CBAF Co. Family

CBAF Co. Family

Share

ပြည်ထောင်ဆုအဆင့်MSMEဆုရပြည်တွင်းအဆင့်မြင့်စံပြသဘာဝထုတ်ကုန်နှင့်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး “ချမ်း”

BodyArt Class

BA - 300,000 MMK / 1 month / Exercises
VIP - 600,000 MMK / 1 month
VIP - 800,000 MMK / 1 month
VVIP - 1,800,000 MMK / 1 month
VVIP - 3,100,000 MMK / 1 month
Online Class

For normal class (Group)- 5,500 MMK / 11,000 MMK
For fast class (By one) - 50,000 MMK / 150,000 MMK

26/09/2026

တော်သလင်းလပြည့်နေ့ဟာ ...🙏🙏🙏
ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးခြားမွန်မြတ်တဲ့ 'ဂရုဓမ္မအခါတော်နေ့' ပဲ ဖြစ်ပါတယ်။

'ဂရုဓမ္မ' ဆိုတာ ပါဠိစကားဖြစ်ပြီး 'ဂရု' ဆိုတာ လေးစားအပ်သော၊ မြတ်နိုးအပ်သော၊ လေးနက်သောလို့ အဓိပ္ပာယ်ရပြီး 'ဓမ္မ' ဆိုတာ ကျင့်ဝတ်တရား ဖြစ်ပါတယ်။ ဒါကြောင့် 'ဂရုဓမ္မ' ဆိုတာ 'အစဉ်သဖြင့် ရိုသေလေးစားစွာ စောင့်ထိန်းအပ်သော မြင့်မြတ်သည့် ကျင့်ဝတ်တရား' သို့မဟုတ် လူအပေါင်း စောင့်ထိန်းရမည့် 'ငါးပါးသီလတရား' ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

တော်သလင်းလပြည့်နေ့မှာ ငါးပါးသီလတရားကို မြဲမြံစွာ စောင့်ထိန်းပြီး ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးကို ဖြူစင်အေးချမ်းအောင် ထိန်းကျောင်းတာဟာ အမြတ်ဆုံးသော ပူဇော်ခြင်းပါပဲ...

ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ တော်သလင်းလပြည့် အခါတော်နေ့မှာ ဂရုဓမ္မ ငါးပါးသီလတရားများကို အစဉ်သဖြင့် ဆောက်တည်နိုင်ကြပါစေ။ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကြပြီး လောကဓံ အပြောင်းအလဲမှန်သမျှကို အသိဉာဏ်ဖြင့် အေးချမ်းစွာ ကျော်လွန်နိုင်ကြပါစေ....

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
#တော်သလင်းလပြည့်နေ့ #ဂရုဓမ္မအခါတော်နေ့ #ငါးပါးသီလ #ဆုမွန်ကောင်း #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #အသိဉာဏ် #တရားတော် #ဓမ္မစက် #ဓမ္မရသ
🙏🙏🙏🙏🙏🙏🙏🙏

26/09/2026

(၁)။ “သတ်၊ခိုး၊ကာမေ၊မုသား၊သေ”ငါးမျိုးတို့မှ ရှောင်ကြဉ်ခြင်းကို"ငါးပါးသီလဟု ခေါ်၏။

(၂)ငါးပါးသီလသည် နားမျက်စိနဲ့တူ၏။
ငါးပါးသီလပျက်စီးသောသူသည် နား/မျက်စိချို့ယွင်းသောသူကဲ့သို့ လမ်းမှားရောက် အမြင်မှား ဆင်းရဲဒုက္ခကြီးစွာရောက်တတ်၏။

(၃)ငါးပါးသီလကို လူတိုင်းကိုယ်စီမြဲကြ
ပါလျှင် မိုးလေဝသမှန်ကန်၍
သယံဇာတသဘာဝပစ္စည်းများ ပေါ
ကြွယ်နိုင်၏။ ကပ်ကြီး၃ပါးမှ လွတ်ကင်းမည် ။

“ငါးပါးသီလ၏ အမည်ထူးများ”
••••••••••••••••••••••••••••••••••••••••••••••••
(၁)။ လူမှန်လျှင် လိုက်နာကျင့်သုံးရမည့်
ဓမ္မတာတရားဖြစ်သောကြောင့်
“ဓမ္မတာသီလ”။
(၂)။ သူတော်ကောင်းတို့ အလေးဂရု
ထား၍ ကျင့်သုံးအပ်သောကြောင့်
“ဂရုဓမ္မသီလ”။
(၃)။ စကြ၀တေးမင်းတို့ ဓမ္မသတ်သဖွယ်
ကျင့်သုံးသောကြောင့် “စက္က၀တ္တိ
ဓမ္မသတ်”။
(၄)။ ကုရုတိုင်းနေ လူတို့ လိုက်နာကျင့်သုံး
သောတရားဖြစ်၍ “ကုရုဓမ္မသီလ”။
(၅)။ အရေအတွက် ငါးပါး ရှိသောကြောင့်
“ပဉ္စသီလ”။
(၆)။ လူပုဂ္ဂိုလ်တို့၏ ကိုယ်ကျင့်တရား
ဖြစ်သောကြောင့် “ဂဟဋ္ဌသီလ”။
(၇)။ လူတို့အမြဲနိစ္စ စောင့်သုံးအပ်သော
ကြောင့် “နိစ္စသီလ”။
(၈)။ မြတ်စွာဘုရားက တားမြစ်ထားသော
ကြောင့် “ဝါရိတ္တသီလ”။
(၉)။ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုး
အပ်သောကြောင့် “အရိယကန်သီလ”။
(၁၀)။ ကျင့်သုံးအပ် ကျင့်သုံးသင့် ကျင့်
သုံးထိုက်သောကြောင့်
“သိက္ခာပဒသီလ”တို့ ဖြစ်ပါတယ်။ ။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-

