Thein. Myint
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thein. Myint, Health/Beauty, Yangon.
22/07/2026
#ကံကြမ္မာကိုရွှေချပါ
_______________
#လူသားတွေဟာ စိတ်ဓာတ်
ဘယ်လောက်ပဲ ခိုင်မာတယ်
ပြောပြော ပတ်ဝန်းကျင်ကို
ကျော်နိုင်ဖို့ဆိုတာ သိပ်လွယ်တာ
မဟုတ်ဘူး။
#ပတ်ဝန်းကျင်က စိတ်ကို
အတိုင်းအတာတစ်ခုအထိ
ဖမ်းစားနိုင်တယ်။
ဒါကြောင့် ပြောကြတယ်လေ။
" ဘုရားဒကာနား နီးတော့
ဘုရားဒကာ" တဲ့။
#ပျော်ပွဲရွှင်ပွဲမှာ
တရားနာဖို့ ခက်ခဲတယ်။
တရားရိပ်သာမှာကျတော့
တရားနာဖို့ လွယ်ကူသွားတယ်။
#လဘက်ရည်ဆိုင်မှာ
စာဖတ်ဖို့ ခက်ခဲတယ်။
စာကြည့်တိုက်မှာကျတော့
စာဖတ်ဖို့ လွယ်ကူသွားတယ်။
#ဘီယာဆိုင်မှာ
ပုတီးကိုင်ဖို့ ခက်ခဲတယ်။
ဘုရားခန်းမှာကျတော့
ပုတီးကိုင်ဖို့ လွယ်ကူသွားတယ်။
#ဒါကြောင့် လူကောင်းဖြစ်ချင်ရင်
ပတ်ဝန်းကျင်ကောင်းမှာ နေပါ။
ပတ်ဝန်းကျင်ကောင်းမှာ
နေခြင်းဟာ ကိုယ့်ကံကြမ္မာကို
ရွှေချလိုက်ခြင်းပဲ ဖြစ်ပါတယ်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
10/07/2026
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
လူတွေဟာ ကိုယ်လုပ်တာ ကိုယ်ပြန်ရတယ်လို့ ပြောတယ်...ကံတရားရဲ့ သဘာတရားကကိုယ်လုပ်တာ ကိုယ်ပြန်ရတယ်။ အဲဒါကိုပဲ ဆိုလိုတာ ရှိတယ်လေ ( what we sow we reap) ကိုယ်စိုက်ပျိုးတာ ကိုယ်ပဲပြန်ရိတ်သိမ်းရတယ် ဆိုတော့ ကိုယ်ပြန်ရတယ်လို့ဆိုတယ် ကိုယ်စိုက်တဲ့ သီးနှံပေါက်မှာပဲလေ ကိုယ်ဘာစိုက်နေသလဲ...
ကိုယ်ကဒုစရိုက်အလုပ်တွေလုပ်တယ်ဆိုရင်
အဲ့ဒီ ဒုစရိုက်အကျိုးတွေကိုယ် ပြန်ရမှာပဲ။
ကိုယ်မရဘူးလို့ လူတွေကထင်နေကြတယ်။
ဥပမာမယ်..သူများအတွက်သက်တယ် အေး
ကိုယ့်ပြန်သက်ခံရမယ့် အချိန်တွေရောက်လာလိမ့်မယ် ၊ သူများဥစ္စာခိုးတယ် ၊
ကိုယ့်ပစ္စည်းခိုးခံရမယ်၊ သူတစ်ပါးသားမယားစော်ကားမယ် ကိုယ့်ကိုအစော်ကားခံရမယ်ပေါ့...ဒုစရိုက်ဆိုတာ အဲ့ဒီပုံစံလာတယ်လို့ပြောတယ်။
ဒါနဲ့ပတ်သက်ပြီးရှင်းရှင်းလေးရေးထားတာ
ကံတရားတွေရဲ့ သဘာဝဟာ...တဲ့၊
ကိုယ်ကသူများကို ဒုက္ခရောက်အောင် လုပ်လိုက်တယ်၊ အဲ့ဒီ ဒုက္ခက သူများကို သွားပြီးတော့ နှိပ်စက်တယ်၊ အဲ့ဒီကိုယ်လုပ်လိုက်တဲ့
ဒုက္ခဟာ..တုံ့ပြန်ပြီးတော့ ကိုယ့်ဆီတစ်ချိန်ကျတော့ ပြန်ရောက်လာတယ်...တဲ့...
အဲ့ဒီ ဒုက္ခမျိုးပြန်ရောက်လာတယ် ၊ စက္ခုပါလ မထေရ် အလောင်းဆိုရင် မျက်စိဆေးဆရာဖြစ်တုန်းက သူများကိုမျက်စင်းခက်ပြီးတော့ ကန်းအောင်လုပ်ခဲ့တယ် အဲ့ဒီကန်းအောင် လုပ်ခဲ့တဲ့အကုသိုလ်က ဖြစ်လေရာဘဝမှာ ကိုယ့်မှာမျက်စိကန်းရတယ်။
သူများကို လုပ်ခဲ့တဲ့ သူများကိုပေးခဲ့တဲ့ ဒုက္ခက ကိုယ့်ကိုယ်ပြန်ရတယ် အဲ့ဒါကံတရားတွေရဲ့သဘာဝပဲ။
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Credit to Original Writer
07/07/2026
ကိုယ့်စိတ်ကိုပဲ ပြန်ကြည့်
"ယောဂီတို့... တရားအားထုတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုယ် ပြန်ကြည့်တာကို ပြောတာ။ တခြားပြင်ပက ရုပ်ဝတ္ထုတွေကို လိုက်ကြည့်နေဖို့ မဟုတ်ဘူး။"
"မိမိသန္တာန်မှာ အချိန်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ စိတ်အစဉ်ကို သတိနဲ့ စောင့်ကြည့်နေရမယ်။ လူတွေဟာ သူတစ်ပါးအပြစ်ကိုကျတော့ မြင်လွယ်ကြတယ်၊ မိမိစိတ်ထဲက အပြစ်ကိုကျတော့ မြင်ဖို့ ခက်ကြတယ်။"
"အဲဒါကြောင့် သူတစ်ပါးအလုပ်ကို သွားမကြည့်နဲ့၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်စိတ်ကိုပဲ ပြန်ကြည့်။
စိတ်ဆိုတာက အင်မတန် လျှပ်ပေါ်လော်လည်ပြီး အာရုံအမျိုးမျိုးနောက်ကို လိုက်တတ်တဲ့ သဘောရှိတယ်။
*** လောဘစိတ်ဖြစ်ရင်လည်း ဖြစ်မှန်းသိပါ။
*** ဒေါသစိတ်ဖြစ်ရင်လည်း ဖြစ်မှန်းသိပါ။
*** မောဟစိတ်ဖြစ်ရင်လည်း ဖြစ်မှန်းသိပါ။
ဖြစ်သမျှစိတ်ကို 'ဖြစ်တယ်' လို့ သိနေရုံပဲ။ လိုက်ပြီးတော့လည်း မပြုပြင်နဲ့၊ ပယ်ဖို့လည်း မကြိုးစားနဲ့။ သူဖြစ်ပြီးရင် သူ့သဘောနဲ့သူ ချုပ်ပျောက်သွားတာကို သတိနဲ့ စောင့်ကြည့်နေရုံပဲ။"
"အဓိကကတော့ ဓာတ်စက်လိုပဲ... အသံထွက်ချင်ထွက်ပါစေ၊ ကိုယ်က နားထောင်တဲ့သူ (သိတဲ့သူ) အနေနဲ့ပဲ နေရမယ်။ ကိုယ်က ဝင်ပြီးတော့ ဒါရိုက်တာ သွားမလုပ်ရဘူး။"
"တရားအားထုတ်တဲ့နေရာမှာ နေ့စဉ်လုပ်ငန်းခွင်ထဲမှာလည်း အားထုတ်လို့ရတယ်။ လမ်းလျှောက်ရင်လည်း လျှောက်မှန်းသိ၊ စားရင်လည်း စားမှန်းသိ၊ စကားပြောရင်လည်း ပြောမှန်းသိ။ သတိလေး ကပ်ထားရမယ်။"
"စိတ်ထဲမှာ 'ငါ' ဆိုတဲ့ စွဲလမ်းမှု (အတ္တ) မပါစေနဲ့။ 'ငါလုပ်နေတယ်၊ ငါသိနေတယ်' ဆိုတာထက်... 'သဘောတရားအလုပ် လုပ်နေတယ်၊ သဘောတရားက သိနေတယ်' လို့ သဘောပိုက်ရမယ်။"
"သတိဟာ အမြဲတမ်း ဆက်စပ်နေဖို့ လိုတယ်။ ရေစက်ကလေးတွေဟာ တစ်စက်ချင်း ကျနေရင် ရေစီးကြောင်းမဖြစ်ဘူး။ တစ်စက်နဲ့တစ်စက် အဆက်မပြတ် ကျလာတဲ့အခါကျမှ ရေစီးကြောင်းကြီး ဖြစ်လာသလိုပဲ... "
"ကိုယ့်ရဲ့ သတိဟာလည်း အဆက်မပြတ် ဖြစ်နေမယ်ဆိုရင် သမာဓိ၊ ပညာတွေ ရင့်သန်လာပြီး တစ်နေ့ကျရင် ဝိမုတ္တိဆိုတဲ့ လွတ်မြောက်မှုကို ဧကန်မုချ ရရှိကြမှာ ဖြစ်ပါတယ်။"
🪷 ရွှေဥမင်ဆရာတော်ဘုရားကြီး
05/07/2026
🎆🗼 #ဖြစ်ပျက်မုန်း_ဖြစ်ပျက်ဆုံး🗼🎆
***************************************
ခန္ဓဖြစ်စဥ်က မွေးလိုက် သေလိုက်
အနားမရဘူး.
