Pretty Woman
အမျိုးသမီးများအတွက် အလှအပရေးရာ အရေ?
13/09/2026
တိတ်ဆိတ်ခြင်း
လူတိုင်းကို မရှင်းပြဖြစ်တော့ဘူး...
နားလည်ပေးမယ့်သူက
စကားမများဘဲ နားလည်တယ်။
မနားလည်ချင်တဲ့သူကိုတော့
စကားတစ်ထောင်ပြောလည်း
အဓိပ္ပာယ်မရှိဘူး။
Regard to original uploader
woman
07/09/2026
ကောင်းတဲ့လူကိုရဖို့ ခဲယဉ်းပါတယ်
မိသားစုဝင်ကောင်း ၊ လက်တွဲဖော်ကောင်း ၊ အလုပ်သမားကောင်း ၊ မိတ်ဆွေကောင်းအစရှိသရွေ့ပေါ့
လူကောင်းတွေကိုလွယ်လွယ်နဲ့ရနေရင်
လောကကြီးမှာ အခုလောက်အခက်အခဲ အကြပ်အတည်းတွေရှိမှာမဟုတ်ပါဘူး
လူကောင်းတွေဆိုတာ ကံကောင်းမှရတတ်သလို
တခါတလေ သေချာရှာမှတွေ့တတ်တာပါ
တခါတလေ စိတ်ရှည်ရှည်စောင့်ရသလို
တခါတလေ သည်းခံရတာတွေရှိပါတယ်
တခါတလေ ရင်းနှီးရပြီး တခါတလေ မွေးမြူရပါတယ်
လူကောင်းတွေကို ဘယ်တော့မှ နှစ်ခါပြန်မရပါဘူး
နောက်ထပ်လူကောင်းရောက်လာမယ်ဆိုရင်တောင်
အရင်လူနဲ့ စိတ်ပိုင်း ၊ ရုပ်ပိုင်း ၊ character ပိုင်း အများကြီးကွာခြားပါတယ်
မိသားစုဝင်ထဲက လူကောင်း
အလုပ်ထဲက လူကောင်း
မိတ်ဆွေထဲက လူကောင်းတွေကို တန်ဖိုးထားပါ
ငွေကြေးနဲ့မတိုင်းတာပါနဲ့
ပညာနဲ့မတိုင်းတာပါနဲ့
ရုပ်ရည် ၊ ခန္ဓာကိုယ် ၊ အရည်အချင်းတွေနဲ့မတိုင်းတာပါနဲ့
စေတနာနဲ့ တိုင်းတာပါ
အနစ်နာခံနိုင်မှုနဲ့တိုင်းတာပါ
ရိုးသားမှုနဲ့တိုင်းတာပါ
ကောင်းတဲ့လူကိုရဖို့ ခဲယဉ်းပါတယ်
Min Yel Kyaw Swar
woman
31/08/2026
ရဲရဲတွေး.. မှန်မှန်လုပ် .. ဖြောင့်အောင်
လျှောက်...
woman
25/08/2026
ကော်ဖီမစ် ( Coffee Mix )ထုပ်တွေကို ခဏခဏ သောက်နေတာလား?
အလုပ်များတဲ့အခါဖြစ်ဖြစ်၊ အလွယ်တကူ ဖျော်သောက်ချင်တဲ့အခါဖြစ်ဖြစ် ကျွန်တော်တို့အားလုံး 3-in-1 ကော်ဖီမစ်ထုပ်တွေကို ခဏခဏ သောက်မိနေတတ်ကြပါတယ်။
ဒါပေမဲ့ ဒီကော်ဖီထုပ်တွေထဲမှာ ကော်ဖီအပြင် ဘာတွေပါသေးလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးရှိနိုင်လဲဆိုတာ သိထားဖို့ လိုပါတယ်။
ကော်ဖီထုပ် (Coffee Mix) ထဲမှာ ဘာတွေပါလဲ?
