Moe yadanar

Moe yadanar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moe yadanar, Beauty, cosmetic & personal care, Yangon, Yangon.

Photos from Moe yadanar's post 28/01/2024

သူများမင်္ဂလာဆောင်မှာ😍😍😍

Photos from Moe yadanar's post 27/01/2024

Save memory

31/12/2023

အသက်အရွယ်ကို ဂရုမစိုက်ပါနဲ့။
သူများကို မထိခိုက်သရွေ့ သင်ပျော်ရွှင်ရာကို လုပ်ပါ။

တချို့တွေက ပျော်ရွှင်မှုကို
အသက်အရွယ်နဲ့ ကန့်သတ်ထားကြတယ်။

ဒီအရွယ်တွေက ပျော်ရမယ့်အရွယ်မဟုတ်တော့ဘူး။
ဒီအရွယ်က ရည်းစားထားရမယ့်အရွယ်မဟုတ် တော့ဘူး။

ဒီအရွယ်က အိမ်ထောင်ပြုရမယ့်အရွယ်မဟုတ်တော့ဘူး။
ဒီအရွယ်က ဘောင်းဘီဝတ်ရမယ့်အရွယ် မဟုတ်တော့ဘူး။

ဒီအရွယ်က အလုပ်လုပ်နေရမယ့်အရွယ်မဟုတ်တော့ဘူး။
ဒီအရွယ်က ခရီးတွေလျှောက်သွားပြီး
ဖလန်းဖလန်းထနေရမယ့်အရွယ်မဟုတ်တော့ဘူး။
စသဖြင့်ပေါ့.....

တကယ်တော့ အရွယ်ဆိုတာ လူတွေက ကန့်သတ်တာပါ။
ဘယ်အရွယ်မှာ ဘာလုပ်ရမယ်လို့ ဘယ်သူကမှ
ကန့်သတ်ပေးထားတာမရှိပါဘူး။

ပျော်ရွှင်မှုကို အရွယ်တစ်ခုကပဲ
အပိုင်သိမ်းထားခွင့်ရှိတာမဟုတ်ပါဘူး။

အသက် ၂ဝ အရွယ် သူများပျော်နေချိန်မှာ
တချို့တွေက အသက်မရှူနိုင်အောင် ရုန်းကန်ခဲ့ကြရတယ်။

ပျော်ရွှင်မှုလေး ခံစားခွင့်ရဖို့
ဘဝကို မောပန်းတကြီးတည်ဆောက်နေခဲ့ကြရတယ်။ အဆင်ပြေလာချိန်မှာ အသက် ၃ဝ ရောက်နေပြီ။
အသက် ၄ဝ တန်းရောက်နေပြီ။

ပျော်လို့ရတဲ့အချိန်မှာ ပျော်ရွှင်မှုကို ခံစားခွင့်ရတယ်။
သူများကို မထိခိုက်ဘူးဆိုရင် ဒါဟာ သူ့အတွက်
မျှတတဲ့အခွင့်အရေးပါ။

ဒါကြောင့် သူများကို မထိခိုက်ဘူးဆိုရင် အသက်အရွယ်ကို
ဂရုမစိုက်ပါနဲ့။
ပျော်ရွှင်မယ်ထင်တာ လွတ်လွတ်လပ်လပ်လုပ်ပါ။
ဘာလို့လဲဆိုတော့ သင်ကလည်း
သူများတွေလိုပဲ ပျော်ရွှင်မှုနဲ့ ထိုက်တန်လို့ပါ။

28/12/2023

သောကကင်းကင်းနဲ့ လွတ်လပ်စွာ
ရှင်သန်ချင်တဲ့ သူတစ်ယောက် ဖြစ်ချင်ရင်...

ဘယ်ပုခုံးမှ မမှီနဲ့...
ဘယ်သူ့ အရိပ်မှ မခိုနဲ့..
ဘယ်သူ့ကိုမှ မချစ်နဲ့....
ဘယ်သူ့ကိုမှ မချည်နှောင်ချင်နဲ့...
ဘယ်သူကမှလဲ ကိုယ့်ကို မချည်နှောင်စေနဲ့...

ကိုယ့်ဖြစ်တည်မှုလေးနဲ့ ကိုယ် ရှင်သန်ပါ ...
ကိုယ် နေတတ်သလိုလေး နေပါ...
ကိုယ့်ဘဝလေးနဲ့ ကိုယ် ပျော်ပါ...
ကိုယ့်အတွက်ပဲ ကိုယ် တွေးပါ....