ဖြစ်မှုကအစားထိုးလိုက်-
ပျက်မှုကဖျက်ချလိုက်နဲ့ ဘယ်တော့မှ
ဖြစ်ပျက်ဒုက္ခနဲ့ ခွဲခဲ့ရတယ်မရှိဘူး။
ဖြစ်ပျက်နာနာကြည့်များရင်
ဉာဏ်ရင့်လာတာပဲ.
ရှုအားသန်မှ ဉာဏ်အားကောင်းမယ်။
အစားထိုးမှုမမြင်ပဲ ပျက်မှုချည်းမြင်ရင်
ဉာဏ်ထက်လာတာ။
ခန္ဓာက ဖြစ်ပျက်ပဲ အမြဲပြနေတာ။
ဉာဏ်ထက်ထက်သွားလို့အမြင်ပြောင်းတာ။
ဖြစ်ပျက်မြင်တဲ့ ယထာဘူတဉာဏ်
ရင့်လာရင်မုန်းဉာဏ်တက်လာမယ်။
ဒီအလုပ် ဆက်မလုပ်ချင်တဲ့စိတ်...
ဒီနေရာ မနေချင်တဲ့စိတ်...
တော်ရာသွားချင်စိတ် တွေ ပေါ်လာမယ်။
ထမသွားပါနဲ့....
နေရာလည်း မရွေ့ပဲ ဆက်ပြီးရှူပေးပါ။
ငါ နိဗ္ဗာန်လိုချင်တယ်ဆိုတဲ့စိတ်မလာစေနဲ့...
ဖြစ်ပျက်ကိုသာမဲပြီး ဉာဏ်နဲ့တည့်ထား။
မုန်းလောက်မက မုန်းတော့ ဒီအဖြစ်ကို
မလိုချင်တဲ့အထိ ဉာဏ်တက်လာမယ်။
မလိုချင်တဲ့ဉာဏ်ဟာ မဂ်ဉာဏ်ပဲ။
မလိုချင်တဲ့ဉာဏ် တက်တာနဲ့ ဖျက်ဆို
ဖြစ်ပျက်ဒုက္ခပျောက်ပြီးနိဗ္ဗာန်ပေါ်တယ်
မင်းနဲ့..အိုးစားကွဲမှဆိုပြီး ဉာဏ်က
စွန့်လိုက်တော့ တဏှာသေတယ်။
ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ တည့်နေရာက
ဖြစ်ပျက်မရှိတာနဲ့ ဉာဏ်နဲ့ တည့်သွားရင်
ဖြစ်ပျက်အဆုံးက နိဗ္ဗာန်။
ဉာဏ်က မဂ်ဉာဏ်အစစ် ဖြစ်သွားတယ်။
တစ်ခါတည်း ဒုက္ခချုပ်ပေပေါ့။
ဒုက္ခချုပ်ပေပေါ့လို့ ဉာဏ်ကလေးက
သိတယ်။မေ့သွားတာ မဟုတ်ဘူး။
ဉာဏ်ကသိရက်နဲ့ မဂ်ဉာဏ်ဆိုတာ
ဒုက္ခသိမ်းတာ။
အေးငြိမ်းခြင်းလက္ခဏာရှိတယ်။
ရှုနေတုန်းလည်း အေးချမ်းတယ်။
ဖြစ်ပျက်ဆုံးအောင် ရှုနိုင်ရင်
အေးချမ်းမှုအကြီးဆုံး ရလိမ့်မယ်။
နှလုံးကိုအေးစေတာ မဂ်ပဲရှိတယ်။
ဖြစ်ပျက်တွေဆုံးရင် ပွားမှုရပ်ဆဲပြီး
မပျက်စီးတဲ့ နိဗ္ဗာန်ကိုအာရုံပြုပြီး
ချမ်းသာတဲ့စိတ်နဲ့ သာနေလိုက်တော့။
ချုပ်ပြီ - ချုပ်ပြီ လို့သာ အာရုံပြုနေ။
မဂ်စိတ်ကလေးက ၁ - ၂ ဆို
ချုပ်သွားပြီ။
သူ့နေရာ ဖိုလ်စိတ် ၂- ကြိမ် ၃- ကြိမ်
လာမှာပဲ။
မဂျက စတေနာကံ-
ဖိုလ်က အကျိုးပေးတရား..
မဂ်ကအနုသယကိလေသာကိုသတ်တယ်
ဖိုလ်က မဂ်သတ်လို့ကျန်နေတဲ့
ကိလေသာအငွေ့အသက်ကို သတ်တယ်။
မဂ်စိတ် - ဖိုလ်စိတ်လည်း ဖြစ်ပျက်ပဲ။
ဖလသမာပတ်ဆိုတာနိဗ္ဗာန်အာရုံပြုတာ
ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ဆီကိုဉာဏ်များများ
လှည့်ထားတာ ဖလသမပတ်ဝင်စားတာ။
ဖြစ်ပျက် ဒုက္ခသစ္စာကိုမလိုချင်တဲ့အထိ
ဆုံးအောင်လိုက်ရင် ဖြစ်ပျက်ဆုံးတဲ့
နေရာနိဗ္ဗာန် တွေ့ရမယ်။
ကုန်တာ ပျောက်တာ ဆုံးသွားတဲ့အခါ
မကုန်မပျောက်တာ တွေ့ရမှာပဲ။
အနိစ္စ - ဒုက္ခ - အနတ္တ ဆိုတဲ့ဖြစ်ပျက်က
မပျက်တဲ့ဆီမှာ လမ်းဆုံးတယ်။
ဖြစ်ပျက်ကို သာယာတဲ့
တဏှာလည်း ချုပ်ပါရော...
ဖြစ်ပျက်လည်း ချုပ်တာပဲ။
ခင်များတို့ နိဗ္ဗာန်မရောက်သေးတာ
ခန္ဓာအပေါ် ခင်တွယ်တဲ့တဏှာ
မချုပ်သေးလို့ နိဗ္ဗာန်ဆိုတာ
ငြိမ်သက်ပြီး တုန်လှုပ်ခြင်းမရှိပဲနဲ့
အေးချမ်းတဲ့ သဘောလေး သက်သက်
ဒုက္ခချုပ်တဲ့ပုဂ္ဂိုလ်များ၏ခံစားရာတရား။
ဝေဒနာနဲ့ ခံစားတာ မဟုတ်ဘူး။
ဉာဏ်အားဖြင့် တင့်တယ်ပြီး သကာလ
ကြည့်ကောင်းရှုကောင်းဖြစ်နေတဲ့တရား
ဒီ ရောက်တဲ့ ပုဂ္ဂိုလ်မှာ စုတိပျက်ကြွေ
မသေနိုင်ပဲခိုင်မြဲတဲ့သဘောနဲ့နေရတယ်
ရှုလိုက်တဲ့အခါကျလို့ရှိရင်
အလုံးအဝိုင်း လေးထောင့်အပြား
ဘာနိမိတ်မှ မမြင်ဘူး။
ချမ်းသာသက်သက်လေး မြင်လိမ့်မယ်။
ဝိပဿနာရှုလို့ အခုကိလေသာသေတဲ့
နိဗ္ဗာန်ကတော့ ကြည့်ကောင်းတဲ့
သဘောပဲတွေ့မယ်။
နေကောင်းတဲ့သဘောကတော့
ပရိနိဗ္ဗာန်စံမှ တွေ့မယ်။
ခန္ဓာ၏နှိပ်စက်မှုကိုကြပ်ကြပ်ကြည့်ပေး။
နှိပ်စက်တာမြင်ပါများရင်
ခင်မှုကလျော့ကျသွားတယ်။
ဒုက္ခအမြင်များမှ
ဒုက္ခသိမ်းချင်တဲ့ဉာဏ်ကလာတာ။
ဒုက္ခသစ္စာ မြင်တိုင်းမြင်တိုင်း
သမုဒယတဏှာချုပ်တယ်။
ချုပ်ပါများရင် ပါးတယ်။
ပါးပါများရင်ပျောက်တယ်။
မိုးကုတ်ဆရာတော်ကြီး
02/07/2026
"တုန်လှုပ်မှု မရှိအောင်နေပါ"
ဘယ်လိုလောကဓံတရား
လေပြင်းမုန်တိုင်းတွေပဲတိုက်တိုက်
လာဘ အလာဘ
လာဘ်ရသည်ပဲဖြစ်စေ မရသည်ပဲဖြစ်စေ
နည်းနည်းမှ မတုန်လှုပ်ဘူး...။
စီးပွားဥစ္စာ ရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။
မရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။
မကောင်းဘူးလား သိပ်ကောင်းတယ်...။
အခြံအရံများသည်ဖြစ်စေ
မများသည်ဖြစ်စေ
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။
သိပ်ကောင်းတယ်နော်...။
သူတစ်ပါးတို့ ကဲ့ရဲ့သည်ဖြစ်စေ
သူတစ်ပါးတို့ ချီးမွမ်းသည်ဖြစ်စေ
ကဲ့ရဲ့ခြင်းကြောင့်လည်းစိတ်ထဲတုန်လှုပ်ခြင်းမရှိဘူး။
ချီးမွမ်းခြင်းကြောင့်လည်း
စိတ်ထဲမှာ တုန်လှုပ်ခြင်း,ဝမ်းသာခြင်း
ဘယ်တော့မှမဖြစ်ဘူးတဲ့သိပ်ကောင်းတယ်နော်...။
