Dr. Nan May

Dr. Nan May

Share

an aesthetic doctor, skincare educator, and a firm believer that true beauty radiates from the inside out.

Since 2017, I’ve had the absolute privilege of helping patients feel confident in their own skin at Skin 101 Aesthetic Clinic in Mayangone

Photos from Dr. Nan May's post 11/08/2026

Video တွေ မရိုက်ဖြစ်တာကြာတော့ တက်ကြွနေသော ကျမ💚

11/08/2026

ဝက်ခြံအမာရွတ်နဲ့ ချွေးပေါက်ကျယ်တာတွေ သက်သာပြီး အသားကြည်စေတဲ့ Microneedling ကုသမှုအကြောင်း

11/08/2026

နေရောင်ခြည်က ကိုယ့်အသားအရေအတွက် ဆေးလား? အဆိပ်လား? ဒီ post မှာတော့ နေပူထဲထွက်ရင် အရေပြားရောဂါတချို့ ပိုဆိုးသွားမလား၊ ပိုကောင်းစေလား ဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်ကြမယ်နော်!

နေပူထဲထွက်ရင် အသားမည်းမယ်၊ နေလောင်မယ် ဆိုတာလောက်တော့ အကြမ်းဖျင်း သိထားကြပါတယ်။ ဒါပေမဲ့ ဆေးပညာအရ နေရောင်ခြည် (UV Rays) ဟာ အရေပြား ရောဂါတွေအပေါ်မှာ သက်ရောက်မှု မတူညီပါဘူး။ တချို့ရောဂါတွေအတွက် နေရောင်ခြည်က လုံးဝရှောင်ရမယ့် "အဆိပ်" ဖြစ်နေပေမဲ့၊ တချို့ရောဂါတွေအတွက်ကျတော့ ကုထုံးတစ်ခုလို "ဆေး" ဖြစ်နေတတ်ပါတယ်။

🚫 နေရောင်ခြည်ကြောင့် ပိုဆိုးစေနိုင်သော ရောဂါများ (The Bad)

ဒီရောဂါအခံ ရှိသူတွေဟာ နေရောင်ကို အထူး ဂရုစိုက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

➡️Lupus (SLE နှင့် DLE): ဒီကိုယ်ခံအား ရောဂါသည်တွေအတွက် နေရောင်ဟာ အဆိုးရွားဆုံး ရန်သူပါ။ နေရောင်ကို လုံးဝမခံနိုင်ဘဲ (Photosensitivity) အနည်းငယ် ထိတွေ့လိုက်တာနဲ့ အရေပြား လက္ခဏာတွေ အဆမတန် ဆိုးရွားလာပြီး ရောဂါ ပြန်ကြွ (Flare-up) လာတတ်ပါတယ်။

➡️Rosacea (နှင်းဆီရောင် ဝက်ခြံ): မျက်နှာမှာ သွေးကြောလေးတွေ ပေါ်ပြီး နီရဲနေတတ်တဲ့ Rosacea သမားတွေဟာ နေပူထဲထွက်လိုက်တာနဲ့ မျက်နှာတစ်ခုလုံး ပူထူပြီး ရောဂါလက္ခဏာတွေ ချက်ချင်း ပိုဆိုးသွားတတ်ပါတယ်။

➡️အရေပြား ကင်ဆာများ: နေရောင်ခြည်ထဲက UVB ရောင်ခြည်ဟာ Malignant melanoma, Basal cell carcinoma နဲ့ Squamous cell carcinoma စတဲ့ အသက်အန္တရာယ်ရှိတဲ့ အရေပြားကင်ဆာတွေကို တိုက်ရိုက် ဖြစ်စေတဲ့ အဓိက တရားခံကြီးပါ။ ကင်ဆာအဖြစ် ပြောင်းလဲနိုင်တဲ့ (Solar keratoses) အဖုတွေဟာလည်း နေပူထဲ အမြဲသွားသူတွေမှာ အဖြစ်များပါတယ်။

➡️ခရုသင်း (Vitiligo): ခရုသင်းဖြစ်နေတဲ့ နေရာတွေမှာ အသားအရောင် (Melanin) မရှိတော့တဲ့အတွက် နေလောင်ဒဏ်ကို သာမန်လူတွေထက် အဆပေါင်းများစွာ ပိုခံရပါတယ်။ ဒါကြောင့် အပြင်ထွက်တိုင်း SPF 30 နဲ့အထက် Sunscreen ကို မဖြစ်မနေ လိမ်းကို လိမ်းရပါမယ်။

