MYAH online shop
Myat Yin Aye Han
Hello morning...
အစာအိမ်မှ အစာများအပေါ်သို့ပြန်တက်သည့်ရောဂါ ပါးစပ်မှစားလိုက်သောအစာများသည် အစာရေမျိုပိုက်မှတစ်ဆင့် အစာအိမ်တွင်းသို့ရောက်ရှိပြီး အစာအိမ်တွင်းမှအစာများအပေါ်အစာရေမျိုတွင်းသို့ပြန်မတက်ရန် သားရေကွင်းကဲ့သို့ကျုံ့နိုင်ဆန့်နိုင်သောကြွက်သားအဆို့ ကတားဆီးပေးထားပါတယ်။
ထိုအဆို့ မှာ အားနည်းပြီးမလုံခြင်းကြောင့် အစာအိမ်တွင်းမှအက်စစ်များကိုအပေါ်သို့မတက်အောင်တားဆီးပေးနိုင်စွမ်းမရှိတော့ဘဲ အက်ဆစ်များ၊ အစာအိမ်တွင်းမှအစာများ၊လေများ၊ သည်းခြေရည်များသည် အပေါ်သို့လျှံတက်လာပြီး အစာရေမျိုတစ်လျှောက်ကို လောင်ကျွမ်းခြင်းဖြစ်စေပြီး ရင်ပူခြင်းကိုခံစားရပါတယ်။
ပုံမှန်အားဖြင့် အစာအိမ်နံရံသည် အက်စစ်ဒဏ်ကိုခံနိုင်အောင်ပြုလုပ်ထားပြီး အက်စစ်ကိုတုန့်ပြန်ချေဖျက်ပေးနိုင်သော အယ်ကာလီ Alkali အမျိုးအစားဖြစ်သည့် bicarbonate များနှင့် မျှခြေအနေအထားတွင် အတူတွဲလျက်ရှိကြပါတယ်။
အစာရေမျိုသည်ပါးစပ်မှစားလိုက်သည့်အစာများကို အစာအိမ်တွင်းသို့ရင်ခေါင်းတစ်လျှောက်ဖြတ်ဆင်းနိုင်ရန်ပို့ဆောင်ပေးသောတာဝန်သာရှိသဖြင့် အစာခြေရည်များဖြစ်သောအက်စစ်၊ သည်းခြေရည်တို့ထုတ်လုပ်ခြင်းလည်းမရှိသဖြင့် ထိုအက်စစ် နှင့်သည်းခြေရည်တို့ိကို ခုခံနိုင်သောကြွက်သားအမျိုးအစာလည်းမပါရှိပါ။
ထိုသို့ အက်စစ်များအပေါ်အစာရေမျိုတစ်လျှောက်လျှံတက်ခြင်းသည်အစာရေမျိုအားအက်စစ်လောင်ခြင်းကိုဖြစ်စေပြီး ထိုသို့လောင်ကျွမ်းခြင်းသည် မီးစနှင့်ထိုးသကဲ့သို့ရင်ဘတ်တွင်းပူလောင်ခြင်းကိုဖြစ်စေပါတယ်။
လဲလျောင်းလိုက်လျှင်ပိုဆိုးခြင်း၊ လေချဉ်များခဏခဏတက်ခြင်း၊ ရင်ပူခြင်း၊ရင်ဘတ်အောင့်ခြင်း၊တို့သည် ရောဂါလက္ခဏာများဖြစ်ပါတယ်။
ထိုအဆို့မလုံသောအခါတွင်လည်း အစာအိမ်တွင်းမှအစာနှင့်ဆက်ဆစ်များအပေါ်သို့ တက်ပြီး အစာရေမျိုကိုလောင်ခြင်းဖြစ်ပေါ်ခြင်းကြောင့်လည်းရင်ခေါင်းတောင့်ခြင်း၊ ရင်ပူခြင်း၊ အစာမကြေခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်ပေါ်စေပါတယ်။
အနာမရှိပဲ ရင်ခေါင်းတောင့်ခြင်း တစ်ခါတစ်ရံတွင် အစာအိမ် အနာဖြစ်သည့် ရောဂါကဲ့သို့ လက္ခဏာများပြသော်လည်း အစာအိမ် မှန်ပြောင်းကြည့်သည့်အခါတွင် အစာအိမ် အနာလည်း မတွေ့ အခြားသော ရောဂါများလည်း မတွေ့ပဲ အစာမကြေခြင်း၊ ရင်ခေါင်းတောင့်ခြင်းအား ခံစားနေရခြင်းများ ရှိတတ်ပါတယ်။
အစာအိမ်နာ မရှိပဲ ရင်ခေါင်းတောင့်ခြင်းအား ဖြစ်စေတတ်သော ရောဂါများမှာ အစာအိမ်မှ အစာများ အပေါ်သို့ ပြန်တက်သည့် ရောဂါ (GERD) နှင့် အစာအိမ်လှုပ်ရှားမှု နည်းခြင်း (Gastroparesis) တို့ကြောင့်ဖြစ်တတ်ပါတယ်။
အသည်းရောင်ခြင်း သို့မဟုတ် သည်းခြေပြွန်များရောင်ခြင်း၊ သည်းခြေကျောက်ရှိခြင်း အသည်းနှင့် သည်းခြေကျောက်၊ သည်းခြေပြွန်ရောဂါများ ကြောင့်လည်း အစာမကြေခြင်း၊ ရင်ခေါင်းတောင့်ခြင်းအား ခံစားရတတ်ပါတယ်။
အသည်းမှ သည်းခြေရေကို သည်းခြေပြွန်မှ တစ်ဆင့် အူသိမ်အတွင်းသို့ အစာခြေလုပ်ငန်းလုပ်ဆောင်ရန် ထုတ်လုပ်၍ ပို့ဆောင်ပေးရပါတယ်။
ထို အသည်းနှင့် သည်းခြေပြွန်များ ရောင်ရမ်းသော အခါသည်းခြေရည်များ ကောင်းစွာ မထုတ်နိုင်ပဲ အစာခြေခြင်းအား မလုပ်နိုင်သောကြောင့် အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊ တစ်ခါတစ်ရံ သည်းခြေဓာတ်များ များပြားလာပြီး အသားဝါခြင်းများ ဖြစ်တတ်ပါတယ်။
❣️ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အစာခြေစနစ်ရော အစာအိမ်ပါ ကျန်းမာဖို့ လိုပါမယ်။
အစာအိမ်ရောဂါ ရှိနေတယ်။
ဒါပေမယ့် ကျန်းကျန်းမာမာ နေချင်တယ် ဆိုရင် အစာအိမ်လေးရဲ့ ကျန်းမာရေးကို မေ့ထားလို့ မဖြစ်ပါဘူး။
အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက် အစာအိမ် ဝေဒနာ ရှိသူတွေအတွက် ကျန်းမာစွာ နေထိုင်နည်းလေးကို ပြောပြပေးပါရစေနော်။
I
အစားစားချိန် မမှန်တာကြောင့် အစာအိမ် ရောဂါ ဖြစ်နိုင် သလို အစားကို လိုတာထက် ပိုစားတာ၊ အပူအစပ်တွေ စားတာ၊ အက်ဆစ်ပါဝင်မှု လွန်ကဲတာတွေ စားသုံးတာ၊ အယ်လ်ကိုဟော သောက်သုံးမှုတွေကြောင့်လည်း အစာအိမ် ထိခိုက်နိုင်ပါတယ်။
အစာအိမ်ပိုးနဲ့ သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်လည်း အစာအိမ် ထိခိုက်နိုင်ပါတယ်။
အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်...
