Jui Jui Home Care

Jui Jui Home Care

Share

We are a manufacture of home care products from Thailand.

18/10/2020

Customer တွေရဲ့ ကျန်းမာရေးကို အလေးထားတဲ့ လုပ်ငန်းရှင် လူကြီးမင်းများအတွက် စရိတ်ပိုသက်သာတဲ့ လုပ်ငန်းသုံး ကျွိကျွိဆိုဒ်ကြီးများ ဝယ်ယူရရှိနိုင်ပါပြီ ♥️

✅Hand Gel
✅Alcohol Spray
✅ပန်းကန်ဆေး ဆပ်ပြာဆီ
✅မီးဖိုချောင်သန့်စင်ဆေးရည်
✅မှန်ကြည်ဆေးရည်များကို 5000ml ပုံးမှစ၍ ဂါလံပုံးများအထိ ရရှိနိုင်ပါတယ်။

ပိုများတယ်
ပိုတန်တယ်
ပိုတွက်ခြေကိုက်တယ်

လက်ကားစျေးသီးသန့်ရှိပါတယ်။ Messenger မှတစ်ဆင့် မှာယူနိုင်ပါပြီ။

17/10/2020

ကျွန်မတို့ အိမ်ရှင်မတွေ ချက်ပြုတ်လျှော်ဖွပ်ရင်း အချိန်အများဆုံး ကုန်ဆုံးဖြစ်တဲ့ နောက်ဖေးမီးဖိုချောင်လေး သန့်ရှင်းမွှေးပျံ့နေဖို့ ကျွိကျွိရှိပါတယ် 😊😊

🍋🍋ကျွိကျွိ ပန်းကန်ဆေးဆပ်ပြာဆီ
🍋🍋ကျွိကျွိ မီးဖိုချောင်သန့်စင်ဆေးရည်တွေဟာ တစ်ချက်တည်းနဲ့ သန့်ရှင်းတောက်ပြောင်သွားစေရုံသာမက သံပုရာရနံ့ သင်းပျံ့စွဲကျန်စေပါတယ်။

သန့်ရှင်းမွှေးပျံ့တဲ့ မီးဖိုချောင်လေးဖြစ်ဖို့ ကျွိကျွိလေးကို မမေ့နဲ့နော်✨

#သန့်ရှင်းတောက်ပြောင်ကျွိကျွိကိုဆောင်

17/10/2020

ကျွိကျွိ သန့်ရှင်းရေးသုံးပစ္စည်းတွေက သုံးရတာ အရမ်းအဆင်ပြေပြီး တစ်ချက်တည်းနဲ့ သန့်ရှင်းပေးနိုင်တော့ အချိန်မကုန် လူမပင်ပန်းဘူးလေ။ ကျွိကျွိနဲ့ဆို အလှမပျက် ချွေးမထွက်ဘဲ တစ်အိမ်လုံး သန့်ရှင်းရေး လုပ်လို့ရတယ် 😎😎

17/10/2020

Alcohol Spray က ပိုးသတ်ဖို့တင်မဟုတ်ဘူးနော်။ ဒီလိုနေရာတွေမှာလည် သုံးလို့ရတယ်
💧စတီးပစ္စည်းတွေ (ဥပမာ ရေပိုက်ခေါင်း၊ လက်ရန်း) အစွန်းအထင်းကင်းပြီး သန့်ရှင်းသွားအောင် သုံးလို့ရပါတယ်
💧မှန်တင်ခုံမှာ မိတ်ကပ်နဲ့ ဆံပင်သုံး စပရေးတွေကြောင့် ပေကျံနေတာတွေကိုလည်း သန့်ရှင်းလို့ရတယ်
💧ဝှိုက်ဘုတ်က ဖျက်လို့မရတဲ့မှင်တွေကိုလည်း ဖျက်လို့ရပါတယ်
💧ကွန်ပျူတာနဲ့ ဖုန်းမျက်နှာပြင်တွေ သန့်ရှင်းဖို့လည်း အသုံးပြုနိုင်ပါတယ်
💧ဖုန်းကြိုး၊ ပလပ်ခေါင်းနဲ့ ဝါယာကြိုးပေါ်က အစွန်းအထင်းတွေ ဖျောက်ဖို့လည်း အသုံးပြုနိုင်ပါတယ်
💧ဓာတ်လှေကားခလုတ်နဲ့ တံခါးလက်ကိုင်လိုမျိုး လူအများထိတွေ့တဲ့နေရာတွေကိုလည်း ပိုးသေအောင် ဖြန်းပေးလို့ရပါတယ်။

