှာ ကျွန်မ သင်ယူတတ်မြောက်ထားတဲ့ Hypnotherapy (မသိစိတ်ဆိုင်ရာ ကုထုံး) ပညာရပ်ဖြင့် အတွင်းစိတ်ဒဏ်ရာများကို ကုစားချင်သူများနှင့် အကျင့်စရိုက်ဟောင်းများကို ပြောင်းလဲချင်သူများအတွက် ပညာဒါနပြုလုပ်ပေးချင်ပါတယ်။

ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ပြုံးပြုံးရွှင်ရွှင်နဲ့ သာမန်အတိုင်း လှုပ်ရှားရုန်းကန်နေကြပေမယ့် ကိုယ့်အထဲမှာတော့—
အတိတ်က ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ (Trauma) တွေ၊ နာကျင်မှုတွေက မသိစိတ်ထဲမှာ စွဲကျန်နေတတ်ပါတယ်။
ပြောင်းလဲချင်ပါလျက်နဲ့ မိမိကိုယ်ကို အကျိုးမပြုတဲ့ အကျင့်ဟောင်းတွေ၊ အပြုအမူအဟောင်းတွေကို ထပ်ခါထပ်ခါ လုပ်မိနေတတ်သေးတယ်။
အကြောင်းမဲ့ စိုးရိမ်ပူပန်မှု (Anxiety) တွေ၊ မသိစိတ်က ပိတ်ဆို့ထားတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဘဝမှာ ရှေ့ဆက်ရတာ လေးလံနေတယ်။
ဒီလိုဖြစ်နေတာဟာ မိတ်ဆွေရဲ့ စိတ်ဓာတ်မခိုင်မာလို့ ဒါမှမဟုတ် ပျော့ညံ့နေလို့ မဟုတ်ပါဘူးရှင်။

ကျွန်မတို့ရဲ့ သိစ်တ် (Conscious Mind) က ဘယ်လောက်ပဲ ပြောင်းလဲချင်ပါစေ... ကျွန်မတို့ရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူ ၉၅% ကို ထိန်းချုပ်ထားတဲ့ မသိစိတ် (Unconscious Mind) ထဲမှာ အတိတ်က ဒဏ်ရာတွေနဲ့ ပုံစံဟောင်း (Old Patterns) တွေ ပိတ်ဆို့နေလို့ပဲ ဖြစ်ပါတယ်။
Neuroscience အရလည်း ကျွန်မတို့ရဲ့ အပြုအမူနဲ့ ခံစားချက်အများစုဟာ ဦးနှောက်ထဲက အာရုံကြော လမ်းကြောင်းဟောင်းများ (Neural Pathways) အပေါ် အခြေခံနေတာဖြစ်ပြီး၊ မသိစိတ်ကို နက်ရှိုင်းစွာ ကုစားခြင်းအားဖြင့် ဒီလမ်းကြောင်းဟောင်းတွေကို ပြန်လည် Re-wire လုပ်ကာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲအသစ်များကို တည်ဆောက်ပေးနိုင်တာဖြစ်ပါတယ်။

