My Note

My Note

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Note, Health/Beauty, Yangon.

09/06/2022

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်
ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။

စည်းလုံးမှုကို သိချင်ရင်တော့
ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။

လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့
ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။

လူမှုအဆင့်အတန်းကိုသိချင်ရင်
အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။

စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့
စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမြုကို
ကြည့်နိုင်ပါတယ်။

ယဉ်ကျေးမှုကို သိချင်ရင်
ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။

အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့
မီးဖိုချောင်ကို ကြည့်ပါ။

မေတ္တာတရားနဲ့ပျော်ရွှင်မှုကိုသိချင်ရင်တော့
အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။

ဒါ တကယ့်ကို အမှန်တရားတွေပါ။။

Credit_Original Writer
းစည်🙏

01/06/2022

ကျရှုံးချိန်မှာ ခေါင်းမော့ပါ

ကြိုးစားချိန်မှာ နှုတ်လုံပါ

အောင်မြင်ချိန်မှာ မာန်ချပါ

ပြည့်ဝချိန်မှာ မျှဝေပါ

ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။

အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။

ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။

အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။

လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။

ဘဝမြာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ

ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ

ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်

ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ

ရည်မှန်းချက်တွေမပျက်ပါစေနဲ့။

အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့

သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်

တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။

မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။

ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။

လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။

ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။

မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့

ရုန်းထွက်နိုင်အောင်ကြိုးစားပါ။

စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ

သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။

ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
အချိန်ကုန်ခံမနေပါနဲ့။

ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။

လူကိုမကြည့်နဲ့. မူကိုကြည့်။

ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။

အပြောမကြည့်နဲ့. မနောကိုကြည့်။

အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ။

Credit-OriginalWriter🙏🙏🙏

29/05/2022

ပညာရှိအဖိုးအို ရဲ့ ဘဝလှဖို့
ဆုံးမစကား လက်ဆောင်

စေားစေားအိပ်ပြီး
စေားစေား ထပါ
စကား နည်းနည်းပြောပြီး
များများ နားထောင်ပါ

စာ နည်းနည်းဖတ်ပြီး
များများမှတ်ပါ
လူ နည်းနည်းပေါင်းပြီး
လူကောင်းနဲ့ပေါင်းပါ

နည်းနည်း ချစ်ပြီး
မေတ္တာ များများပေးပါ
ငွေ များများ ကြိုးစားရှာပြီး
ချွေတာသုံးပါ

ဖြေးဖြေးလျှောက်ပြီး
မှန်မှန်သွားပါ
နည်းနည်းဘဲ စိတ်ကူးယဉ်ပြီး
တကယ့် လက်တွေ့ လုပ်ဆောင်ပါ

အမှီအခို မပာဘဲရပ်တည်နိုင်တဲ့အထိ
ကိုယ့်အားကိုယ်ကိုးနိုင်အောင်
ကြိုးစားပါ

စိတ်ကောင်းမွေးပြီး
ဘဝကိုရှင်သန်ပါ
စိတ်ထားလှလှလေးနဲ့
နေ့ရက်တွေကိုရင်ဆိုင် ရင်း...
အခက်အခဲကြားမှာ အမြဲကြိုးစားနေရင်
မင်းဟာ လူတော်ဘဲ...တဲ့။

မေတ္တာ နဲ့လေးစားစွာဖြင့်


(ဘဝစာပေ)
@𝐁𝐋𝐀𝐂𝐊 𝐑𝐎𝐒𝐄 မှပြန်လည်မျှဝေသည်။🙏

Photos from My Note's post 22/05/2022

မှတ်သားစရာများ♥️

Credit to Owner 🙏

22/05/2022

တချို့သောသူတွေက အရမ်းကြောက်ဖို့ကောင်းတယ်
အပေါ်ယံဟန်ဆောင်ကောင်းပြီး
နောက်ကွယ်ရာမှာကြ သူတို့မဟုတ်သလို
ဟန်ဆောင်သိပ်ကောင်းကြတယ်။