ချမ်းသာတဲ့ ဝေဒနာတွေနဲ့တွေ့ရလို့
ဒုက္ခဆင်းရဲတဲ့ ဝေဒနာတွေနဲ့တွေ့ရလို့
စိတ်ထဲ တုန်လှုပ်မှု မဖြစ်ဘူး...။
ချမ်းသာတာနဲ့တွေ့ရလို့
စိတ်ထဲစွဲမက်မှုတွေ မဖြစ်ဘူး။
ဆင်းရဲတဲ့ ဝေဒနာတွေတွေ့ရသော်လည်း
စိတ်ထားဖောက်ပြန်မှုတွေ နည်းနည်းမှမဖြစ်ဘူး။
သိပ်ကောင်းပါတယ်...။
အဲ့ဒီလို လောကဓံ လေပြင်းမုန်တိုင်းတွေကြောင့်
တုန်လှုပ်ခြင်းမရှိဘဲအလည်ခေါင်မှာ
စိတ်ကိုငြိမ်ဝပ်စွာထားနိုင်တဲ့ စိတ်ထားလေးတစ်ခုကို
"တာဒိဂုဏ်"လို့ ခေါ်ပါတယ်...။
အဲ့ဒီ တာဒိဂုဏ်နဲ့ ပြည့်စုံတဲ့
အဆင့်ရောက်အောင်
ဘုရားရှင်ရဲ့ပဋိပတ်တရားတော်က
ရွက်ဆောင်ပေးနိုင်တဲ့စွမ်းအားရှိပါတယ်...။
ဒီလိုဆိုရင် ဒီပဋိပတ်တရားတော်က
ဘုရားရှင်ရဲ့အစ,အလယ်,အဆုံးဆိုတဲ့
ကောင်းခြင်းဂုဏ်နဲ့ပြည့်စုံတဲ့
တရားတော်လို့ပြောနိုင်ပါတယ်...။
ဒါကြောင့် ဒီပဋိပတ်
ကျင့်စဉ်တရားတွေက သိပ်အားရဖို့ ကောင်းပါတယ်...။
သီလကျင့်စဉ်ကို တကယ် လက်တွေ့ ကျင့်တယ်။
သမာဓိကျင့်စဉ်ကို တကယ်လက်တွေ့ကျင့်တယ်။
ပညာကျင့်စဉ်ကို တကယ်လက်တွေ့ကျင့်တယ်။
ကျင့်နေတဲ့ ပုဂ္ဂိုလ်လည်းချမ်းသာတယ်၊
တစ်ဖက်သား ပုဂ္ဂိုလ်တွေလည်း ထိခိုက်မှုနစ်နာမှုရှိသလားမရှိဘူး၊သိပ်ကောင်းတယ်နော်...။
ဒါကြောင့်
ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်သည်
အားလုံးအစွန်းတွေ လွတ်နေအောင်
ဟောထားတဲ့ တရားတော်မို့ သွာက္ခာတဂုဏ်နဲ့
ပြည့်စုံတဲ့ တရားတွေဖြစ်ပါတယ်...။
🙏🪷🙏ဖားအောက်တောရဆရာတော်ကြီး🙏🪷🙏
Credit to Original Writer
29/06/2026
#အဆက်မပြတ်သိပါ
******************
အသက်ရှူတာကို မှတ်တဲ့အခါ စာထဲမှာပါတာ စ.လယ်.ဆုံး သိနေပါဆိုတာ ဘာကိုပြောတာလဲဘုရား။
အသက်ရှူတာကို သတိကပ်ထားတယ် အစမှာတော့ လေဝင်သွားမှန်းသိတယ် ထွက်သွားမှန်း သိတယ် နှာခေါင်းဆိုတာ ပညတ် လေဆိုတာ ပညတ်ပဲ ဝင်တယ်ဆိုတာလည်း ပညတ် ထွက်တယ်ဆိုတာလည်း ပညတ် သတ်မှတ်ချက် အခေါ်ဝေါ်တွေချည်းပဲ သို့သော် အစမှာတော့ ဒါကိုပဲ အာရုံပြုရမှာပဲ ဒါအာရုံပြုနေကျ အာရုံပဲ။
ဒီလိုနဲ့ တဖြည်ဖြည်းကြာလာတဲ့အခါကျတော့ တိုးနေတဲ့ သဘောလေးကို သိတယ်နော် အားရပါးရ အသက်ရှူလေလေ တိုးတဲ့သဘောဟာ ပိုပြီးတော့ သိသာလေလေပဲ အဲဒီလို တိုးပြီးတော့ဝင်တယ် တိုးပြီးတော့ ထွက်တယ် တိုးနေတာလေးကို သိနေတာပဲ။
ဒီတိုးမှုမှာပဲ ထိမှုဆိုတာ ရှိတယ်နော် တိုးသွားလို့ ထိသွားတာပဲ ပွတ်သွားတဲ့သဘောမျိုး ဖြစ်နေတယ်နော် ဒီလိုပွတ်ပြီးဝင် ပွတ်ပြီးထွက်နေတဲ့ သဘောလေးကိုပဲ အာရုံပြုပြီးတော့ ကြည့်တဲ့အခါမှာ sensationဟာ အင်မတန် သိသာနေတယ်။
ဒါကို ကြာကြာ အာရုံပြုလာတဲ့အခါကျတော့ စစချင်း ထိလိုတာ သိတယ် ပွတ်ပြီးတော့ လေက နှာသီးဝမှာ ထိပြီးတော့ ဝင်သွားတာကို သိတယ် တဆက်တည်း သိနေတယ် တဆက်တည်း သိနေဖို့ လိုတယ်။
အသက်ရှူသွင်းတာ ၅ စက္ကန့်လောက်ကြာတယ် ဆိုပါတော့ ပထမ ၁ စက္ကန့်လောက်မှာ သိတယ် နောက်စိတ်က တခြားကို ရောက်သွားတယ်ဆိုရင် အစကို သိတယ် အလယ်ကို မသိဘူး အဆုံးကို မသိဘူးဆိုရမယ် အဲဒီလိုပဲ တစ်ခါတလေ အဆုံးကို သိတယ် အစ အလယ် မသိလိုက်ဘူး တစ်ခါတလေ အလယ်ကို သိတယ် အး အဆုံးကို မသိလိုက်ဘူး။
အစ အလယ် အဆုံးကို သိပါဆိုတာ အဆက်မပြတ် သိပါလို့ ပြောတာ။
ပြန်ထွက်တဲ့အခါမှာလည်းပဲ စစချင်းထိလိုက်တာကို သိလိုက်တယ် ပွတ်ပြီးတော့ လေပြန်ဝင်သွားတာကို တဆက်တည်း သိနေတယ်နော်။
အစ အလယ် အဆုံး ဆိုတာ အဲဒါကို ပြောတာ။
တချို့က အဲသလိုသဘောမပေါက်တော့ အစဆိုတာ နှာခေါင်းမှာ အလယ်ဆိုတာ ရင်ချိုင့်မှာ အဆုံးဆိုတာ ချက်မှာလို့ ပြောတယ် လေဟာ ချက်ထဲ မရောက်ပါဘူး မမွေးဖွားခင် တုန်းကသာ ဒီချက်ထဲမှာ သွေးသွားဖို့ရာ လမ်းကြောင်းဖြစ်ပေမယ့် မွေးဖွားပြီးတဲ့နောက်မှာ သူက အရွတ်ဖြစ်သွားတာပဲ ဒီထဲမှာ လေမရှိဘူး။
သို့သော် ဘာပဲဖြစ်ဖြစ်ပေါ့လေ အစ အလယ် အဆုံး ဆိုတဲ့ စာပေထဲမှာပါတဲ့ စကားရဲ့အဓိပ္ပာယ်က စိတ်ကို နေရာ ရွှေ့ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး သတိကို နေရာ ရွှေ့ရမယ်လို့မဆိုလိုဘူး သတိကတော့ ဒီတစ်နေရာတည်းမှာပဲ ရှိရမယ်။
စတယ်ဆိုတာ ဘာတုန်းဆိုတော့ ဝင်လေဖြစ်စဉ်ရဲ့ အစကို ပြောတာ နေရာကို ပြောတာ မဟုတ်ဘူး ဒီဖြစ်စဉ်ရဲ့ အစကို သိလိုက်တယ် စစချင်း သိတယ် အလယ်မှာ အကုန်လုံးကို တဆက်တည်း သိရမယ် ဆုံးတဲ့အထိအောင် သိရမယ်လို ပြောတာ သဘောက process တစ်ခု complete ဖြစ်တဲ့အထိအောင် အကုန်သိရမယ် စိတ်ကတော့ ဒီတစ်နေရာမှာဘဲ ရှိရမယ် နေရာရွှေ့ဖို့မလိုဘူး။
စိတ်ကို တစ်နေရာတည်း ထားပြီးတော့ ဝင်တာ အစကတည်း သိတယ် အလယ်မှာလည်း ထိထိ ထိထိ ပြီးတော့ တိုးပြီးဝင်သွားတာ သိတယ် နောက်ဆုံး ဆုံးသွားတယ် ပြန်ထွက်တဲ့ အခါမှာလည်း ထွက်တာ စစချင်း သိတယ် တဆက်တည်း သိတယ် ဆုံးတဲ့အထိအောင် သိတယ်။