➡️နေရောင်နှင့် ဓာတ်မတည့်ခြင်း (Photodermatitis): တချို့ သောက်ဆေးတွေ၊ ဓာတုပစ္စည်းတွေနဲ့ အလှကုန်တွေက နေရောင်နဲ့ ထိတွေ့တဲ့အခါ ဓာတ်ပြုပြီး အရေပြား ရောင်ရမ်းတာ၊ အဖုအပိမ့်တွေ အကြီးအကျယ် ထွက်တာမျိုး (Solar Urticaria / Polymorphic light eruption) တွေ ဖြစ်စေတတ်ပါတယ်။

➡️ညှင်း / မှို (Pityriasis Versicolor): နေပူခံပြီးနောက်ပိုင်း အသားအရောင် ကွဲသွားတဲ့အခါမျိုးမှာ ဒီမှိုရောဂါ အကွက်တွေက မျက်စိထဲ ပိုပြီး သိသာထင်ရှားလာတတ်ပါတယ်။

➡️Darier's disease: ရင်ဘတ်၊ ကျောနဲ့ လည်ပင်းတွေမှာ ထွက်တတ်တဲ့ အဖုအထစ်လေးတွေဟာ နေရောင်နဲ့ ထိတွေ့တဲ့အခါ ပိုပြီး ဆိုးရွားလာတတ်ပါတယ်။

✅ နေရောင်ခြည်က သက်သာစေသော ရောဂါများ (The Good)

အံ့သြစရာ ကောင်းတာက တချို့အရေပြား ပြဿနာတွေအတွက် နေရောင်ခြည်ဟာ သဘာဝ ကုထုံးတစ်ခု ဖြစ်နေပါတယ်။

➡️Psoriasis (ဆိုရီရေးစစ်): အရေပြား အကြေးခွံကွာတဲ့ ဒီရောဂါဟာ နေရောင်ခြည်နဲ့ ထိတွေ့လိုက်ရင် သိသိသာသာကို သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ ခရမ်းလွန်ရောင်ခြည် ကုထုံး (UVB နှင့် PUVA) တွေကို အသုံးပြုပြီး ဆိုရီရေးစစ်ကို ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ ကုသပေးနေတာပါ။
(လိုအပ်တာထက် ပိုကြာအောင်တော့ နေရောင်ဒဏ်မခံသင့်ပါဘူး။)

➡️Acne (ဝက်ခြံ): သဘာဝ နေရောင်ခြည်ဟာ ဝက်ခြံတွေကို အတိုင်းအတာ တစ်ခုအထိ သက်သာစေပါတယ်။ ဆောင်းတွင်းလို နေရောင်ခြည် ရရှိမှု နည်းပါးတဲ့ အချိန်တွေမှာ ဝက်ခြံ ပိုဆိုးလာတတ်တာပါတယ်။

➡️ခရုသင်း ကုသမှု (Vitiligo Treatment): အပေါ်မှာပြောခဲ့သလို သာမန်နေရောင်က နေလောင်စေနိုင်ပေမဲ့၊ ဆရာဝန်ရဲ့ စောင့်ကြည့်မှုအောက်မှာ စနစ်တကျ ပြုလုပ်တဲ့ UV Light Therapy (ခရမ်းလွန်ရောင်ခြည် ကုထုံး) ကတော့ အသားအရောင်ကို ပြန်လည်ရရှိအောင် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ပါတယ်။

နေရောင်ခြည်ဟာ ဆိုရီရေးစစ်လို ရောဂါတွေအတွက် ဆေးတစ်ပါး ဖြစ်ပေမဲ့၊ လူကောင်းတွေအတွက်တော့ ရေရှည်ထိတွေ့ပါက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း (Photoaging) နဲ့ အရေးအကြောင်းတွေကို ဖြစ်စေတဲ့ နံပါတ် (၁) တရားခံပါ။ ဒါ့ကြောင့် ကိုယ့်မှာ ဘာရောဂါပဲရှိရှိ၊ ဘယ်လို အသားအရေပဲဖြစ်ဖြစ် အပြင်ထွက်ရင် Sunscreen (နေလောင်ကာခရင်မ်) လိမ်းခြင်းကသာ အရာအားလုံးအတွက် အကောင်းဆုံး ကာကွယ်မှု ဆိုတာ မမေ့ပါနဲ့နော်။

09/08/2026

Adapalene လိမ်းရင် ဝက်ခြံသက်သာလာမယ်ဆိုလို့ လိမ်းလိုက်တာ၊ အခုတော့ မျက်နှာကြီး နီရဲ ခြောက်စပ်ပြီး အရေခွံတွေပါ လန်နေပြီလား?

