Amethyst
Beauty and skincare products. Kids Goods
04/01/2023
20/10/2022
JMsolution ရဲ့ series အသစ်ဖြစ်တဲ့ ရှယ်တန်ပြီး ရှယ်မိုက်တဲ့ B5 Seri လေး ရှိပါတယ်💦
Senstive သမားတွေနဲ့ Dry Skin အတွက် တကယ် အဖိုးတန်တဲ့ Seriကြီးနော်💧
သူက Set လိုက်မဝယ်ချင်လည်း တစ်မျိုးခြင်းစီလည်းဝယ်လို့ရသေးတာနော်🌊
သူ.မှာ Facial Foam /Toner / Serum /Emulsion /Cream အစုံပါသေးတာနော် 😍
20/10/2022
JMsolution ရဲ့B5 Hya Moisturizing Serum Emulsion လေးရှိပြီနော်💧
JMsolutionရဲ့ ပထမဆုံး Emulsion ကို သီးသန့်ထွက်တဲ့ Series လေးနော်💦
JMရဲ့တစ်ခြား Emulsionတွေနဲ့ မတူတာက Emulsion ကိုမှ Serum Effect ပါ ထပ်ပါသေးတယ် အိုရှယ်ပဲပေါ့😍
Senstive သမားတွေကအစသုံးလို့ရပြီး ရေဓာတ်ကို Deep Moisturizing လုပ်ပေးနိုင်ပါသော B5🌊
ဝက်ခြံ ရောင်ရမ်းပြီး နီမြန်းကြိမ်းစက်ခြင်း တွေသက်သာစေတယ် 💦
ရေဓာတ်ပြည့်ဝတဲ့အသားရေလေးက တင်းရင်းနေမှာမို့ အရေးအကြောင်းတွေပျောက်စေတယ်❗❗
အဆီပြန်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ရေဓာတ်တွေ ပြန်ဖြည့်ပေးနိုင်တယ်❣
Texture က တခြား Emulsion တွေနဲ့မတူပဲ ကပ်စေးစေးမရှိဘူးနော် 💓💓
Price - 20900Ks
01/10/2022
Sensitive Skin မို့ ဒါမှမဟုတ် အသားအရည်တစ်ခုခုဖြစ်သွားမှာကြောက်လို့ လိုအပ်မှန်းသိပေမယ့် Active Ingredient တွေတော့ မသုံးရဲသေးဘူးဆိုတဲ့သူတွေအတွက် အစားထိုးသုံးလို့ရတဲ့ Ingredient တွေအကြောင်း
အတိုလေး sharing လုပ်ချင်ပါတယ်နော်
👉Ingredient Highlight တွေရေးရင် ချယ်အမြဲထည့်ပြောလေ့ရှိသလို Actives တွေထည့်သုံးရင်တော့ Skin က ပိုပြီး သိသာပါတယ် ထိရောက်တဲ့အချိန်လည်း မြန်ပါတယ် ဒါပေမယ့် အဲ့ဒီ့ Actives တွေ routine ထဲ ထည့်သုံးလိုက်မှ အသားအရည်က breakouts, purging, irritation ဖြစ်သွားလို့ ပြန်လိုက်ကုနေရတာမျိုး မရှိအောင် Kbeauty ထဲက နာမည်ကြီး Ingredient တွေလည်း အစားထိုးပြီး စိတ်ချလက်ချသုံးကြမယ်နော်
👉နောက်ပြီး Actives တွေကကျတော့ product ဝယ်တဲ့အခါ skin type အလိုက် ဝယ်ရတာမျိုးရှိတယ် Kbeauty Ingredient (ပုံထဲမှာတော့ Natural လို့ပဲ ခေါင်းစဉ်တပ်ထားတယ်) တွေကကျတော့
- all skin types သုံးလို့ရတယ်
- ကြိုက်တာနဲ့လည်း တွဲလို့ရတယ်နော်
အဲ့တော့ ဘာတွေလည်း ဆိုတော့
1) Retinol - Bakuchiol
Retinol ရဲ့ cell turnover function အတိုင်း အလုပ်လုပ်ပေးနိုင်တာတော့ Bakuchiol ပဲရှိပါသေးတယ် Bakuchiol မှာမှ လောလောဆယ် Innovative ဖြစ်တဲ့ Neogen Bakuchiol Serum ပဲ ထိပ်ဆုံးဖြစ်နေတယ်