တစ်ဆက်တည်းဖြစ်ဖို့ အရေးကြီးတယ် သိမှုဟာ တစ်ဆက်တည်း ဖြစ်သွားရမယ်။
ဒီအချက်ဟာ အင်မတန် အရေးကြီးတယ် ဒီအချက် တစ်ချက်ကို သဘောမပေါက်လို့ရှိရင် အာနာပါန အားထုတ်လို့ အဆင်မပြေတော့ဘူး။
#ကြားထဲမှာ_ရပ်တန့်မှုလေးကို_သိရမယ်
အဲသလိုပဲ ထိထိမိမိ ကြိုးစားအားထုတ်သွားလို့ရှိရင် စတဲ့အခါမှာ တိုးတဲ့သဘော ထိတဲ့သဘောဟာ အလယ်ကြားမှာ သူ့အခြေအနေ နဲနဲပြောင်းတယ် သူ့ရဲ့speed ကလည်း ပြောင်းနိုင်တာကိုးနော် ထိမှုဟာလည်း နဲနဲပြောင်းသွားတယ် ဆုံးကာနီးကျတော့ နဲနဲလျော့ပြီးတော့ နောက်ဆုံးအဆုံးမှာ ရပ်သွားတာပဲ။
လေရှူတာရပ်သွားပြီး လေပြန်မထွက်ခင် ဒီကြားထဲမှာ လေအဝင်အထွက် ကြားလေးထဲမှာ နဲနဲလေးရပ်တန့်နေတဲ့ အချိန်လေးရှိနေတယ်နော် အဲဒီရပ်တန့်မှုလေးကို သိရမယ်။
မသိလို့ရှိရင် စိတ်ကအင်မတန် လျင်မြန်တယ် တစ်ခုခုစဉ်းစားမိလိုက်တယ် အဲဒီအချိန်မှာ ရပ်နေတယ်ဆိုတာလေးကိုလည်း သိချင် သိထား သို့မဟုတ်ရင် ဒီနှာခေါင်းနဲ့ နီးတဲ့နေရာက တစ်ခုခု ထိနေတာလေးကို ချက်ချင်းအာရုံပြုလိုက် နှုတ်ခမ်းနှစ်ခု ထိနေတာလေးကို သိနေ တစ်စက္ကန့်ပဲ ကြာတယ်နော် ဒီကြားလေးထဲမှာ စိတ်ကလေး အပြင်မထွက်သွားအောင် သတိထားဖို့လိုတာပဲ။
အဲဒီတော့ ထွက်လေမှာလည်း ဒီလိုပဲ ထွက်လေကုန်သွားတဲ့အခါမှာ ခဏလေးရပ်နေတယ် ဒါသဘာဝပဲ ထွက်လေကုန်တဲ့အချိန်မှာ ချက်ချင်းပြန်မရှူဘူး ချက်ချင်း ပြန်ရှူရင် ဘာဖြစ်မယ်ထင်တုန်း မောလာတယ်နော် ဒါထုံးစံပဲ ထွက်လေ ဆုံးသွားတဲ့အခါမှာ တစ်စက္ကန့်လောက်လေးဖြစ်ဖြစ် ရပ်နားတဲ့ သဘောလေးက ရှိနေတယ် ပြီးမှ တစ်ခါပြန်ရှူတယ်နော်။
အဲဒီတော့ အသက်ရှူတာ မမောချင်ရင် ထွက်လေဆုံးသွားတဲ့အခါမှာ ကိုယ့်ရဲ့ ရင်ထဲမှာရှိတဲ့ ကြွက်သားတွေ အကုန်လုံး လျော့ကျသွားတဲ့အထိအောင် ရင်နဲ့ဝမ်းကြား လျော့ချပြီးတော့ ထားရမယ် ခဏနားတဲ့အချိန်လေးမှာလည်း သိနေရမယ် သိပြီးရင် တစ်ခါပြန်ပြီးတော့ ရှူရမယ် အဲဒီလို ရှူလို့ရှိရင် မမောဘူး အမောပြေတယ်။
#အသေးစိပ်မတူတာကို_သိရမယ်
အဲဒီလို ထိထိမိမိ စူးစူးစိုက်စိုက် ကြာကြာအားထုတ်လာတဲ့အခါမှာ ဒီထွက်လေဝင်လေရဲ့ အပူအအေး မတူမှုကိုလည်းပဲ ပိုသိလာတယ် ဝင်လာတဲ့လေဟာ နဲနဲလေးအေးတယ် ထွက်သွားတဲ့လေဟာ နဲနဲလေး နွေးတယ် ဒီခြားနားမှုကိုလည်း သိဖို့ အရေးကြီးတယ်နော်။
အစမှာတော့ အကြမ်းစား ဝင်တယ် ထွက်တယ်ဆိုတာလောက်ပဲ သိတယ် နောက်တဖြည်းဖြည်းနဲ့ တိုးတယ်ဆိုတာကို သိတယ် နောက် တဖြည်းဖြည်းနဲ့ ဒီတိုးတယ်ဆိုတာကို တစ်ဆက်တည်းပဲ သိတယ် ဒီတိုးတဲ့သဘောလေးနဲ့ ထိတဲ့သဘောလေးဟာ အခြေအနေမတူဘူး ပြောင်းလဲနေတယ်ဆိုတာကိုလည်း သိတယ် ပူမှုအေးမှုကိုလည်း သိတယ် အသေးစိပ်လေးတွေ ပိုသိလာတယ်။
အသေးစိပ်ကို ပိုသိမှ သတိပိုမြဲတယ် အသေးစိပ်ကို မသိလို့ရှိရင် အာရုံဟာ သိပ်မထင်ရှားသလို ဖြစ်ပြီးတော့ စိတ်က တခြားကို ထွက်တက်တယ် အာရုံထင်ရှားမှ အဲဒီအာရုံမှာ စိတ်ကနေနိုင်တယ် အာရုံကို မိမိရရ ဆုတ်ကိုင်နိုင်တယ်။
အာရုံက မထင်ရှားရင် စိတ်က စမ်းတဝါးဝါး ဖြစ်သွားတယ် ယောင်လည်လည်ဖြစ်သွားတယ် ဘာလုပ်ရမှန်းမသိတော့ဘူး စိတ်က အာရုံမရှိဘဲနဲ့ နေလို့မရဘူး အာရုံမထင်ရှားရင် ထင်ရှားရာ အာရုံတစ်ခုကို ယူလိုက်တာပဲ တခြားကို ပြန့်လွင့်မှုဆိုတာ ဖြစ်သွားတာပဲ သို့မဟုတ်ရင် အိပ်ငိုက်တယ်။
သမာဓိကောင်းလာတဲ့အခါမှာ ထိနေတာ တိုးနေတာနဲ့ သိနေတာ ဒီနှစ်ခုပဲ ရှိတော့တယ် ကျန်တာတွေ ပျောက်သွားတယ် ခန္ဓာကိုယ်ပျောက်သွားပြီးတော့ ထိနေတာနဲ့ သိနေတာ နှစ်ခုပဲ ကျန်တယ်။
#သိနေတဲ့_စိတ်ကလေးက_လွတ်နေတယ်
တရားအားထုတ်လို့ အင်မတန် သတိ သမာဓိ ကောင်းနေတဲ့အခါမှာ ခန္ဓာကိုယ်မှာ မခံနိုင်လောက်အောင် နာကျင်တဲ့သဘော ရှိသော်လည်းပဲ အဲဒီနာကျင်တဲ့သဘောကို သတိလေးနဲ့ စူးစူးစိုက်စိုက် ကြည့်ပြီးတော့ သိနေရတဲ့အခါမှာ နာတာက နာတာတခြား သိတာက သိတာတခြား ဖြစ်နေတယ် ကိုယ်မှာနာပေမယ့် စိတ်မှာ မနာဘူး။
ခန္ဓာကိုယ်မှာတော့ နာနေတယ် ဒါပေမယ့် သိနေတဲ့ စိတ်က ဘယ်လိုမှမဖြစ်ဘူး သိနေတဲ့ စိတ်ကလေးက လွတ်နေတယ် နာတာကို မကျေနှပ်တဲ့စိတ် ဒေါမနဿ မဖြစ်ဘူး။
သတိလေးနဲ့ ကြည့်နေတယ် ဆိုကတည်းကိုက သိတဲ့စိတ်က ဝေဒနာထဲမှာ ရောပါမသွားဘူး။
နာနေတဲ့ ဒုက္ခဝေဒနာသဘောက အာရုံအဖြစ်နဲ့ သီးခြားရှိနေတယ် အဲဒီအာရုံကို သိနေတဲ့ စိတ်ကလေးက သူ့ဟာသူ သီးခြား ခပ်ခွာခွာ ဘေးကနေ အဝေးကနေ ထိုင်ကြည့်ရသလိုပဲ နဲနဲလေးခွာပြီးတော့ ကြည့်နေတာ ဝင်ပူးပြီးတော့ ပါမသွားဘူး ရောပါမသွားဘူး။