နေရာတော်တော်များများမှာ Alcohol Spray ကိုသုံးလို့ရတယ်ဆိုတော့ အရမ်းအဆင်ပြေတယ်နော်။ သင်ရော Alcohol Spray ကို ဘယ်လိုနေရာတွေမှာ သုံးနေလဲ? ကောမန့်မှာ မျှဝေပေးခဲ့ပါဦး

16/10/2020

အစားအစာတွေ ပြင်ဆင်ချက်ပြုတ်ရတဲ့ မီးဖိုချောင်ထဲမှာ အသုံးပြုရတဲ့ ပစ္စည်းတွေကအားလုံးက သန့်ရှင်းနေဖို့ လိုပါတယ်။ မီးဖိုထဲမှာ အိုးခွက်ပန်းကန်တွေတင်မက အချိန်မှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်တဲ့အရာတွေ အများကြီး ရှိပါတယ်။ သင့်အနေနဲ့ ဒီပစ္စည်းတွေကိုရော သန့်ရှင်းရေး လုပ်ဖြစ်လား မေ့နေတာလားဆိုတာ တစ်ချက်လောက် စစ်ကြည့်ရအောင်

✨မီးဖို - ချက်ပြုတ်ဖို့ နေ့တိုင်းသုံးနေရတဲ့ မီးဖိုလေးကိုလည်း ဆီချေးတွေ၊ အညစ်အကြေးတွေကင်းအောင် သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်
✨ညှော်စုပ်စက် - ညှော်စုပ်စက်အတွင်း အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ခိုအောင်းမနေဖို့ ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါနော်
✨အမှိုက်ပုံး - အမှိုက်ပုံးကို ဖွင့်ပြီးတိုင်း လက်မဆေးဘူး ဟုတ်! အမှိုက်ပုံးကလည်း ဘက်တီးရီးယားတွေ အများကြီး ကပ်တွယ်နေနိုင်တဲ့အတွက် ပုံးအတွင်းအပြင် ဆပ်ပြာနဲ့ ပုံမှန်ဆေးကြောပေးဖို့ လိုပါတယ်။
✨ဘီရိုနဲ့ စင်များ - ပစ္စည်းတွေသိမ်းဆည်းတဲ့ စင်နဲ့ ဘီရိုတွေကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့ မမေ့နဲ့နော်
✨ရေခဲသေတ္တာနဲ့ Microwave - အစားအသောက်တွေ တိုက်ရိုက်ထည့်ထားရတဲ့ ရေခဲသေတ္တာနဲ့ Microwave တွေကိုလည်း အနည်းဆုံး တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်
✨ပန်းကန်စင်နဲ့ ဇွန်းထည့်ခွက် - ဒါတွေကလည်း အစားအသောက်ထည့်စားတဲ့ ပန်းကန်တွေ ဇွန်းတွေ သိမ်းဆည်းတဲ့နေရာမို့ အမြဲသန့်ရှင်းပေးဖို့ လိုပါတယ်။
✨ပန်းကန်ဆေးရေမြှုပ် - အမြဲရေစိုနေပြီး ပိုးမွှားတွေ ခိုအောင်းနေနိုင်တာမို့ အသစ်မလဲဖြစ်သေးရင်တောင် ရေနွေပူပူထဲမှာစိမ်ပြီး ဆပ်ပြာနဲ့ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်
✨ဘေစင်ရေပိုက်လိုင်း - ဆေးကြောလိုက်သမျှ စားကြွင်းစားကျန်တွေက ရေပိုက်လိုင်းထဲမှာ ကျန်နေနိုင်တာမို့ ရေနွေးပူလောင်းချပြီးတော့ပဲဖြစ်ဖြစ် သန့်ရှင်းပေးဖို့ မမေ့ပါနဲ့