Adapalene ဆိုတာ အာနိသင်ကောင်းတဲ့ ဆေးမှန်ပေမဲ့ စစလိမ်းတဲ့ အချိန်တွေမှာ

➡️အသားအရည် ခြောက်ပီး အဖတ်တွေလန်လာတာ
➡️skincare လူးရင် စပ်တာ
➡️မျက်နှာနီလာတာ
➡️အသားအရည် တင်းကြပ်ကြပ် ဖြစ်တာမျိုးတွေ

ဖြစ်တတ်ပါတယ်။ ဆေးလိမ်းရင်း အသားကျသွားနိုင်ပေမဲ့ ဘယ်လိုမှ မခံနိုင်အောင် နီ၊ ရဲ၊ ခြောက်၊ စပ်နေပီဆိုရင်တော့ အောက်ပါအချက်တွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

၁။ ချက်ချင်း ရပ်လိုက်ပါ (Stop the Actives)

❌ Adapalene လိမ်းခြင်းကို ခဏ ရပ်လိုက်ပါ။ မခံနိုင်ရင် ဇွတ်ဆက်မလိမ်းပါနဲ့။

❌ Adapalene နဲ့အတူတူ အခြား actives တွေဖြစ်တဲ့ AHA, BHA, Vitamin C နဲ့ မျက်နှာကို ပွတ်တိုက်ရတဲ့ Scrub တွေ အားလုံးကိုပါ ခေတ္တ ရပ်နားထားလိုက်ပါ။

၂။ အခြေခံကိုသာ ပြန်သွားပါ (Back to Basics)

Skincare အဆင့်တွေ အများကြီး လိမ်းတာက စပ်နေတဲ့ အရေပြားကို ပိုပြီး ဒုက္ခပေးသလို ဖြစ်စေတာမို့ လိုအပ်တဲဘ အဆင့်ပဲလူးပေးပါ။

✅Gentle Cleanser: အမြှုပ်မထွက်တဲ့၊ pH မျှတတဲ့ အပျော့စား မျက်နှာသစ်ဆေးကိုသာ သုံးပါ။

✅Moisturizer & Sunscreen: အစိုဓာတ်ထိန်း ခရင်မ်နဲ့ မနက်ပိုင်း နေလောင်ကာ ခရင်မ် (SPF) ကိုသာ မဖြစ်မနေ လိမ်းပေးပါ။

၃။ Barrier ကို အမြန်ဆုံး ပြန်လည် တည်ဆောက်ပါ (Repair & Soothe)

✅နီရဲစပ်နေတာကို သက်သာစေဖို့နဲ့ အကာအကွယ်လွှာ ပြန်ကောင်းလာစေဖို့ အသားအရေ ပြုပြင်ပေးတဲ့ Moisturizer တွေကို မနက်ရော ညပါ ထူထူလေး လိမ်းပေးပါ။

❌ရေခဲရေနဲ့ မျက်နှာသစ်တာမျိုးကို ရှောင်ပြီး၊ ရိုးရိုး ရေအေးလေးနဲ့သာ သစ်ပေးပါ။

၄။ လုံးဝ ပြန်ကောင်းသွားမှ "Sandwich Method" ဖြင့် ပြန်စပါ

အသားအရေ နီရဲတာ၊ စပ်တာ လုံးဝ ပျောက်ကင်းသွားပြီ (အနည်းဆုံး ၁ ပတ် ကနေ ၂ ပတ် ကြာနိုင်ပါသည်) ဆိုရင်တော့ Adapalene ကို ပြန်စလို့ ရပါပြီ။

✅Sandwich Method: မျက်နှာသစ်ပြီးတာနဲ့ Moisturizer (အစိုဓာတ်ထိန်းခရင်မ်) ကို အရင်လိမ်းပါ။ ပြီးမှ Adapalene ကို ပဲစေ့အရွယ်အစား (Pea-sized) လောက်သာ ယူပြီး မျက်နှာအနှံ့ ပါးပါးလေး လိမ်းပါ။ ပြီးတာနဲ့ အပေါ်ကနေ Moisturizer ကို နောက်တစ်ထပ် ပြန်အုပ်လိမ်းပါ။(Moisturizer + Adapalene + Moisturizer)။

✅နေ့တိုင်း မလိမ်းဘဲ တစ်ပတ်ကို (၁) ကြိမ် သို့မဟုတ် (၂) ကြိမ် ကနေသာ ဖြည်းဖြည်းချင်း ပြန်စပါ။

တကယ်လို့ ကိုယ်က Adapalene တော့ လူးနေတာကြာပြီ၊ ဝက်ခြံအဖုတွေက မသက်သာဘူးဆိုရင်တော့ နီးစပ်ရာ အလှအပဆေးခန်းတွေ အရေပြားဆေးခန်းတွေမှာ သွားရောက်ပြသသင့်ပါတယ်နော်။