#ကုသိုလ်ကောင်းမှုနေ့တိုင်းပြု
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

26/09/2026
26/09/2026

ငြိမ်းချမ်းသာယာခြင်းများသင့်ထံသို့ရောက်
ရှိခံစားရပါစေ

25/09/2026

ဟင်းချက်နည်း စာအုပ် လက်ဆောင်ပေးသူ 😁

25/09/2026

ဂါဝန်လေးလှလိုက်တာ ဆို 😁🖤

25/09/2026

#လက်တွဲဖော်ဆိုတာ
၁-ဖုန်းမဆက်ရင်စိတ်ပူပါ ။စိတ်မဆိုးပါနဲ့။

၂-ကြင်နာစွာဂရုစိုက်ခြင်းကလွဲလို့ တခြားလိုချင်တာတွေအများကြီးမပူဆာပါနဲ့။

၃-သူ့မိသားစုကိစ္စကိုဝင်မစွက်ဖက်သင့်။ကိုယ့်စေတနာကိုနားမလည်ရင် စိတ်
ပင်ပမ်းရမယ့်အပြင် ၂ဦးသားချစ်ခြင်းပါဇာတ်သိမ်းသွားနိုင်တယ်

၄-နှစ်ဦးစကားများရန်ဖြစ်ရင်ပတ်ဝန်းကျင်မသိအောင်စောင့်ထိန်းပါ။

၅-အပြစ်လုပ်မိရင်ခွင့်လွှတ်မှုနဲ့ငြိမ်းချမ်းစွာလမ်းခွဲနိုင်ပါစေ။

၆-ပြဿနာတိုင်းကို အပြစ်တင်မယ့်အစားဖြေရှင်းနည်းပေးပီးအားပေးနှစ်သိမ့်ပါ။

၇-လျှောက်လမ်းမတူတောင်မှ ရည်မှန်းချက်ပန်းတိုင်ခြင်းတူပါစေ။

၈-မဖောက်ပြန်ပါနဲ့။သူ့ဖက်ကဖောက်ပြန်ရင်ကိုယ်ကအရွဲ့တိုက်ပြီးပြန်ဖောက်ပြန်တာမျိုးလုံးဝမလုပ်သင့် ။

၉-အလှအပ၊ဝင်ငွေ ဘယ်အရာမဆို တပါးသူနဲ့နှိုင်းယှဉ်ပြောဆိုတာမျိုးလုံးဝမလုပ်ပါနဲ့။

၁၀-ဘာသာရေး/နိုင်ငံရေး ကိစ္စရပ်များအငြင်းအခုန်မလုပ်ပါနှင့်။

၁၁-မကျေနပ်ချက်တွေကိုပွင့်ပွင့်လင်းလင်းတခုစီအေးအေးဆေးဆေးဖြေရှင်းပါ။မြိုသိပ်ပီးမကြီးထွားပါစေနဲ့။
သဘောထားကြီးသယောင်ဟန်မဆောင်ပါနဲ့ ။

၁၂-သူငယ်ချင်းတွေနဲ့လိုတာထက်ပိုအချိန်မပေးပါနဲ့။မကောင်းတဲ့အပေါင်းအသင်းမျို:နဲ့ မိသားစုမလဲပါနဲ့ ။

၁၃-နှစ်ယောက်သားဆုံရတဲ့အချိန်ခနလေးကိုတန်ဖိုးရှိပျော်ရွှင်စွာကုန်ဆုံးပါ။

၁၄-အနာဂတ်အစီစဉ်တိုင်ပင်လေလေပိုစည်းလုံးချစ်ခင်လေလေပါပဲ ။မင်္ဂလာမဆောင်ခင်ထဲကသားသမီးယူ/မယူ သေချာဆွေးနွေးထားပါ ။

၁၅-သူဘာလုပ်လုပ်ယုံကြည်ပြပါ။အားပေးပါ။ဘေးက ဖြစ်စေနောက်ကွယ်ကဖြစ်စေတိတ်တဆိတ်ပံ့ပိုးကူညီပေးပါ ။

၁၆-မာန က တကယ်ချစ်မြတ်နိုးသူနှစ်ဦးအတွက်တော့အဖျက်အမှိုက်ပါ။

၁၇-ချစ်တယ်နှင့်ကျေးဇူးတင်ပါတယ် ပြောဖို့မရှက်ပါနှင့်။နုတ်ဖြင့်ဖွင့်ဟချီးကျူးခြင်းဖြင့်ခွန်အားပေးပါ။

၁၈-သူ့အောင်မြင်မှုကသင့်ဂုဏ်သိက္ခာပါ။

၁၉-အကျင့်ခြင်းမတူအကြိုက်ခြင်းမတူလဲအချစ်ခြင်းတူပါစေ။

၂၀-အသက်ချင်း ပညာချင်းမတူလဲ သီလ နဲ့ကြင်နာခြင်းတူရင် တဘဝစာလုံလောက်ပါတယ်

25/09/2026

ချမ်းထုတ်ကုန်ကို AYA Pay လွှဲ၍မှာသူများဖုန်:နံပါတ်
ပြန်လာပေ:ကြပါနော် 🎁

Category

Address


Thatipadan Street , Tamwe , Kyauk Myaung
Yangon
CBAF

Opening Hours

Monday 11:00 - 16:00
Tuesday 11:00 - 16:00
Wednesday 11:00 - 17:00
Thursday 11:00 - 16:00
Friday 11:00 - 16:00
Saturday 11:00 - 16:00
Sunday 11:00 - 16:00