တစ်ခါတစ်ရံ...
ပျော်ရွှင်ရမယ် ထင်တဲ့ ရပ်ဝန်းအချို့က
နာကျင်စေတဲ့ ရပ်ဝန်း ဖြစ်တတ်တယ်...

တစ်ခါတစ်ရံ...
လုံခြုံရမယ် ထင်တဲ့ အရိပ်တစ်ချို့က
ပူလောင်စေတဲ့ အဆိပ် ဖြစ်တတ်တယ်...

တစ်ခါတစ်ရံ...
မီခိုရမယ် ထင်တဲ့ ပုခုံး အချို့က
ကိုယ့်ကို ပြန်ပြီး ခုတုံး လုပ်တတ်တယ်....

ကိုယ်ပိုင်တဲ့ ကိုယ့်ဘဝလေးမှာ
ကိုယ့်ဖြစ်တည်မှုလေးနဲ့ ကိုယ်
ရှင်သန်တဲ့အခါ
နာကျင်ခြင်း ကင်းမဲ့ဇုန်
ပျော်ရွှင်စရာ ရပ်ဝန်းငယ် လေးဟာ
ကိုယ်တိုင် ဖန်တီးနိုင်တဲ့ အရာဆိုတာ
နားလည် သဘောပေါက်လာလိမ့်မယ်....။

နေခြည် (ဧရာမြေ)

27/12/2023

ဘဝဆိုတာ ရထားလေး တစ်စင်းလိုပဲ... တဲ့ ။

ခရီး အစမှာ လိုက်ပါလာတဲ့လူတွေ ရှိတယ် ။
လမ်းတစ်ဝက် ဘူတာငယ်လေးမှာ တက်လာသူတွေလဲ
ရှိတယ် ။ ခရီးဆုံးထိ ကိုယ်နဲ့အတူ လိုက်ပါလာသူတွေလဲရှိမယ် ။

အများစုကတော့ ခဏသာ တွေ့ဆုံခြင်းပါပဲ ။
ချစ်လို့ပဲ ဖြစ်ဖြစ် ၊ မုန်းလို့ပဲ ဖြစ်ဖြစ်
တစ်နေ့တော့ ခွဲကြရတာပဲ ။

တစ်ယောက်ပြီး တစ်ယောက် ဝင်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ တားပိုင်ခွင့်မရှိတဲ့ ရထားလေးဟာ ဘဝပဲ ။

ဝဋ်ကြွေးတွေကြောင့် မုန်းတဲ့သူတွေ ကြုံရသလို
ရေစက်တွေကြောင့် ချစ်တဲ့သူတွေရော တွေ့ခဲ့ရတယ် ။

အရာရာဟာ ကံပါသလောက်ပေါ့ ...။

26/12/2023

"မင်းကို တန်ဖိုးထားတဲ့သူကို ပိုချစ်ပါ"

လိုအပ်ဆုံးသူထက်
နားလည်ပေးနိုင်ဆုံးသူကိုပိုချစ်ပါ။

အချစ်ရဆုံးသူထက်
မင်းကိုတန်ဖိုးထားဆုံးသူကိုပိုချစ်ပါ။

နံဘေးမှာရှိနေပေးသူထက်
ယုံကြည်မူအပြည့်ဝပေးနိုင်သူကိုပိုချစ်ပါ။

မလိုအပ်ချိန်မှာရှိနေပေးသူထက်
လိုအပ်ချိနိမှာရှိနေပေးသူကိုပိုချစ်ပါ။

ပျော်ရွှင်မှု မပေးနိုင်သူထက်
ပျော်ရွှင်မှု ပေးနိုင်သူကိုပိုချစ်ပါ။

မျက်ရည်ကျမှ သုတ်ပေးသူထက်
မျက်ရည်မကျအောင် လုပ်ပေးသူကို
ပိုချစ်ပါ။

လမ်းရောက်မှ လက်တွဲခေါ်သူထက်
လမ်းမရောက်ခင် လမ်းပြပေးသူကို
ပိုချစ်ပါ။

မကောင်းသတင်း ပြောသူထက်
ကောင်းသတင်း ပြောသူကို ပိုချစ်ပါ။

အဆင်ပြေပါစေလို့
ဆုတောင်းပေးသူထက်
မင်းအတွက် ငါဘာကူညီပေးရမလဲ
ပြောသူကိုပိုချစ်ပါ။

လိုချင်တာ ရယူသွားတဲ့သူတွေထက်
မင်းအတွက် ပေးဆပ်ပြီး
ချစ်နေတဲ့သူတွေကို ပိုချစ်ပါ။

မင်းကိုယ်ချစ်ပါတယ် ချစ်ပါတယ်
ပြောတဲ့သူတွေထက်
မင်းအပေါ် သစ္စာရှိတဲ့သူကို ပိုချစ်ပါ။