Photos from Dr. Nan May's post 05/08/2026

MDAS Day 2

05/08/2026

MDAS ပွဲတက်ရင်း လေဆာစက်တွေ လေ့လာ

03/08/2026

နှာခေါင်းနဲ့ မေးစေ့တစ်ဝိုက်မှာ အမည်းရောင်လိုလို၊ မီးခိုးရောင်လိုလို အစက်လေးတွေ တွေ့ရင် တော်တော်များများက "ဆားဝက်ခြံ (Blackheads)" လို့ ထင်ပြီး ကပ်ခွာတွေနဲ့ ခွာကြ၊ လက်နဲ့ အတင်းညှစ်ထုတ်ကြပါတယ်။ အဲဒီလို ညှစ်ထုတ်လိုက်တဲ့အခါ အပ်ချည်ကြိုးလို အဝါရောင် ဆီတန်းလန်းလေးတွေ ထွက်လာတာကို မြင်ပြီး သဘောကျနေတတ်ကြတယ်။ တကယ်တော့ အဲဒါ ဆားဝက်ခြံ မဟုတ်ပဲ အရေပြားရဲ့ သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Sebaceous Filaments (မွှေးညှင်းပေါက်အမျှင်မဲ) သာ ဖြစ်ပါတယ်။

ဒီနှစ်ခု ဘယ်လိုကွာခြားလဲ၊ ဘာလို့ အတင်းမခွာသင့်တာလဲ ဆိုတာကို ရှင်းပြပေးချင်ပါတယ်။

၁။ ဆားဝက်ခြံ (Blackhead) နှင့် (Sebaceous Filament) ဘာကွာလဲ?

➡️ဆားဝက်ခြံ (Blackheads): သူက တကယ့် ဝက်ခြံ အမျိုးအစားထဲမှာ ပါပါတယ်။ ချွေးပေါက်ထဲမှာ အဆီတွေ၊ ဆဲလ်သေတွေ လုံးဝ ပိတ်ဆို့သွားပြီး လေနဲ့ထိတွေ့ကာ အမည်းရောင် အဖြစ်ကို ပြောင်းလဲသွားတာပါ။ ထိကြည့်ရင် အဖုလေးလို စမ်းမိတတ်ပြီး၊ အရွယ်အစား ကြီးမားပါတယ်။ မျက်နှာပေါ်မှာ နေရာအနှံ့ ပေါက်နိုင်ပါတယ်။

➡️မွှေးညှင်းပေါက်အမျှင်မဲ (Sebaceous Filaments): သူက ဝက်ခြံ မဟုတ်ပါဘူး! အဆီဂလင်းကနေ ထွက်လာတဲ့ အဆီတွေဟာ မျက်နှာပြင်ပေါ်ကို ရောက်ဖို့ ချွေးပေါက်လေးတွေကနေတစ်ဆင့် သွားရပါတယ်။ အဲဒီလို သွားနေတဲ့ သဘာဝ အဆီလမ်းကြောင်းလေးတွေကို အပြင်ကနေ လှမ်းမြင်နေရတာပါ။ အရောင်က မီးခိုးနုရောင် (သို့) အဝါနုရောင် ရှိပြီး၊ ထိကြည့်ရင် အဖုအထစ် မရှိဘဲ နှာခေါင်းနဲ့ မေးစေ့တွေမှာ အများဆုံး တွေ့ရပါတယ်။ သက်ရှိထင်ရှား လူသားတစ်ယောက် ဖြစ်နေသရွေ့ ဒီဆီမျှင်လေးတွေက ရှိနေမှာပါပဲ။ သိသာတာနဲ့ မသိသာတာပဲ ကွာပါတယ်။

၂။ ကပ်ခွာခွာခြင်း နှင့် ညှစ်ထုတ်ခြင်းရဲ့ ဆိုးကျိုး

❌နှာခေါင်းပေါ်က sebaceous filament တွေကို ကပ်ခွာတွေနဲ့ ခွာထုတ်လိုက်တဲ့အခါ ချက်ချင်းတော့ နှာခေါင်းလေး ပြောင်စင်သွားသလို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့
အဲဒီအဆီတွေဟာ သဘာဝ ဖြစ်စဉ်အရ ရက် (၃၀) အတွင်းမှာ သူ့အလိုလို အပြည့် ပြန်ဖြစ်လာမှာပါ။ ခဏခဏ ကပ်ခွာခွာတာ၊ အတင်းညှစ်ထုတ်တာတွေ လုပ်ပါများရင် ချွေးပေါက်နံရံလေးတွေက ကျုံ့ဆန့်နိုင်စွမ်း (Elasticity) ပျက်စီးသွားပြီး ချွေးပေါက်တွေ ကျယ်သွားနိုင်ပါတယ်။ ချွေးပေါက်ကျယ်သွားရင် အဲဒီထဲမှာ အဆီတွေ ပိုစုလာပြီး အရင်ကထက် ဆီမျှင်မဲတွေ ပိုကြီးလာ၊ ပိုသိသာလာတဲ့ သံသရာထဲကို ရောက်သွားပါလိမ့်မယ်။

၃။ Sebaceous Filaments ကို ဘယ်လို ထိန်းသိမ်းမလဲ?