Retinol သေချာသုံးရင် အသားအရည်က ချောမွေ့ပြီး လုံး၀ perfect skin နီးပါးဖြစ်တာမျိုးကို မမှီပေမယ့် Bakuchiol လည်း အထိုက်အလျောက်တော့ အသားအရည်တင်းတာ ချွေးပေါက်ကျဉ်းစေတာမျိုးရစေတယ်နော်
2) Niacinamide - Green Tea
Skincare ရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ Oil - Water balance ဖြစ်စေဖို့ တစ်နည်းပြောရရင် အဆီပြန်တာသက်သာပြီး ရေဓာတ်လည်းဖြည့်ပေးနိုင်််််တဲ့ Skincare Ingredient တွေရဲ့ ဘုရင် Niacinamide ကိုတော့ လူတိုင်း သိကြမှာပါ
Niacinamide နဲ့ အလုပ်လုပ်ပုံချင်း တူတာကတော့ Green Tea ပါပဲ
အပေါ်မှာပြောခဲ့သလို Actives ဖြစ်တဲ့ Niacinamide လောက်တော့ ထိရောက်တာ သိသာတာ မမြန်ပေမယ့် အချိန်ကြာ သုံးပေးမယ်ဆို Green Tea က Oily - combination skin အတွက် Hydrating/Brightening effect အသားအရည်စိုပြေပြီးဝင်းသွားစေမှာပါ
လတ်တလောတော့ Green Tea ထဲမှာ B.Lab Matcha Hydrating Ampoule လေး သဘောကျနေမိပါတယ် (Review coming soon) 💚
3) AHA
AHA ကတော့ ချယ်အကြိုက်ဆုံး actives ထဲမှာပါတယ် သုံးတတ်ရင် အရမ်းသိသာတယ် Retinol လောက်လည်း အာရုံမစိုက်ရဘူး ဒါမယ့်လည်း AHA ပါတဲ့ Toner မျိုးသုံးရင် ရှေ့နောက်တွဲသုံးဖို့ကို စိတ်ပူရလို့ အစားထိုးသုံးချင်တယ်ဆို Rice ပါတာကို သုံးလို့ရပါတယ်နော်
Rice Extract ဆန်ကရတဲ့ extract ကို skincare မှာသုံးတဲ့အခါ AHA လိုမျိုးပဲ အသားကြည်စေပါတယ် AHA ကတော့ actives ဖြစ်လို့ ပိုပြီးကြည်တောက်ရှင်းနေတဲ့ look ကိုရပါတယ် Rice လိမ်းရင်ကျတော့ ချယ်နဲ့တူတဲ့ Han So Hee လို အသားကြည်ပြီး စိုစိုအိအိလို look မျိုးပါ
အာ့ဆို ဆက်ပြောမယ်နော် ...
Rice ထဲမှာဆိုရင်တော့ I'm from Rice Toner ကအကောင်းဆုံးပဲ
အဲ့ဒါ့ပြီးရင်တော့ Beauty of Joseon Rice + Arbutin Serum ကို
မနက် Sunscreen မတိုင်ခင်လိမ်းရင် အသားအရည်တော်တော်သိသာပါတယ် 😘
4) BHA
BHA ကတော့ အမှန်အတိုင်းပြောရရင် ချယ်လည်း လန့်တယ် Paula Choice ရဲ့ 2% BHA Exfoliant နဲ့မတည့်ပြီးတည်းက ဘာ BHA မှမသုံးရဲတော့တာ နောက်ပိုင်းမှ Cerave SA Cleancer, Benton BHA Toner, Glow Recipe Watermelon Toner တို့နဲ့ပဲ နည်းနည်းအဆင်ပြေတယ်
BHA ရဲ့ အဓိက function က clogged pores ချွေးပေါက်ပိတ်ပြီး ထွက်လာတဲ့ breakouts တွေကို သက်သာစေတယ် အဆီအရမ်းပြန်တာမျိုးနဲ့ ချွေးပေါက်ကျယ်တာလည်း သက်သာစေတယ် အဲ့ဒါနဲ့ လုံး၀ ချွတ်စွတ်နီးပါး တူတာကတော့ Galactomyces ပဲဲ Galactomyces ကို သိပ်မသိကြဘူး ဒါမယ့် Iunik Rose Serum သုံးဖူးတဲ့သူတွေတော့ သိလိမ့်မယ်