ဒါကြောင့် ဒီဝါတွင်းပညာဒါန Hypnotherapy အစီအစဉ်ကနေ—
◈ Trauma & Emotional Healing: အတိတ်က စွဲကျန်နေသော စိတ်ဒဏ်ရာများ၊ နာကျင်မှုများနှင့် စိတ်ခံစားမှု ပိတ်ဆို့မှုများကို မသိစိတ်အဆင့်အထိ ဝင်ရောက်ပြီး နက်ရှိုင်းစွာ ကုစားပေးနိုင်ဖို့
◈ Habit & Pattern Transformation: မလိုလားအပ်သော အကျင့်စရိုက်ဟောင်းများ၊ စွဲလမ်းမှုများကို စွန့်လွှတ်ပြီး မိမိဘဝအတွက် အကျိုးရှိမည့် အပြုသဘောဆောင်သော အကျင့်သစ်များကို မသိစိတ်ထဲတွင် အစားထိုး တည်ဆောက်ပေးနိုင်ဖို့
◈ Subconscious Cleansing & Inner Peace: မသိစိတ်ထဲမှ စိုးရိမ်ပူပန်မှုများနှင့် အတွေးအဟောင်းများကို ရှင်းထုတ်ကာ အတွင်းစိတ်၏ အေးချမ်းမှုနှင့် ခွန်အားကို ပြန်လည်ရရှိစေနိုင်ဖို့
ပံ့ပိုးပေးချင်ပါတယ်ရှင်။
Hypnotherapy (စိတ်ညှို့ကုထုံး) ဆိုတာ မိမိစိတ်ကို သူတစ်ပါးက လွှမ်းမိုးချုပ်ကိုင်တာ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ လွန်စွာ ငြိမ်းချမ်းပြီး အာရုံစူးစိုက်မှု ကောင်းမွန်နေသည့် အခြေအနေ (Deep Relaxed State) တွင် မိမိ၏ မသိစိတ်နှင့် တိုက်ရိုက်ထိတွေ့ကာ၊ စိတ်ဒဏ်ရာများကို ဘေးကင်းစွာ ထုတ်လွှတ်ပေးခြင်းနှင့် အပြုသဘောဆောင်သော အပြောင်းအလဲများကို ကိုယ်တိုင် ပြန်လည်ဖန်တီးယူခြင်း ဖြစ်ပါတယ်။ (တစ်ဦးချင်းစီ၏ လိုအပ်ချက်ပေါ်မူတည်၍ အခြား Holistic / Energy Healing အကူအညီများကိုပါ လိုအပ်သလို ဟန်ချက်ညီ ပေါင်းစပ် ပံ့ပိုးပေးသွားပါမည်။)
◈ အစီအစဉ်အသေးစိတ်
ဝါတွင်းသုံးလအတွင်း တစ်လလျှင် ( ၁ ) ဦးကို သေချာစွာ ရွေးချယ်သွားပါမည်။
ရွေးချယ်ခံရသူတစ်ဦးလျှင် သီးသန့် 1:1 Hypnotherapy Session ကို Zoom Online (အသေးစိတ် တိုင်ပင်ဆွေးနွေးခြင်း + ကုထုံးပြုလုပ်ခြင်း) ရရှိပါမည်။
Session များကို ပညာဒါနအဖြစ် လုံးဝ အခမဲ့ ပြုလုပ်ပေးပါမည်။
Session အတွင်း ပြောကြားမျှဝေထားသည့် ကိုယ်ရေးအချက်အလက် မှန်သမျှကို လျှို့ဝှက်စွာ ရာနှုန်းပြည့် ထိန်းသိမ်းပေးပါမည်။
ဒီအစီအစဉ်သည် မိမိ၏ အတိတ်ဒဏ်ရာများကို သတ္တိရှိရှိ ရင်ဆိုင်ကုစားလိုသူများ၊ အကျင့်ဟောင်းများကို စွန့်လွှတ်ပြီး ဘဝသစ်ကို တည်ဆောက်လိုသူများနှင့် မသိစိတ်၏ စွမ်းအားဖြင့် တကယ့်ဘဝလုပ်ဆောင်မှုအပြောင်းအလဲကို လက်တွေ့ပြုလုပ်ချင်သူများအတွက် ဖြစ်ပါတယ်။
📩 လျှောက်ထားရန်
Hypnotherapy Session အတွက် အချိန်တိကျစွာ တက်ရောက်နိုင်ပြီး မိမိ၏ မသိစိတ်ကို ရိုးသားစွာ စူးစမ်းကုစားဖို့ အဆင်သင့်ဖြစ်နေသူများအနေဖြင့် BrahmasoSiddhiHealing page messenger တွင်
🔗 Google Form Link လာရောက်တောင်းယူဖြည့်စွက်နိုင်ပါတယ်ရှင်။
ဒီဝါတွင်းကာလမှာ ကျွန်မ သင်ယူတတ်မြောက်ထားတဲ့ Hypnotherapy ပညာနဲ့ အတိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်ခြင်း၊ အကျင့်သစ် ဘဝသစ်ဆီသို့ ကူညီလမ်းပြပေးနိုင်ခြင်းဟာ ကျွန်မအတွက် မွန်မြတ်လှတဲ့ ပညာဒါနကုသိုလ်တစ်ခု ဖြစ်ပါတယ်ရှင်။
( ပုံလေးကတော့ ကျွန်မ Paid Session မှာ Client ကို အပြင်မှာ Hypnotherapy ပေးခဲ့သော ပုံလေးကို AI ဖြင့် ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်ပါတယ် Client ၏ မျက်နှာကို သုံးထားခြင်းမဟုတ်ပါရှင်)