16/10/2020

ကျွိကျွိ သန့်ရှင်းရေးသုံးပစ္စည်းတွေကို တွက်ခြေပိုကိုက်တဲ့ လုပ်ငန်းသုံး ဟဲဗီးဆိုဒ်တွေနဲ့ ဝယ်လို့ရပြီနော်

ဆက်သွယ်ရန်
☎️09425525502
☎️09425525503
☎️09425525504

16/10/2020

✅ ပိုးသတ်လိုတဲ့ နေရာကို Alcohol Spray နဲ့ နှံ့စပ်အောင်ဖြန်းပါ

✅ အဝတ်နဲ့ ပြန်သုတ်မယ်ဆို အနည်းဆုံး စက္ကန့်(၂၀)ကြာထားပြီးမှ သုတ်ပါ။

အဝတ်ကလည်း သန့်ရှင်းတဲ့ အဝတ်ဖြစ်ဖို့လိုပါတယ်။ မသုတ်ခင် အဝတ်ကိုလည်း Alcohol Spray နဲ့ ဖြန်းပေးနိုင်ပါတယ်

✅ ဒါမှမဟုတ် ပြန်မသုတ်ဘဲ Alcohol တွေ ခြောက်သွေ့ထားတဲ့အထိ ထားနိုင်ပါတယ်

15/10/2020

သန့်ရှင်းရေး လုပ်ရခက်နေရင် မှန်တွေကို တစ်ချက်တည်းပြောင်လက်သွားစေမယ့် ကျွိကျွိမှန်ကြည်ဆေးလည်း ဆိုင်တော်တော်များများမှာ အလွယ်တကူ ဝယ်လို့ရနေပါပြီနော်။

ကျွိကျွိနဲ့ သန့်ရှင်းလှပတဲ့ အိမ်ဂေဟာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်

15/10/2020

တော်တော်များများက သန့်ရှင်းရေးလုပ်ရတာ အရမ်းပင်ပန်းတယ်၊ မလုပ်ချင်ဘူးဆိုပြီး လက်ရှောင်တတ်ကြပါတယ်။ တကယ်က မခက်ပါဘူးနော်။ နည်းလမ်းသိရင် အလွယ်လေးပါ။ သန့်ရှင်းရေးကို နည်းစနစ်တကျလုပ်ရင် မပင်မပန်း ခဏလေးနဲ့ ပြီးသွားမှာပါ? အခုပိတ်ရက်မှာ လက်တွေ့စမ်းကြည့်လိုက်နော်

✅တစ်နေရာတည်းကွက်မရှင်းဘဲ တစ်အိမ်လုံးရှင်းပါ
အမလေးးး စကတည်းက ပင်ပန်းမယ့်ကိစ္စတွေ ပြောနေပြီလို့ မထင်လိုက်ပါနဲ့။ ဆိုလိုချင်တာက တံမြက်စည်းလှည်းမယ်ဆိုလည်း တစ်အိမ်လုံးပြီးအောင်လှည်းပါ။ ကြမ်းတိုက်မယ်ဆိုလည်း တစ်အိမ်လုံးတိုက်ပါ။ တစ်ခန်းတည်းအစအဆုံးရှင်းပြီးမှ နောက်တစ်ခန်းရှင်းမယ်ဆိုရင် မပြီးဆုံးနိုင်သော အလုပ်တွေကို အစကပြန်လုပ်နေရသလိုဖြစ်ပြီး ပိုပင်ပန်းတယ်လို့ ထင်ရပါတယ်။