အစာအိမ် ရောဂါ ရှိနေသူ တစ်ယောက် အနေနဲ့ အစာအိမ်ကို ထိခိုက် စေမယ့်အရာတွေကို မစားမိတာ ကတော့ အကောင်းဆုံးပါ။
ဒါကြောင့် အပူအစပ်တွေ၊ အဆီများတဲ့ အစားအစာတွေ အစာ ကြေခဲတဲ့ အစားအစာတွေကို မစားသုံးသင့် ပါဘူး။
ကဖင်း၊ အယ်လ်ကိုဟော နဲ့ ဆေးလိပ် သောက်သုံးမှုတွေကိုလည်း ရှောင်ကြဉ်ဖို့ လိုပါမယ်။
ဒါ့အပြင် အစာခြေအက်ဆစ် အထွက် များစေမယ့် အစားအစာတွေ ကိုလည်း ရှောင်ဖို့ လိုပါမယ်။
ဒီလို ပြောရတဲ့ အကြောင်းအရင်းက အစာခြေ အက်ဆစ်က လိုတာထက် ပိုများတဲ့အခါ အစာအိမ် နံရံတွေကို ထိခိုက် စေနိုင်တာ ကြောင့်ပါ။
ဒါ့အပြင် နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေအောင် ဂရုစိုက်သင့်သလို ရေဓာတ် လုံလောက်အောင် သောက်သုံးဖို့လည်း မမေ့သင့်ပါဘူး။
ဂတ်စ် ပါဝင်မှု များတဲ့ အချိုရည်တွေ ကိုလည်း တတ်နိုင်သမျှ ရှောင်ဖို့ လိုပါမယ်။
ဒါဆိုရင် ဘာတွေ စားရမလဲလို့ မေးစရာ ရှိနေမှာပါ။ ဒီတော့ အစာအိမ် ရောဂါ ရှိနေတယ် ဆိုရင် အခု ပြောပြမယ့် အစားအစာလေးတွေကိုတော့ စားသုံးပေးလို့ ရပါတယ်။
ထမင်း
ပေါင်မုန့်
ဒိန်ချဉ်
သာကူ
အဆီ ပါဝင်မှု နည်းတဲ့ အသား
ကီဖာ
ပန်းသီး
အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေ
တရုတ်နံနံ
ပင်ပွားစေ့
သင်္ဘောသီး
အုတ်ဂျုံ
ကင်မ်ချီ
မီဆို
ဂျင်း (ချင်း)
ကြက်သား
ဆယ်လ်မွန်ငါး စတာတွေကို စားသုံး ပေးလို့ ရပါတယ်။
ရှောင်ရမယ့် အစားအစာတွေကလွဲလို့ ကျန်တာတွေကို သင့်တင့်မျှတအောင် စားနိုင်ပါတယ်။ ဒါတွေပဲ စားရမယ်လို့ မဟုတ်ပါဘူး။
အခု ပြောခဲ့တဲ့ အစားအစာ တွေကို စားမယ်။
အချိန် မှန်မှန် စားမယ်။ ရေဓာတ် ပြည့်ဝအောင် နေမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်မယ်။
စိတ်ဖိစီးမှုတွေကို ဖြေလျှော့မယ်။
အိပ်ရေး ဝဝ အိပ်မယ် ဆိုရင်တော့ အစာအိမ်လေးက ကျန်းမာ နေစေမှာ အသေအချာပါရှင်။
20/06/2026
❣️၀မ်းမည်းမည်းသွားစေနိုင်သည့် ရောဂါများ (Melena)
ဝမ်းမည်းမည်းသွားတာက အသက် ၂၄-၂၅ နှစ်ကနေ ၆၀-၇၀ အထိဖြစ်နိုင်ပါတယ်။
ဝမ်းမည်းမည်းသွားတာနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေက အစာရေမျိုပြွန်အောက်ပိုင်း (Lower Oesophagus)နဲ့ အစာအိမ်၊ အူသိမ်ဦးတွေမှာ ဖြစ်တဲ့ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။
ဝမ်းမည်းမည်းသွားတဲ့ အခြေအနေကို မပေါ့ဆပါနဲ့လို့ ပြောချင်ပါတယ်။
(၁) ဝမ်းမည်းမည်းသွားတာနဲ့ ဆက်စပ်ပြီး အဖြစ်အများဆုံးရောဂါက အစာအိမ်အနာ(Peptic Ulcer) ပဲ ဖြစ်ပါတယ်။
အစာအိမ်မှာဖြစ်တဲ့ Gastric Ulcer ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အူသိမ်ဦးမှာ ဖြစ်တဲ့ Duodenal Ulcer ကြောင့်လည်း ဖြစ်တတ်ပါတယ်။
အဲဒီမှာအနာဖြစ်ပြီး သွေးစိမ့်ထွက်ရင် ဝမ်းမည်းမည်း သွားတတ်ပါတယ်။
(၂) နံပါတ်နှစ်အဖြစ်များဆုံးက Oesophageal Varices ဆိုတာပဲ ဖြစ်ပါတယ်။
(၃) နောက်ထပ်အဖြစ်များတာကတော့ သွေးကြောပေါက်တာ(Erosion) ကြောင့် ဖြစ်တတ်ပါတယ်။
Erosionက အကိုက်အခဲပျောက်ဆေး (NSAIDs) တွေအများကြီးသောက်တာ၊ စတီးရွိုက်တွေ များများသောက်တာ တွေကြောင့် ဖြစ်တတ်ပါတယ်။
တချို့လူတွေဆိုရင် ဘာမှန်းမသိဘဲ အကိုက်အခဲပျောက်ဆေးတွေ ပါနေတဲ့ မြန်မာဆေးတွေကို အများကြီး သောက်လိုက်မိတာကြောင့် သွေးကြောပေါက်ထွက် တတ်ပါတယ်။
တစ်ခါတလေ အရက်ကို အများကြီးသောက်လိုက်ရင်လည်း အစာအိမ်နဲ့ အူသိမ်ဦးမှာ သွေးကြောပေါက်တတ်ပါတယ်။
(၄) နောက်ဆုံး ဖြစ်တတ်တာက အစာအိမ်ကင်ဆာပါ။ အစာအိမ်ကင်ဆာဖြစ်ရင် သွေးစိမ့်ထွက်ပြီး ဝမ်းမည်းမည်းသွားတတ်ပါတယ်။
သံဓာတ်(Iron)ပါတဲ့ ဆေးသောက်တာက ဝမ်းအရောင်ကိုမည်းစေပါတယ်။
ကလီစာတွေ၊ အသည်းအမြစ်တွေ ဝမ်းမည်းတတ်ပါတယ်။ တချို့ဟင်းရွက်တွေကို များများစားရင်လည်း ဝမ်းအရောင်မည်းတတ်ပါတယ်။
“စအိုကနေ သွေးတွေ တောက်တောက်တောက်တောက်နဲ့ ကျတာကတော့ လိပ်ခေါင်းဖြစ်တာပါ။ ဝမ်းမည်းမည်းသွားတာက အစာအိမ်ကနေ သွေးယိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်က ဝမ်းမည်းမည်းသွားနေပြီ၊ ကတ္တရာစေးလိုလည်း စေးကပ်နေတယ်၊ အနံ့လည်း အရမ်းနံတယ်ဆိုရင် ဝမ်းမည်းမည်းသွားတဲ့ အခြေအနေကို မပေါ့ဆပါနဲ့” . . .
Melena ရဲ့ သဘောသဘာဝကျတော့ ဝမ်းမည်းရုံတင်မကဘူး၊ ဝမ်းက ကတ္တရာစေးလို စေးကပ်နေတတ်ပါတယ်။
ရေလောင်းလိုက်ရင်တောင် စေးကပ်နေတတ်ပါတယ်။ ပြီးတော့ အရမ်းနံပါတယ်။ သွေးညှီနံ့လို အနံ့မျိုး ရတတ်ပါတယ်။ အရင်ဆုံး လူနာကို ရာဇဝင်စမေးရပါတယ်။ လူနာကို ဘာရောဂါရှိဖူးသလဲလို့မေးလိုက်လို့ အစာအိမ်ရောဂါရှိဖူးတယ်။ နဂိုကတည်းက Peptic Ulcer ရှိဖူးတယ်၊ အခု အစားအသောက်မမှန်ဘူးဆိုရင် ဒီရောဂါကြောင့် ဝမ်းမည်းမည်းသွားတာဖြစ်နိုင်တယ်။နောက်တစ်ချက်က အသည်းရောင်အသားဝါ ဘီပိုးရှိတယ်၊ စီပိုးရှိတယ်၊ အသည်းခြောက်တယ်ဆိုရင် Oesophageal Varices ကြောင့် ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက ခါးကိုက်တယ်၊ ဒူးနာတယ်၊ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို သောက်နေတာကြာပြီ၊ ဒါမှမဟုတ် မြန်မာဆေးတွေကို လေးငါးခြောက်ပတ်လောက်စွဲသောက်နေတယ်၊ အခု ဝမ်းမည်းမည်း သွားတယ်ဆိုရင် သွေးကြောပေါက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း အစားအသောက် ပျက်နေတာကြာပြီ၊ ပိန်တာကြာပြီ၊ လည်ပင်းအကျိတ်လည်း ထွက်လာတယ်ဆိုရင် အစာအိမ်ကင်ဆာကို သံသယ ရှိပါတယ်။ ပြီးတော့ သံဓာတ်ပါတဲ့ ဆေးတွေသောက်ထားသလားလို့လည်း မေးပါတယ်။ သံဓာတ်ပါတဲ့ ဆေးတွေသောက်ရင်တော့ ဒီလိုမျိုးဝမ်းက စေးကပ်တာ၊ အနံ့နံတာမျိုး မရှိပါဘူး။
စအိုကနေ သွေးတွေ တောက်တောက်တောက်တောက်နဲ့ ကျတာကတော့ လိပ်ခေါင်းဖြစ်တာပါ။ ဝမ်းမည်းမည်းသွားတာက အစာအိမ်ကနေ သွေးယိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်က ဝမ်းမည်းမည်းသွားနေပြီ၊ ကတ္တရာစေးလိုလည်း စေးကပ်နေတယ်၊ အနံ့လည်း အရမ်းနံတယ်ဆိုရင် ဝမ်းမည်းမည်းသွားတဲ့ အခြေအနေကို မပေါ့ဆပါနဲ့၊ ဆရာဝန်နဲ့ သွားပြပါလို့ ပြောချင်ပါတယ်။
လူတွေက သွေးအန်တယ်ဆိုရင် ကြောက်ပေမယ့် ဝမ်းမည်းမည်းသွားတယ်ဆိုရင် ပေါ့ဆတတ်ပါတယ်။ ဝမ်းမည်းမည်းသွားတာက ကတ္တရာစေးလို စေးကပ်ပြီး အနံ့လည်း အရမ်းနံတယ်၊ ဝမ်းမည်းမည်းသွားတာ သေချာတယ်ဆိုရင်တော့ ဆေးရုံကိုအမြန်ဆုံး သွားပြဖို့ အကြံပြုလိုပါတယ်ရှင့်။
💝အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပေးပါရှင်...