သတိနဲ့နေတဲ့အခါမှာ အတွေးအတောမရှိဘူး သတိ တကယ်ကောင်းနေတဲ့အခါမှာ သမာဓိလည်း အင်မတန်ကောင်းတယ် သတိ သမာဓိ ကောင်းနေတဲ့အခါမှာ အတွေးမရှိဘူး အတွေးမရှိတဲ့အခါ ဖြစ်နေတဲ့အာရုံက ဘယ်လိုအာရုံပဲဖြစ်ဖြစ် ချမ်းသာတဲ့ဝေဒနာဖြစ်ဖြစ် ဆင်းရဲတဲ့ဝေဒနာဖြစ်ဖြစ် ကိုယ်နဲ့ဘာမှ မဆိုင်သလို မြင်ရတယ် ဖြစ်သွားတယ် အတွေးကို သူ့ကို လိုက်တွေးလိုက်ရင် ရောပါသွားပြီးတော့ ဖြစ်လာတယ် ဒါကြောင့် ပိုပြီးတော့ နာတယ် မခံနိုင်ဘူး။
စိတ်ထဲက နာလိုက်တာ မခံနိုင်ဘူးဆိုရင် ဒေါမနဿ ဝေဒနာ ဖြစ်လာတယ် ဒုက္ခဝေဒနာဟာ ဒေါမနဿကို ဖြစ်စေတယ် ဒေါမနဿ ရဲ့ သဘောက ဖြစ်ပေါ်လာတဲ့ ဝေဒနာကို မြန်မြန် ဖျောက်ပစ်ချင်တယ် လက်ခံမထားချင်ဘူး သည်းမခံနိုင်ဘူး ဒေါမနဿရဲ့ သဘောက ခံနိုင်တဲ့အရည်အချင်း မရှိဘူး။
သတိ သမာဓိ ကောင်းလာတဲ့အခါမှာ စိတ်က ဖြစ်ပေါ်လာတဲ့ အာရုံအပေါ်မှာ အလိုအလျောက် တုန့်ပြန်မှု မလုပ်တော့ဘူး ဖြစ်ပေါ်လာတဲ့ အာရုံကို အသာလေး ဘေးကထိုင်ကြည့်ရသလို ကြည့်လို့ရလာတယ် ဒီလိုကြည့်လို့ရလာလို့ရှိရင် နာတာတော့ ရှိတယ် နာတာကို ငါနာတယ်လို့ မထင်ဘူး ခြေထောက်နာနေတယ်ဆိုရင် သတိလေးနဲ့ သေချာကြည့်တဲ့အခါ ခြေထောက်ဆိုတာ ပျောက်သွားတယ် နာတာလေးပဲ ရှိတယ် အဲဒီနာတာလေးကို သိတာပဲ ရှိတယ်။
#ဝေဒနာအပေါ်မှာ_သဘောထားမှန်ဖို့_အရေးကြီးတယ်
အဲဒီလိုသူနဲ့ ပတ်သက်ပြီးတော့ အတွေးအတောမရှိတဲ့အခါ အဲဒီဝေဒနာရဲ့ သဘောသဘာဝဟာ အရင်တုန်းက ပုံစံမျိုး အရင်တုန်းက သဘာဝမျိုး မဟုတ်တော့ဘူး ဒါကြီး ပျောက်အောင် ဘယ်လိုလုပ်ရပါ့မလဲ ပျောက်လည်း မပျောက်နိုင်ပါလား စိတ်ညစ်စရာကြီးပါလားလို့ မတွေးမိဘူး။
အတွေးရှိနေတဲ့အခါမှာ ဝေဒနာရဲ့ သဘာဝဟာ ခံစားရတာ တစ်မျိုးဖြစ်နေတယ် အတွေးအတော လုံးဝမရှိတော့တဲ့အခါမှာ သက်သက်ကြီးသိနေရတဲ့အခါမှာ ခံစားရတဲ့ ဝေဒနာရဲ့ သဘာဝဟာ နောက်တစ်မျိးပြောင်းသွားတယ်။
တကယ်အတွေးမရှိတော့ပဲနဲ့ ဝေဒနာရဲ့သဘောက်ု နာမည်မတပ်ပဲ ပရမတ်ကျကျ ပစ္စုပ္ပန်တည့်တည့် သိနေတဲ့အချိန်မှာ ဝေဒနာရဲ့သဘာဝဟာ ပြောင်းသွားတယ်။
ဘယ်လိုဝေဒနာ သဘောပဲဖြစ်ဖြစ် သုခပဲဖြစ်ဖြစ် ဒုက္ခပဲဖြစ်ဖြစ် ကျဉ်တာပဲဖြစ်ဖြစ် ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေး လျော့ထားပြီးတော့ သူ့အပေါ်မှာ လက်မခံချင်တဲ့စိတ် လုံးဝမရှိပဲနဲ့ သိနေလို့ရှိရင် သူ့ရဲ့သဘာဝဟာ ပြောင်းသွားတယ် စိတ်ကို စီစစ် ပြီးတော့ နူးညံ့နေတဲ့ စိတ်ကလေးနဲ့ သိနေရလို့ရှိရင် သက်သာမှုလည်း ရသွားတယ် ဝေဒနာရဲ့သဘောဟာ သူ့ကို လုပ်လေလေ ပိုပြီးတော့ နာလေလေပဲ မခံချသ်တဲ့စိတ် အားကြီးလေလေ အခံရခက်လေလေပဲ။
ဘယ်လိုဝေဒနာမျိုး ဖြစ်လာဖြစ်လာ အဲဒီဝေဒနာကို စိတ်အေးအေးနဲ့ ကြည့်ဖို့လိုပါတယ် ဖြစ်ပေါ်လာတဲ့ ဝေဒနာအပေါ်မှာ ကိုယ့်သဘောထားမှန်ဖို့ အရေးကြီးတယ်။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
(မသိရင်ခက်မယ်) စာအုပ်မှ
မျှဝေပူဇော်သည်။🙏🙏🙏
24/06/2026
❝ မိုးကုတ်ဆရာတော်ဘုရား၏
ဝိပဿ နာရှုနည်း... ❞
▬▬▬▬▬▬▬▬▬▬▬▬
တရားအားမထုတ်ခင်
ကြိုတင် ပြုလုပ် ရမည့်
အမှုကိစ္စ ၅ မျိုး ရှိသည် ။
၁။ တရားအားထုတ် စဉ်အတွင်း မိမိ ကိုယ်ကို
ဘုရား အား လှူပါ၏ ဟု လှူထားရမည် ။
၂။ ဆရာမိဘ တို့ကို ကံ သုံးပါးဖြင့် ပြစ်မှား မိခဲ့ပါ
က ထို အပြစ် ကို ပျောက်စေ ခြင်းငှာ ဝန်ချ
တောင်းပန် ကန်တော့ပါ၏ ဟုဆို၍ ကန်တော့
ရမည် ။
၃။ ကိုယ်စောင့်နတ် ၊ အိမ်စောင့်နတ် ၊ မြို့စောင့်
နတ် ၊ သာသနာစောင့်နတ် နှင့် တကွ သတ္တဝါ
အပေါင်း တို့ ကျန်းမာ ချမ်းသာ ကြပါစေ ဟု
မေတ္တာပို့ ရမည် ။
၄။ ရှေးဘဝ ယခုဘဝ ပြုသမျှ ကုသိုလ်ဒါန တို့
သည် ငါ အလိုရှိသော မဂ် ဖိုလ် နိဗ္ဗာန် ရောက်
စေခြင်းငှာ လျှင်မြန်စွာ ကျေးဇူးပြု ပါစေ သ
တည်း ဟု ဆိုရမည် ။
၅။ ငါသည် ဘဝများစွာ သေခဲ့ပြီ ၊ ယခုဘဝ မသေ
ခင်မှာ တရားအားထုတ်မှပဲဟု သေခြင်းတရား
ကို ပွားများရမည် ။ သမာဓိ ရရုံ လောက်သာ
သမထ ကို အားထုတ်ပြီး သမာဓိ ရလျှင်
ဝိပဿနာ ပြောင်း၍ အားထုတ် ရမည် ။
ဝိပဿနာ ပြောင်းခြင်း ဟူသည် သမထ
သမာဓိ လမ်းမှ ဝိပဿနာ ပညာလမ်းသို့စိတ်
လွှတ်ပြီး ရုပ် နာမ် တို့၏ဖြစ်ပျက်မှု လက္ခဏာ
ကို ဆင်ခြင်နေခြင်း ဖြစ်သည် ။
တရားအားထုတ်ဖို့ တင်ပျဉ်ခွေ ထိုင်ရမည်။
ခါး ကို ရှေ့မငိုက် ၊ နောက်မငိုက် ၊ ဘေး မ
စောင်းစေဘဲ ဖြောင့်ဖြောင့် မတ်မတ် ထားရမည်။
ကိုယ်ကို တောင့်မထားဘဲ ခပ်လျော့လျော့ ထိုင်
ရမည် ။
ခြေထောက်ခြင်း ဖိညှပ်မထားဘဲ ကြာကြာ
ထိုင်နိုင်သောနည်းဖြင့် ထိုင်ရမည် ။ ယောဂီသည်
နှစ်သက်ရာဣရိယာပုတ်(အိပ် ၊ ထိုင် ၊ ရပ် ၊သွား)
ဖြင့် မှတ်နိုင်သည် ။သို့သော် ထိုင်ခြင်း ဣရိယာ
ပုတ် က သမာဓိ ကို ရလွယ်စေသည် ။
ယင်းနောက် ဝင်လေ ထွက်လေ ကို မှန်