✅အသုံးမလိုတာတွေ အရင်ရှင်းပါ
တံမြက်စည်းလှည်းတာ ဖုန်သုတ်တာတွေမလုပ်မီ မလိုတော့တဲ့၊ မသုံးတော့တဲ့ ပစ္စည်းတွေကို ရှင်းထုတ်ပြီး တစ်နေရာမှာ စုထားလိုက်ပါ။ အသုံးမလိုဘူးဆို ပစ်ဖို့လည်း မနှမြောပါနဲ့။ မလိုတဲ့ပစ္စည်းတွေကို ပစ်ထုတ်လိုက်တဲ့အခါ သန့်ရှင်းရေးလုပ်ရတာလည်း ဝန်ပေါ့စေပါတယ်။

✅အပေါ်ကနေ အောက်ကိုရှင်းပါ
မျက်နှာကျက်၊ ပြတင်းပေါက်၊ ပရိဘောဂ၊ ကြမ်းပြင်၊ အိမ်သာ ရေချိုးခန်း စသဖြင့် အစဉ်လိုက် သန့်ရှင်းရေးပြုလုပ်ပါ။ ဖုန်တွေရှင်းနေတဲ့အချိန်မှာ ပန်ကာတွေ ပိတ်ထားဖို့လည်း မမေ့ပါနဲ့

✅အိမ်ကလူတွေနဲ့ ပူးပေါင်းပြီး သန့်ရှင်းရေးလုပ်ပါ
အားလပ်ရက်တွေဆို တာဝန်တွေခွဲပြီးလုပ်တာက ပိုပြီး မြန်မြန်ဆန်ဆန်ပြီးသလို မပင်ပန်းတော့ပါဘူး။ ဥပမာ တစ်ယောက်က ပြတင်းပေါက်တွေ သန့်ရှင်းရေးလုပ်တယ်ဆို တစ်ယောက်က ပရိဘောဂတွေ ဖုန်သုတ်တာမျိုးပေါ့

အပတ်စဉ် ပုံမှန်ပြုလုပ်ပေးမယ်ဆို အိမ်လေးက သန့်ရှင်းပြီး နေရတာလည်း စိတ်ကြည်လင်လန်းဆန်းစေမှာပါ။ သန့်ရှင်းရေးလုပ်ရတာ ပိုပြီးလွယ်ကူဖို့ ကျွိကျွိသန့်ရှင်းရေးသုံးပစ္စည်းတွေ ရှိတယ်နော်။ တစ်ချက်တည်းနဲ့ ပြောင်လက်သန့်ရှင်းစေပြီး နီးစပ်ရာ စတိုးဆိုင်တွေမှာ ဝယ်ယူလို့ရနေပါပြီ။ သန့်ရှင်းရေးသုံးပစ္စည်းဆို ကျွိကျွိကိုပဲ သတိရလိုက်ပါ။

15/10/2020

သင့်ကုမ္ပဏီအမှတ်တံဆိပ်နဲ့ လက်သန့်စင်ဆေးရည်ဘူးလေးတွေ လှူချင်ပါသလား? ရောင်းချင်ပါသလား?

ကျွန်တော်တို့ Jui Jui မှ ထိုင်းနိုင်ငံထုတ် အဆင့်မြင့်ကုန်ကြမ်းများကိုအသုံးပြုပြီး ကမ္ဘာ့အဆင့်မီ အသိအမှတ်ပြု လက်မှတ်ရ စက်ရုံကြီးဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ အလျင်အမြန် ထုတ်လုပ်ပေးနေပါပြီ။ သင့်ကုမ္ပဏီအမှတ်တံဆိပ်ပါ လက်သန့်စင်ဆေးရည်ဘူးတွေကို 60ml, 400ml, 500ml အရွယ်အစားသုံးမျိုးဖြင့် စျေးနှုန်းချိုသာစွာ မှာယူရရှိနိုင်ပါပြီ

ဆက်သွယ်ရန်
☎️09425525502
☎️09425525503
☎️09425525504

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Jui Jui Home Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.