💝အစာအိမ် အူလမ်းကြောင်းရောင်ရမ်းတာက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် –
❣️အစားအသောက် (အထူးသဖြင့် ပင်လယ်စာ)
❣️သောက်သုံးရေ
❣️ရောဂါပိုးရှိနေတဲ့ လူနဲ့ထိတွေ့မှု
❣️လက်မဆေးခြင်း
❣️ဇွန်း၊တူ စတာတွေ မသန့်ရှင်းခြင်း တို့ကတဆင့် ရောဂါပိုးကို ကူးစက်ရရှိနိုင်ပါတယ်။
💔လက္ခဏာတွေကတော့ –
❣️မအီမသာဖြစ်ခြင်း၊
❣️ချွေးထွက်များခြင်း၊
❣️ရင်ခေါင်းတောင့်ခြင်း၊
❣️ပျို့အန်ခြင်း၊
❣️ဝမ်းလျှောခြင်း၊
❣️ဗိုက်နာခြင်း၊
❣️အနည်းငယ် ကိုယ်ပူခြင်းတို့ပဲဖြစ်ပါတယ်။
❣️ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဒီလက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော်အထိ
💔အစာအိမ် ရောင်ပြီဆိုရင် –
❣️အကြမ်းဖျင်းအားဖြင့်တော့ အစာအိမ်ရောင်တဲ့အခါ အချဉ်၊ အစပ် မပါတဲ့ အစာပျော့ပျော့ပဲစားရမှာပါ။
❣️ရှောင်သင့်တဲ့အရာတွေအကြောင်း အသေးစိတ်လေး ပြောရရင်တော့ –
❣️ဆီကြော်နဲ့ အဆီများတဲ့ အစားအစာတွေ ၊
❣️ချဉ်ဖတ်နဲ့ အချဉ်တည်ထားတာတွေ၊ ဆားရည်စိမ်တွေ၊
❣️အငန်နဲ့အစပ်ကဲတဲ့ အစားအစာတွေ၊
❣️ကော်ဖီ၊ လက်ဖက်ရည်၊ နဲ့ ကဖင်းများတဲ့ သောက်စရာတွေ၊
❣️အရက်နဲ့ ဘီယာလို အယ်လ်ကိုဟောတွေ၊
❣️အချဉ်စူးတဲ့အသီးတွေနဲ့ ဖျော်ရည်တွေ၊
❣️ဂက်စ်ပါတဲ့ အချိုရည်ဘူးတွေ၊
❣️ရေခဲမုန့်လိုမျိုး ပျစ်နှစ်နေတဲ့နို့ထွက်ပစ္စည်းတွေ၊ ချိစ်များတဲ့ မုန့်တွေ ရှောင်သင့်ပါတယ်။
❣️ဒါ့အပြင် အမဲသား၊ ဝက်သားတို့လို အသားတွေကို များများမစားသင့်ပါဘူး။
❣️အစာစားရင် တစ်ခါတည်း အများကြီးပြည့်အင့်နေအောင် မစားပါနဲ့။ အချိန်သတ်မှတ်ပြီး နည်းနည်းချင်း ခွဲပြီးစားပါ။ ပမာဏများများ ဖိစားလိုက်တဲ့အခါ အစာအိမ်ကို ဝန်ပိစေနိုင်လို့ပါ။
💝💝💝 ဘာတွေစားလို့ရမလဲ 💝💝💝
ဒီအချိန်မှာ –
❣️ပန်းသီး၊ အုတ်ဂျုံ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပဲ တို့လို အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊
❣️ငါး၊ ကြက်ရင်ပုံသား တို့လို အဆီနည်းတဲ့အစားအစာတွေ၊
❣️ဂက်စ်မပါတဲ့ အချိုရည်တွေ၊
❣️ကဖင်းမပါတဲ့ သောက်စရာတွေ က သင့်တော်ပါတယ်။
💝💝💝 ကောင်းကောင်းအနားယူပါ။ 💝💝
❣️အစာအိမ်ရောင်တဲ့အချိန်မှာ ခန္ဓာကိုယ်က ရောဂါပိုးကိုတိုက်ထုတ်ဖို့ အနားယူဖို့လိုအပ်ပါတယ်။
❣️ဒါ့ကြောင့် အိပ်ရေးဝအောင်အိပ်ပါ၊ တစ်နေ့တာမှာ လှုပ်ရှားမှုသိပ်မများအောင် ဂရုစိုက်ပါ။ အပင်ပန်းမခံဘဲ နားနားနေနေ နေပါ။
cred:
❤️❤️❤️မြတ်မဟာ နွယ်ချိုဆီ❤️❤️❤️
**********************
😘 100% အရောနှောကင်းတဲ့သန့်စင်ပြီးသား မြတ်မဟာ နွယ်ချိုဆီ စစ်စစ်ပါ
❣️❣️❣️အစာအိမ်နာ လေထိုး လေအောင့် လေချဥ် အစာအိမ်အချဥ်ဖောက် အတွက် နွယ်ချိုဆီက အထူးကောင်းမွန်ပါသည်။❣️❣️❣️
🥰🥰🥰 နွယ်ချိုသည် မြန်မာ့ဆေးလောက တွင် ဂန္ထ၀င် သမ္ဘာရင့် ကမ္ဘာသုံး ဆေးကောင်း တစ်လက်ဖြစ်ပါတယ်ရှင့်🥰🥰🥰
😍😍😍နွယ်ချို၏သမိုင်း သည်ပုဂံခေတ်ဦး ကာလကတည်းက မြန်မာပြည်သို့ ရောက်ရှိနေပြီးဖြစ်ပါတယ်ရှင်😍😍😍
❤️စားသုံးသီးနှံပင် အမျိုးအစား ၅၃ မျိုးတွင် ဆေးပင် ၂၉ မျိုးပါရှိ ကြောင်း တွေ့ရှိကြရပါသည်။
❤️ဤအထဲ တွင် ဆေးဝါး ကဏ္ဍအသုံးပြုသည့် နွယ်ချိုပါရှိလာ၍ ပုဂံခေတ် ကတည်း ကပင် မြန်မာတို့၏ကုခန်းသုံးဆေး ၀ါးအဖြစ် အားကိုး အားထားပြုခဲ့ကြ ကြောင်း ထင်ရှားရုံသာမက ယနေ့ သိပ္ပံခေတ် ကာလတိုင် နာမည်ကျော် ဆေးကောင်း တစ်လက်အဖြစ်အထင် အရှားရှိနေဆဲဖြစ်ပါသည်။
❤️ထို့ပြင် အိန္ဒိယ၊ တရုတ်နှင့် အ ခြားသော ခေတ်မီနိုင်ငံကြီးများပင် နွယ်ချိုကို ဆေးဝါးသုံး ပစ္စည်းအဖြစ် သာမက အဖျော်ယမကာ များ၊ အ လှအပသုံးပစ္စည်းများအဖြစ် အသုံး ပြုလျက်ရှိပါသည်။
❣️❣️❣️နွယ်ချိုတွင်ပါဝင်သောအဓိက ဓာတုပစ္စည်းများမှာ
💓Glycyrrhizin 6- 14 %
💓Glycyrramarin
💓Liquiritin
💓Glycyrrhizic acid
💓Glucose
💓Glucoside
💓Mannose
💓Sucrose
💓Potassium
💓Calcium တို့အဓိက ပါဝင်ကြသည်။
❣️နွယ်ချိုတွင် အဆိပ်ဓာတ်မပါရှိ၍ အဆိပ်သင့် ရောက်မှု အလွန်နည်းပါး လှပါသည်။
❣️နှစ်နှင့် ချီ၍ ကြာရှည်စွာ စားသုံး ပါမှ ကိုယ်တွင်း ၌ ရေဓာတ် လွန်ကဲခြင်း ဖြစ်စေတတ်ပါသည်။
❣️ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းသူများအတွက် အထူးကောင်းမွန်သော သဘာ၀တရား ရဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်ရှင့်။
❣️နွယ်ချိုဆီမှာ အစာအိမ်ထဲရှိ Acid ဓာတ်ကို ထိန်းညှိပေးခြင်းဖြင့် အစာအိမ် အချဥ်ဖောက် အစာအိမ်ပါးခြင်းကို ကာကွယ်ပေးပါတယ်။
❣️ပျားရည်မှာ ၀မ်းထဲရှိ အညစ်အကြေးမှန်သမျှကို ဖယ်ရှားပေးပါတယ်။
❣️သွေး ဖိအား လည်း တက်လာ တတ်ကြောင်း မှတ်တမ်း ရှိသည်။
❣️သို့ရာတွင် ဆေးဝါး တို့၏ သဘောတရား တွင် မည်သည့် အခါမှ နှစ်တာရှည်စွာချီ၍သုံးစွဲလေ့ မရှိချေ။
❣️နွယ်ချို၏ ပင်ကိုသဘာဝအရ ချို၍မျှတသည်။
❣️နွေးထွေးမှု ပေး သည်။
💝💝💝တရုတ်ပြည် တွင် စွမ်းအင်ပေး သောဆေးဝါး အုပ်စုတွင်ဂျင်ဆင်းနှင့် တစ်ပြေးတည်းတန်ဖိုးထားသုံးစွဲသော ဆေးအမျိုးအစားဖြစ်ပါသည်။💝💝💝
❤️အစာ အိမ်နာ၊ သရက်ရွက်၊ နှလုံး၊ အဆုတ် ဝေဒနာတို့ အတွက် အာနိသင်ထက် မြက်ပါသည်။
Chinese Pharmacopoeia (နှာ-၅၆၇) တွင်
❣️ခန္ဓာကိုယ်တွင်း Ying Yang မျှတစေခြင်း၊
❣️အဆိပ် တို့ကို ပြေပျက်စေခြင်း၊
❣️ချောင်းဆိုးနာ၊
❣️လည်ချောင်း နာဖြစ်ခြင်း၊
❣️ နှလုံးတုန် ခြင်း၊
❣️အစာအိမ် လမ်းအဆိပ်သင့်ခြင်း၊
