Krakart Diabetic Center

Krakart Diabetic Center

Share

phone- 09452119294

04/05/2023

ဆီးချိုကြောင့်ခြေထောက်တွင်အနာဖြစ်လာနိုင်ချေရှိခြင်း၏သတိပေးချက် 6 ချက်🥲😱
…အားလုံးသိထားပြီးတဲ့အတိုင်း ဆီးချိုရောဂါဖြစ်သူများတွင်အခြားသောရောဂါများလဲဝင်ရောက်လာတတ်ပြီး နောက်တစ်မျိုးအများဆုံးဖြစ်ကြတာကတော့ “ဆီးချိုအနာ” ဖြစ်ပါသည်။ ဆီးချိုအနာရှိသောဆီးချိုသမားများတွင်ပိုးမွှားများအလွယ်တကူဝင်ရောက်နိုင်ပြီး အလွယ်တကူပျံ့နှံ့သွားနိုင်သည့်အပြင် နောက်ဆုံးခြေထောက်ဖြတ်ပစ်ရတဲ့အထိအန္တရာယ်ရှိပါသည်။
ဒါကြောင့် ယနေ့ခြေထောက်တွင်ဆီးချိုအနာဖြစ်နိုင်ခြေရှိသောသတိပေးချက်များကို မင်မင်ကလာရောက်ပြောပြပေးမှာဖြစ်ပါတယ်ရှင့်။
ဘယ်လိုဖြစ်ပါသလဲဆိုတာသိထားကြရအောင်နော်!!!

02/05/2023

ဆီးချိုသမားများအားလုံးအတွက် Carbohydrate အုပ်စုရေတွက်နည်း❤❤❤
…အားလုံးသိထားကြတဲ့အတိုင်း “ဆီးချိုရောဂါ”သည်သွေးကြောထဲသကြားဓာတ်များပြားခြင်းကြောင့်ဖြစ်ပြီး ခန္ဓာကိုယ်မှထိုသကြားဓာတ်များကိုပုံမှန် energy အဖြစ်ပြန်လည်အသုံးမပြုနိုင်ခြင်းသည် ပန်ကရိယလေးမှ Insulin မထုတ်ပေးနိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် Carbohydrate ထိန်းချုပ်ခြင်းသည်ဆီးချိုသမားများအတွက်အလွန်အရေးကြီးပါသည်။ Carbohydrate အုပ်စုကိုစားသောက်ပြီး သွေးကြောထဲရှိသကြားဓာတ်များကို Glucose အဖြစ်ချက်ချင်းအသွင်ပြောင်းပေးပါသည်။
ဒီကနေ့ Carbohydrate အကြောင်းပြောပြပေးမှာဖြစ်ပါတယ် ဘယ်လိုမျိုးတွေလဲဆိုတာကြည့်ကြရအောင်နော်😍

30/04/2023

ဆီးချိုရောဂါဖြစ်လာရခြင်း၏လုပ်ငန်းစဉ်များ
ဆီးချိုရောဂါ၏အဓိကပြဿနာမှာ သွေးကြောထဲရှိသကြားဓာတ်ပမာဏမြင့်တက်လာခြင်းကြောင့် ကျောက်ကပ်မှသကြားဓာတ်များကိုအကုန်စုပ်ယူနိုင်ခြင်းမရှိသောကြောင့်ဖြစ်ပါသည်။ ပုံမှနိအားဖြင့်ကျောက်ကပ်သည် စစ်ထုတ်ထားသောသကြားဓာတ်များကိုပြန်လည်စုပ်ယူရပြီးပြန်လည်အသုံးချရသောတာဝန်ရှိပါသည်။ သကြားဓာတ်များကိုအကုန်စုပ်ယူနိုင်ခြင်းမရှိသောကြောင့်သကြားဓာတ်များဆီးလမ်းကြောင်းသို့စိမ့်ထွက်လာပြီး “ဆီးချိုရောဂါ” ဟုဖြစ်လာပါသည်။

