Florida Beauty Soap
Organic Soap
22/07/2023
Hello ဒီတစ်ခါတော့ admin ဝါသနာအရရှာဖွေစုဆောင်းထားတဲ့အိတ်လေးတွေရောင်းပါရစေနော် 🤭
လမ်းအမျိုးမျိုးအတွက်အိတ်အမျိုးမျိုးလိုအပ်ပါတယ်နော် စျေးသွားလဲဒီအိတ် ဘုရားသွားလဲဒီအိတ် ပွဲတက်လဲဒီအိတ်ကတော့အဆင်ပြေမနေပါဘူးနော်
အဲ့ဒီအတွက်စျေးနှုန်းသင့်တင့်ပြီးကွာလတီကောင်းတဲ့အိတ်လေးတွေကိုရောင်းပေးဖို့ဖြစ်လာပါတယ်
ဂျပန်ကွန်တိန်နာထွက်အိတ်လေးတွေပါ နော်
စျေးလေးတွေကတော့ cb မှာအားမနာတမ်းမေးပါနော် ပုံများတော့မရေးနိုင်တော့လို့ပါ
ဆိုဒ်မှန်းလို့ရအောင်မင်မင်ကိုင်ပြထားတဲ့ပုံလေးတွေလဲပါပါတယ် 😍
01/12/2022
ကာစတန်မာတစ်ယောက်လာမှာပုံကတော့ သူ့ညီမလေးအပေါ်ထပ်ကရေချိုး mist ဖျန်းလုပ်တာအောက်ထပ်ကနေတောင်မွှေးလို့သူလဲတစ်စုံယူမယ်တဲ့ ကဲ 🤭💕
26/11/2022
တစ်ခါတစ်လေအမြန်ပြင်ဆင်ပြီးအိမ်ကထွက်ရတော့ရေမွှေးဆွတ်ဖို့မေ့ခဲ့တာတွေဘာတွေဖြစ်တတ်တယ်လေ Admin ကတော့ mist လေးတစ်ဘူးအိတ်ထဲထည့်ထားတယ် 🤭 ကားထဲရောက်မှတစ်ရွှီးရွှီးနဲ့ဖျန်းချ လူလဲမွှေးကားထဲလဲမွှေး 😊✨
50 ml လေးက လေးလဲမလေးဘူးနေရာလဲသိပ်မယူဘူးအိတ်ထဲဆောင်သွားလို့သိပ်ကိုအဆင်ပြေသောနော် 👜
Must Try Must Have နော် ချစ်လေးတို့ရေ! 😚
22/11/2022
အေးမြတဲ့ရာသီအကူးပြောင်းလေးမှာ❄️
ချိုမြတဲ့ကိုယ်သင်းရနံ့လေးကိုဖန်တီးရယူလိုက်ပါ 🍇
Admin တို့အသစ်မိတ်ဆက်ပေးချင်တဲ့ Product အသစ်လေးတွေကတော့ Shower Cream & Body Mist အတွဲလေးဖြစ်ပါတယ်နော်
Raspberry ရနံ့ Shower Cream လေးနဲ့ရေချိုးပြီး
Body Mist လေးပါဖျန်းလိုက်မယ်ဆိုရင်တော့အနံ့ကတစ်နေကုန်စွဲတဲ့အပြင်အင်္ကျီလေးတွေဆိုမလျှော်မချင်းမွှေးနေမှာနော် သူကအရမ်းပြင်းတဲ့အနံ့မျိုးမဟုတ်ဘူးချိုချိုမွှေးမွှေးလေးနဲ့ကိုယ်သင်းနံ့လေးလိုမျိုးလေး Shower Cream လေးဆိုရင်မွှေးရုံပဲထုတ်လုပ်ထားတာမဟုတ်ဘူးအသားရေကိုစိုပြေချောမွေ့စေတယ်နီရဲယားယံတာတွေကိုသက်သာပျောက်ကင်းစေတယ်ဆောင်းတွင်းမှာအသားပတ်တာတွေကိုသက်သာစေတယ် ရေချိုးပြီးတာနဲ့ Mist လေးဖျန်းလိုက်
မွှေးနေရော Mist လေးကိုအသားပေါ်ရောအဝတ်ပေါ်မှာပါဖျန်းရင်အနံ့ပိုစွဲတယ် Raspberry နံ့လေးကစိတ်ကိုကြည်လင်လန်းဆန်းစေတယ်
🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇
Raspberry Shower Cream 250 ml 3200 ks
Raspberry Body Mist 50 ml. 5000 ks
25/10/2022
အက်ထမင်ကတော့ဟောသလိုဖြစ်ပြီးကုန်တဲ့ထိကိုသုံးတာပါနော် 💚
10/09/2022
ဟိုင်း ဒို့ပါ 🤭
Before. And After လေးလာပြတာပါ 😬
08/09/2022
Hello Admin May ပြန်လာပါပြီ 📢📢📢
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Admin ရဲ့အဖေနေမကောင်းတာရယ် အခြားမိသားစုကိစ္စလေးတွေများနေတာနဲ့ page မှာဘာမှအသစ်မတင်ဖြစ်ဘူးဖြစ်သွားတယ်
ခုတော့ packaging အသစ်လေးတွေနဲ့အတူပြန်လာပါပြီနော် ဒီဘူးလေးကရေစိုခံတာမို့ဆပ်ပြာလေးကိုသုံးပြီးဒီပေါ်ပြန်တင်ထားရုံပါပဲဆပ်ပြာခွက်သပ်သပ်မလိုတော့ဘူးနော် 🫰🏼
💚💚💚
05/07/2022
ဒါလေးကတော့ Admin May သုံးထားတဲ့အတုံးလေးတွေကိုပုရွတ်ဆိတ်တက်နေတာပဲဖြစ်ပါတယ်ရှင့် 🤩
ဘာဖြစ်လို့တက်လဲ???