❣️အရိုးအကြောကြွက်သားတို့ကို အား ပေးခြင်း၊
❣️ယားယံခြင်း ဝေဒနာနှင့် သွေးနှင့် စွမ်းအင်ပေး ဆေးဝါးအဖြစ် အသုံးပြုခြင်း တို့ဖြစ်၍အသုံးပြုပမာဏ မှာ တစ်ကြိမ်သုံး ၁ ဒသမ ၅ ဂရမ်-၃ ဒသမ ၈ ဂရမ် ဟူ၍ဖော်ပြရာ ဆေးကောင်းလျှင် သန်းခေါင်း ပမာ ဏမျှသာ သုံးသင့် သည်ဟူသော မြန်မာစကားပုံရှိပါသည်။😘😘😘
❣️❣️❣️နွယ်ချိုတွင်ပါဝင်သည့် Glycyrrhizic acid သည် Adrenaline, Epinephrine တို့နှင့် အာနိသင်ဆင် တူသည်။❣️❣️❣️
💝💝💝ကိုယ်တွင်း ရေနှင့်ဓာတ် ဆားတို့ စုပုံခြင်းနှင့် ပိုတက်စီယမ် အိုင်းယွမ်းဓာတ် တို့ကို ထိန်းညှိခြင်းပြုသည်။ 💝💝💝
❣️❣️❣️အက်ဒီဆင် ရောဂါနှင့် ဆီးနှင့်ပတ်သက် သော ဝေဒနာတို့တွင်အသုံးပြုသည်။❣️❣️❣️
❤️Glycyrrhizin ဓာတ်သည် အ ဆိပ်ဖြေသည့် သဘောရှိသည်။
❤️ Glycyrrhizic acid နှင့်ပေါင်းကာ အ ဆိပ်ဖြေခြင်း ဖြစ်သည်။
❤️ နွယ်ချိုစား ခြင်းဖြင့် ဆီးရွှင် စေကြောင်း မှတ်တမ်း ရှိ၍ နွယ်ချိုကို ကော်တီဇုန်းအစား ထိုး အသုံးပြုနိုင်သည့် ဆေးဝါးအဖြစ် ဖော်ပြထားပါသည်။
❤️နွယ်ချို ကိုအရှေ့တိုင်း၊ အနောက်တိုင်း ဆေး ပညာလောကသား တိုင်း အစာအိမ် ဝေဒနာ အတွက်အားထား ခဲ့ကြပါသည်။
❤️နွယ်ချိုသည် အ နောက်တိုင်းဆေး လောကအတွက် လစ်ကရက်ဆီ (Liquorice) အမည် ဖြင့်ထင်ရှားလျက် အစာအိမ်နာ၊ အူ သိမ်ဦးနာ (Duodenal Lilcer) တို့ တွင် တစ်မျိုးတည်းနှင့်ကောင်းသော အားထားဖွယ် ဆေးဝါးဖြစ်သည်။ နွယ်ချိုတွင် Glycyrrhizin ၆-၁၄% ပါဝင်၍ ချိုသောအရသာရှိသည်။
❤️Glycyrrhizin ပါဝင်သော အပိုင်း တွင်မူ ခါးသက်သက်အရသာရှိသည်။
❤️ဖော်ပြအပ်သော နွယ်ချို၏ အာနိသင်များကို တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ဂျပန် ဆေးကျမ်းတို့တွင်ပါ ၀င်ပြီးဖြစ်ပါသည်။
❤️လက်ရှိ ဆေးလောက တွင် အားကိုးအားထားပြုနေဆဲဆေး ၀ါးအမျိုးအစားတစ်ရပ်ပင်ဖြစ်သည်။ ဆေးဝါးလောက ၌သာမက အမျိုး သမီး တို့၏အလှအပ ဆိုင်ရာမျက်နှာ အလှကို နုညံ့စေရာတွင် နွယ်ချိုပါ ၀င် ဖွဲ့စည်းသော အလှဆင် ဆေးဝါး ပေါင်းတင်ခြင်း လုပ်ငန်းများတွင် နာ မည်ရ ဆေးတစ်လက် လည်းဖြစ်သည်။
❤️သို့ဖြစ်၍ နွယ်ချို၏အာနိသင်နှင့် ပတ် သက်၍ နှစ်ပေါင်း ထောင်ချီလျက်အ တွေ့အကြုံမှ လာသောဆေးကောင်း တစ်လက်အပေါ် ကျွန်ုပ်တို့ သည် စိတ်ချယုံကြည်စွာဖြင့်အသုံးချလျက် ရှိရာ သံသယ စိတ်လုံးဝမရှိခဲ့ပါချေ။
🥰🥰🥰မြတ်မဟာ နွယ်ချိုဆီမှာ 100% organic မို့ စိတ်ချယုံကြည်စွာ သုံးစွဲလို့ရပါတယ်ရှင့်🥰🥰🥰
💝💝💝ချိုမြခါးသက်အရသာလေးမို့ လေထိုး၊ လေအောင့်၊ လေတက်ခြင်း၊ လေပူထခြင်း၊ လေချဥ်တတ်ခြင်းကို အထူးသက်သာပျောက်ကင်းပါသည်။💝💝💝
❣️❣️❣️နွယ်မြတ်သစ်ပင် ဆေးဖက်၀င်၏❣️❣️❣️
💝💝💝ဆေးအဖြစ်သုံးစွဲပါက တခြားဘေးထွက်ဆိုးကျိုး လုံး၀မရှိပါဘူးရှင့်။💝💝💝
❣️❣️❣️နွယ်ချိုဆီ တစ်ဆ ပျားရည် သုံးဆ ရောပြီး ပုံမှန်သောက်သုံးပေးပါက အစာဟောင်းနဲ့ အညစ်အကြေးများကိုဖယ်ရှားပေးပြီး အစာအိမ်အတွက် အထူးကောင်းမွန်ပါသည်။❣️❣️❣️
အသုံးပြုပုံ။ ။ အစာအိမ်ေ၀ဒနာ ပြင်းထန်ခံစားနေရသူများ လက်ဖက်စားဇွန်း နှင့် ဇွန်းတစ်၀က် ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။
❣️အစာအိမ်နာနေသူများ
❣️လေထိုး လေအောင့်
❣️နေကောင်းခါစ နလံထများ
❣️ဝမ်းပျက်/ဝမ်းလျှောနေသူများ
💝💝💝အစာအိမ်ထဲ ဆေး ပြင်းတွေမဖြစ်မနေသောက်နေ ထည့်နေရသူတွေ သတိထားဖို့ 💝💝💝
❣️❣️❣️ဆေးတွေမှာ quality အရင်ကထက် လျော့နေတာ နဲ့ ဆေးရေရှည် စွဲသောက်ရလို့ အူနံရံပါးလာသူတွေ အတွက်က ကြာရင် အစာအိမ်ကသွေးကြောယောင်ဖောင်း ပေါက်ထွက်ဖို့ပဲ ရရှိတော့တယ် ။
ဆန်ပြုတ်ကိုကျေအောင်ပြုတ် အရေကျဲ ကျဲ နွေးနွေးကို နဲနဲ စီ နာရီဝက်တခါသောက်။ဆားမထည့်နဲ့ ၊ ထည့်ချင်လဲ ပါတယ်ဆိုရုံပဲထည့် ✅
💝(တခါထဲ အများကြီးမစားနဲ့ ။အစာမချေနိုင်ဘူး )
အသား/ငါး စွပ်ပြုတ် ရည် နဲ့ ဂျုံစေ့ပြုတ်ရည် /ခေါက်ဆွဲ (မြူစွမ်)ပြုတ်ရည် /ဟော့ပေါ့လို အသီးအရွက်စုံပြုတ်ရည် ကလဲအာဟာရ ပြည့် အားရှိစေပါတယ်
❌ဆားမထည့်ရ ၊သံပုရာသီး မထည့်ရ❌
သင်္ဘောသီးမှည့် ဖျော် အဖတ်မပါစေနဲ့ ၅အသုံးပြုဇွန်းသောက် ။
❌ နို့မထည့်ရ ။ဆားမထည့်ရ ❌
❌ပူလွန်းတဲ့စွပ်ပြုတ်မသောက်ရ❌
❌အပူ/အစပ်/အချဉ်/အခါး /အဖန်/ဆီကြော်/ကောက်ညှင်းမစားရ ❌
❌ရေခဲရေမသောက်ရ❌
❌နွားနို့လုံးဝမတည့်ပါ❌
✅သက်တမ်းကုန်ဆုံးနေတဲ့ အစားအစာတွေသေချာစစ်စားပါ✅
နွယ်ချိုဆီ တစ်ဗူး - 9500/- ကျပ်
နွယ်ချိုပျားရည် တစ်ဗူး - 6500/- ကျပ်
📞📞📞 viber - 09892327568, 09978984044
28/05/2026
ယနေ့ကျရောက်သော နေ့ထူးနေ့မြတ် အီးဒ်နေ့တွင်
ကျန်းမာချမ်းသာပြီး လိုရာဆန္ဒများပြည့်ဝကြပါစေ
ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
❣️အူပိတ်တဲ့အခါ လက္ခဏာတွေကတော့အမျိုးမျိုးပါပဲ။
❣️အများစုက အူပိတ်မှန်း သိသိသာသာ မခွဲခြားနိုင်ပါဘူး။
လေပွမယ်
ဗိုက်အောင့်မယ်
အစားအသောက်ပျက်မယ်
ပျို့မယ်
အန်မယ်
ဝမ်းချုပ်မယ်
လေမလည်နိုင်ဘူး
တစ်ခါတစ်လေ ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်မယ်။
တစ်ခါတစ်လေ ဝမ်းလျှောမယ်
ဗိုက်ထဲမှာ ဆွဲညှစ်ထားသလို နာမယ်
ဗိုက်မှာ အလုံးစမ်းမိမယ် စတဲ့ လက္ခဏာတွေ ခံစားရမှာပါ။
လက္ခဏာတွေကို ကြည့်ရင် အူပိတ်တယ်လို့ သိသာစေတဲ့ အချက် မရှိပါဘူး။
ဒါကြောင့် တော်တော်များများက စောစော မသိဘဲ အူပေါက်ခါနီးမှ ဆေးရုံရောက်လာကြတာပါ။
