Sein Si Phyo

Sein Si Phyo

Share

💎💎💎

31/12/2025

Goodbye 2025

ပြန်မရောက်တော့မယ့် ဒီခုနှစ်အတွက်
အပြီးတိုင်နှုတ်ဆက်ခဲ့ပါတယ်
2025 ရေ...

ရခဲ့တဲ့ အမှတ်တရတွေ
သင်ခန်းစာတွေ
အတွေ့အကြုံတွေ
ပျော်ရွှင်မှုတွေကိုတော့
ရှေ့ဆက်ပြီးတော့ ဆက်သယ်ပိုးသွားပါ့မယ်။

အရမ်းအဆင်ပြေပြီး
ပြေလည်ခဲ့တဲ့ နှစ်တစ်နှစ်
မဟုတ်ခဲ့ပေမယ့်
ကြီးလေးတဲ့ပြဿနာတွေကိုတောင်
ဖြေရှင်းနိုင်ခဲ့တယ်...

အခက်ခဲတွေ များသာမှန်ပေမယ့်
ကြိုးစားရှင်သန်ရင်း ကျော်ဖြတ်လာခဲ့တယ်။

ရှည်ကြာခဲ့တဲ့မပြေလည်မှုတွေ မဟုတ်လို့
ကျေးဇူးတင်တယ် 2025

ဒါကြီးကို ငါဘယ်လိုကျော်ဖြတ်မလဲ
တွေးပူနေချိန်မှာ

ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့ပြီး
ငါလုပ်နိုင်ပါ့လား လို့ ကိုယ့်ကိုယ်ကိုယ်
သိခွင့်ရခဲ့တယ်။

ဒီနှစ်က
ငါ့ကိုယ်ငါ ပိုနားလည်လာစေခဲ့တယ်။

အဖိုးတန်ဆုံးက အရမ်းကျပ်တည်းတဲ့အချိန်မှာ
အကောင်းဆုံးမိတ်ဆွေတွေ ငါ့နားမှာ
ရှိခဲ့ကျန်လို့ တကယ်ဝမ်းသာခဲ့ရတယ်။

ကျေးဇူးပဲ 2025
ရှင်သန်ခွင့်သာရှိအုံးမယ်ဆိုရင်
နောက် နှစ်မှာလည်း ကြိုးစားနေထိုင်သွားပါမယ်

#လင်းနန်
December 31

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 3 Mahar Swe Street
Yangon
11051