27/04/2023

မုန့်အချိုနဲ့ Bakery တွေမှာ Carb ဘယ်လောက်ရှိပါသလဲ?😋😋😋
မုန့်အချိုတစ်မျိုးနဲ့တစ်မျိုးကွဲပြားမှုရှိပါသေးတယ်ရှင့် ဒါကြောင့် ဒီကနေ့ လူအများစုကြိုက်ပြီးစားသုံးနေကြတဲ့မုန့်အချိုတစ်မျိုးမှာ ဘယ်လောက် Carb ရှိလဲဆိုတာမင်မင်တို့လာရောက်ပြောပြပေးမှာဖြစ်ပါတယ်ရှင့်🥳🤩
💗Brownie (သကြားမပါ) 1 ခု = 1 Carb
💗သီးစုံအချို 1 ပွဲ (200 g) = 3 Carb
💗Donuts 1 ခု = 2 Carb
💗မုန့်အိုး 3 ခု (90 g) = 3 Carb

အခြားသောမုန့်ချိုအများအပြားဘာတွေရှိသေးလဲဆိုတာအတူတူကြည့်ကြရအောင်နော်ရှင့်။
💗Pancake(50 g) = 1 Carb
💗ဝေဖာ 1 ခု = 1.3 Carb
💗Éclair 4 ခု = 1 Carb
💗Butter cookies 3 ခု (15 g) = 0.7 Carb
💗ယိုးဒယားပဲမုန့်ချို 4 ခု (35 g) = 1 Carb
💗ယိုးဒယားခေါက်မုန့်ယ်ုအငန် 6 ခု = 1.5 Carb
💗ကောက်ညှင်းထုပ် 1 ခြမ်း = 2 Carb
…ထို့ကြောင့် Carbohydrate (သို့) Carb ရေတွက်ရခြင်းသည် ဆီးချိုသမားများအတွက်အရမ်းကိုအရေးကြီးပါတယ်၊ တစ်နေ့တာအတွင်း Carbohydrate ပမာဏဘယ်လောက်စားသုံးလိုက်ပြီလဲ သွေးကြောထဲရှိသကြားဓာတ်များကိုလဲမူလထက်ပိုမိုထိန်းသိမ်းနိုင်စေပါတယ်ရှင့်၊ အဓိကတော့ nutrition ရဲ့လမ်းစဉ်ကိုနားလည်ပါက ဆီးချိုနဲ့အတူတို့တွေအေးအေးချမ်းချမ်းအတူရှိနေနိုင်ပါပြီရှင့်😍🥰😘

25/04/2023

ဆီးချိုသမားများအတွက် ဘယ်လိုလေ့ကျင့်ခန်းမျိုးလုပ်သင့်ပါသလဲ?

လေ့ကျင့်ခန်းလုပ်နေစဉ် စကားရှည်ရှည်ပြောသည့်အခါ အမောဖောက်ခြင်း (သို့) သွေးခုန်နှုန်းတိုင်းကြည့်ပါက အမြင့်ဆုံး 50-70 နှုန်းရှိပါက အနည်းဆုံး မိနစ် 30 လုပ်ပေးပါ။

3
DAYS
Aerobics ကစားနည်းကို တစ်ပတ်တွင်အနည်းဆုံး 3 ရက်ကစားပေးပါ 2 ရက်ပိုပြီးခြားမဆော့ရပါ။

အားသုံးရသည့်လေ့ကျင့်ခန်း (ဥပမာ) အလေးမခြင်း၊ Sit Up ပြုလုပ်ခြင်းကို တစ်ပတ်တွင် 2-3 ကြိမ်ပြုလုပ်ပေးပါ။

အပြင်းအထန်ကစားခြင်းများကို အလည်အလတ်လောက်သာကစားပေးပြီး တစ်ပတ်တွင်အနည်းဆုံး 150 မိနစ် (သို့) အလေးမခြင်းကိုအနည်းဆုံး တစ်ပတ်တွင် 75 မိနစ်ခန့်ကစားပေးရပါမည်။