11 th August 2026 နေ့အထိ နောက်ဆုံးလျှောက်ထားနိုင်ပါသည်။

ချစ်ခင်လေးစားစွာဖြင့်…
🍃 Lei Khaing Moe
Holistic Transformational Coach


#ဝါတွင်းသုံးလပညာဒါန
#ဝါတွင်းကုသိုလ်

01/08/2026

#ဝါတွင်းကုသိုလ်

ဝါတွင်းကာလ ပညာဒါနကုသိုလ်
1:1 Coaching ( 2- Sessions)

မင်္ဂလာပါရှင်။

၂၀၂၆ ခုနှစ် ဩဂုတ်လနဲ့အတူ ဝါတွင်းကာလကို ရောက်ရှိလာပါပြီ။

◈ ဒီမွန်မြတ်တဲ့ဝါတွင်းကာလမှာ ကျွန်မ သင်ယူတတ်မြောက်ထားတဲ့ Coaching ပညာရပ်များဖြင့် အမျိုးသမီးများအတွက် ပညာဒါနပြုလုပ်ပေးချင်ပါတယ်။

ကျွန်မတို့အမျိုးသမီးတွေရဲ့ဘဝမှာ မိသားစုအတွက်၊ အလုပ်အတွက်၊ ပတ်ဝန်းကျင်အတွက် အမြဲတာဝန်ယူလုပ်ဆောင်နေရင်း ကိုယ့်ကိုယ်ကို ပြန်လည်ဂရုစိုက်ဖို့ မေ့လျော့သွားတတ်ပါတယ်။

လုပ်စရာရှိတာတွေကို နေ့စဉ်ရက် ဆက်လုပ်နေကြပေမယ့် ကိုယ့်အတွင်းမှာတော့—

စိတ်ဖိစီးမှုတွေကြောင့် ပင်ပန်းနေတတ်တယ်။

ကိုယ့်အရည်အချင်းနဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင် သံသယဝင်နေတတ်တယ်။

ကိုယ်ဘာလိုချင်တာလဲ၊ ဘယ်ကိုဆက်သွားရမလဲဆိုတာ ရှုပ်ထွေးနေတတ်တယ်။

ဒီလိုဖြစ်နေတာဟာ ကိုယ်က ပျော့ညံ့အားနည်းနေလို့ မဟုတ်ပါဘူး။

တာဝန်တွေနဲ့ စိတ်ဖိစီးမှုတွေကြားမှာ ကိုယ့်အတွင်းက ခွန်အားကို ခဏတာ မမြင်နိုင်ဖြစ်နေတာပါ။

ကိုယ်က မစွမ်းဆောင်နိုင်လို့လည်း မဟုတ်ပါဘူး။

Self-Doubt ဖြစ်စေတဲ့ အတွေးတွေကြောင့် ကိုယ့်ရဲ့တန်ဖိုးနဲ့ အရည်အချင်းကို သံသယဝင်မိနေတာပါ။

ကိုယ့်ဘဝမှာ ဦးတည်ချက်မရှိလို့လည်း မဟုတ်ပါဘူး။

အတွေးတွေ ရှုပ်ထွေးနေတဲ့အတွက် ကိုယ်တကယ်လိုချင်တဲ့အရာနဲ့ ရှေ့ဆက်ရမယ့်လမ်းကို ရှင်းလင်းစွာ မမြင်နိုင်သေးတာပါ။

ဒါကြောင့် ဒီဝါတွင်းပညာဒါန Coaching အစီအစဉ်ကနေ အမျိုးသမီးများကို—

◈ Stress ဖြစ်နေရာကနေ ကိုယ့်အတွင်းက Strength ကို ပြန်လည်တွေ့ရှိနိုင်ဖို့

◈ Self-Doubt ဖြစ်နေရာကနေ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ Confidence ပြန်လည်တည်ဆောက်နိုင်ဖို့