မှန် ရှုရှိုက် ရမည် ။ ပြင်းပြင်း ထန်ထန် မြန်မြန် ရှု
ရှိုက်လျှင် မိမိကိုယ်ကို ညှင်းဆဲ ရာ ကျလိမ့်မည် ။
သို့ဖြစ်၍ မှန်မှန် နှင့် လေ ကို ဝအောင်ရှုရမည် ။
နှာသီးဖျား ၊ အထက်နှုတ်ခမ်း ၊ ရင်ညွှန့်ကြိုက်ရာ
နေရာမှာ စိတ် ကို ထားရမည် ။
သတိမလစ် စေဘဲ ဝင်လေ ထွက်လေ ထိ
တာကို သိနေစေရမည် ။ အခြား ဘယ်အာရုံကို
မျှ စိတ် မရောက်စေရပါ ။ ဝင်လေ ထွက်လေ ရှု
သည့်အခါ နှာခေါင်းဖြင့် ရှုရမည် ။
နှာခေါင်း က ရှု သည့်အခါ ဘယ်ဘက်က
ရှုတယ် ၊ ညာဘက် ရှု တယ် ဆိုတာကို လိုက်နေ
ရန် မလို ၊ သမာဓိ ရဖို့သာ လိုသည် ။ ဝင်လေ ကို
ရှု သည့်အခါ နှာသီးဖျားအစ ၊ ရင်ညွှန့်အလယ် ၊
ချက်အဆုံး ဝင်လေ ရောက်တာကို သိရမည် ။
လေ ကို ထုတ်လိုက်သည့် အခါလည်း ချက်အစ
ရင်ညွှန့် အလယ် နှာသီးဖျား အဆုံးထွက် လေ
ကို သိရမည် ။ ထိုသို့ အသိ ကို လိုက်ပြီး အား
ထုတ်လျှင် သမာဓိ ရနိုင်သည် ။ ၁၅ မိနစ် မျှနှင့်
ပင် သမာဓိ ကို ထူထောင်နိုင်သည် ။
ထိုသို့ ရှုရှိုက် နေရာတွင် ရှုရှိုက်တာကရုပ်
ရှုရှိုက် နေမှု ကို သိတာက နာမ် ဟု သိခြင်းသည်
နာမရူပ ပရိစ္ဆေဒ ( နာမ် ရုပ် ကို ခွဲခြား သိမှု )
ဉာဏ် ဖြစ်သည် ။ ဝိသုဒ္ဓိ လို ပြောရရင် ဒိဋ္ဌိဝိသုဒ္ဓိ
( အမြင် စင်ကြယ်ခြင်း ) ဖြစ်သည် ။ အာရုံ နှင့် သိ
မှတ်စိတ် ကို တည့် နေအောင် ရှုမှတ် ရမည် ။
စဉ်းစား တွေးကြံမှု မပြုရ ။ အခြားအာရုံ ဝင်မလာ
အောင် ထိန်းရမည် ။
ဤ သို့ဖြင့် သမာဓိ အားကောင်းလာသည့်
အခါ ဝိပဿနာ ကို ပြောင်းပြီး ရှုမှတ်ရမည် ။
ဝိပဿနာ ဟူသည် - - -
နာမ် ရုပ် လက္ခဏာ ဖြစ်ပေါ်မှု ကို ဆင်
ခြင် ခြင်းဖြစ်သည် ။
ဤ ခန္ဓာ သည် ပဋိသန္ဓေ က စပြီး သေ
သည့်တိုင်အောင် မပြတ် မစဲ ထပ်တလဲလဲ ဖြစ်
ပျက်နေသည် ။ တရားထိုင်တာ ကြာ လာလျှင်
ရုပ် ဖောက်ပြန်ပြီး ဝေဒနာ ပေါ်လာတတ်တယ်။
ညောင်းလာလျှင် ညောင်းတာ ၊ ညောင်း မှန်းသိ
တာ နှစ်မျိုး ကို ဖြစ်ပြီး ပျက် သွားတာပဲ ဟု သိရ
မည် ။
ထိုသို့ သိသည့်အခါ ညောင်း သည့် ရုပ်
နှင့် ညောင်း မှန်း သိသည့် စိတ် မရှိတော့ဘဲ ချုပ်
ပျောက် သွားကုန်ပြီ ဟု နောက် ဉာဏ် က သိရ
မည် ။ ညောင်း တာကို ပြုပြင် မပေးသမျှ ပြောင်း
ရွှေ့ ပြုပြင်ချင် စိတ် ပေါ်လာလိမ့်မည် ။ ထိုအခါ
ဆန့်ချင် ကွေးချင် ပြောင်းချင် ရွှေ့ချင် စိတ်ဖြစ်
တာကို သိမှတ်ပါ ။
ထိုသို့ သိချိန် ထို ဆန့်ချင် ကွေးချင်သော
ရုပ် နာမ် များ မရှိတော့တာကို ထပ်ပြီး သိမှတ်
ပါ ၊ ဤသို့ သိနေတုန်း အသံ တစ်ခု ကြားလိုက်
လျှင် ကြားပြန်ပြီ ဟု သိလိုက်ပါ ။ တစ်ခု တစ်ခု
ပေါ်လာတိုင်း ပေါ်လာတိုင်း သိပြီး ဖြစ်ပြီး ပျက်
သွား ပျောက်သွား ပါလား ဟု သိရမည် ။
ဤသို့ အသိတရား တွေ ကျဲနေရာကနေ
စိပ် သည်ထက် စိပ် လာတာကို ဉာဏ် ဖြင့် မှတ်
ပါ ။ တဖြည်းဖြည်း ရုပ် နာမ် တွေ တစ်ခုပြီး တစ်
ခု ဖြစ်ပြီး ပျက်သွားတာကို သတိ ဖြင့် စိုက်ကြည့်
က တွေ့ လိမ့်မယ် ။ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဟု
ပါဠိလို ရွတ် မနေဘဲ ဖြစ် ပြီး ပျက် သွားပါကလား
ဟု တစ်ခုတည်း ကိုသာ သတိ ဖြင့် စိုက်ကြည့်
နေလျှင် ဆင်းရဲ သည့် သဘော ၊ အစိုး မရသည့်
သဘော ကို ပိုပြီး ထင်မြင် လာလိမ့်မည် ။
ဤသို့ မိမိ ခန္ဓာကိုယ် မှာ ပေါ်တိုင်း ပေါ်
တိုင်း ဖြစ် ပျက် တွေ ကို ရှုကြည့် ဖန်များလာလျှင်
မိမိ ခန္ဓာကိုယ်ကို ရွံမုန်းလာ စိတ် ၊ စွန့်လွတ် ချင်
စိတ် ၊ ဖြစ်လာလိမ့်မည် ။
ဖြစ် ပျက် ဒုက္ခ နှင့် မကင်းနိုင်ဘဲ အို နာ
သေ ဒုက္ခ များနှင့် တွေ့ကြုံ ရဦးမည်ဟု ကြောက်
ရွှံ့ပြီး မိမိ ခန္ဓာကိုယ် ကို ရွံမုန်း လာလိမ့်မည် ။
ဖြစ် ပျက် ကို ရှုဖန် များလာလျှင် လောဘ ၊ ဒေါသ
မောဟ များ တဖြည်းဖြည်း ခေါင်းပါး၍ နောက်
ဆုံး လွင့်ပျောက် ခန်းခြောက် သွားသည် အထိ
ဖြစ် ပျက် ဆုံးအောင် ပွားများ အားထုတ်ရမည် ။
ဖြစ် ပျက် ရှု ဖန် များလာလျှင် ရုပ် နာမ်ကို
ခွဲခြား သိသည့် နာမရူပ ပရိစ္ဆေဒဉာဏ် ၊ ဤ ရုပ်
ဤ နာမ် သည် အကြောင်းတရားကြောင့် ဖြစ်ပေါ်
လာသော အကျိုးတရား ဖြစ်ပြီး အကြောင်း
လည်း ဖြစ် ပျက် ၊ အကျိုး လည်း ဖြစ် ပျက် ဟု
ဆင်ခြင်ကာ အကြောင်း ကို သိမ်းဆည်း သိမြင်
နိုင်သော ပစ္စယပရိဂ္ဂဟဉာဏ် ။
ရုပ် နာမ် တို့၏ ဖြစ် ပျက် ပုံကို မမြဲ ဆင်း
ရဲ အစိုးမရ ဟု ဆင်ခြင် သုံးသပ်သော သမ္မာသန
ဉာဏ် ၊ ဖြစ်ဆဲ ရုပ် နာမ် တို့၏ ခဏမစဲ တသဲသဲ
ဖြစ် ပျက် နေမှု ကို ရှုမြင်သော ဥဒယဗ္ဗယဉာဏ် ၊
ထိုသို့ ရှုဖန် များလာသောအခါ အပျက် ကိုသာ
သိမြင်သော ဘင်္ဂဉာဏ် ။
ရုပ် နာမ် တို့၏ ပျက်မှု ချုပ်မှု ကိုသာ မြင်
နေရသဖြင့် ကြောက်ဖွယ်ကြီး ဟု ထင်မြင်သော