ဒါပေမယ့် ဒီလက္ခဏာတွေ ဖြစ်တာကြာနေပြီဆိုရင်တော့ မပေါ့သင့်ပါဘူး။
ဆေးရုံသွားပြီး စစ်ဆေးကြည့်လိုက်တာ စိတ်ချရပါတယ်။
ဒီလက္ခဏာတွေထဲမှာမှ ပိတ်တဲ့ အူပေါ်မူတည်ပြီး လက္ခဏာတွေက နည်းနည်းကွာပါတယ်။
အူသိမ်မှာ ပိတ်ရင်တော့ ပါးစပ်နဲ့ နီးတဲ့အတွက် လူနာက အန်တဲ့လက္ခဏာ စပြမှာပါ။
အူမကြီးဆိုရင်တော့ လူနာက ဝမ်းအရင်ချုပ်မှာပါ။
အူက လုံးဝပိတ်သွားရင်တော့ လေရော ဝမ်းရော ချုပ်သွားမှာပါ။
သိပ်မပိတ်ဘူးဆိုရင်တော့ လေလည်နိုင်မယ်။
ဝမ်းပျော့ပျော့သွားနိုင်ပါမယ်။
ဒါက ယေဘုယျအားဖြင့်တော့ မှန်တဲ့အချက်တွေပါပဲ။
အူပိတ်တာကို သတိမထားမိရင် နောက်ဆက်တွဲတွေကအူပိတ်တာကို မသိလိုက်လို့ အသိနောက်ကျခဲ့ရင်
အူပေါက်နိုင်ပါတယ်။
အူပိတ်နေတဲ့အတွက် အစာတွေက အူနံရံကို ဖိလာပါတယ်။ ကြာလာတာနဲ့အမျှ အူနံရံက ပုပ်ပြီး ပျော့လာတဲ့အတွက် အူပေါက်တတ်ပါတယ်။
ပိုးဝင်နိုင်ပါတယ်။
အူပေါက်ရာက ထွက်လာတဲ့ အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေက ဝမ်းခေါင်းအမြှေးပါးကို ရောင်ရမ်းစေပါတယ်။
ဒါကို peritonitisလို့ ခေါ်ပါတယ်။
ဒီလိုဖြစ်လာပြီ ဆိုရင်တော့ ဗိုက်တစ်ပြင်လုံးက ကျောက်ပြင်ကြီးကို တင်းမာနေပြီး လူနာက သွေးပေါင်တွေ ကျလာပါမယ်။
ဒါဟာ သွေးဆိပ်သင့်တဲ့ လက္ခဏာပါ။ အချိန်မီ မကုဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။
crd:
🥰အစာခြေ စနစ် အကြောင်းလေးကို ပြန်လည်မျှဝေပေးပါရစေရှင်။
❣️အစာခြေ စနစ်ဆိုတာ စားလိုက်တဲ့အစားအစာကို ကိုယ်ခန္ဓါက ချေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရဓါတ်ေတွကို ခွဲထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။
❣️အာဟာရဓါတ်လည်း မရှိ၊ ချေဖျက်ပြီးသား အစာဟောင်းတွေကိုတော့ ဝမ်းအဖြစ် အပြင်ဘက်ကို စွန့်ထုတ်ပါတယ်။
❣️ယေဘုယျအားဖြင့် အစာမြိုချပြီး ကျေညက်သွားသည်အထိ ၂၄ နာရီမှ ၇၂ နာရီထိကြာအောင် ချေဖျက်ရပါတယ်။
❣️ကြာမြင့်ရန်အချိန်ဟာ စားလိုက်တဲ့ အစားအစာနဲ့ ဘယ်လောက်ပမာဏ စားသုံးတယ်ဆိုတာပေါ် မူတည်သလို ကျား၊ မ၊ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်၊ အစာချေစနစ်မှာ ပြဿနာရှိမရှိပေါ် မူတည်ပြီး နှေးသွား၊ မြန်သွားနိုင်ပါတယ်။
၁။ ပါးစပ်
၂။ လည်ချောင်း
၃။ အစာအိမ်
၄။ အူ
၅။ အူမကြီး ဆိုပြီး အဆင့် ၅ဆင့်ကို ဖြတ်သန်းရပါတယ်။
❣️၁။ အစားအစာကို ဝါးစားလိုက်တဲ့အခါ တံတွေးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အစားအစာထဲမှာ ပါဝင်နေတဲ့ ကစီဓါတ်ေတွကို ချေဖျက်ပေးလို့ အစာဝါးရလွယ်ကူစေပါတယ်။
❣️၂။ ပါးစပ်ကနေ မြိုချလိုက်တဲ့အခါ လည်ချောင်းအတွင်းသို့ လျင်မြန်စွာရောက်ရှိပါတယ်။
အစာမြိုချပြီး ၆နာရီမှ ၈နာရီအတွင်း လည်ချောင်းမှ အစာအိမ်၊ အူ၊ အူမကြီးဆီသို့ အစာတွေက ရွှေ့ပြောင်းသွားလာနေပါပြီ။
❣️၃။ အစာအိမ်အတွင်းမှာ ရှိတဲ့ အက်ဆစ်ဓါတ်တွေဟာလည်း အစားအစာကို ဖြိုခွဲပေးပြီး အက်စစ်ဓါတ်ပါတဲ့ အစာရည်နဲ့ အနည်းငယ်ကျေညက်ပြီးသား အစာတွေကို အူဆီသို့ ပို့ဆောင်ပေးပါတယ်။
❣️၄။ အူအတွင်းသို့ ရောက်တဲ့အခါ ပန်ကရိယအရည်တွေက ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓါတ်၊ အဆီနဲ့ အသားဓါတ်တွေကို ဖြိုခွဲပေးတယ်။
အဆီဓါတ်တွေကိုတော့ အသည်းထဲမှာရှိတဲ့ သည်းခြေရည်အတွင်း ပျော်ဝင်သွားစေပါတယ်။
ဗီတာမင်၊ သတ္တုဓါတ်နဲ့ ရေတွေကို အူနံရံမှ သွေးကြောအတွင်း ပို့ဆောင်ပေးပြီး မကျေညက်သေးတဲ့ အစာတွေကိုတော့ အူမကြီးသို့ ပို့ဆောင်ရပါတယ်။
အူမကြီးအတွင်း ရောက်ရှိတဲ့အခါ အနည်းငယ်ချေဖျက်ထားပြီးသား အစာတွေကို တစ်ရက်ခန့်ကြာအောင် သိမ်းဆည်းထားပြီး ပိုမိုကျေညက်သွားအောင် ချေဖျက်ဖို့ အလုပ်လုပ်ရပါတယ်။
နောက်ဆုံး အကြွင်းအကျန် အာဟာရဓါတ်တွေကိုတော့ အူမကြီးက စုပ်ယူပြီး ကျန်တဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ် စွန့်ထုတ်ပါတယ်။
❣️၅။ ပုံမှန်အားဖြင့် အမျိုးသားတွေမှာ ၃၃နာရီ၊ အမျိုးသမီးတွေမှာ ၄၇ နာရီခန့် အူမကြီးအတွင်း အစာသိမ်းဆည်းထားနိုင်ပါတယ်။
အစာချေဖျက်နှုန်းသည် ကိုယ်စားလိုက်တဲ့ အစားအစာပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားနိုင်ပါတယ်။
အသား၊ ငါးတွေစားလိုက်တဲ့အခါ အထဲမှာပါတဲ့ ပရိုတင်းကို စုပ်ယူပြီး အစာကို လုံးဝကျေညက်သွားဖို့ အချိန် ၂ရက်လောက် ကြာတတ်ပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေလို အမျှင်ဓါတ်များတဲ့ အစားအစာတွေအနေနဲ့ တစ်ရက်ထက်စောပြီး အစာကြေနိုင်ပါတယ်။
၆။ သကြား၊ အချိုဓါတ်များတဲ့ မုန့်တွေကိုတော့ ခန္ဓါကိုယ်က နာရီပိုင်းလေးအတွင်းမှာ ဖြိုခွဲလိုက်ပြီး ထပ်ပြီးအစာစားချင်စိတ်ကို ဖြစ်စေပါတယ်။
❣️အစာခြေစနစ်ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကတော့
အစိမ်းရောင် ဟင်းသီးဟင်းရွက်ကို များများစားပါ
အချိုများတဲ့ မုန့်ပဲသရေစာတွေအစား အသီးအနှံကိုပဲ စားပေးပါ
အနီရောင်အသားနဲ့ တာရှည်ခံအစားအစာတွေကို လျှော့စားပါ
အကျိုးပြု Probiotics ဘက်တီးရီးယား ပါဝင်တဲ့ အစားအစာတွေ (ဒိန်ချဉ်) ကို စားပေးပါ
ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
အိပ်ချိန်ပြည့်ဝစွာ အိပ်စက်အနားယူပါ
စိတ်ဖိစီးမှုကို လျှော့ချပါ
လူတစ်ယောက်ရဲ့ အစာခြေစနစ် ကောင်းစွာအလုပ်လုပ်နိုင်မှုသည် သူ့ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အများကြီးသက်ဆိုင်နေပါတယ်။