ဒီကောင်လေးတွေကို လုံးဝ အမြစ်ပြတ် ပျောက်ကင်းအောင် ဖျောက်ဖျက်ပစ်လို့ မရပါဘူး။ ဒါပေမဲ့ မျက်စိထဲ မသိသာအောင်၊ ချွေးပေါက် သေးသွားအောင် "ပျော်ကျစေတဲ့ နည်းလမ်း (Melting Method)" နဲ့ ထိန်းချုပ်လို့ ရနိုင်ပါတယ်။

✅BHA (Salicylic Acid) ကို အသုံးပြုပါ: BHA ဟာ အဆီမှာ ပျော်ဝင်နိုင်တဲ့ အက်ဆစ်ဖြစ်လို့ ချွေးပေါက်ထဲအထိ ဝင်ရောက်ပြီး စုပုံနေတဲ့ ဆီမျှင်တွေကို အကောင်းဆုံး အရည်ပျော်စေပါတယ်။ BHA 2% ပါတဲ့ Toner (သို့) Serum ကို တစ်ပတ် (၂) ကြိမ်လောက် နှာခေါင်းပေါ် လိမ်းပေးပါ။

✅Double Cleansing လုပ်ပါ: ညဘက် မျက်နှာသစ်တဲ့အခါ Cleansing Oil (သို့) Cleansing Balm တစ်ခုခုကို အရင်သုံးပြီး နှာခေါင်းတစ်ဝိုက်ကို စက္ကန့် (၆၀) လောက် ညင်သာစွာ စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ "အဆီကို အဆီနဲ့ပဲ ပြန်ဖျက်ရတယ် ဆိုတဲ့ သဘောတရားအရ အတွင်းထဲက ဆီခဲတွေကို အထိရောက်ဆုံး သန့်စင်ပေးနိုင်ပါတယ်။ တခသတိထားသင့်တာက သေချာ cleansing ပြန်မလုပ်နိုင်ရင် ချွေးပေါက်ပိတ်ပြီး အဆီဖုလေးတွေ ထွက်လာတတ်ပါတယ်။

✅Clay Mask သုံးပါ: တစ်ပတ်ကို တစ်ကြိမ်လောက် Kaolin (သို့) Bentonite Clay ပါဝင်တဲ့ ရွှံ့စေး Mask လေးကို နှာခေါင်းပေါ် တင်ပေးခြင်းက ပိုလျှံနေတဲ့ အဆီတွေကို သံလိုက်လို စုပ်ယူပေးလို့ ဆီမျှင်မဲတွေ လျော့ကျစေနိုင်ပါတယ်။

လိုအပ်ရင်တော့ ဆေးခန်းတွေမှာ ကုသမှုလေးတွေ လုပ်ပေးတာက ပိုထိရောက်နိုင်ပါတယ်နော်။

03/08/2026

4ရက်နေ့နဲ့ 5ရက်နေ့ 2ရက် MDAS ပွဲလေး တက်ဖို့ရှိလို့ မနက်ပိုင်း ခဏပဲ ကမ္ဘာအေးဆေးခန်းမှာ ထိုင်ပါမယ်နော်လို့

Booking လေးကြိုယူပေးနော်

31/07/2026

"အသက် (၂၀) ကျော်ပဲ ရှိသေးတယ်၊ ခေါင်းပေါ်မှာ ဆံပင်ဖြူတွေ တွေ့နေရလို့ စိတ်ညစ်နေပြီလား?

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေ ဖြူလာတယ်၊ ဘာများဖြစ်တာလဲပေါ့ ဆိုပြီး စိုးရိမ်တတ်ကြတယ်။ ဆေးပညာမှာတော့ ဒါကို "Premature Canities" လို့ ခေါ်ပါတယ်။

ဆံပင်ကို အမည်းရောင်ဖြစ်အောင် ဖန်တီးပေးတဲ့ ဆဲလ်လေးတွေ (Melanocytes) အလုပ်မလုပ်တော့တဲ့အခါ ဆံပင်ဖြူလာရတာပါ။ ဘာကြောင့် အဲဒီဆဲလ်လေးတွေ အလုပ်မလုပ်တော့တာလဲ ဆိုတဲ့ အဓိက တရားခံတွေကို အရင်ဆုံး ဖော်ထုတ်ကြည့်ရအောင်။

