Beauty by Hnin

Beauty by Hnin

Share

Beauty care

Photos from Beauty by Hnin's post 06/03/2022

Don't ❌ Do ☑️

Photos crd to original uploader 🙆

13/09/2021

ဘယ်ချိန်တွေမှာ Skincare လုပ်သင့်လဲ … ❓

ဒီနေ့မှာတော့ ညီမက Skincare တွေကို ဘယ်ချိန်တွေမှာလုပ်တာဟာပိုပြီးထိရောက်နိုင်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ် ။ ဥပမာ - ည ၁၀ နာရီ နောက်ပိုင်း Cream လိမ်းတာက မျက်နှာအသားရေထဲကို သေချာစိမ့်ဝင်မှုအားနည်းတယ် ။

WHY ❓

ညအိပ်ယာဝင်ခံနီး အချိန်မှာ
လိမ်းတာဖြစ်လို့ Cream က ကိုယ့်ရဲ့ မျက်နှာအသားရေထဲကို မရောက်ပဲနဲ့ ခေါင်းအုံးထဲ ရောက်သွားတော့
ခေါင်းအုံးကို Skincare သလိုဖြစ်သွားတာမျိုးပေါ့ 😀

ဒါ့အပြင် တခြားအကြောင်းအရာတစ်ခုကလဲ ရှိနေပါသေးတယ် ။ ဆိုတော့ ပို့စ်လေးကို
ဆက်ကြည့်လိုက်ရအောင် ..... ❤

🍀 မနက် ၆:၀၀ နာရီ မှ ၇:၀၀ နာရီ 🍀

ဒီအချိန်ကတော့ မနက်အိပ်ယာထလို့ အကောင်းဆုံးအချိန်လဲဖြစ်သလို ခန္ဓာကိုယ်က နှလုံးခုန်နှုန်းမှန်ပြီး
Hormones တွေ စတင်လှုန့်ဆော်ပေးတဲ့
ချိန်ပဲဖြစ်ပါတယ် ။ ဒီလိုချိန်မှာ Skin က Moisturizing လုပ်လို့ အကောင်းဆုံးအချိန်ပါပဲ …။

ဆိုလိုချင်တာကတော့ ဒီချိန်မှာ ရေမိုးချိုးပြီး ၊ Moisturizer သုံးတာက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်နော် …။

🍀 မနက် ၈:၀၀ နာရီ 🍀

ဒီချိန်ကတော့ Skin ကို သန့်ရှင်းရေးလုပ်လို့အကောင်းဆုံးအချိန်ပါပဲ …. ။ ဒီလိုချိန်မှာဆို ရေခဲဝတ်လေးနဲ့ မျက်နှာအသားရေကို Cleansing လုပ်ပေးတာက အရေပြားတွင်းမှာရှိတဲ့ Dead Cells တွေကို
ဖယ်ရှားပေးနိုင်ပါတယ် ။ ခုလို Stay Home ချိန်ကတော့ အကောင်းဆုံးအချိန်ပါပဲ …. ။

🍀 မနက် ၈ နာရီ မှ ၁၂:၀၀ နာရီ 🍀

Skincare Treatments တွေ ပြုလုပ်ဖို့ အကောင်းဆုံးချိန်က ဒီချိန်လေးတွေပါ ….. ။ Organism’s Metabolism တွေက အရမ်းတွေ Active ဖြစ်နေတဲ့ချိန်မို့ ကိုယ်လုပ်လိုက်တဲ့ Skincare Treatments တွေက ပိုပြီးထိရောက်ပါတယ် ။

🍀 နေ့လည် ၁နာရီ မှ ၃ နာရီ 🍀

ဒီချိန်လေးကတော့ အသားရေရဲ့ စုပ်ယူုနိင်တဲ့ လုပ်ဆောင်ချက်တွေက Sluggish (နှေးကွေး) တာကြောင့် ဒီလိုချိန်မျိုးမှာ ဘာ Skincare မှ မသုံးတာက အကောင်းဆုံးပါပဲနော် ….. ။