လူတစ်ယောက် ကျန်းမာဖို့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ လိုအပ်ပါတယ်။
ဒီအာဟာရဓါတ်တွေကို ကောင်းစွာ စုပ်ယူနိုင်ဖို့ အစာခြေစနစ်က ကောင်းနေဖို့ လိုအပ်တယ်ဆိုတာ မေ့ထားလို့တော့ မဖြစ်ဘူးနော်။
ကိုယ့်ရဲ့ တစ်နေ့တာ ဘာတွေစားသင့်လဲ၊ ဘယ်လိုနေထိုင်ရမလဲဆိုတာ သေချာသတ်မှတ်ထားရင်တော့ အစာခြေစနစ်ဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါရှင်။
crd:
❤️၁။ အစာမျိုပြွန်အောက်ပိုင်း ချုံချဲ့ ကြွက်သားများ ပုံမှန် အလုပ်မလုပ်နိုင်တော့ခြင်း
❣️အသက်အရွယ်ကြီး ရင့်သူတွေမှာ တွေ့ရတတ်ပါတယ်။
❣️အသက်ကြီးလာတော့ ကိုယ်တွင်း အင်္ဂါတွေဟာ တဖြေးဖြေး ယိုယွင်းပျက်စီးလာပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အပြည့်အဝ လုပ်ကိုင်နိုင်မှုတွေ အားနည်းလာပါတယ်။
❣️ဒါကြောင့် ဗိုက်ထဲက အစာချေရည်နှင့် အစာအိမ်အက်စစ်ဓာတ်တွေဟာ အစာမျိုပြွန်တွင်းကို ပြန်ဆန်တက်ပြီး ရင်ဘတ်အလည် ပိုင်းမှာ ပူလောင်တဲ့ဝေဒနာကို ဖြစ်လာစေပါတယ်။
❣️တစ်ချို့ဆေးဝါးတွေ၊ အရက်နှင့် ဆေးလိပ် သောက်သုံးခြင်းတွေကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်စေပါတယ်။
❤️၂။ အစာမျိုပြွန် ကြွက်သား ကြုံ့ဆန့်မှု မူမမှန်ခြင်း
❣️အစာမျိုပြွန်ထဲက ကြွက်သားတွေ ကြုံ့ဆန့်မှု မူမမှန်တော့တာကြောင့် အထဲကဆန်တက် လာတဲ့ အက်စစ်တွေကို အစာအိမ်ဆီကိုပြန် ညှစ် မပို့နိုင်ဘဲ အစာမျိုပြွန်ထဲမှာ အက်စစ် တွေဟာ ပုံမှန်ထက် အချိန်များစွာပိုပြီး အောင်းနေမှု ကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်ပေါ်စေပါတယ်။
❤️၃။ အစာအိမ် ကြွက်သား ကြုံ့ဆန့်မှု အားနည်းခြင်း
အစာအိမ်ထဲကကြွက်သားတွေ ကြုံ့နိုင်ဆန့်နိုင်မှု အားနည်းနေရင် ချေဖျက်လိုက်တဲ့ အစာ အားလုံးကို အူထဲရောက် အောင် မပို့နိုင်ခြင်း ၊ အစာအိမ်တွင်း အချိန်အတော်ကြာအောင် ရှိနေ ခြင်းက အစာမျိုပြွန် ချုံချဲ့ ကြွက်သားတွေအပေါ် ဖိအားသက်ရောက်ပြီး အစာအိမ်တွင်းက အစာတစ်ချို့နဲ့ အစာချေအရည်များကို အစာမျိုပြွန်အတွင်း ဆန်တက်စေပါတယ်။
❤️၄။ အခြားဆက်စပ်အကြောင်းရင်းများ
ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်တာဟာ အစာအိမ်အက်စစ် အမြောက်အမြား ထွက်ခြင်းကို အားပေးတဲ့ အပြင် အစာအိမ် အကြုံအဆန့်ကိုပါနည်းစေပြီးတော့ အစာချေရည်နှင့် အက်စစ်များကို အစာမျိုပြွန် အတွင်းသို့ ပြန်စီးဝင်စေရန် အားပေး ပါတယ်။
❣️စိတ်ဖိစီးမှု - စိတ်ဖိစီးမှုများလာရင် အစာအိမ်အက်စစ်ကို အလုံးအရင်းနှင့်ထွက်စေပြီး စားချင့်ပြန် ရောဂါကို ဖြစ်စေပါတယ်။
❣️အစားအစာနှင့် အချိုရည်တစ်ချို့- တစ်ချို့အစားအစာတွေနဲ့ အချိုရည်တွေဟာ အစာမျိုပြွန်ကြွက်သားတွေကို အားလျော့ စေပါတယ်။ အဆီများတဲ့ အစားအစာ၊ ကဖင်းပါတဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ အရက် နဲ့ ပက်ပါမင့်ပါတဲ့ သကြားလုံး စသည်တို့ ဖြစ်ပါတယ်။
❣️အက်ဆစ်ဓါတ်ကြွယ်ဝသည့် အစားအသောက်များ- လိမ္မော်သီး၊ သံပုရာသီး နဲ့ ရနံ့ပြင်းတဲ့ အစားအစာတွေမှာ အစာအိမ်ကို နှိုးဆွ စေတဲ့သတ္တိ ရှိတာကြောင့် အဲဒါတွေဟာလည်း အက်စစ် လျှံတက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
❣️အချို့ဆေးဝါးများ - ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက တစ်ယောက်နဲ့ တစ်ယောက် သက်ရောက်မှုခြင်း မတူပေမဲ့ ဒီ အက်စစ်ဆန်တက်တဲ့ရောဂါကိုတော့ ဖြစ်စေတတ်တဲ့ အတွက် သံသယရှိရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ ဆေးများကို ဆေးပတ်မလည်ခင် ကိုယ့်သဘောနဲ့ကိုယ် ဖြတ်ခြင်း၊ ဆေးဆိုင်တွေကပေးလိုက်တဲ့ တွဲဆေး၊ စပ်ဆေးတွေ ဝယ်သောက်တာမျိုးတွေတော့ မပြုလုပ်သင့်ပါ။
❣️အဝလွန်သူများ - အဝလွန်တဲ့သူတွေဟာ သာမာန်လူတွေထက် ဝမ်းဗိုက် ဖိအား ပိုမိုစေပါတယ်။ အဲဒီဖိအားက အစာအိမ်အပေါ်ကိုသက်ရောက်ပြီး ရောဂါရစေဖို့ အခွင့်အလမ်း ပိုများပါတယ်။
❣️ကိုယ်ဝန်ဆောင် - သန္ဓေသားပိုကြီးထွားလာလေ အစာအိမ်အပေါ် ဝမ်းဗိုက် ဖိအားသက်ရောက်မှု ပိုများလေဖြစ်ပြီး စားချင့်ပြန်ရောဂါ ရလာတတ်ပါတယ်။
❣️အဆီများတဲ့အစားအစာ - ဆီများတဲ့ ဟင်း၊ အစားအစာ နဲ့ ဆီပူထဲနှစ်ကြော်ထားတဲ့ အကြော်တွေ၊ အသင့်စား အစားအစာတွေ၊ အုန်းနို့၊ ထောပတ်၊ ဒိန် တို့နှင့် ရောချက် ထားတဲ့ ဟင်းလျာတွေ၊ ရေခဲမုန့် နှင့် အနီရောင် အသားတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအသောက်တွေမှာပါတဲ့ အဆီက အစာအိမ်အက်စစ်နဲ့ တွေ့ထိ ပေါင်းစပ်တဲ့အခါ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ၊ နေမထိထိုင်မသာဖြစ်ခြင်း နဲ့ heart burn ခေါ် ရင်ဝ ပူလောင်ခြင်းတို့ ဖြစ်တတ်ပါတယ်။
❣️❤️စားပြီးလှဲနေခြင်း - စားပြီး အစာကျေညက်သွားစေဖို့ ၂ နာရီ ကနေ ၃ နာရီ လောက် အချိန်ပေးရပါတယ်။ ဒါကြောင့် စားပြီးတာနဲ့ လှဲမနေဖို့ လိုပါတယ်။ အစာမကြေခင် လဲလျောင်းနေခြင်းက အက်စစ်ဓာတ်တွေ အပေါ်ကို အလွယ်တကူ လျှံတက်ဖို့ အထောက်အကူဖြစ်စေပါတယ်။
crd:
👉စားချင့်ပြန်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ
❤️၁။ အစာမျိုပြွန်အောက်ပိုင်း ချုံချဲ့ ကြွက်သားများ ပုံမှန် အလုပ်မလုပ်နိုင်တော့ခြင်း
❣️အသက်အရွယ်ကြီး ရင့်သူတွေမှာ တွေ့ရတတ်ပါတယ်။