၁။ ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူရတာလဲ? (အဓိက တရားခံများ)

➡️မျိုးရိုးဗီဇ (Genetics): ဒါကတော့ နံပါတ် (၁) တရားခံပါ။ မိဘဆွေမျိုးတွေထဲမှာ ငယ်ငယ်နဲ့ ဆံပင်ဖြူတဲ့ မျိုးရိုးရှိရင်၊ ကိုယ့်ဆီမှာလည်း စောစောစီးစီး ဆံပင်ဖြူဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။ ဒါဟာ သဘာဝတရား ဖြစ်လို့ ပြောင်းလဲပစ်ဖို့ ခက်ခဲပါတယ်။

➡️ဗီတာမင်နှင့် သတ္တုဓာတ် ချို့တဲ့ခြင်း: ခန္ဓာကိုယ်မှာ Vitamin B12, Vitamin D3, သံဓာတ် (Iron) နဲ့ ကော့ပါး (Copper) ဓာတ်တွေ ချို့တဲ့နေရင် ဆံသားကို အမည်းရောင်ပေးတဲ့ ဆဲလ်တွေ သေဆုံးပြီး ဆံပင် ရုတ်တရက် ဖြူလာတတ်ပါတယ်။ (အထူးသဖြင့် သက်သတ်လွတ် စားသူတွေမှာ ပိုဖြစ်တတ်ပါတယ်)။

➡️စိတ်ဖိစီးမှု လွန်ကဲခြင်း (Stress): "စိတ်ညစ်လို့ ဆံပင်တွေတောင် ဖြူတယ်" ဆိုတာ တကယ်ပါ။ စိတ်ဖိစီးမှုများတဲ့အခါ ထွက်လာတဲ့ ဓာတ်တွေက ဆံသားအရောင်ထုတ်တဲ့ Stem ဆဲလ်တွေကို တိုက်ရိုက် ဖျက်ဆီးပစ်ပါတယ်။

➡️ဆေးလိပ်သောက်ခြင်း: ဆေးလိပ်က ထွက်တဲ့ အဆိပ်အတောက်တွေဟာ သွေးကြောတွေကို ကျဉ်းစေပြီး ဦးရေပြားဆီ သွေးလည်ပတ်မှု နည်းသွားစေတာကြောင့် ဆံပင်ဖြူတာကို ပိုမြန်စေပါတယ်။

➡️ရောဂါအခံများ : Thyroid နဲ့ တချို့ Autoimmune ရောဂါအခံရှိတဲ့သူတွေမှာလဲ ဖြစ်တတ်ပါတယ်။

၂။ ဆံပင်ဖြူကို နှုတ်ရင် ပိုပွားလား?

ဒါဟာ မြန်မာနိုင်ငံမှာ လူယုံအများဆုံး အလွဲကြီးတစ်ခုပါပဲ။ "ဆံပင်ဖြူ တစ်ချောင်းနှုတ်ရင် နောက်ထပ် ပိုမပွားပါဘူး!" ဆံပင်မွေးညင်းပေါက် တစ်ပေါက်ကနေ ဆံပင်တစ်ချောင်းပဲ ထွက်တာပါ။ ဒါပေမဲ့ အတင်းနှုတ်လိုက်တဲ့အခါ မွေးညင်းပေါက် (Hair follicle) ကြီး ဒဏ်ရာရသွားပါတယ်။ ခဏခဏ နှုတ်ပါများရင် အဲဒီနေရာကနေ ဆံပင် လုံးဝပြန်မထွက်တော့ဘဲ နောက်ပိုင်းမှာ "ထိပ်ပြောင်တာ၊ ဆံပင်ပါးတာ" တွေ ဖြစ်လာပါလိမ့်မယ်။

၃။ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူရင် ဘာတွေ လုပ်သင့်လဲ?

✅အာဟာရ ဖြည့်တင်းပါ: Vitamin B12 ကြွယ်ဝတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေကို များများစားပေးပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး B-Complex အားဆေးတွေ၊ သံဓာတ်အားဆေးတွေ ဖြည့်စွက် သောက်သုံးနိုင်ပါတယ်။

✅စိတ်ဖိစီးမှုကို လျှော့ချပါ: အိပ်ရေးဝဝအိပ်တာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေက ဆဲလ်တွေ ထပ်မပျက်စီးအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

✅ရောဂါ ရှိ/မရှိ စစ်ဆေးပါ: မျိုးရိုးလည်းမရှိဘဲ ရုတ်တရက်ကြီး ဆံပင်တွေ အများကြီး ဖြူလာတယ်ဆိုရင်တော့ သိုင်းရွိုက်ဟော်မုန်း ပြဿနာ (Thyroid disorder) ဒါမှမဟုတ် သွေးအားနည်းရောဂါ ရှိနေနိုင်လို့ ဆရာဝန်နဲ့ သွေးဖောက် စစ်ဆေးကြည့်သင့်ပါတယ်။