🍀 ၄း၀၀ နာရီ မှ ၅း၀၀ နာရီ 🍀

ဒီချိန်မှာ ခန္ဒာကိုယ်က ပုံစံပြန်ကျလာပြီပဲ ဖြစ်ပါတယ် ။ ဒီလိုချိန်လေးတွေမှာ အားကစားတမျိုးမျိုးလိုက်စားတာ၊ ပြေးခြင်း၊ ရေကူးခြင်း၊ ချွေးထုတ်ခန်း ဝင်ခြင်း နှင့် ပြေးတာမျိုးတွေ လုပ်နိုင်ပါတယ် ။

🍀 ည ၆း၀၀ နာရီ မှ ၈း၀၀ နာရီ 🍀

မျက်နှာကို Cleansing လုပ်တာ ၊ Exfoliation လုပ်တာမျိုးတွေ၊ Masks ကပ်တာမျိုးတွေလုပ်နိုင်ပါတယ် ။ ရေနွေးလေးနှင့် ရေချိုးခြင်း၊ ရေနွေးငွေ့ နှင့် Facial Treatment ခံယူခြင်းကလဲ အဆိပ်အတောက်များကို လျော့နည်းစေပြီး ကျန်းမာစွာ အိပ်ပျော်စေနိုင်ပါတယ်။

🍀 ည ၁၀ နာရီ မှ ၁၁း၀၀ နာရီ 🍀

🍀 တကယ်လို့ ည၁၀နာရီ မတိုင်ခင်ထိ Interference တွေကို လက်မခံတော့ပါဘူး။ ဒါကြောင့် ဒီချိန်မှာ Cream ကိုလိမ်းဖြစ်သွားတာဆိုရင် အရေပြားက မစုပ်ယူုနိင်တော့တဲ့ အတွက် မနက်ကျရင် ရောင်ရမ်းနေပါလိမ်ံမယ်နော် …… ။

ဒါကြောင့်ဒီချိန်ရောက်ရင် ဘာမှမလိမ်းပဲနဲ့ မနက်အိပ်ယာထမှ လိမ်းတာက အသားရေကို ပိုပြီးနုပျိုလန်းဆန်းစေပါတယ် 🍀

အားလုံးးပဲ ဒီအချိန်လေးတွေကအတိုင်း Skincare Care ဖြစ်ကြရဲ့လား……။ တကယ်လို့ မလုပ်ဖြစ်သေးဖူးဆိုရင် ဒီစာလေးကိုဖတ်ပြီးချိန်ကစပြီး Skncare Time လေးကိုသေချာ ဂရုစိုက်ကြရအောင်နော်

Photos from Beauty by Hnin's post 28/05/2021

ကိုယ့်လို ဗိုက်ခေါက်တွေ အဆီတွေ ရှိလို့

ဝိတ်ချဖို့ စိတ်ကူးနေသူတွေ

အဆီကို နည်းစနစ်ကျကျဘယ်လိုချသင့်လဲ

ဘာတွေစားသင့်လဲ ဘာတွေရှောင်သင့်လဲ

ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်တယ်နော် ❣️

#အဆီကျလှပချင်သူများအတွက်

ပုံcrd

20/11/2020

မင်္ဂလာပါရှင် 😊

အသားအရေအမျိုးအစား(Skin type)ဘယ်နှစ်မျိုးရှိလဲ ဆိုတာလေးပြောပြပေးမယ်နော်

🌻ယေဘုယျအားဖြင်​့ အသားအရေ ၅မျိုးရှိပါတယ်

1️⃣Normal Skin (ပုံမှန်အသားအရေ)

2️⃣Oily Skin (အဆီပြန်တဲ့အသားအရေ)

3️⃣Combination Skin(ပေါင်းစပ်အသားအရေ)

4️⃣Dry Skin (ခြောက်သွေ့အသားအရေ)