ထိုင်နေချိန် မိနစ် 30 ကျော်သွားပါက မတ်တပ်ရပ်ပြီး အကြောဆန့်ပေးပါ။

ထလိုက်ချိန်မူးခြင်း (သို့) နှလုံးရောဂါရှိပါက နှလုံးခုန်နှုန်းပမာဏကိုကြည့်ပြီးမှလေ့ကျင့်ခန်းပြုလုပ်သင့်ပါသည်။

Photos from Krakart Diabetic Center's post 23/04/2023

ဆီးချိုရောဂါရှိသူများ ကျွဲကောသီးစားလို့ရပါသလား ❓

“ကျွဲကောသီး” ဆီးချိုရှိသူများစားနိုင်ပါသည်။ သို့သော် စားသင့်သောပမာဏသာစားသုံးရပါမည်။ ကျွဲကောသီးတွင်အကျိုးရလဒ်များစွာပါရှိပါသည်။

🌱 Cholesterol ပမာဏကိုလျော့နည်းစေခြင်း။

🌱 Fiber များဖြင့်ပြီးပြည့်စုံနေခြင်း။

🌱 Vitamins-C အပြည့်အဝပါရှိခြင်း။

🌱 Antioxidant ဓာတ်များပြီးပြည့်စုံခြင်း။

🌱 သွေးလည်ပတ်မှုကောင်းစေခြင်း။

🌱 GI (glycemic index) ပမာဏနိမ့်ခြင်း။
🥰”ကျွဲကောသီး” ၏တစ်နေ့တာအတွင်းစားသုံးနိုင်သောပမာဏမှာ 100 gဖြစ်ပါသည်။ ၎င်းပမာဏကိုတစ်နေ့တာအတွင်း 2 ကြိမ်ခွဲစားရပါမည် ✅အကယ်၍အခြားသောသစ်သီးများစားချင်ပါက ကျွဲကောသီးပမာဏကိုတစ်ဝက်လျော့ချပေးပါ။ သို့သော်သေချာရွေးပေးရပါ ကျွဲကောသီးလို့ GI ပမာဏလျှင်ပိုကောင်းပါသည်။

Photos from Krakart Diabetic Center's post 21/04/2023

ဒီလိုပူပြင်းတဲ့နွေရာသီမှာ အုန်းစိမ်းရည်အများအပြားသောက်မိပါက
သကြားဓာတ်တက်လာနိုင်ပါတယ်ရှင့်‼️

👨‍⚕️ မင်္ဂလာပါရှင့် ဒီလိုပူပြင်းတဲ့နွေရာသီမျိုးဆိုရင် အများစုကတော့အပူငြိမ်းစေတဲ့ အအေးတွေသောက်ကြမှာမှန်ပါသလားရှင့်။
ပေ့ထဲကလူတစ်ယောက် အုန်းစိမ်းရည်သောက်ပြီး အရမ်းကိုလန်းသွားတာကြောင့် အများကြီးသောက်လို့ရပါသလားလို့ အစားအသောက်ဆရာဝန်ကိုမေးကြည့်ပါတယ်❓
ဆရာဝန်ကလဲ “အများကြီးမသောက်ဖို့ညွှန်ပါတယ်ရှင့်”
ပမာဏအများအပြားသောက်မိပါက သွေးကြောထဲရှိသကြားဓာတ်မြင့်လာနိုင်ပါတယ်ရှင့် ❗️
အုန်းစိမ်းရည် 1 ခွက် 250 ml သကြား 10 g
အကယ်၍ 3 ခွက်သောက်မည်ဆိုပါက တစ်နေ့တာတွင် သကြားဓာတ်ပမာဏ 30 g ရရှိမှာဖြစ်ပါသည် ❗️
အုန်းစိမ်းရည်ရှိသကြားသည် Fructose သကြားဓာတ်ဖြစ်ပါတယ်ရှင့်။