❣️အသက်ကြီးလာတော့ ကိုယ်တွင်း အင်္ဂါတွေဟာ တဖြေးဖြေး ယိုယွင်းပျက်စီးလာပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အပြည့်အဝ လုပ်ကိုင်နိုင်မှုတွေ အားနည်းလာပါတယ်။
❣️ဒါကြောင့် ဗိုက်ထဲက အစာချေရည်နှင့် အစာအိမ်အက်စစ်ဓာတ်တွေဟာ အစာမျိုပြွန်တွင်းကို ပြန်ဆန်တက်ပြီး ရင်ဘတ်အလည် ပိုင်းမှာ ပူလောင်တဲ့ဝေဒနာကို ဖြစ်လာစေပါတယ်။
❣️တစ်ချို့ဆေးဝါးတွေ၊ အရက်နှင့် ဆေးလိပ် သောက်သုံးခြင်းတွေကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်စေပါတယ်။
❤️၂။ အစာမျိုပြွန် ကြွက်သား ကြုံ့ဆန့်မှု မူမမှန်ခြင်း
❣️အစာမျိုပြွန်ထဲက ကြွက်သားတွေ ကြုံ့ဆန့်မှု မူမမှန်တော့တာကြောင့် အထဲကဆန်တက် လာတဲ့ အက်စစ်တွေကို အစာအိမ်ဆီကိုပြန် ညှစ် မပို့နိုင်ဘဲ အစာမျိုပြွန်ထဲမှာ အက်စစ် တွေဟာ ပုံမှန်ထက် အချိန်များစွာပိုပြီး အောင်းနေမှု ကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်ပေါ်စေပါတယ်။
❤️၃။ အစာအိမ် ကြွက်သား ကြုံ့ဆန့်မှု အားနည်းခြင်း
အစာအိမ်ထဲကကြွက်သားတွေ ကြုံ့နိုင်ဆန့်နိုင်မှု အားနည်းနေရင် ချေဖျက်လိုက်တဲ့ အစာ အားလုံးကို အူထဲရောက် အောင် မပို့နိုင်ခြင်း ၊ အစာအိမ်တွင်း အချိန်အတော်ကြာအောင် ရှိနေ ခြင်းက အစာမျိုပြွန် ချုံချဲ့ ကြွက်သားတွေအပေါ် ဖိအားသက်ရောက်ပြီး အစာအိမ်တွင်းက အစာတစ်ချို့နဲ့ အစာချေအရည်များကို အစာမျိုပြွန်အတွင်း ဆန်တက်စေပါတယ်။
❤️၄။ အခြားဆက်စပ်အကြောင်းရင်းများ
ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်တာဟာ အစာအိမ်အက်စစ် အမြောက်အမြား ထွက်ခြင်းကို အားပေးတဲ့ အပြင် အစာအိမ် အကြုံအဆန့်ကိုပါနည်းစေပြီးတော့ အစာချေရည်နှင့် အက်စစ်များကို အစာမျိုပြွန် အတွင်းသို့ ပြန်စီးဝင်စေရန် အားပေး ပါတယ်။
❣️စိတ်ဖိစီးမှု - စိတ်ဖိစီးမှုများလာရင် အစာအိမ်အက်စစ်ကို အလုံးအရင်းနှင့်ထွက်စေပြီး စားချင့်ပြန် ရောဂါကို ဖြစ်စေပါတယ်။
❣️အစားအစာနှင့် အချိုရည်တစ်ချို့- တစ်ချို့အစားအစာတွေနဲ့ အချိုရည်တွေဟာ အစာမျိုပြွန်ကြွက်သားတွေကို အားလျော့ စေပါတယ်။ အဆီများတဲ့ အစားအစာ၊ ကဖင်းပါတဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ အရက် နဲ့ ပက်ပါမင့်ပါတဲ့ သကြားလုံး စသည်တို့ ဖြစ်ပါတယ်။
❣️အက်ဆစ်ဓါတ်ကြွယ်ဝသည့် အစားအသောက်များ- လိမ္မော်သီး၊ သံပုရာသီး နဲ့ ရနံ့ပြင်းတဲ့ အစားအစာတွေမှာ အစာအိမ်ကို နှိုးဆွ စေတဲ့သတ္တိ ရှိတာကြောင့် အဲဒါတွေဟာလည်း အက်စစ် လျှံတက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
❣️အချို့ဆေးဝါးများ - ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက တစ်ယောက်နဲ့ တစ်ယောက် သက်ရောက်မှုခြင်း မတူပေမဲ့ ဒီ အက်စစ်ဆန်တက်တဲ့ရောဂါကိုတော့ ဖြစ်စေတတ်တဲ့ အတွက် သံသယရှိရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ ဆေးများကို ဆေးပတ်မလည်ခင် ကိုယ့်သဘောနဲ့ကိုယ် ဖြတ်ခြင်း၊ ဆေးဆိုင်တွေကပေးလိုက်တဲ့ တွဲဆေး၊ စပ်ဆေးတွေ ဝယ်သောက်တာမျိုးတွေတော့ မပြုလုပ်သင့်ပါ။
❣️အဝလွန်သူများ - အဝလွန်တဲ့သူတွေဟာ သာမာန်လူတွေထက် ဝမ်းဗိုက် ဖိအား ပိုမိုစေပါတယ်။ အဲဒီဖိအားက အစာအိမ်အပေါ်ကိုသက်ရောက်ပြီး ရောဂါရစေဖို့ အခွင့်အလမ်း ပိုများပါတယ်။
❣️ကိုယ်ဝန်ဆောင် - သန္ဓေသားပိုကြီးထွားလာလေ အစာအိမ်အပေါ် ဝမ်းဗိုက် ဖိအားသက်ရောက်မှု ပိုများလေဖြစ်ပြီး စားချင့်ပြန်ရောဂါ ရလာတတ်ပါတယ်။
❣️အဆီများတဲ့အစားအစာ - ဆီများတဲ့ ဟင်း၊ အစားအစာ နဲ့ ဆီပူထဲနှစ်ကြော်ထားတဲ့ အကြော်တွေ၊ အသင့်စား အစားအစာတွေ၊ အုန်းနို့၊ ထောပတ်၊ ဒိန် တို့နှင့် ရောချက် ထားတဲ့ ဟင်းလျာတွေ၊ ရေခဲမုန့် နှင့် အနီရောင် အသားတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအသောက်တွေမှာပါတဲ့ အဆီက အစာအိမ်အက်စစ်နဲ့ တွေ့ထိ ပေါင်းစပ်တဲ့အခါ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ၊ နေမထိထိုင်မသာဖြစ်ခြင်း နဲ့ heart burn ခေါ် ရင်ဝ ပူလောင်ခြင်းတို့ ဖြစ်တတ်ပါတယ်။
❤️စားပြီးလှဲနေခြင်း - စားပြီး အစာကျေညက်သွားစေဖို့ ၂ နာရီ ကနေ ၃ နာရီ လောက် အချိန်ပေးရပါတယ်။ ဒါကြောင့် စားပြီးတာနဲ့ လှဲမနေဖို့ လိုပါတယ်။ အစာမကြေခင် လဲလျောင်းနေခြင်းက အက်စစ်ဓာတ်တွေ အပေါ်ကို အလွယ်တကူ လျှံတက်ဖို့ အထောက်အကူဖြစ်စေပါတယ်။
👉စားချင့်ပြန်ရောဂါကို ကိုယ်တိုင် ဆန်းစစ်ခြင်း။
👉စားချင့်ပြန်ရောဂါ (acid reflux disease) ကို ကိုယ်တိုင်ဆန်းစစ်မယ်ဆိုရင် ဒါတွေကို စောင့်ကြည့်ဖို့လိုပါတယ်။
❣️ရင်ဘတ်နှင့် ရင်ညွန့်ရိုးအောက် ပူလောင်ခြင်း ၊ အစိုင်အခဲတစ်ခုခုလည်ပင်းထဲ စိုက်ဝင်နေ သလို လည်ချောင်းနာ နေပြီး အစာမျိုရခက်ခဲခြင်း၊ လည်ချောင်းထဲ ပူလောင်သည့်ခံစားမှု နှင့်အတူ ပျို့ခြင်း၊ မကြာခဏ လေတက်ခြင်း၊ အစာအိမ်အက်စစ်များ စုလာမှုကြောင့် လည်ချောင်း ထဲတွင် ခါးသက်သက် အရသာကိုလည်း ခံစားရနိုင်ခြင်း။
❣️အစာမကြေသလို ဗိုက် ရစ်နာခြင်းနှင့် ဝမ်းဗိုက်တောင့်တင်းခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ သွားကျဉ်ခြင်း။
❣️အစာမချက်နိုင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း သို့မဟုတ် အစာစားပြီးခါစမှာ ချောင်းခြောက် ဆိုးခြင်း။
❣️အစာအိမ်အက်စစ်ကြောင့် အသံအိုးရောင်ပြီး မနက်ပိုင်းလည်ချောင်းနာခြင်း (သို့) နာတာရှည် လည်ချောင်း နာခြင်းများ။