◈ Confusion ဖြစ်နေရာကနေ ကိုယ်တကယ်လိုချင်တဲ့အရာနဲ့ ရှေ့ဆက်ရမယ့်လမ်းကို Clarity ရရှိနိုင်ဖို့

ပံ့ပိုးပေးချင်ပါတယ်ရှင်။

Coach က Client ရဲ့ဘဝအတွက် အဖြေတွေ၊ ဆုံးဖြတ်ချက်တွေပေးမှာ မဟုတ်ပါဘူး။

နက်ရှိုင်းစွာ နားထောင်ပေးခြင်း၊ အဓိပ္ပာယ်ရှိတဲ့ မေးခွန်းတွေ မေးပေးခြင်းနဲ့ Client ကိုယ်တိုင် သူ့အတွင်းမှာရှိနေတဲ့ အဖြေ၊ ခွန်အားနဲ့ ဖြစ်နိုင်ခြေတွေကို ပြန်လည်ရှာဖွေနိုင်အောင် ပံ့ပိုးပေးမှာဖြစ်ပါတယ်။

◈ အစီအစဉ်အသေးစိတ်

* ဝါတွင်းသုံးလအတွင်း တစ်လလျှင် အမျိုးသမီး( ၁ ) ဦးကို ရွေးချယ်သွားပါမယ်။
* ရွေးချယ်ခံရသူတစ်ဦးလျှင် သီးသန့် 1:1 Coaching Session နှစ်ကြိမ် ရရှိပါမယ်။
* Session နှစ်ကြိမ်လုံးကို ပညာဒါနအဖြစ် ပြုလုပ်ပေးပါမယ်။
* Session အတွင်း မျှဝေထားတဲ့ အကြောင်းအရာတွေကို လျှို့ဝှက်စွာ ထိန်းသိမ်းပေးပါမယ်။

ဒီအစီအစဉ်က အဖြေတစ်ခုကိုသာ ရှာဖွေပေးမယ့် Session မဟုတ်ပါဘူး။

◈ Stress ကို Strength အဖြစ် ပြောင်းလဲဖို့၊
◈ Self-Doubt ကို Confidence အဖြစ် တည်ဆောက်ဖို့၊
◈ Confusion ကြားကနေ Clarity ရရှိဖို့

မိမိကိုယ်တိုင် ရိုးသားစွာ ပြန်လည်ဆန်းစစ်ကြည့်ရှုပြီး လက်တွေ့လုပ်ဆောင်ဖို့ စိတ်အားထက်သန်သူများအတွက် ဖြစ်ပါတယ်။

📩 လျှောက်ထားရန်

Coaching Session နှစ်ကြိမ်လုံးကို အချိန်တိကျစွာ တက်ရောက်နိုင်ပြီး ကိုယ့်ဘဝအတွက် အပြောင်းအလဲတစ်ခု စတင်ဖို့ အဆင်သင့်ဖြစ်နေသူများအနေဖြင့် Golden Ratio Life Coaching page messenger တွင်
🔗 Google Form Link လာရောက်တောင်းယူဖြည့်စွက်နိုင်ပါတယ်ရှင်။

ဒီဝါတွင်းကာလမှာ ကျွန်မတတ်မြောက်ထားတဲ့ Coaching ပညာနဲ့ အမျိုးသမီးတစ်ဦးချင်းစီရဲ့ Strength၊ Confidence နဲ့ Clarity ကို ပြန်လည်ရှာဖွေနိုင်အောင် ပံ့ပိုးပေးခွင့်ရခြင်းဟာ ကျွန်မအတွက် အဓိပ္ပာယ်ရှိတဲ့ ပညာဒါနကုသိုလ်တစ်ခု ဖြစ်ပါတယ်ရှင်။

7 th August 2026 တွင် ဖောင်ပိတ်ပါမည်။

ချစ်ခင်လေးစားစွာဖြင့်…

🍃 Lei Khaing Moe
Holistic Transformational Coach
Golden Ratio Life Coaching
Harmony in Every Dimension

#ဝါတွင်းသုံးလပညာဒါန

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Happy Street
Yangon
11111