5️⃣Sensitive Skin (ထိခိုက်လွယ်တဲ့အသားအရေ)
ဆိုပြီး ရှိပါတယ်

🌻 Skin (ပုံမှန်အသားအရေ)
ဒီလိုအသားအရေပိုင်ဆိုင်တွေက T-zone (နဖူး,မေးစေ့,နှာခေါင်း) လို့ခေါ်တဲ့နေရာမှာ အဆီနည်းနည်းပဲ ရှိမယ် ။ အစိုဓာတ် (moisture) လည်း ညီမျှတဲ့ သူတွေပါ ။ အသားအရေ ခြောက်လည်း မခြောက် အဆီလည်း မပြန်တဲ့ အသားအရေမျိုးပါ ။

🌻 Skin (အဆီပြန်တဲ့ အသားအရေ)
မျက်နှာပေါ်က အဆီဂလင်းတွေ ​ကြောင့် မျက်နှာပေါ်မှာ အဆီ တွေ ထွက်တာပါ ။ ဟော်မုန်းဓာတ် မညီမျှရင်လည်းဖြစ်တတ်ပါတယ် ။ မျက်နှာမှာ ရှိတဲ့ ချွေးပေါက်လေးတွေ ပိတ်ပြီး ဆဲသေတွေ စု လာကာ ဝက်ခြံဖြစ်လာတာပါ ။ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်မျိူးတွေပါ ။

🌻 Skin (ခြောက်သွေ့အသားအရေ)
မျက်နှာမှာ ရေဓာတ်နည်းပြီး ကြမ်းတမ်းတဲ့အသားအရေ မျိုးပါ ။ အသားအရေလည်း မညီညာတဲ့အပြင် မျက်နှာမှာ တင်းကြပ်သလို ခံစားရတတ်ပြီး အရမ်း အခြေအနေ ဆိုးရင် ပက်ကြားပါအက်တတ်ပါတယ် ။ အရမ်းကို ဂရုစိုက် သင့်တဲ့ အသားအရေပိုင်ရှင်မျိုးတွေပါ ။

🌻 Skin (ပေါင်းစပ်အသားအရေ)
ပေါင်းစပ်အသားအရေ ဆိုတာ အဆီပြန်တဲ့ အသားအရေနဲ့ ခြောက်သွေ့တဲ့အသားအရေ ၂မျိုး ရှိတာပါ ။ T - zone ( နဖူး,နှာခေါင်း, မေးစေ့) တွေ မှာ အဆီပြန်တတ်ပြီး ပါးနှစ်ဖက်ကတော့ ခြောက်သွေ့နေတတ်ပါတယ် ။

🌻 Skin (ထိခိုက်လွယ်တဲ့အသားအရေ)
ဒီအသားအရေမျိုးတွေ က အရမ်းဂရုစိုက်သင့်ပါတယ် ။ အစပ်စားတာတွေ ဖြစ်ဖြစ် ပုံမှန် သုံးနေကျ Cosmetic မဟုတ်ဘဲ အသစ်ပြောင်းသုံးလိုက်ရင် အနီစက်တွေ ယားတာတွေ အကွက်တွေ ဖြစ်တတ်တဲ့ အသားအရေမျိုးရှိသူတွေပါ ။

☘အသားအရေနဲ့ပတ်သက်ပြီး သိသလောက် ပြန်မျှဝေပေးထားပါတယ် ☺

☘ဒီ post လေးကို ဖတ်ပြီး ကိုယ့််ရဲ့ မျက်နှာအသားအရေကို သိကာ မှန်ကန်တဲ့ Cosmetic လေးတွေကို ရွေးချယ်အသုံးပြုနိုင်ကြပါစေ🙏

👇�အောက်ကပုံလေးကိုကြည့်ပြီးလည်းသိနိုင်ပါတယ်👇

#စာလေးဖတ်ပြီးကိုယ့်အတွက်အကျိုးတစ်စုံတစ်ခါရှိသွားရင်ကျေနပ်ပါပြီ😊

Page လေးကိုလည်း ေးတစ်ချက်နှိပ်ပေးခဲ့ပါနော်

09/10/2020

မင်မင်လို့ ဝက်ခြံတွေထွက်ပီဆို

ထိထိမိနေတဲ့သူတွေရှိလား 🙄🙄

အာ့ဆို video လေးကိုအဆုံးထိကြည့်နော်

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Beauty by Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.