Chemical များပြင်းထန်စွာမပါဝင်ခြင်း အရောင်အနံ့များပြင်းထန်စွာမပါဝင်ခြင်း သဘာဝပျားရည်စစ်စစ် ရှားစောင်း သံလွင်ဆီများပါဝင်ခြင်းကြောင့်ပါရှင် 💚
01/07/2022
ဟေး ယူတို့ပုရွက်ဆိတ်တက်တဲ့ဆပ်ပြာမြင်ဖူးပြီလား😱
ကဲ ဒါကတော့ချစ်ကာကာတစ်ယောက်ကမင်မင့်ကိုလာပြပြီးမေးတဲ့ပုံလေးပါ မင်မင်ရေတဲ့ဘေစင်ထဲမှာဆပ်ပြာအစက်ကလေးကျနေတာကိုပုရွက်ဆိတ်တွေအုံနေတယ်အာ့ဘာဖြစ်လို့လဲတဲ့ 😳
ကာကာစိတ်မပူနဲ့ တို့မေမေထုတ်တဲ့ဆပ်ပြာကသဘာဝပစ္စည်းစစ်စစ်တွေချည်းပဲမို့လို့ လို့
ဒါအန္တရာယ်မရှိဘူးဆ်ုတာသေချာတဲ့သက်သေပဲ လို့စ်
သေချာပြောပြလိုက်ရသေးတယ် 😊
30/06/2022
ခု packaging လေးကိုသိပ်စိတ်တိုင်းမကျသေးလို့နောက်တစ်မျိုးပြောင်းဦးမယ်ရှင် ဘူးကတော့ဒီဘူးပဲ ဖဲကြိုးမဟုတ်ပဲ နောက်တစ်ခုပေါ့ Admin အစကစဉ်းစားတာကတော့အမျိုးသမီးတွေအတွက်လှပခြင်းလက်ဆောင်လေးလိုဆိုပြီးလုပ်တာ ဒါပေမဲဖဲကြိုးချည်တာလေးကဘူးနဲ့သိပ်မလိုက်သလိုလေးဖြစ်နေလို့ 😁
ပြီးတော့လေ Admin မျက်နှာပေါ်ကဝက်ခြံအမာရွတ်လေးတွေပါးလာတယ်သိလား အမာရွတ်တွေကအစကနီနေတာ ခုတစ်ဖြည်းဖြည်းနဲ့ညိုလာတယ် ပြီးတော့မှိန်လာတယ်ပေါ့နော် ဝက်ခြံကလဲထွက်တုန်းပဲ ဒါသုံးလို့မထွက်တော့ဘူးလို့မင်မင်လိမ်မရောင်းချင်ဘူးရေရှည်ရောင်းမှာတစ်ခါစားမရောင်းဘူးအာမခံတယ် မိန်းကလေးသဘာဝတစ်လတစ်ခါထွက်တာကထွက်တယ် မင်မင်ကအစကတည်းကအသားရေပျက်စီးနေလို့အကြီးကြီးတွေနီနီကြီးတွေထွက်တာ ဒါလေးနဲ့သစ်ပြီးရင်အရောင်ကျသွားတယ် ပြီးတော့ရှေ့မှာထွက်ထားတာတွေဆိုလဲချပ်သွားတယ်မြန်တယ်ပေါ့နော် ချွေးပေါက်လေးတွေကျဉ်းလာတယ် ကျဉ်းလာတော့ဘာဖြစ်လဲဆိုနှာခေါင်းက black head လေးတွေသက်သာလာတယ်ပေါ့နော်
မင်မင်ရောင်းရပြီးရောမလုပ်ပါဘူးနော် တကယ်သုံးပြီးတကယ်သိသာတာလေးတွေ sharing လုပ်တာပါ စမ်းသုံးကြည့်ဖို့ကတော့အချစ်တို့သဘောပါ ♥️
28/06/2022
Florida လေးနဲ့မျက်နှာသစ်ပြီး skin care လုပ်ပြီးပြီ
မနေ့ကဝက်ခြံရောင်နေတာလေးကျသွားလို့တော်သေးတယ် ♥️
23/06/2022
အသားရေစိုပြေခြင်းရဲ့လျှို့ဝှက်ချက် 🤭
မျက်နှာတင်မကခန္ဒာကိုယ်ပါတိုက်လို့ရပါတယ်
အားသာချက်ကတော့ကိုယ်တိုက်ဆပ်ပြာများလိုရေချိုးပြီးချိန်မှာအသားကခြောက်မသွားပဲစိုစိုချောချောလေးကျန်ခဲ့တာ raspberry နံ့လေးကြောင့်စိတ်ဖိစီးမှုတွေပျောက်ပြီးရေချိုးရင်းတောင်ပျော်နေရတယ် ♥️
Category
Telephone
Website
Address
U Pone Nya
Yangon
Alerts
Be the first to know and let us send you an email when Florida Beauty Soap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.