ဘယဉာဏ် ၊ ချုပ် ပျက် မှု စသော အဖြစ်တွေကို
သာ မြင်သော အာဒီနဝဉာဏ် ၊ ရုပ် နာမ် ခန္ဓာ
ကိုယ်ကို ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် ၊ ထို ရုပ် နာမ်
သင်္ခါ တို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာ
ဉာဏ် ။
ရုပ် နာမ် တို့၏ မမြဲ ဆင်းရဲ အစိုးမရမှု ကို
အလွန် ထင်မြင်သော ပဋိသင်္ခါဉာဏ် ၊ ရုပ် နာမ်
သင်္ခါရ တို့ကို မချစ် မမုန်း လျစ်လျူ ရှုသော
သင်္ခါရုပေက္ခာဉာဏ် ၊ ရှေ့ဉာဏ် နောက်ဉာဏ်
တို့ကို မမြဲ ဆင်းရဲ အစိုးမရ သော သဘော ဖြင့်
အစ မှ အဆုံး ရှေ့ပြန် နောက်ပြန် ရှုပွားသည့်
အခါ နှစ်ဉာဏ် လုံး သင့်လျော်သော အနုလောမ
ဉာဏ် များ ဖြစ်ပေါ်လာလိမ့်မည် ။
ဤသို့ စသည်ဖြင့် ဉာဏ်စဉ် အဆင့်ဆင့်
တက်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ် ရကာ နိဗ္ဗာန် သို့
မျက်မှောက်ပြုနိုင် ကြပါပေလိမ့်မည် ။
[ဗုဒ္ဓဘာသာကောင်း တစ်ယောက်
စာအုပ် စာ ၅၆၈၊ ၅၇၁]
Credit to Original Writer
23/06/2026
ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာစဥ်းစားသောအခါများစွာသော လူသတ္တဝါတို့၌ မေတ္တာ ကရုဏာ မုဒိတာ ဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်။ ထိုသူတို့၏ ခြောက်သွေ့သွေ့ အပူဓာတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟပ်သဖြင့် သွေ့ခြောက်လုမတတ်ရှိရလေပြီ။
#အပူဓာတ်ဆိုတာဘာလဲ
ထိုအပူဓာတ် ဟူသည်လည်း တစ်ယောက်နှင့် တစ်ယောက် မညှာတာနိုင်အောင် ဖြစ်နေသော လောဘ ဒေါသ မာန်မာန နှင့် ဣဿာ မစ္ဆရိယ စသည်တို့ပင်တည်း။ ထိုအပူဓာတ်သည် ယခုဘဝတွင်သာ ခြောက်ကပ်စေသည်မဟုတ် သံသရာတစ်လျှောက်နောက်နောင်ဘဝ၌လည်း ခြောက်ကပ်စေလိမ့်မည်သာ။ ထို့ကြောင့် ထိုအပူဓာတ်တွေကိုယခုဘဝ၌ စွမ်းနိုင်သမျှ ငြိမ်းသတ်လျက် မြင့်မြတ်သော စိတ်ထားဖြင့် မေတ္တာ ကရုဏာ မုဒိတာ ဟူသော ဗြဟ္မစိုရ်အအေးဓာတ် မပြတ်စိမ့်စိုအောင် ကြိုးစားသင့်ကြပေသည်။
#သံသရာဆိုတာဘာလဲ
" သံသရာတစ်လျှောက် " ဟူသော စကားအရ " သံသရာဆိုတာဘာလဲ " ဟုစဥ်းစားဖွယ် ရှိ၏ သတ္တဝါတို့တည်နေရာ ဤကမ္ဘာလောကကြီးကို " သံသရာ " ဟုခေါ်မည်မဟုတ်။ စိတ် စေတသိက် ရုပ်တရားတို့ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ဖြစ်နေမှုကိုသာ "သံသရာ" ဟုခေါ်သည်။[သံ=ဆက်စပ်လျှက် ±သရ =ဖြစ်ခြင်း]
လူ နတ် ဗြဟ္မာဆိုတာ ဘာလဲ
စိတ် စေတသိက် ၂ ပါးကို နာမ်တရားဟု ခေါ်၏ ထိုနာမ်တရားနှင့် ရုပ်တရားတို့ ပေါင်းစပ်၍ ဆက်ကာဆက်ကာ ဖြစ်ပျက်နေသော အစဥ်အတန်းကိုပင် လူ နတ် ဗြဟ္မာ ဟုလည်းကောင်း ပုဂ္ဂိုလ် သတ္တဝါ ငါ သူ ယောကျာ်း မိန်းမ ( အထီး အမ) ဟုလည်းကောင်း ခေါ်ကြရသည်။ စင်စစ်မှာ ရုပ်နာမ် ၂ ပါးကို ဖယ်ထားလျှင် လူ နတ် ဗြဟ္မာ သတ္တဝါ ဟူ၍ သီးခြားမရှိတော့ချေ။
#ရုပ်နာမ်တို့ဘာကြောင့်ဖြစ်ကြသလဲ
ရုပ်နာမ် တရားအစုတို့၏ ဆက်ကာဆက်ကာဖြစ်ပျက်နေခြင်းမှာလည်း အကြောင်းမဲ့သက်သက် ဖြစ်ပျက်နေကြသည်မဟုတ်။မိမိတို့ အပြင်ဘက်မှာ အမြဲတွေ့ကြုံနေရသော အာရုံများနှင့် မိမိတို့ သန္တာန်ဝယ် ရှေးရှေးကဖြစ်နှင့်သော ကံများကြောင့်သာ ရုပ်နာမ်တရားတို့ ဆက်လက်၍ ဖြစ်ပွားနေကြသည်။ထို့ကြောင့် ရုပ်နာမ်ဖြစ်ဖို့ရာ အပြင်ဘက်က အာရုံအကြောင်း ရှေးရှေးက ကံအကြောင်းဟု အကြောင်း ၂ မျိုးရှိသည်မှတ်ပါ။
#အရေးကြီးသောအကြောင်း
ထို ၂ မျိုးသော အကြောင်းတို့တွင် အပြင်ဘက်၌တွေ့ကြုံကြရသော အာရုံအကြောင်းများသည် အတွင်းစိတ် အမျိုးမျိုးဖြစ်အောင် အရိပ်အယောင်ပြရုံသာဖြစ်၍ အရေးမကြီးလှ ကောင်းကောင်း ဆိုးဆိုး အပြင်အာရုံ တစ်မျိုးမျိုးနှင့် တွေ့ရာဝယ် မိမိ၏အတွင်း စိတ်ဓာတ် ကောင်းမွန်ဖို့သာ အရေးကြီးပေသည်။
ဆိုလိုရင်းကား " မိမိတို့အတွင်းစိတ်ကအမြဲကောင်းမွန်နေပါမှု နောက်နောင်ဘဝ၌ ဖြစ်သမျှ ရုပ်နာမ်တို့ အကောင်းအမွန်ချည်းသာဖြစ်ရပေမည်။ တစ်ဘဝပြောင်းသော်လည်း စိတ်ကောင်းရုပ်ကောင်း ( လူ နတ် ဗြဟ္မာ သတ္တဝါ အကောင်း) ချည်းဖြစ်ရမည်။ မိမိတို့အတွင်းစိတ်က ယုတ်မာဆိုးရွားနေပါမှု ( ရှေးရှေးတုန်းက စိတ်ကောင်းအတွက် ယခုဘဝမှာ ကောင်းလျှက်ရှိပါသော်လည်း) နောက်နောင်ဘဝတို့၌ စိတ်ဆိုး ရုပ်ဆိုး ( ငရဲ ပြိတ္တာ တိရစ္ဆာန်မျိုး) ချည်းသာဖြစ်ရမည်။ ဟုဆိုလိုသည်။
(ကျေးဇူးတော်ရှင် မူလ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ. )☸️🙏
( ကိုယ်ကျင့်အဘိဓမ္မာတရားတော်မှ )
22/06/2026
ခင်ဗျားတို့က ရုပ်ဟာငါပဲ ဝေဒနာဟာငါပဲ စိတ်ဟာငါပဲ သညာဟာငါပဲလို့ ဦးခင်မောင်တို့က မရှုပ်နဲ့နော် မရှုပ်စေနဲ့ ရှုပ်လို့ရှိရင် ဘုန်းကြီးမြတ်က စိုးရိမ်တယ်...