အောင်မြင်ချိန်မှာ အားပေးသူထက်
ကျရူံးချိန်မှာ နှစ်သိမ့်ပေးသူကိုပိုချစ်ပါ။

Credit

Photos from Moe yadanar's post 25/12/2023

Merry Christmas to you all❤️❤️❤️

24/12/2023

မငယ်တော့တဲ့အခါ

တစ်ခုခုဆို ပုံကြီးချဲ့ ခံစားဖို့ထက်
မြန်မြန်မေ့ပစ်ဖို့ပဲ ကြိုးစားမိလာတယ် ။

အဝတ်အစား အပြင်အဆင်
အနေအထိုင်ပဲဖြစ်ဖြစ်
လူအထင်ကြီးခံရဖို့ထက်
ကိုယ့်အတွက် သက်တောင့်သက်သာရှိဖို့ပဲ
ပိုရွေးချယ်ဖြစ်လာတယ် ။

ပွဲလမ်းသဘင်တွေ သိပ်မသွားဖြစ်တော့ဘူး။
ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာလေးမှာပဲ
အေးအေးဆေးဆေး ပိုနေချင်လာတယ် ။

လိုချင်တာတစ်ခုလောက်ရပြီးရင်
ဒုက္ခတွေ တစ်လှေကြီးလာတတ်သေးကြောင်း
ပိုသိလာတယ် ။

သိပ်ချစ်ပါတယ် ပြောပြီး
အနေတန်းသွားတဲ့ ဆက်ဆံရေးတွေကိုလည်း
ပို မြင်တတ်လာတယ် ။

လူချင်းသာ အမျိုးတော်ပြီး
ပိုက်ဆံချင်း သူစိမ်းလိုနေတဲ့ ဆွေမျိုးတွေ ၊

ရှေ့မှာသာ ကောင်းပြပြီး
နောက်ကွယ်ကျ ဒုက္ခ ပေးတတ်တဲ့
သူငယ်ချင်း တစ်ချို့ တစ်လေတွေကိုလည်း
ခွဲခြား နားလည်လာတယ် ။

ကိုယ့်ရှေ့ အကြွားအဝါတွေ တွေ့ရင်
လူမှုရေးအဖြစ်တောင်
စကားထောက် မပေးချင်တော့သလို
ကိုယ်ကိုယ်တိုင် မကြွားမဝါမိအောင်လည်း
အရင်တုန်းကထက် ပိုသတိထားဖြစ်လာတယ် ။

ဟန်ဆောင်ပန်ဆောင် မလှူချင်တော့ဘူး ။
မနိုင်ဝန်တွေဆိုလည်း မထမ်းချင်တော့ဘူး ။

ရှင်းရှင်းပြောရရင်

မငယ်တော့တဲ့အခါ
ဘယ်သူ့အတွက် နဲ့ မှ
ကိုယ့်ဘဝကို မပူလောင်ချင်တော့ဘူး ။


#ကျွန်မဖတ်ဖို့

24/12/2023

လူတွေ သင့်ကို ကြိုက်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို လေးစားဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ချစ်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေသင့်ကို အထင်ကြီးလာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ကြွေလာဖို့လဲ
မကြိုးစားပါနဲ့ ။

မနက်မိုးလင်းလို့ သင်နိုးထတဲ့အခါ
သင့်ကိုယ်သင် လေးစားနေဖို့ ကြိုးစားပါ ။

နေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာ
သင့်ကိုယ်သင် ချစ်နိုင်ဖို့ ကြိုးစားပါ ။

မှန်ထဲ ကြည့်တဲ့အခါမှာ
သင့်ကိုယ်သင် အထင်ကြီးဖို့ ကြိုးစားပါ ။

ညအိပ်ဖို့ ခေါင်းချတဲ့အခါမှာ
သင့်ကိုယ်သင် တန်ဖိုးထားနိုင်ဖို့ ကြိုးစားပါ ။

သင့်ရဲ့နောက်ဆုံးအချိန်မှာ (မသေခင်မှာ)
သင့်ကိုယ်သင် ကြွေနိုင်ဖို့ ကြိုးစားပါ ။

#မိုင်မိုင်းနမ့်စန် #တန်ဖိုး

19/12/2023

တချို့ကပြောတယ်…
အသက် ၃ဝမတိုင်ခင်မှာ မိန်းကလေးရဲ့ရုပ်ရည်က မွေးရာပါတဲ့ ။ အသက် ၃ဝနောက်ပိုင်း ရုပ်ရည်ကတော့ ပြုစုပျိုးထောင်မှုနဲ့ ဆိုင်သွားပါတယ် ။

နှစ်လရာသီတွေက မိန်းကလေးတွေရဲ့ နုပျိုတဲ့ရုပ်ရည်ကို အိုမင်းအောင် တဖြည်းဖြည်း တိုက်စားသွားနိုင်ပေမယ့် သူတို့ရဲ့ အသိဉာဏ်ပညာ နဲ့ ရည်မွန်ကျက်သရေရှိခြင်းကိုတော့ မတိုက်စားနိုင်ပါဘူး ။

ထိုင်ဝမ်စာရေးဆရာ Lin Qingxuan က “ဘဝကို အလှခြယ်ခြင်း”ဆိုတဲ့ စာအုပ်မှာ အခုလို ပြောခဲ့ပါတယ် ။

“ စာများများဖတ် ၊ အနုပညာပစ္စည်းတွေ များများ ကြည့်ရှုခံစားတဲ့ ၊ တွေးတောတတ်တဲ့ မိန်းကလေးတွေဟာ စိတ်ဝိညာဉ်ကို အလှခြယ်နေတာပါ ။ တမူထူးခြားတဲ့ ရည်မွန်ကျက်သရေရှိခြင်း နဲ့ မိမိကိုယ်ကို ပျိုးထောင်ခြင်းကမှ မိန်းကလေးတွေကို အမြဲတမ်း လှပတင့်တယ်စေတဲ့ ရင်းမြစ်တွေ ဖြစ်တယ် ။ စာများများဖတ်တာ ၊ များများတွေးတောတာ ၊ ဘဝကို အကောင်းမြင်ခြင်း နဲ့ ရင်ဆိုင်တာ ၊ ဘဝကို ယုံကြည်မှုရှိတာ ၊ စိတ်နှလုံးဖြူစင်ပြီး သူတစ်ပါးကို ကြင်နာတတ်တာ ၊ မိမိကိုယ်ကို ချစ်ခင်လေးစားတတ်တာ… ဒါတွေဟာ မိန်းကလေးတွေကို ပိုလေးနက်ပြည့်စုံတဲ့ အတွင်းစိတ်တွေကို ပိုင်ဆိုင်စေပါတယ် ။ ပိုဆွဲဆောင်မှုရှိစေပြီး နှစ်ချို့ဝိုင်လို အဖိုးတန် မွှေးပျံ့စေပါတယ် ”

ဟောင်ကောင်စာရေးဆရာမ YiShu က စာဖတ်ခြင်းဟာ ကိုယ့်ကို ပိုရည်မွန်ကျက်သရေရှိစေတယ်လို့ ဆိုပါတယ် ။

စာကို အာရုံစိုက်ဖတ်နေတဲ့ မိန်းကလေးတစ်ဦးဟာ တည်ငြိမ်တဲ့စိတ် နဲ့ စာထဲနှစ်နေတဲ့ သူ့ပုံစံကိုက လှပတဲ့ ရှုခင်းတစ်မျိုး ဖြစ်ပါတယ် ။ သူ့ရင်တစ်ခုလုံးမှာ ကဗျာနံ့ စာနံ့တွေ သင်းပျံ့နေပါတယ် ။

စာဖတ်ခြင်းက အဆင်းမဲ့တဲ့ မိန်းကလေးရဲ့ မျက်လုံးကို အရောင်တွေ စုံလင်စေပါတယ် ။

စာဖတ်ခြင်းက မိန်းကလေးရဲ့ ပျော့ပျောင်းတယ်လို့ ထင်ရတဲ့ ပခုံးကို ခိုင်မာစေပါတယ် ။

စာဖတ်ခြင်းက မိန်းကလေးကို အသိဉာဏ်ပညာ ရနံ့တွေ ထွန်းလင်းတောက်ပ မွှေးကြိုင်စေပါတယ် ။

အင်္ဂလန်စာရေးဆရာ Maugham က “လောကမှ ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာ မရှိဘူး ။ ကိုယ့်ကိုယ်ကိုယ် လှအောင် ဘယ်လိုလုပ်ရမှန်းမသိတဲ့ မိန်းကလေးတွေပဲရှိတယ်” လို့ဆိုခဲ့တယ် ။

ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ခြင်းက မိန်းကလေးကို လှပစေနိုင်ပါတယ် ။ ဒါပေမဲ့ မိန်းကလေးရဲ့ တကယ့်ညို့ဓာတ် ဆွဲဆောင်မှုက သူ့ရဲ့အတွင်းစိတ်ကို ပြုစုပျိုးထောင်ခြင်းပါ ။ စာများများဖတ်ပြီး စာဖတ်ခြင်းကနေ တဆင့် အခြားသူနဲ့ မတူတဲ့ တမူထူးခြားတဲ့ အလှကို မိန်းကလေးတိုင်း ပြုစုပျိုးထောင်နိုင်ပါတယ် ။

ပြင်သစ်စာရေးဆရာ Romain Rolland က “စာအုပ်တွေနဲ့ အတူနေခြင်းက သင့်ကို ဘယ်တော့မှ သက်ပြင်းမချစေဘူး” လို့ ဆိုခဲ့ပါတယ် ။

စာအုပ်ကောင်းတစ်အုပ်က မိန်းကလေးကို အသက်ကြီးလာမှာကို မကြောက်စေဘူး ။ မျက်နှာပေါ်က အရစ်အကြောင်းတွေအတွက် ဦးနှောက်မခြောက်စေဘူး ။ ကိစ္စဝိစ္စရပ်တွေကြောင့် မျက်မှောင်မကြုတ်စေပါဘူး ။

စာဖတ်ခြင်းက မိန်းကလေးကို စကားလုံးပင်လယ်မှာ နှစ်နေစေပြီး အဝေးက စိတ်ဓာတ်ကမ်းခြေကို ရှာဖွေစေပါတယ် ။

စာဖတ်ခြင်းက မိန်းကလေးကို စာအုပ်ကမ္ဘာမှာ နစ်မျောစေပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်စေတယ် ၊ ကိုယ့်ကိုယ်ကိုယ် ဖြည့်တင်းစေတယ် ၊ ကိုယ့်ကိုယ်ကိုယ် ခံစားရင်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စေပါတယ် ။ အခြား ရှုပ်ထွေးမှု ၊ ငြင်းခုံလုယှက်မှု ၊ ဟန်ဆောင်မှု ၊ ပင်ပန်းဆင်းရဲခြင်းတွေ မရှိဘဲ စိတ်နှလုံးချမ်းသာခြင်းတွေကို ရရှိစေပါတယ် ။

တချို့က မေးကြပါလိမ့်မယ် ။ မိန်းကလေးတွေ စာဒီလောက်ဖတ်ထားလည်း နောက်ဆုံးကျတော့ သူလို ငါလို သာမန်ဘဝမှာပဲ ကျင်လည်ရတယ် မဟုတ်လား ၊ သူလို ငါလို ရုံးတက် ရုံးဆင်း ၊ ယောက်ျားယူ အိမ်ရှင်မ လုပ် ၊ ထမင်းချက် အဝတ်လျှော် ၊ လင်ယူသားမွေး လုပ်ရတာပဲ မဟုတ်လားလို့ မေးကြပါလိမ့်မယ် ။

သူတို့ နားမလည်တာက စာဖတ်ခြင်းကို ကျွန်မတို့ ဇွဲရှိရှိလုပ်နေတာဟာ နောက်ဆုံး ဘဝမှာ လဲကျသွားသည့်တိုင် ၊ ခက်ခဲတဲ့ ဒုက္ခပင်လယ်မှာ သူလို ငါလို လက်ပစ်ကူးနေရသည့်တိုင် တခြားလူနဲ့မတူတဲ့ စိတ်ဓာတ် ၊ တခြားလူနဲ့မတူတဲ့ ရုန်းကန်မှုခွန်အား ၊ အတွေးအမြင် အသိတွေနဲ့ ရင်ဆိုင်နိုင်သလို ကိုယ့်မျိုးဆက်အတွက် ၊ ကိုယ့်မိသားစုအတွက် ပြုစုပျိုးထောင်မှု ၊ သွန်သင်ဆုံးမမှုတွေက ကွာခြားသွားပါတယ် ။

စာဖတ်တာကို နှစ်သက်တဲ့ မိန်းကလေးတွေက လောကကြီးကို ကြည့်တဲ့အခါ လောကကြီးက ကျယ်ပြောလိုက်တာလို့ ဆိုကြတယ် ။ သင်ယူလို့ မကုန်နိုင်တဲ့ သင်ခန်းစာတွေ ၊ ဗဟုသုတတွေ အများကြီးရှိတယ်ဆိုတာ သူတို့သိတယ် ။

ဒါကြောင့် သူတို့ဟာ စိတ်ဓာတ်ကို ဖြည့်တင်းနေတဲ့နည်းတူ အကြင်နာတွေကိုလည်း ချဲ့ထွင်နေတယ် ။

မိမိကိုယ်ကို ဆင်ခြင်မှုတွေရဲ့ စိတ်ရဲ့လှပခြင်း ၊ အသိဉာဏ်ရဲ့ထက်မြက်ခြင်းကို သင်ယူတယ် ။

ဘဝကို ကဗျာတစ်ပုဒ်အဖြစ် ၊ ဆောင်းပါးတစ်ပုဒ်အဖြစ် ၊ ဝတ္ထုတစ်အုပ်အဖြစ် သူတို့ ဖွဲ့ဆိုတယ် ။

ဘဝကို ရိုးသားကောင်းမွန်ခြင်း ၊ မိမိကိုယ်ကိုလေးစားခြင်း ၊ ခွင့်လွှတ်ခြင်း ၊ လက်ခံခြင်းအဖြစ်နဲ့ သူတို့ဖွဲ့ဆိုတယ် ။

ချစ်ခြင်းမေတ္တာ ၊ လှပခြင်း နဲ့ သူ့စိတ်ဝိညာဉ်ကမ္ဘာကို ဖြည့်တင်းတယ် ။

မြင့်မြတ်ခြင်း ၊ ရိုသေလေးစားခြင်းနဲ့ သူ့ရဲ့အကြည့်ကို ဦးဆောင်တယ် ။

သူဟာ ကြွားဝါခြင်း ၊ ဂုဏ်မောက်ခြင်းတွေ မရှိဘဲ သူ့ခန္ဓာကိုယ်ကို စာအုပ်ရနံ့တွေနဲ့ မွှေးကြိုင်စေပါတယ် ။

မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ရည်ဟာ လှချင်မှ လှပါလိမ့်မယ် ။ ဒါပေမဲ့ စာဖတ်တဲ့ မိန်းကလေးက အပြောအဆိုရည်မွန်မှု ၊ ဟာသဉာဏ်ရှိမှု နဲ့ တစ်ခါခါ ရေလို ပျော့ပျောင်းပြီး တစ်ခါခါ လေလို လူကို စွဲငြိစေတာကြောင့် သူဟာ တမူထူးခြားပါတယ် ။

စာအုပ်က နှုတ်ခမ်းနီ ပါးနီ အလှပြင်ပစ္စည်း မဟုတ်ပါဘူး ။ ဒါပေမဲ့ မိန်းကလေးရဲ့ရုပ်ရည်ကို အမြဲပေါ်လွင်စေနိုင်တယ်

စာအုပ်က တုတ်လက်နက် မဟုတ်ပါဘူး ။
ဒါပေမဲ့ မိန်းကလေးကို ခွန်အားရှိ ထည်ဝါစေနိုင်တယ် ။

စာအုပ်က အတောင်ပံ မဟုတ်ပါဘူး ။
ဒါပေမဲ့ မိန်းကလေးကို ပျံသန်းစေနိုင်တယ် ။

စာအုပ်က အရာရာ မဖြစ်နိုင်ပါဘူး ။ ဒါပေမဲ့ မိန်းကလေးကို လောကဓံတရား ကြံ့ကြံ့ခံစေနိုင်တယ် ။

စာအုပ်က မှော်ဆရာရဲ့ တုတ်တံ မဟုတ်ပါဘူး ။ ဒါပေမဲ့ မိန်းကလေးကို လူတိုင်းနှစ်သက်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်စေနိုင်ပါတယ် ။

#ကျွန်မဖတ်ဖို့
#နိုင်းနိုင်းစနေ

Website

Address


Yangon
Yangon