ချွေးပေါက်ကျယ် အဆီပြန် အဆီဖုထွက်တာ သက်သာချင်ရင်
BHA အစား သုံးကြည့်နော် 😇
5) Ceramides
Skin Barrier ကောင်းစေဖို့အတွက် No.1 ဆရာကြီး Ceramides ကို မှီတာတော့ Snail ပါပဲရှင် ဒီတစ်ခုမှာတော့ Ceramides ထပ် Snail ကို ပိုကြိုက်တယ်လို့တောင် ပြောလို့ရတယ်
Skin Barrier Damaged ဖြစ်ပြီး အသားအရည်ပါး ဘာမှလိမ်းလို့မရတာမျိုး scars အမာရွတ်ရှိနေတာမျိုးဆို Snail Mucin ပါတာသာ လိမ်းပါ
ဒါမှမဟုတ် ပုံမှန် skincare routine မှာ အမြဲတမ်း ထည့်သုံးပေးလည်းရပါတယ်ရှင် ချယ်ကတော့ ခရုခရမ်းလေး Neogen Cica Snail Essence လေးကို အကြိုက်ဆုံးပါ 🐌 ပုံထဲမှာတော့ အားလုံးမြင်အောင် Cosrx Snail Essence လေးပဲ ပြထားတယ် Cosrx က တော့စျေးကြီးတယ်
6) Vitamin C
အမဲစက်သက်သာစေဖို့ ဒါမှမဟုတ် မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ Antioxidant အနေနဲ့ Vitamin C သုံးဖို့ကို အရေပြားဆရာဝန်တွေကအစ
အမြဲတိုက်တွန်းကြပါတယ် ဒါပေမယ့် Vitamin C က အရမ်းအလုပ်ရှုပ်ပါတယ် အထူးသဖြင့် ဘူးတွေက Oxidized ဖြစ်လွယ်ပြီး အဝါရောင်ပြောင်းသွားရင် ဆက်သုံးလို့မရတာ့ ဝယ်ထားလည်း တစ်ခါတစ်လေကျ လကားဖြစ်ကုန်တယ်
နောက်ပြီး Retinol လိုပဲ Vitamin C လည်း irritation ဖြစ်တတ်တယ်
ချယ်ဆိုလည်း မတည့်ဘူး အဲ့ဒါ့ကြောင့် Skin Brightening ဒါမှမဟုတ် Hyperpigmentation (PIH) အမဲစက်အမာရွတ်မျိုးအတွက် Vitamin C
သုံးချင်တယ်ဆိုရင်တော့ Tangerine ပါတဲ့ skincare သုံးပေးလို့ရပါတယ်
Chaenomeles sinensis ချဉ်စော်ခါးသီးပါတာဆိုလည်း Vit C လိုမျိုးပဲ
ဒါပေမယ့် Tangerine ကကျ Ascorbic Acid (Vit C) effect ပြည့်ပြည့်၀၀ရတယ် အဲ့အတွက် One Thing Tangerine Serum လေးသုံးလို့ရတယ်နော် 🍋
7) Hyaluronic Acid
Hydrating ရေဓာတ်ဖြည့်တယ်ဆိုပြီး လူတိုင်းသိကြတဲ့ HA အစား Bamboo သုံးပေးလို့ရပါတယ် ချယ်က HA ထပ် Bamboo တောင် ပိုကြိုက်တယ်
အထူးသဖြင့် Dehydrated Skin တွေအတွက်် အသားအရည်အတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးနိုင်လို့ Bamboo သုံးပေးရင် မျက်နှာကစိုပြေလာမယ် Dehydrated ဖြစ်တာ သက်သာလာရင် skin texture လည်း ကောင်းလာမယ် အသားကြမ်းကြမ်းကြီးမဖြစ်ဘဲ ညီလာမယ်နော်
Bamboo ဆိုရင်တော့ Bring Green ရဲ့ Bamboo သာသုံးပါ
Toner, Ampoule, Moisturizer အကုန်ကောင်းတယ် 💦
8) Azelaic Acid
Azelaic Acid ကိုတော့ သိပ်မသိလောက်ဘူးထင်တယ် အဓိက သူက PIE ဝက်ခြံအမာရွတ်အနီစက်တွေ သက်သာစေတာပါ
ကောင်းတာဆိုလို့ Paula Choice Azelaic Acid ပဲရှိတယ်