❣️တံတွေးသီးခြင်း နှင့် အိပ်နေစဉ် အသက်ရှုကြပ်ခြင်း။
❤️စားချင့်ပြန်ခြင်းကို ကုသခြင်း။
❣️အစာအိမ်အက်စစ်ထုတ်လုပ်မှု လျော့ကျစေတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက် ပါ။ ဆေးလက်မှတ် မလိုတဲ့ ပြင်ပဆေးဆိုင်က ဆေးတွေကို ဝယ်ယူသုံးစွဲမှု မပြုဖို့နှင့် မဆင်မခြင် သုံးစွဲမှုက ဆေးတွေရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရနိုင်ပါသည်။
❣️ခွဲစိတ်ကုသခြင်းကိုတော့ ကာလရှည် အက်စစ်လျှံတက်ရောဂါရှင်များ ၊ ဆေးဝါးများဖြင့် သက်သာပျောက်ကင်းအောင် မကုနိုင်သည့် လူနာများနှင့် ကုသမှုဆေးများ၏ ဘေးထွက်ဆိုးကျိုး တွေကို ခံစားနေရသူတွေအတွက် ရွေးချယ်နိုင်ပါသည်။
💝စားချင့်ပြန်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
❣️အစာအိမ်အက်စစ် ထွက်ခြင်းကို အားပေးတဲ့ အဆီများတဲ့ အစားအစာများကိုရှောင်ပါ။ အရက်နှင့် ကဖိန်းဓာတ်ပါသော အရည်များ နှင့် ဆေးလိပ်သောက်ခြင်း အလေ့အထကိုဖြတ်ပါ။
❣️စိတ်ဖိစီးမှု ကိုလျှော့ချပါ။ လုံလောက်စွာအနားယူပါ။ ကိုယ် လက် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။
❣️မျက်စိအကျင့် ဝမ်းအချင့်’ ဆိုတဲ့အတိုင်း အစားအသောက်ကို ချင့်ချိန်စားသုံးပြီး ပုံမှန် ကိုလ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကိုလ်အလေးချိန်ကိုထိန်းသိမ်းပါရန်။
❣️အစာစားပြီးပြီးချင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အခြား ခါးအကွေးအဆန့်ပါတဲ့ အိမ်မှုကိစ္စ များလုပ်မည့်အစား အစာများကောင်းစွာကျေညက်အောင် အနည်းဆုံး ၂နာရီ ၃ နာရီခန့် စောင့်ဆိုင်းပြီးမှ လုပ်ရန်။
👉စားချင့်ပြန်ခြင်းကို ကုသခြင်း။
❣️အစာအိမ်အက်စစ်ထုတ်လုပ်မှု လျော့ကျစေတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက် ပါ။ ဆေးလက်မှတ် မလိုတဲ့ ပြင်ပဆေးဆိုင်က ဆေးတွေကို ဝယ်ယူသုံးစွဲမှု မပြုဖို့နှင့် မဆင်မခြင် သုံးစွဲမှုက ဆေးတွေရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရနိုင်ပါသည်။
❣️ခွဲစိတ်ကုသခြင်းကိုတော့ ကာလရှည် အက်စစ်လျှံတက်ရောဂါရှင်များ ၊ ဆေးဝါးများဖြင့် သက်သာပျောက်ကင်းအောင် မကုနိုင်သည့် လူနာများနှင့် ကုသမှုဆေးများ၏ ဘေးထွက်ဆိုးကျိုး တွေကို ခံစားနေရသူတွေအတွက် ရွေးချယ်နိုင်ပါသည်။
👉စားချင့်ပြန်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
အစာအိမ်အက်စစ် ထွက်ခြင်းကို အားပေးတဲ့ အဆီများတဲ့ အစားအစာများကိုရှောင်ပါ။ အရက်နှင့် ကဖိန်းဓာတ်ပါသော အရည်များ နှင့် ဆေးလိပ်သောက်ခြင်း အလေ့အထကိုဖြတ်ပါ။
စိတ်ဖိစီးမှု ကိုလျှော့ချပါ။ လုံလောက်စွာအနားယူပါ။ ကိုယ် လက် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။
မျက်စိအကျင့် ဝမ်းအချင့်’ ဆိုတဲ့အတိုင်း အစားအသောက်ကို ချင့်ချိန်စားသုံးပြီး ပုံမှန် ကိုလ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကိုလ်အလေးချိန်ကိုထိန်းသိမ်းပါရန်။
အစာစားပြီးပြီးချင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အခြား ခါးအကွေးအဆန့်ပါတဲ့ အိမ်မှုကိစ္စ များလုပ်မည့်အစား အစာများကောင်းစွာကျေညက်အောင် အနည်းဆုံး ၂နာရီ ၃ နာရီခန့် စောင့်ဆိုင်းပြီးမှ လုပ်ရန်။
အစာစားပြီးပြီးချင်း တန်း၍ လဲလျောင်း ခြင်းမပြုလုပ်ရန်။ အစာကောင်းစွာကျေညက်သည်ထိ အနည်းဆုံး ၃ နာရီခန့် စောင့်ဆိုင်းသင့်ပါတယ်။
ကိုယ်ဝန်ဆောင်နှင့် စားချင့်ပြန်ဝေဒနာ
ကိုယ်ဝန်ဆောင်အမျိုးသမီး တွေမှာ စားချင့်ပြန်ဝေဒနာ ခံစားနိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။ အထူးသဖြင့် လရင့် နောက်ဆုံးပိုင်း ၃ လမှာ သားအိမ်ဟာ တစ်စတစ်စ ပိုမို ကြီးထွားလာပြီး အစာအိမ်ပေါ်ကို လနုစဉ်ကထက် ပိုပြီး ဖိမိတာကြောင့် အစာအိမ်မှ ချေဖျက်ပြီး အစာနှင့် အရည်တွေကို အစာမျိုပြွန်တွင်းသို့ ဆန်တက်လာစေဖို့ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲ ကလည်း အစာအိမ်ရဲ့ အစာချက်နှုန်းကို လျော့ကျ စေပါသည်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ စားချင့်ပြန်ဝေဒနာ ခံစားလာရပြီဆိုရင် ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝါးများ မဆင်မခြင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အဲဒီဆေးဝါးတွေက ကိုယ်ဝန်ဆောင် သို့မဟုတ် အတွင်း သန္ဓေသားရဲ့ ကျန်းမာရေးကို တစ်စုံတစ်ရာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ခံစားရတဲ့ ဝေဒနာ လက္ခဏာပေါ် မူတည်ပြီး ဆရာဝန်များနှင့် တိုင်ပင်သင့်ပါတယ်။
အစာအိမ်အက်စစ်အထက်ဆန်တဲ့ရောဂါ စားချင့်ပြန်ဝေဒနာကို ခံစားနေရပြီဆိုရင် မအီမသာ မျက်နှာကြီးနဲ့ဖြစ်နေပြီး နိစ္စဓူဝလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာ မှာလည်း ကသိကအောက် ဖြစ်စေပါတယ်။ မကုဘဲထားလိုက်ရင် နာတာရှည်လိုဖြစ်သွားပြီး နောက်ဆုံး အသက်အန္တရာယ်ရှိတဲ့ အစာရေမျိုပြွန်ကင်ဆာ အထိ ရောက်သွားနိုင်ပါတယ်။ ဖြစ်ပြီဆိုရင်လည်း ဆေးဆိုင်တွေမှာ အလွယ်တကူရတဲ့ ဆေးတွေကို မဆင်မခြင် ဝယ်သောက်ခြင်း၊ ဆေးမြီးတိုများနဲ့ ကုသခြင်းတို့ကြောင့် နောက်ဆက်တွဲကျန်းမားရေး ဆိုးကျိုးတွေကိုလည်း ခံစားရမယ် ဖြစ်ပါတယ်။
crd:
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
BOTATAUNG