ကိုယ့်ရှေ့မှာသူတို့မဟုတ်သလို အပြုံးတုတွေပေးတတ်ကြပီ
ကိုယ့်နောက်ကွယ်ကြ
လူပီသ သလိုနေတတ်ကြတယ်။

တချို့သောသူတွေက သကြားနဲ့ဆားလိုပါပဲ
ဖြူတာချင်းတူပေမယ့်
အတွင်းကောက်တွေ။

အပေါ်ယံဟန်ဆောင်တတ်တဲ့သူတွေကြားမှာ
ကိုယ့်ဘက်ကရိုးသားစွာနေလိုက်ပါ
ရိုးသားမှုဆိုတာ အရမ်းစျေးကြီးတဲ့
အရာတစ်ခုဖြစ်တယ်။


ွေးရသစာစုလေးများ
19.5.2022

Credit to Owner🙏

Photos from My Note's post 18/05/2022

စိတ်ညစ်တာကို အစားနဲ့ဘဲအပန်းဖြေတယ်🍧🍨🥧🍰🍩🍿🍜🥙🥐🍳

Crd_photo

Photos from My Note's post 18/05/2022

😇😇

Crd_photo

16/05/2022

👌

Photo Crd

15/05/2022

"နို့စို့တဲ့အရွယ်မှာ မိခင်နို့တိုက်လို့ရပေမယ့် အသားစားတဲ့အရွယ်ကြရင်တော့
အဲ့ဒီ ပါးစပ်ထဲကို နို့သွားထည့်ပေးလို့မရဘူးလေအန်တီရဲ့"

#အချစ်၏ဖလှယ်ရဂုဏ်သတ္တိ

Credit_Mahar

Photos from My Note's post 15/05/2022

🤭

Crd_photo

14/05/2022

စကားပြောနည်း
--------------------

အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။

မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။

ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။

သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။

မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။

မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။

မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။

သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။

သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။

မပြောမှီစဉ်းစား.....စဉ်းစားပီးမှပြော......
ပြောပီးစကား.........ပြန်စဉ်းစား..........
အမှားတကာ..အမှားထဲ...စကားမှားခြင်းက.....
ချစ်ခင်မှု...အရာရာပျက်ပြားစေပါတယ်.........

တစ်ပါးသူနားမခံသာ...
စိတ်ထိအောင်မပြောရ....ကိုယ့်စကားကြောင့်....
တပါးသူအကျိုးရှိစေက....မဖြစ်မနေပြောပါ.......

အမှန်စကားခါးသည်....သို့သော်...ချိုသာသော....
မုသားသုံးပြောဆိုပါက.....တရားပါသည်။
မသိသောစကား..နှုတ်ဆိတ်နေခြင်းက......
မင်္ဂလာ တရားနှင့်ညီပါသည်........

ငါသာသိ...ငါသာတတ်..ဟူ၍...မပြောပါနှင့်...
စကားကိုမျှပါ...စကားကိုလု မပြောပါနှင့်.......
သူစကားဆုံးပီးမှ..ကိုယ်စကားစပြောပါ.........

စကားသည်အမှားပါတတ်၍....ထိမ်းပြောခြင်း.....
ဖြင့်...လိုသလောက်သာပြောပါ......
သူတပါးသည်....ကိုယ့်စကားနားမဝင်ပုံထောက်....
လျှင်အပြောရပ်၍..လမ်းကြောင်းလွှဲကာ..နှုတ်ဆက်ပါ..

စကားကြောင့်ပြုံး....စကားကြောင့်မုန်း။
တတ်သောကြောင့်..ချိုသာစွာပြောတတ်ပါစေ...

ဆရာ လယ်တွင်းသားစောချစ်

#𝐓𝐘𝐃𝐍𝐇𝐌𝐘𝐀𝐍𝐌𝐀𝐑
#မူရင်းPost ပိုင်ရှင်အားCreditပေးပါသည်။

Photos from My Note's post 14/05/2022

မှတ်သားစရာများ👍

မူရင်းphotoအားCrdပေးပါသည်🙏

Category

Culinary Team

Attire

Website

Address


Yangon

Alerts

Be the first to know and let us send you an email when My Note posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.