Ordinary Azelaic Acid ကကျ လိမ်းလို့မကောင်းဘူး ခြောက်ခြောက်ကပ်ကပ်ကြီးနဲ့ ဟိုမရောက်ဒီမရောက်ဖြစ်တယ် ထားပါတော့
Azelaic Acid ကိုလည်း သိပ်မသိ မကျွမ်းကျင် PIE လည်းသက်သာချင်ရင်တော့ Centella (Cica) သာသုံးပါ Cica ကို တစ်ပေါက်နှစ်ပေါက်ထည့်ထားမှာ မဟုတ်ဘဲ Main Ingredient အနေနဲ့ အားရပါးရပါတဲ့ One Thing Centella Toner တို့ Purito Unscented Serum တို့ သုံးစေချင်ပါတယ်နော် ဝယ်ရလည်း လွယ်ပါတယ် routine ထဲလည်း ကြိုက်သလိုတွဲသုံးလို့ရတယ် 🌱
ဒီလောက်ဆိုရင်တော့ Actives မသုံးရဲသေးတဲ့သူတွေ sensitive skin တွေအတွက် ကိုယ့်အသားအရည်နဲ့ လိုအပ်မှာကို ရွေးချယ်ဝယ်ယူဖို့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်
Ingredient တွေထဲ ဘာကို အကြိုက်ဆုံးလဲ
အသစ်ရော Try ချင်တာ ရှိလား ပြောခဲ့နော်
ချယ်အကြိုက်ဆုံးကတော့ Snail နဲ့ Rice
အသစ် Try စရာတော့ ရှိတော့ပု
ဒီမျက်နှာသေးသေးလေးပေါ အကုန်တင်ဖူးနေပြီ
ဟီး 🫢
Kiss the Skin 💋
29/09/2022
Daily Makeup Lookအတွက်လား❣
မိတ်ကပ်လိမ်းထားမှန်း မသိသာပဲ မျက်နှာပြောင်လေးလို လှနေတာ လိုချင်လား😘
❤ Rokkissရဲ့Whitening Milkybly Tone Up Creamလေးရှိတယ်နော် 💖
❤ skin toneတစ်ဆင့်မြှင့်ပေးနိုင်တယ်
❤လိမ်းရတာ ပေါ့ပါးတယ်
❤ကြာသွားလို့ မဲတာ ပြာလာတာ မရှိဘူး
❤အဆီပြန်တာမျိုးလည်းမရှိဘူး
ဒါလေးက ဟိုနားဒီနားသွားရုံလောက် မိတ်ကပ်မလိမ်းချင်တဲ့သူတွေအဆင်ပြေတယ်💕
မိတ်ကပ်တွေကြောင့် ချွေးပေါက်ပိတ်ပြီး အဆီဖုတွေထွက်တတ်တယ် အဲ့တာကြောင့် အမြဲလိမ်းဖို့ အဆင်မပြေဘူးနော်❤
အဲ့တာကြောင့် မိတ်ကပ်အစားထိုးသုံးဖို့တစ်ခုခုရှာနေမယ်ဆို ဒီ Tone Up Cream လေးကို စမ်းသုံးကြည့်လိုက်နော်
❣
သူက မိတ်ကပ်မဟုတ်တဲ့အတွက်ကြောင့်Full coverage တော့မလုပ်ပေးနိုင်ဘူး အသားရည်တစ်ဆင့်တက်သွား ဖြူသွားအောင်ပဲလုပ်ပေးမယ်
(အသားအရမ်းညိုတဲ့သူတွေဆို လိမ်းလိုက်ရင် ချက်ချင်း အသားညီသွားတာမျိုးမဟုတ်ပဲ ခဏလောက်စောင့်မှအသားရေ ညီသွားမယ် အသားဖြူတဲ့သူဆို လုံးဝmust tryပါ အသားလတ်တဲ့သူလည်း အဆင်ပြေပါတယ်)💕
17600Ks
20/09/2022
Sun Screen is essential in your basic skincare.
Skin care လုပ်ဖို့ကို အဆင့်တွေအများကြီး မလုပ်ချင်ဘူး။ budget ချွေတာတဲ့အနေနဲ့ minimalism အနည်းဆုံးသုံးမယ်ဆိုရင်တောင် sunscreen က မရှိမဖြစ်ပါနော်။ အနည်းဆုံး cleanser, moisturizer, sunscreen က သုံးကိုသုံးပေးရပါမယ်
Sunscreen သုံးဖို့ ရွေးချယ်မယ်ဆိုရင် JMsolution နဲ့ Rokkiss Sun Screen လေး ရှိတယ်နော် 🌞
Cream type လား Spray type လား လေဒီ ကြိုက်တာ ရွေးလိုက်တော့ ...
JM solution ထဲမှာ ဆိုရင် Pearl Sun Creamရယ် Sun Spray သုံးမျိုးရယ် ရှိပါတယ်
Rokkiss ထဲမှာ ဆိုရင် ကလေးကအစ လူကြီးအထိ တစ်မိသားစုလုံး သုံးလို့ရတဲ့ Organic Sun Cream လေး ရှိပါတယ် 👨👩👧👦
အကုန်လုံးက SPF 50+ PA ++++ ပါလို့ နေရောင်ဒဏ်မှ လုံလုံလောက်လောက် ကာကွယ်ပေးနိုင်ပါတယ်
Texture ကလည်း ပေါ့ပေါ့ပါးပါးနဲ့ စေးကပ်မှု မရှိလို့ အရမ်း အဆင်ပြေတယ်
Sensitive Skin နဲ့ ဝက်ခြံသမားအတွက်ဆို JMsolution Ceramide Sun Spray နဲ့ Rokkiss Sun Cream လေး သုံးလို့ရတယ်နော်
09/07/2022
" 𝗝𝗠𝘀𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗚𝗹𝗼𝘄 𝗙𝗶𝗹𝗹 𝗦𝗽𝗮 𝗦𝗲𝗿𝘂𝗺 - 𝟱𝟬 𝗺𝗹 "
JMsolutionရဲ့ Glow Spa Series ထဲက Serum လေးပါ
သူလည်း Spa Tonerလိုပဲ သူ့ကို သုံးပြီးတာနဲ့ မျက်နှာလေးက Spaမှာ လုပ်ထားသလို Glowပြီး ကြည်လင်သွားတာ🥰✨
(၂ )မျိုးလုံး သုံးရင်တော့ ပို Glowတာပေါ့နော် 💯✨
☑ထင်းရှူးရေ 73% ပါဝင်လို့ ခြောက်သွေ့ ကြမ်းတမ်းတဲ့ အသားအရေကို ရေဓါတ်ဖြည့်ပေးပြီး နူးညံ့ချောမွတ်စေပါတယ်
☑ အသားအရေ ကြည်ပြီးလင်းစေတယ်
☑skin toneကိုလည်း ညီလာစေတယ်
☑ Mild formula နဲ့ ထုတ်ထားတာဖြစ်လို့ Sensitive skinကအစ သုံးလို့ရပါတယ်
Tonerလေး သုံးပြီး ဒီ Spa Serumလေး ထပ် လိမ်းလိုက်ရင် ဂလိုးပြီးရင်း ဂလိုးနေမှာ 🤩✨
🏷Price - 23000 Ks
✅Instock
🇰🇷Made In Korea
30/06/2022
🍯🐝 𝙅𝙈𝙨𝙤𝙡𝙪𝙩𝙞𝙤𝙣 𝙃𝙤𝙣𝙚𝙮 𝙇𝙪𝙢𝙞𝙣𝙤𝙪𝙨 𝙍𝙤𝙮𝙖𝙡 𝙋𝙧𝙤𝙥𝙤𝙡𝙞𝙨 𝙀𝙮𝙚 𝘾𝙧𝙚𝙖𝙢 𝘼𝙡𝙡 𝙁𝙖𝙘𝙚 𝘽𝙡𝙖𝙘𝙠 👀 💛
Stainless steel ball လေးနဲ့ massage လုပ်ပြီးလိမ်းလို့ရတော့ လက်နဲ့လိမ်းစရာမလိုတော့ဘူး
✨️အရေးအကြောင်းတွေ သက်သာစေတဲ့အပြင် Whitening effect ပါဝင်လို့ မျက်ကွင်းညိုတာ အသားအရောင် မညီမညာဖြစ်တာကိုလည်း သက်သာစေပါတယ်
✨️Royal Propolis ပါဝင်လို့ အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်ပေးပါတယ်
✨️Moisturizing Serum Cream က မျက်လုံးတစ်ဝိုက်ကို အစိုဓါတ်ပြည့်ဝစေပြီး တင်းရင်းစေပါတယ်
ဒီ Roll-on Eye Cream လေးကို မျက်လုံးတစ်ဝိုက်သာမက smile line နဲ့ မျက်ခုံးကြား အစရှိတဲ့ အရေးအကြောင်း ဖြစ်ပေါ်တတ်တဲ့ နေရာတွေကိုလည်း အသုံးပြုနိုင်ပါတယ်
✨️Roll-on applicator လေးက cooling effect ပါဝင်ပြီး ခရုင်မ်စုပ်ယူမှု အားကောင်းအောင် ကူညီပေးပါတယ်