🌱သွေးကြောထဲရှိသကြားဓာတ်များမြင့်မားလာနိုင်ခြင်း။
🌱သွေးကြောထဲတွင် Triglyceride များစုဆောင်းလာနိုင်ပါသည်။
🌱နှလုံးရောဂါနှင့် သွေးရောဂါများကြောင့်ဖြစ်ပါသည်။
🌱အူမကြီးကင်ဆာဖြစ်နိုင်ချေရှိပါသည်။

ပမာဏများများသောက်မိပါက ဆိုးကျိုးတွေသာရရှိပါမည် ❗️
ဆီးချို ကျောက်ကပ် နှစ်မျိုးလုံးရှိပါကလုံးဝမသောက်သင့်ပါ❌
အုန်းစိမ်းရည် 1 ခွက် 250 ml
Potassium 670 mg သာလက်ခံနိုင်ပါမည်။
(ကျောက်ကပ်ရောဂါရှိသူများသည် တစ်နေ့တာတွင် Potassium ပမာဏ 1,500 mg သာလက်ခံနိုင်ပါမည်။)
ဒါကြောင့်ဆီးချိုရောဂါရှိသူများအတွက် လိုက်ဖက်မည့်ပမာဏကိုသာသောက်သုံးသင့်ပါသည်။
တစ်နေ့တာတွင် 1 ခွက်ကို 150 ml သာသောက်ပေးပါ ✅
ရိုးရိုးသာမန်ရေဖြင့်ရောသောက်နိုင်ပါရှင့်၊ သို့သော် နေ့တိုင်းမသောက်သင့်ပါ‼️

19/04/2023

ဆီးချိုဖြစ်နေပါက ဘယ်သစ်သီးမျိုးကိုရွေးချယ်သုံးဆောင်နိုင်ပါသလဲ ❓
🥰ဆီးချိုသမားများစားသုံးနိုင်သောသစ်သီးအများအပြားရှိပါတယ်ရှင့် ယနေ့ သစ်သီးနမူနာ 8 မျိုးကိုလာရောက်ပြောပြပေးမှာဖြစ်ပါတယ်ရှင့်✅
🍏🍎🍐🍈🍓

1.သခွါးမွှေး
2.စတော်ဘယ်ရီ
3.ဇီးသီး
4.နဂါးမောက်သီး
5.မာလကာသီး
6.နှင်းသီး
7.လိမ္မော်သီး
8.ပန်းသီး

😍အထက်ပါဖော်ပြထားသောသစ်သီးများသည် Low GI – အလယ်အလတ်လောက်အတန်းစားဖြစ်ပါသည်။

GI ပမာဏကဘာကိုဆိုလိုတာလဲ ❓မေ့သွားကြပြီလား GI အရှည်ကောက်သည် Glycemic index ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းသို့စိမ့်ဝင်သွားသောအမြန်နှုန်းနှင့် သကြားဓာတ်ပြောင်းလဲမှု အနှေး (သို့) အမြန်၏သင်္ကေတဖြစ်ပါသည်။
အကယ်၍ GI ပမာဏနိမ့်ပါက ခန္ဓာကိုယ်အတွင်းသို့ သကြားဓာတ်စိမ့်ဝင်မှုနှုန်းနှေးပြီး GI ပမာဏမြင့်ပါက ခန္ဓာကိုယ်အတွင်းသို့ သကြားဓာတ်စိမ့်ဝင်မှုမြန်ခြင်းပဲဖြစ်ပါသည်။