✅ဘေးကင်းသော ဆံပင်ဆိုးဆေးကို ရွေးချယ်ပါ: မျိုးရိုးကြောင့် ဖြူတာဆိုရင်တော့ ဘယ်ဆေးသောက်သောက်၊ ဘယ်ခေါင်းလျှော်ရည်သုံးသုံး ပြန်မမည်းနိုင်တော့ပါဘူး။ ဒါကြောင့် ယုံကြည်မှု ပြန်လည်ရရှိဖို့အတွက် Ammonia (အမိုးနီးယား) မပါဝင်တဲ့ ဆံပင်ဆိုးဆေးတွေ (သို့မဟုတ်) သဘာဝ ဒန်းပင် (Henna) လိုမျိုး အပျော့စား ဆိုးဆေးတွေကို အသုံးပြုပြီး အရောင် ပြန်တင်ပေးလို့ ရပါတယ်။

"ဆံပင်ဖြူတာဟာ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာ တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်က အာဟာရ လိုအပ်နေတယ် ဆိုတဲ့ အချက်ပေးခေါင်းလောင်းလေး ဖြစ်နိုင်သလို၊ သင့်ရဲ့ မျိုးရိုးဗီဇကပေးတဲ့ လက်ဆောင်တစ်ခုလည်း ဖြစ်ပါတယ်။ ဆံပင်ဖြူကို ရန်သူလို သဘောထားပြီး အတင်းမနှုတ်ပါနဲ့၊ လိုအပ်တဲ့ အာဟာရဖြည့်ပြီး ဂရုတစိုက်သာ ဖုံးကွယ် ဆေးဆိုးလိုက်ပါ။"

30/07/2026

ဗောက်ထတဲ့သူ အများစုက ဗောက်ကို အမြစ်ပျက် ပျောက်ကင်းချင်ကြပေမဲ့ ဦးရေပြား ဗောက်ထတဲ့ အခြေအနေဟာ အပွင့်လင်းဆုံးပြောရရင် အမြစ်ပျက်ပျောက်ကင်းတာမျိုး မရှိနိုင်ပါဘူး။ ရာသီဥတုနဲ့ပြင်ပအကြောင်းအရာ တခုခုကြောင့် ပြန်ဖြစ်နိုင်ခြေရှိပါတယ်။ ဒီကုသရခက်တဲ့ ဗောက်တွေကို အမြစ်မပျက်ရင်တောင် လက်ရှိဖြစ်နေတဲ့ ဗောက်ကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆက်ပြောပြပေးပါမယ်။

၁။ ဗောက်ကဘာလို့ဖြစ်တာလဲ?

➡️ဗောက်ထခြင်း (Dandruff) ဆိုတာ ဦးရေပြားမှာ အပျော့စားဖြစ်ပွားတဲ့ Seborrheic dermatitis (အရေပြားရောင်ရမ်းသည့် ရောဂါ) တစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အဓိကအကြောင်းရင်းတွေကတော့

✅မှိုပိုးပွားများလာခြင်း: အဓိကအားဖြင့် Malassezia furfur ဟုခေါ်သော မှိုပိုးတစ်မျိုး ပွားများလာခြင်းကြောင့် ဖြစ်ပွါးရခြင်းဖြစ်ပါတယ်။
✅ကိုယ်ခံအားစနစ် တုံ့ပြန်မှု ပုံမှန်မဟုတ်ခြင်း: ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် တုံ့ပြန်မှု ပုံမှန်မဟုတ်ခြင်းတို့ကြောင့်လည်း ဖြစ်ပွါးနိုင်ပါတယ်။
✅အဆီဂလင်းများ အဓိကအလုပ်လုပ်ခြင်း: များသောအားဖြင့် ဦးရေပြားကဲ့သို့သော အဆီဂလင်း (sebaceous glands) များ အဓိက အလုပ်လုပ်သည့် နေရာများတွင် အများဆုံး ဖြစ်ပွါးလေ့ရှိပါတယ်။

➡️ကိုယ်ခံအားကျတာ၊ စိတ်ဖိစီးမှုများတာ၊ ဟော်မုန်းအပြောင်းအလဲဖြစ်တာ ဒါမှမဟုတ် ရာသီဥတု ပူအိုက်စွတ်စိုလာတဲ့အခါ မှိုပိုးများပွါးလာပြီး ဗောက်ပိုဖြစ်လွယ်ပါတယ်။