သူများပစ္စည်း ကိုယ်ခိုးယူတာ ငါများဆိုတာက ဦးခင်မောင်သိပြီ.. ရုပ်တရားကိုလည်း ပြုပြင်ထားတာလေးပါးရှိတယ်၊ အဲ့ဒါသူများတာ မကျဘူးလား နာမ်တရားကိုလည်း ပြုပြင်ထားတာ နှစ်ပါးမရှိဘူး၊ သူတို့နှစ်ပါးက ပြုပြင်ထားလို့ ခေတ္တယာယီပေါ်နေတဲ့ သခ်ါရတရားကို ငါပိုင် ငါဆိုင် ငါ့မထိနဲ့ ငါ့ကိုယ်ငါပိုင်တယ် အမလေး ကြွားလုံးတွေ ဝါလုံးတွေက သိပ်များတယ် ငါ့ကိုယ်ငါပိုင်တယ်လို့ ဆိုပြီးသကာလ ငါသွားချင်သွားနိုင်တယ် ငါအိပ်ချင်အိပ်နိုင်တယ် ငါးစားချင်စားနိုင်တယ် အစရှိသည်နှင့် သခ်ါရတရားမှန်းမသိတော့ ငါဝင်ရှုပ်နေတာ။
သခ်ါရတရားမှန်းမသိတော့ ..မရှုပ်ကြစမ်းပါနဲ့ ဒကာဒကာမတို့ မရှုပ်ကြစမ်းပါနဲ့လို့ သတိပေးလိုက်ပါတယ် ပြောတဲ့ အရှုပ်မဟုတ်ဘူး ထင်တဲ့အရှုပ်မပါစေနဲ့ ပြောတာကတော့ ပြောတာပေါ့ ဦးခင်မောင်ရာ ဒါသူမှ မပြောလို့ရှိရင်လည်း ပြောစရာမရှိဘူး
ပြောတာတော့ပြောပါ တကယ်တော့ အထင်စွဲပြီးတဲ့ကာလ မပြောလိုက်ပါနဲ့ဆိုတာ ကန့်ကွက်လိုက်တယ်။
အကယ်၍ တကယ်ထင်မှတ်ကြံလို့ရှိရင် အခုဆရာဘုန်းကြီးဟောထားတဲ့ ရုပ်တရားမှာ အကြောင်းလေးပါးက ပြုပြင်ထားလို့ ပေါ်နေတာ နာမ်တရားမှာ အာရုံဒွာဒဆိုတဲ့ အကြောင်းနှစ်ပါးကပြုပြင်လို့ ပေါ်နေတာဖြစ်သောကြောင့် ရုပ်နဲ့နာမ်ပဲရှိတော့တယ် သူတစ်ပါးပြုပြင်ထားတဲ့သခ်ါရတရားတွေကို ငါလို့ဖြင့်ရှုပ်လို့မတော်တာ အမှန်ပဲလို့ ယနေ့ဆုံးဖြတ်ချက်ချပါ ဆုံးဖြတ်ချက်ချဖြစ်အောင်ချပါ.. နော်။
ခင်ဗျားတို့က ခန္ဓာငါးပါးကိုငါ့ကိုယ်ငါကထင်လာကြတယ် ဒီအကြောင်းတွေမသိခြင်းကြောင့် ငါ့ကိုယ် ငါ့ဟာထင်လာကြတယ် ၊ အခုဒကာ ဒကာမတွေထိုင်နေကြတဲ့ဟာ နံရုပ်ပဲရှိပါတယ် ချမ်းသာရင်ခန္ဓာငါးပါးပဲရှိတယ် ကိုယ်ပိုင်ကိုယ်ဆိုင်များပါကြရဲ့လား ကိုယ်လုပ်ထားတာများပါကြလား၊ မပါသောကြောင့် ဒီထဲမှာ ငါ ငါ့ဥစ္စာဝင်မရှုပ်လိုက်ပါနဲ့ ရုပ်ဟာငါပဲ ၊ ငါ့ဥစ္စာပဲ ဒီလိုမယူကြပါဘူးလား ၊ စိတ်ဟာလည်းငါပဲ ငါ့ဥစ္စာပဲလို့ မယူကြဘူးလား ..အဲ့ဒီတော့ ဒကာဒကာမတို့ ငါကဒိဋ္ဌိ ငါ့ဥစ္စာကရုပ် ဟာဦးခင်မောင်လွဲကုန်ပြီ မလွဲသေးဘူးလား ငါကဒိဋ္ဌိ အဲ့ဒီဒိဋ္ဌိက. ဒီဥစ္စာက ရုပ်တရားကို သူကငါပဲ ငါ့ဥစ္စာပဲလို့ ဥပါဒါန်စွဲလိုက်တယ်။
စွဲလိုက်တော့ ငါတည်းဟူသော သူခိုးဝင်ခိုးတာ မသေချာဘူးလား ၊ အဲ့ဒါ သတ္တဝါတွေ အပါယ်ရောက်ရတာ သူမဆိုင်တာကို ဝင်ပေးတဲ့ကာလ အုပ်စီးချင်တဲ့အတွက် ခိုးမှုကြောင့်အပယ်ရောက်ရတယ်။ ဒါဖြင့်ဒိဋ္ဌိကသူခိုး သူများလုပ်ထားတဲ့ပစ္စည်းကို သူကငါငါ့ဥစ္စာဝင်လုပ်လိုက်တဲ့အတွက် သူခိုးခိုးတတ်တဲ့ ဒိဋ္ဌိကြောင့် ဒကာဒကာမတွေဟာ အပါယ်ရောက်ရတယ်။
ဒါဖြင့် ဦးခင်မောင်ရေ အပါယ်ရောက်ခြင်းအကြောင်း ယနေ့ပေါ်သွားတယ်။
သူတစ်ပါးလုပ်ထားတာကို ဝင်ခိုးမိသွားတယ် ငါငါ့ဥစ္စာလို့ခိုးမိသောကြောင့် ဒကာဒကာမတွေ ဘာဖြစ်ရလဲ အပါယ်ရောက်ရတယ်။
တစ်သံသရာလုံးသူများပစ္စည်းကို ခိုးခိုးလာကြတယ်ဗျ ဘယ်ဘဝလွတ်ခဲ့သလဲလို့ အမေးထုတ်ရင် ဘယ်ဘဝမှမလွတ်ခဲ့ပါဘူး..
ဒါဖြင့်လူ့ပြည်တက်လာလိုက်ခိုးလိုက် ဟုတ်လား နတ်ပြည်တက်လာလိုက် ခိုးလိုက် အပါယ်ရောက်လိုက် တက်လာပြန် အပါယ်က နှစ်စေ့လို့ ပြန်တတ်လာပြန် ဒီအခိုးဝါသနာမစွန့်တဲ့အတွက် အပါယ်ပြန်ရောက်ရမယ် အပယ်ဘဲပြန်ရောက်ရမယ်ဆိုတာ သေချာကြလား သေချာပါတယ်..။
ဒါဖြင့်ဒကာဒကာမတွေ ဒီဘဝမှာ ဒီဒိဋ္ဌိ တည်းဟူသော သူခိုးကို ခင်ဗျားတို့ကို ရှင်းပေးမယ့်လူမလာလို့ရှိရင်ဖြင့် ခိုးမြဲပဲခိုးနေဦးမှာပဲ အဲဒါကြောင့်အပါယ်လေးပါးမှာမြင်နေရတယ်ဆိုတာလည်း ဒကာဒကာမတို့ကျေကျေနပ်နပ်သဘောကျပါ ဒိဋ္ဌိဘယ်လောက်ဆိုးလည်းဆိုတာကို..။
( ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး )
21/06/2026
#အကြီးမားဆုံးကုသိုလ်ဆိုတာ
🙏🙏🙏🙏🙏🙏🙏🙏🙏
ဖြစ်ပျက်မြင်တဲ့ ကုသိုလ်ဟာ အကြီးမားဆုံးကုသိုလ်ပဲ ။
မေတ္တာ တစ်နေ့လုံးပို့နေတာ
သူ့တစ်ချက်စာ မရှိဘူးတဲ့။
ဖြစ်ပျက်တစ်ချက်
မြင်လိုက်တဲ့ အတွက် ဖြစ်ပျက်
မမြင်ဘဲ အသက် တစ်ရာ နေရတဲ့ ပုဂ္ဂိုလ်ထက်သာပါတယ်တဲ့။
ဘာကြောင့်တုံး
ဆိုတော့ ဖြစ်ပျက်မြင်ရင်
( ပဋိစ္စ သမုပ္ပါဒ် ) သုံးမျိုးပြတ်လို့ ။
ပဋိစ္စသမုပ္ပါဒ်သုံးမျိုး ပြတ်တယ်ဆိုတာ သံသရာရေသောက်မြစ် ဒုက္ခ ရေသောက် မြစ် သုံးခု
လောဘ ၊ ဒေါသ ၊ မောဟ ကုန်သွားတာပဲ။
အဲဒါတွေ ကုန်ရင် ဒုက္ခသိမ်းတာပဲ ။
ဒုက္ခမြင်လို့ ဒုက္ခသိမ်းနိုင်တာ ။ ဒုက္ခ ကို မြင်တော့
ဒုက္ခ ဖြစ် ကြောင်း သိမ်း တယ် ။
ဒုက္ခဖြစ်ကြောင်း သိမ်းတော့
အကျိုးဒုက္ခတွေမလာနိုင်တော့ဘူး
မလာတော့ ဒုက္ခ ဝဋ် ကျွတ်တယ် ။
ဒုက္ခဝဋ်ကျွတ်တယ်ဆိုတာ နိဗ္ဗာန်ရောက်တာပဲ ။
နိဗ္ဗာန်ဆိုတာ ဒုက္ခဖြစ်ကြောင်းသုံးခုဖြတ်လိုက်လို့ရတာ။
🙏 #မိုးကုတ်ဆရာတော်ကြီး🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon