Maw Lay Cowdeys DHA Myanmar

Maw Lay Cowdeys DHA Myanmar

Share

Beauty ကလေးတိုင်းရဲ့အသဲစွဲ မိခင်တိုင်းလက်စွဲ Cowdeys DHA ကလေးအဟာရဖြည့်စွတ်စာအားဆေး

16/01/2023

ကလေးအစာမစားလျှင် -

ကလေးတွေပုံမှန်ထက် အစားအသောက် လျော့နည်းရတဲ့အကြောင်းရင်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁၊ ကြီးထွားမှုနှုန်း ပုံမှန်လျော့နည်းသွားခြင်း

ကလေးတစ်ယောက်ဟာ မွေးပြီးတစ်နှစ် အတွင်းမှာကြီးထွားနှုန်းမြန်သလိုဒီလိုကြီးထွားမှုအတွက် လိုအပ်တဲ့အစားအသောက်ကိုလည်းပိုမိုပြီးစားသုံးပါတယ်။ တစ်နှစ်ကျော်တာနဲ့သူ့ရဲ့ကြီးထွားမှုနှုန်းက ပုံမှန်လျော့သွားတဲ့အတွက် ဒါနဲ့လိုက်လျောညီထွေစွာသူ့ရဲ့အစားအသောက်စားသုံးမှုဟာ လျော့နည်းသွားပါတယ်။ ဒါဟာပုံမှန်ပါ။
တချို့ကလေးတွေက အစောပိုင်းမှာ ပေါင်ချိန်တအားတက်ပြီး နောက်ပိုင်း အရင်ထက် တက်နှုန်း စားနှုန်း လျော့နည်းသွားတာလည်းရှိပါတယ်။

၂၊ သာမန်နေမကောင်းခဏခဏဖြစ်ခြင်း

ကလေးတွေဟာအကြောင်းတစ်ခုခုကြောင့်နေမကောင်းဖြစ်လျှင်- ဥပမာဖျားတယ်၊ လည်ချောင်းနာတယ်၊နှာစေးချောင်းဆိုးဖြစ်တယ်၊ ဝမ်းပျက်တယ်၊ စသည်တို့ ဖြစ်လာလျှင် ခံတွင်းပျက်ပြီးတော့အဲဒီအချိန်မှာအစားအသောက်လျော့နည်းတတ်ပါတယ်။သုံးလေးနှစ်ကလေးတွေ မူကြိုကျောင်း စတက်တဲ့အချိန်မှာ ကလေးအချင်းချင်းအတွေ့များပြီးရောဂါပိုစုံတတ်ပါတယ်။ အဖျားအနာထူတတ်ပါတယ်။အစားသောက်ပျက်ပါတယ်။

၃၊ ဆေးဝါးများ

ဒါဟာအထက်မှာပြောခဲ့တဲ့မကြာခဏနေမကောင်းဖြစ်ခြင်းတွေနဲ့ဆက်စပ်မှုရှိပါတယ်။ ကလေးနေမကောင်းဖြစ်တိုင်း၊ ဆေးတွေတိုက် မယ် အထူးသဖြင့်ပိုးသတ်ဆေးတွေတိုက်မယ် ဆိုရင် ဒီဆေးတွေကြောင့်လည်းအစားအသောက်ပျက်နိုင်ပါတယ်။
တချို့မိဘတွေဟာ ဆေးကိုအင်မတန်တိုက်ချင်ပါတယ်။ တကယ်တော့ကလေးအတော်များများမှာဖြစ်တဲ့သာမန်နေမကောင်းခြင်းအများစုဟာ သူ့အလိုအလျောက်နှစ်ရက်သုံးရက် အတွင်းမှာပျောက်ကင်းသွားတဲ့ရောဂါတွေဖြစ်ပါတယ်။

၄၊ စိုးရိမ်သောကများခြင်း၊ စိတ်ဓါတ်ကျခြင်း

ဒီနှစ်ခုဟာဆက်စပ်နေနိုင်ပါတယ်။
ကလေးတွေမှာလည်းသူ့အရွယ်အလိုက်စိုးရိမ်သောကဒဏ်ကိုမခံနိုင်တာဖြစ်တတ်ပါတယ်။ ဒီလိုစိုးရိမ် သောကများလာတယ်၊ Stress များလာတယ်ဆိုရင် အစားအသောက် ပျက်လာတတ်ပါတယ်။ ကလေးတွေမှာ stress များနိုင်တဲ့၊ စိတ်ဓါတ်ကျနိုင်တဲ့ အကြောင်းရင်းတွေကတော့
- မိသားစုအတွင်းမှာပြဿနာရှိခြင်း
- ကျောင်းမှာ ကလေးအချင်းချင်းအနိုင်ကျင့်ခံရခြင်း၊
- ကျောင်းစာ၊ အိမ်စာ၊ မိဘဖက်မှဖြစ်သင့် တာထက်ပိုပြီးပညာရေးနှင့် ပတ်သက်၍ မျှော်လင့်ချက်ထားတာကို ဒဏ်မခံနိုင်ခြင်း
- ပတ်ဝန်းကျင်ဟာ စိုးရိမ်စရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်နေခြင်း - ဥပမာ ခုလို COVID-19 ကာလ

ဒီအချက်တွေကို မိဘတွေဘက်ကသတိထားလိုက်နာသင့်ပါတယ်။

၅၊ သွေးအားနည်းခြင်း

သွေးအားနည်းတာနဲ့ သွေးပေါင်ကျတာမတူပါဘူး။ သွေးပေါင်ကျတယ်ဆိုတာသွေးပေါင်ချိန် တိုင်းကြည့်လို့ Pressure ကျတာပါ။ ကလေးတွေမှာတော်ရုံတန်ရုံရောဂါမရှိလျှင် သွေးပေါင်ဆိုတာကျလေ့မရှိပါဘူး။ သွေးအားနည်းတယ်ဆိုတာတော့သွေးထဲမှာရှိတဲ့ဟီမိုဂလိုဘင် (hemoglobin)ဆိုတဲ့ဓာတ်တစ်မျိုးနည်းတာပါ။ ဒီလိုနည်းရင် ကလေးငယ်ရဲ့လက်ဖဝါး၊ မျက်ခမ်းနဲ့ သိပ်ဆိုးလာရင်အရေပြားပါ ဖြူဖတ် ဖြူရော်ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာအဖြစ်များတဲ့သွေးအားနည်းတဲ့အကြောင်းရင်းကတော့ သံဓာတ်ချို့တဲ့လို့ဖြစ်ပါတယ်။
ဒီလိုသွေးအားနည်းလာမယ်ဆိုရင် ကလေးတွေဟာအစားအသောက်ပျက်မယ်၊ နုံးမယ်၊ကစားချင်စိတ် စားချင်စိတ်မရှိဘူး၊ ကျောင်းစာစိတ်မဝင်စားဘူး၊ စသည်တို့ဖြစ်လာနိုင်ပါတယ်။ရေရှည်မှာကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုပါ အဟန့်အတားဖြစ်စေပါတယ်။ မိမိကလေးမှာသွေးအားနည်းတယ်လို့ယူဆရင်၊ ဖြူဖတ်ဖြူရော်ဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြသတိုင်ပင်သင့် ပါတယ်။ သွေးစစ် ကြည့်လို့ရပါတယ်။

၆၊ သန်ကောင်များ

သန်ကောင်တွေရှိရင်လည်းကလေးဟာအစားအသောက်ပျက်တတ်ပါတယ်။ သွေးအားလည်း နည်းနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကိုနှစ်နှစ်နောက်ပိုင်းကစပြီးအနည်းဆုံး ၆လ-တစ်နှစ် တစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသံချသင့်ပါတယ်။ အိမ်မှာအိမ်မွေးတိရစ္ဆာန်လေးတွေ- ကြောင်ခွေးစသည်တို့မွေးထားရင်လည်းသူတို့ကိုပါသန်ချပေးသင့်ပါတယ်။

၇၊ ဝမ်းချုပ်ခြင်း

အစားအသောက်ပျက်ခြင်းနဲ့ ဝမ်းချုပ်ခြင်းဟာလည်းအပြန်အလှန်ဆက်သွယ်မှုရှိပါတယ်။ အစားအသောက်ပျက်လို့ဝမ်းချုပ်နိုင်သလိုဝမ်းချုပ်နေတဲ့ကလေးတစ်ယောက်ဟာလည်းပြန်ပြီးတော့အစားအသောက်ပျက်တတ်ပါတယ်။

၈၊ ခံတွင်းသန့်ရှင်းရေးမကောင်းလျှင်

ကလေးတွေခံတွင်းသန့်ရှင်းရေးမကောင်းလို့ သွားဖုံးရောင်မယ်၊ သွားပိုးစားမယ်ဆိုရင်လည်းနာကျင်နေတတ်တဲ့အတွက်အစားလျော့တတ်ပါတယ်။

၉၊ ရောဂါတစ်ခုခုရှိခြင်း

ခန္ဓာကိုယ်မှာရောဂါတစ်ခုခုရှိလာမယ်ဆိုရင်လည်း အစားသောက်ပျက်ပါတယ်။ ဒါဆိုရင် ကလေးတွေဟာပေါင်ချိန်ကျရုံမက တခြားသောအဲဒီရောဂါရဲ့လက္ခဏာတွေပါယှဉ်တွဲတွေ့လာတတ်ပါတယ်။
ဥပမာတီဘီရောဂါဖြစ်တယ်ဆိုရင် ရက်ရှည်ဖျားခြင်း၊ ချောင်းဆိုးခြင်းစသည်တို့ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ပျက်တဲ့ကလေးတွေကို မိဘတွေဟာပုံမှန်ပေါင်ချိန်သင့်ပါတယ်။ ပေါင်ချိန်တဖြည်းဖြည်းကျကျလာတယ်ဆိုရင် ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

ေးကျန်းမာသိကောင်းစရာ

18/10/2022

နွားထိုးကြီးမြို့နယ်က သူနာပြုဆရာမလေးဆီ Cowdeys နို့ခဲ 50 ဒီနေ့ပို့ပေးလိုက်ပါပြီနော်
ရောက်ကုန်ဖြစ်ပါစေဆရာမလေးရေ

Photos from Maw Lay Cowdeys DHA Myanmar's post 17/10/2022

Cowdeys DHA + Omega 3ကလေးအဟာရဖြည့်စွတ်စာနို့ခဲ့လေးတွေ အများကြီးထပ်ရောက်တယ်နော်

လိုသလောက်Orderအကြိုက်တင်လို့ရပါပြီ

လက်လီလက်ကားပြန်လည်ရောင်းချလိုသူများလည်း ဖိတ်ခေါ်ပါတယ်ရှင်

3ဘူးအထက် Deli Free



09253665534

07/10/2022

Cowdeys လေးတွေ မနက်ဖြန် အများကြီး ထပ်ရောက်မယ်နော်

Maw Lay Cowdeys DHA Myanmar Beauty

Photos from Maw Lay Cowdeys DHA Myanmar's post 30/08/2022

Babyတွေရော မာမီတွေရော အားလုံးပျော်ရွှင်ခဲ့ရတဲ့ပွဲ
Cowdeys Founderမမနဲ့ Leaderများ Agentများအားလုံးကို တစ်ချိန်ထဲစုစည်းပြီး မိသားစုသဖွယ်နွေးထွေးမှု့ရတဲ့ပွဲလေးမို့ အမြဲအမှတ်ရနေမှာပါ

Photos from Maw Lay Cowdeys DHA Myanmar's post 15/08/2022

အခုတလော ကလေးတွေမှာ ကျောက်ဖြူပေါက်တာမျိုး အပူဖုပေါက်တာမျိုး ခဏခဏကြားနေရတယ်

ဖေဖေတို့မေမေတို့ရေ ကိုယ့်ရဲ့ရတနာလေးတွေကို အရင်ကထက် ပိုဂရုစိုက်ပါ

အရင်ကထက်ကိုယ်ခံအားကောင်းတဲ့အစားအသောက်တွေ အဟာရဖြည့်စွတ်စာတွေကို များများကျွေးဖို့ မင်မင်က အကြံပြုပါရစေရှင်

Photos from Maw Lay Cowdeys DHA Myanmar's post 14/07/2022

မင်မင်အသဲလေးတော့ နို့ခဲကျွေးမှ စာအရမ်းစိတ်အားထက်သန်လာတယ်
အစားအရမ်းချေးများသူလေး အခုဆို ဘာလာလာအကုန်စားပဲမို့ မင်မင်အရမ်းကျေနပ်
ကျေးဇူးပါ Cowdeys ရယ်

Category

Telephone

Website

Address


အမှတ် 196, ရွှေနံ့သာစံပြ ၇လမ်း, မင်္ဂလာဒုံမြို့နယ်, ရန်ကုန်
Yangon

Alerts

Be the first to know and let us send you an email when Maw Lay Cowdeys DHA Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.