ဒါအပြင့် အဖွင့်အပိတ်လုပ်လို့ရတဲ့ ခလုပ်လေးပါလို့ လေမဝင်အောင် တားဆီးပေးနိုင်ပြီး အမြဲ လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ် ✔️
30000Ks for 1set(2pcs)
✅ Made In Korea ✅
29/06/2022
ဝက်ခြံ အဆီဖုသမားများအတွက် JMsolution Green Dear Tiger Cica Mask Pure 🐯🍀
🍀soothing and calming care လုပ်ပေးလို့ ဝက်ခြံကြောင့် နီမြန်း ရောင်းရမ်းခြင်းကို သက်သာစေပါတယ်
🍀 deep moisturizing လုပ်ပေးလို့ အသားအရေကို အစိုဓါတ်ပြည့်ဝစေပါတယ်
🍀အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်ပေးပြီး အသားအရေတင်းရင်းစေပါတယ်
ဝက်ခြံ ၊ အဆီဖုတွေသမားများသာမက အသားအရေခြောက်သွေ့ သူများအတွက်လည်း သင့်တော်ပါတယ် 💯
1 sheet - 1700 Ks
1box (10 sheets) - 17000 Ks
15/06/2022
🧒👧ကလေးများအတွက် 𝗚𝗼𝗰𝗵𝗲𝗼𝗹𝗻𝗮𝗺 𝗥𝗲𝗱 𝗚𝗶𝗻𝘀𝗲𝗻𝗴 (ဂျင်ဆင်းနီ ) ❤
𝗚𝗼𝗰𝗵𝗲𝗼𝗹𝗻𝗮𝗺 𝗥𝗲𝗱 𝗚𝗶𝗻𝘀𝗲𝗻𝗴 ( ဂျင်ဆင်းနီ ) ကို ကိုရီးယားနိုင်ငံက ထုတ်လုပ်ထားတာဖြစ်ပါတယ်။🇰🇷💯
ဂျင်ဆင်းနီထဲမှာပါတဲ့ အာဟာရဓါတ်တွေ တစ်ခုမကျန်ပါအောင်လို့ ကြိတ်ဆုံနဲ့ကြိတ်ပြီး ဘာတစ်ခုမှ မလွှင့်ပစ်ဘဲ အသုံးပြု ထားပါတယ်။💯✅
ဂျင်ဆင်းနီဟာဆိုရင် ဦးနှောက်စွမ်းရည် တိုးတက်စေပြီး မှတ်ဉာဏ်အား ကောင်းမွန်စေတာကြောင့် ကလေးများရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးပါတယ်။🧒🧠✨
ကလေးများရဲ့ အစားစားချင်စိတ်ကို မြှင့်တင်ပေးသည့်အပြင် အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။😋🏋♂️
ဂျင်းဆင်းနီက ကလေးများရဲ့ ကိုယ်ခံအားကို💪🏻👦 မြှင့်တင်ပေးတာကြောင့် ရာသီတုပ်ကွေးနှင့် ယခုလို ကမ္ဘာတစ်ဝှမ်း ကူးစက် ပျံ့နှံ့လျက်ရှိတဲ့ 🤒 Covid-19 ရောဂါမှ ကာကွယ်ပေးပါတယ်။
☑𝗚𝗼𝗰𝗵𝗲𝗼𝗹𝗻𝗮𝗺 𝗥𝗲𝗱 𝗚𝗶𝗻𝘀𝗲𝗻𝗴 ( ဂျင်ဆင်းနီ ) ကို အသက် (၂)နှစ်မှ (၉)နှစ်အထိ တိုက်ကျွေးနိုင်ပါတယ်။
🧒ကလေးများ ကြိုက်နှစ်သက်တဲ့ ဒိန်ချဥ်၊ ပျားရည်တို့နှင့်လည်း ရော၍ တိုက်နိုင်ပါတယ်။🐝🍯
🕛အစားစားပြီးချိန် (သို့) အစားစားနေချိန်အတွင်း တစ်နေ့လျှင် (၂)ထုပ် တိုက်နိုင်ပါတယ်။
✅ 1 pcs - 2500Ks
✅ 1 small box ( 10pcs) - 24000 Ks
✅ 1 big box ( 3 small boxes) - 66000 Ks
------------------------------------
Click here to claim your Sponsored Listing.
Category
Website
Address
Yangon