17/04/2023

ထမင်း 1 ဇွန်း(ထမင်းခပ်ဇွန်းဖြင့်) ကိုဘာတွေနဲ့လဲပြီးစားသုံးနိုင်ပါသလဲ ❓
ထမင်း 1 ဇွန်း = 55 g (အကျက်) ✅
👨‍⚕️ အားအင် 80 kilocalorie, Protein 2 g, Carbohydrate 18 g ပေးဆောင်ပါသည်။
အကယ်၍ထမင်းမစားချင်ပါက ထမင်း 1 ဇွန်းအစား ဘာတွေသုံးဆောင်နိုင်ပါသလဲဆိုတာကြည့်ကြရအောင်ပါရှင့်။
🌱Cracker 3 ချပ်
🌱ပြောင်းဖူး ½ အလယ်စိတ်
🌱သစ်သီးပမာဏ 100 g
🌱ကြာဇံ 1 ဇွန်း(ထမင်းခပ်ဇွန်းဖြင့်) หรือ 60 g
🌱ပေါင်မုန့် 1 ချပ်(ပမာဏ 25 g)
🌱ပဲပြုတ် 1 ဇွန်း(ထမင်းခပ်ဇွန်းဖြင့်) (သို့) 60 g ပဲနက်၊ ပဲနီ၊ ပဲဖြူစသဖြင့်။
🌱ကွတ်တီယို 1 ဇွန်း(ထမင်းခပ်ဇွန်းခန့်) (သို့) 60 g မားမားခေါက်ဆွဲ 40 g ခန့်။
🥰အထက်ပါဖော်ပြထားသောပမာဏသည် ထမင်း 1 ဇွန်းနှင့်ကိုက်ညီသောအားအင်များကိုပေးဆောင်သည့်အတွက် အပြောင်းအလဲပြုလုပ်ပြီးအစားထိုးစားသောက်နိုင်ပါသည်။ အစားအသောက်များကိုအရည်အသွေးရှိရှိထိန်းချုပ်နိုင်ရန်အတွက်ဖြစ်ပါသည်💖

ဆီးချိုအကြောင်းအခမဲ့ဆွေးနွေးရန်
☎️-09452119294

15/04/2023

#ဆီးချိုရောဂါ
ဆီးချိုရောဂါကဘာလဲ ယခုခေတ်ကာလအချိန်အခါတွင် နိုင်ငံအတွင်းအများအပြားတွေ့ရှိပြီး ရောဂါပုံစံမှာ သွေးကြောထဲရှိသကြားဓာတ်ပမာဏပုံမှန်ထက်မြင့်ခြင်း (သို့) ဆီးချိုရောဂါဟုခေါ်ပါသည်။

အကယ်၍ကျွန်ုပ်တို့သွေးပျစ်နှစ်နေပါက ခန္ဓာကိုယ်အတွက်အခြားသောနောက်ဆက်တွဲဆိုးကျိုးအများအပြားဖြစ်လာနိုင်ပါသည်။

ပုံမှန်အားဖြင့် ဘုရားသခင်တည်ဆောက်ပေးခဲ့သောကျွန်ုပ်တို့ခန္ဓာကိုယ်သည် အံ့ဩစရာအများအပြားရှိပါသည်။ ကျွန်ုပ်တို့အစာစားလိုက်သည့်အခါ Insulin ဟုခေါ်သည့်ဟောမုန်းတစ်မျိုးသည် အသည်းမှထုတ်လုပ်လာသောဟောမုန်းဖြစ်ပြီး ဆဲလ်အမျိုးမျိုးကိုမွေးမြူပေးသောဟောမုန်းဖြစ်ပါသည်။ သို့သော်!!! ဟောမုန်းအလုပ်လုပ်မှုလမ်းစဉ်မှားယွင်းမှုများရှိခြင်းသည် အသည်းမှဟောမုန်းထုတ်လုပ်မှုနည်းခြင်း (သို့) ထုတ်လုပ်လာပြီး အရည်အသွေးမပြည့်ဝသည့်ဟောမုန်းအဖြစ်ပြောင်းလဲသွားပါက သွေးကြောထဲရှိသကြားဓာတ်ပမာဏများကိုအချိန်ကြာရှည်တိုးမြှင့်စေခြင်း (သို့) ဆီးချိုရောဂါဟုလဲခေါ်ပါသည်။