၂။ ဗောက်ထနေချိန် လုံးဝရှောင်ကြဉ်ရမည့် အမှားများ

❌ဦးရေပြားကို ဆီလူးခြင်း: အုန်းဆီ၊ သံလွင်ဆီ စတဲ့ Hair Oil တွေကို ဦးရေပြားပေါ် တိုက်ရိုက် လူးတဲ့အခါ မှိုပိုးတွေအတွက် အစားအစာ ကျွေးလိုက်သလို ဖြစ်သွားပြီး ဗောက်တွေ ပိုထွက်လာနိုင်ပါတယ်။

❌ကုတ်ဖဲ့ခြင်း: ယားယံလို့ အတင်းကုတ်ဖဲ့တဲ့အခါ ဦးရေပြားမှာ ဒဏ်ရာတွေရပြီး အခြား ဘက်တီးရီးယားပိုးတွေပါ ဝင်ရောက်လာကာ ပြည်တည်နာတွေ၊ ခေါင်းပွေးတွေပါ ဆက်ဖြစ်လာနိုင်ပါတယ်။

❌ခေါင်းမလျှော်ဘဲ နေခြင်း: ခေါင်းလျှော်ရင် ဗောက်ပိုထွက်တယ်ထင်ပြီး ရက်အကြာကြီး ခေါင်းမလျှော်တဲ့အခါ အဆီတွေ ပိုစုပုံလာနိုင်ပါတယ်။

၃။ ဗောက်သက်သာဖို့ အထိရောက်ဆုံး နည်းလမ်းများ

ဗောက်ကို သက်သာစေဖို့ ရိုးရိုး အမွှေးနံ့သာပါတဲ့ ခေါင်းလျှော်ရည်တွေအစား ဆေးဘက်ဝင် (Medicated) ခေါင်းလျှော်ရည်တွေကို စနစ်တကျ သုံးတတ်ဖို့ လိုပါတယ်။

✅Active Ingredients ကို ရှာပါ: ခေါင်းလျှော်ရည် ဝယ်တဲ့အခါ နောက်ကျောမှာ Ketoconazole, Zinc Pyrithione, ဒါမှမဟုတ် Selenium Sulfide စတဲ့ မှိုသတ်ဆေး (Anti-fungal) ပါဝင်ပစ္စည်း တစ်ခုခု ပါ/မပါ သေချာစစ်ဆေးပြီးမှ ဝယ်ပါ။ (ဥပမာ - Selsun, Nizoral)။

✅လျှော်တဲ့ နည်းစနစ်: ဒါက အရေးအကြီးဆုံးပါ။ ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ် ပွတ်တိုက်ပြီးတာနဲ့ ချက်ချင်း ရေပြန်မဆေးချပါနဲ့။ ဆေးအာနိသင်က မှိုပိုးတွေကို သွားရောက် သတ်ဖြတ်နိုင်ဖို့အတွက် အနည်းဆုံး ၅ မိနစ် ကနေ ၁၀ မိနစ် အထိ ဦးရေပြားပေါ်မှာ ခေတ္တ ထားပေးရပါမယ်။ ပြီးမှ ရေပြောင်အောင် ဆေးချပါ။

✅ဦးရေပြားကို အမြဲ ခြောက်သွေ့အောင်ထားပါ: ခေါင်းလျှော်ပြီးတဲ့အခါ ဦးရေပြား (Scalp) ကို Hair dryer ရဲ့ လေအေး (သို့မဟုတ်) ပန်ကာလေနဲ့ သေချာ ခြောက်သွေ့အောင် အရင်လုပ်ပါ။ ဆံပင် ရေစိုကြီးနဲ့ ညအိပ်ရာဝင်တာမျိုး ရှောင်ကြည်သင့်ပါတယ်။

✅ပုံမှန်ထိန်းသိမ်းပါ: ဗောက်ထခြင်းဟာ နာတာရှည်အခြေအနေဖြစ်သောကြောင့် ရောဂါပြန်မဖြစ်စေရန် 2% Ketoconazole ခေါင်းလျှော်ရည်၊ Tar ပါဝင်သော ခေါင်းလျှော်ရည် နှင့် Ketoconazole လိမ်းဆေးခရင်မ်များကို ဆက်လက်၍ ပုံမှန်ထိန်းသိမ်း (Maintenance) အသုံးပြုပေးရန် လိုအပ်ပါတယ်။

✅စတီးရွိုက်ဆေးများကို သတိပြုပါ: မိမိသဘောဖြင့် စတီးရွိုက်ဆေးများကို ရေရှည်ဝယ်ယူမသုံးစွဲဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ အသုံးပြုသင့်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


No. 210, Room A1, 1st Floor, Myat Su Mon Condo, Kabaraye Pagoda Road, Mayangone
Yangon
11021

Opening Hours

Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00