ဆီးချိုအကြောင်းအခမဲ့ဆွေးနွေးရန်
☎️-09452119294

13/04/2023

ဆီးချိုသမားများ Carbohydrate ပမာဏဘယ်လောက်စားသုံးသင့်ပါသလဲ❓

🍏🍎🍐🍊🍋🥖🍞🍠🥔🍚
😍တစ်နပ်စာစားသောက်ရာတွင် အဓိကအစားစားချိန်ကို ထမင်း 2-3 ဇွန်း (ထမင်းခပ်ဇွန်းဖြင့်) နှင့် အစာပြေစားရာတွင် သစ်သီး 100 g တစ်နေ့ကို 2 ကြိမ်ခန့်စားပေးပါ။ ✅ Energy များပျံ့နှံ့စေရန်နှင့် ခန္ဓာကိုယ်အတွင်းလုံလောက်သောအားအင်များလဲရရှိစေပါသည်။
👨‍⚕️သကြားဓာတ်ထိန်းချုပ်ချင်သော ဆီးချိုသမားများအတွက် Protein နှင့် အရွက်စိမ်းများများစားပေးပါလို့အကြံပြုပေးချင်ပါတယ် ✅ ထမင်း၊ ဂျုံ၊ သစ်သီးများလျော့စားနိုင်ပါက သွေးကြောထဲရှိသကြားဓာတ်များကိုကောင်းမွန်စွာထိန်းချုပ်ပေးနိုင်ပါသည်။

ဆီးချိုအကြောင်းအခမဲ့ဆွေးနွေးရန်
☎️-09452119294

11/04/2023

ဆီးချိုသမားများသောက်နိုင်သော ဖျော်ရည် 4 မျိုး 👨‍⚕❓

👨‍⚕️ဒီလိုပူပြင်းတဲ့နွေရာသီမျိုးမှာ အအေးတစ်ခွက်လေးရရင်သိပ်လန်းဆန်းသွားမှာပဲ။ သို့သော် စျေးကွက်ထဲမှာရှိတဲ့ အအေးဖျော်ရည်တွေမှာသကြားပမာဏအများအပြားပါရှိသည့်အတွက် ဆီးချိုသမားများသောက်လိုက်ပါက သွေးကြောထဲတွင် သကြားဓာတ်ပမာဏအမြင့်ဆုံးထိရောက်ရှိသွားနိုင်ပါသည်။ ဆီးချိုသမားများသောက်နိုင်တဲ့ဖျော်ရည် 4 မျိုးကိုမင်မင်လာပြောပြပေးမှာဖြစ်ပါတယ်။
🌱အချိုဓာတ်မပါသောနို့ထောပတ်ဖျော်ရည်
(ထောပတ်သီး 1/2 လုံး + low fat milk 1 ခွက်)

🌱Low fat milk နှင့် Almond ဖော်ရည်
(low fat Almond milk 1 ဗူး)

🌱အချိုဓာတ်မရှိသောမာလကာသီးဖျော်ရည်
(မာလကာ 1 လုံး)

🌱အချိုအရသာမရှိသော Yoghurt Strawberry
(Yoghurt 1 ခွက် + Strawberry 50 g)
👨‍⚕️အထက်ဖော်ပြပါ 4 မျိုးကိုအသုံးပြုနိုင်ပြီး အရေးကြီးချက် သကြားနှင့် သကြားရည်လုံးဝအသုံးမပြုရပါ❗️
အချိုဓာတ်ရရှိရန်အနည်းငယ်ထည့်သုံးနိုင်သော်လည်း အများကြီးမသုံးသင့်ပါ။ လိုတာထက်ပိုသွားလျှင် ခန္ဓာကိုယ်အတွက်အန္တရာယ်ရှိပါသည်။

Category

Telephone

Address


No. 279/YayKyawStreet/PazundaungTownship/Yangon
Yangon
11171

Alerts

Be the first to know and let us send you an email when Krakart Diabetic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.