ပုံမှန် ကော်ဖီမစ်ထုပ် တစ်ထုပ်မှာ အဓိကအားဖြင့် ပါဝင်ပစ္စည်း(၃)မျိုး ပါဝင်လေ့ရှိပါတယ်။
1. ကော်ဖီမှုန့် (Coffee): ပမာဏ အနည်းငယ်သာ ပါဝင်လေ့ရှိပါတယ်။
2. သကြား (Sugar): အများဆုံး ပါဝင်တဲ့ အရာဖြစ်ပြီး တစ်ခါတစ်ရံ တစ်ထုပ်ရဲ့ ထက်ဝက်နီးပါးက သကြားတွေ ဖြစ်နေတတ်ပါတယ်။
3. ခရင်မ်မာ (Non-dairy Creamer): ဒါဟာ နို့ထွက်ပစ္စည်း မဟုတ်ဘဲ အသီးအရွက်ဆီကို ပြုပြင်ထားတာဖြစ်လို့ "အဆီဆိုး (Trans Fat/Saturated Fat)" တွေ ပါဝင်နေတတ်ပါတယ်။
-လိုက်နာရန်
* အညွှန်းဖတ်ပါ: ကော်ဖီမစ်ထုပ် နောက်ကျောက အာဟာရတန်ဖိုး (Nutrition Facts) ကို ကြည့်ပါ။ သကြား (Sugar) နဲ့ အဆီ (Fat) နည်းတာကို ရွေးချယ်ပါ။
* ပမာဏ ကန့်သတ်ပါ: တစ်နေ့ကို (၁) ထုပ်ထက် ပိုမသောက်တာ အကောင်းဆုံးပါ။
* ရေများများသောက်ပါ: ကော်ဖီသောက်ပြီးရင် ခန္ဓာကိုယ်ထဲက ရေဓာတ်မခမ်းခြောက်အောင် ရေပြန်ဖြည့်ပေးပါ။
* ကော်ဖီစစ်စစ် (Black Coffee) ပြောင်းသောက်ပါ: ဖြစ်နိုင်ရင် ကော်ဖီမှုန့်စစ်စစ်ကို သကြားနဲ့ ခရင်မ်မာ မပါဘဲ သောက်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပါ။
-ရှောင်ကြဉ်ရန်
* တစ်နေ့ ၃-၄ ထုပ် မသောက်ပါနဲ့: ခန္ဓာကိုယ်ထဲကို သကြားနဲ့ အဆီဓာတ်တွေ အလွန်အကျွံဝင်ရောက်သွားပြီး ဆီးချို၊ သွေးတိုးနဲ့ အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
* ဗိုက်ထဲမှာ အစာမရှိချိန် မသောက်ပါနဲ့: အစာအိမ် အချဉ်ပေါက်တာနဲ့ လေပွတာတွေ ဖြစ်တတ်ပါတယ်။
* ညဘက် နောက်ကျမှ မသောက်ပါနဲ့: အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး ရေရှည်မှာ စိတ်ဖိစီးမှု များစေပါတယ်။
အနှစ်ချုပ် အကြံပြုချက်
3-in-1 ကော်ဖီထုပ်တွေဟာ အရသာရှိပြီး အဆင်ပြေပေမယ့် "သကြားဓာတ် လွန်ကဲတဲ့ အဖျော်ယမကာ" တစ်မျိုး ဖြစ်နေတတ်တာကို သတိပြုစေချင်ပါတယ်။ ကျန်းမာရေးကို ငဲ့ညှာရင် ကော်ဖီမှုန့်စစ်စစ်ကို ကိုယ်တိုင်ဖျော်သောက်တာက အကောင်းဆုံးပါပဲ။
မိတ်ဆွေတို့ရော တစ်နေ့ကို 3-in-1 ကော်ဖီမစ် ဘယ်နှစ်ထုပ်လောက် သောက်မိနေလဲ? အောက်မှာ မှတ်ချက်ပေးသွားကြပါဦးဗျ။
အားလုံးပဲ ကျန်းမာကြပါစေခင်ဗျာ
ဒေါက်တာရဲ။
DrYe
CoffeeMix
woman
20/08/2026
ကောင်းသောနေ့လည်ခင်းလေးပါ...
woman
11/07/2026
woman
Ph cr
24/06/2026
အချစ်ဆိုတာ
-------------------
အချစ်ဆိုတာ
တဦးကိုတဦး မှီခိုဖို့ မဟုတ်ဘူး
တဦးကိုတဦး ကူညီဖို့ပါ။
အချစ်ဆိုတာ
တဦးကိုတဦး သဝန်တိုဖို့ မဟုတ်ဘူး
တဦးကိုတဦး နားလည်ဖို့ပါ ။
အချစ်ဆိုတာ
တဦးကိုတဦး စိတ်ကောက်ဖို့ မဟုတ်ဘူး
တဦးကိုတဦး ပိုချစ်ဖို့ပါ။
အချစ်ဆိုတာ
တဦးကိုတဦး လက်ညိုးထိုးဖို့ မဟုတ်ဘူး
တဦးကိုတဦး ဖေးမဖို့ပါ။
အချစ်မှာ အလှတရားတခုရှိပါတယ်
အဲဒီအလှတရားကတော့ တယောက်ထဲ
ကြည့်လို့မရပါဘူး
နှစ်ယောက်ပေါင်းကြည့်မှ မြင်နိုင်တဲ့
အကြင်နာတရား ပါ ။
-ကျူးပစ်-
woman
02/06/2026
🌹ထိန်းချုပ်နိုင်စွမ်း…။🌹
လွန်းထားထား(ဆေးတက္ကသိုလ်)
ဘဝမှာ ပြဿနာတော်တော်များများဟာ…စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်ဘဲ စိတ်အလိုဆန္ဒနောက် လိုက်ပါမိတတ်တာကြောင့်ဖြစ်ပါတယ်…။ ကိုယ့်စိတ်မှာ ဒေါသတွေဖြစ်လာရင် ဖြစ်လာတဲ့အလျောက် ပေါက်ကွဲအော်ဟစ်မယ်…။ တစ်ဖက်သားကို နစ်နစ်နာနာ ထိခိုက်
နာကျင်အောင်ပြောမယ်..။ ပြောပြီးမှနောင်တတွေရမယ်..။ ကိုယ့်စိတ်ထဲမှာ ဝမ်းနည်းကြေကွဲစရာတွေခံစားရတဲ့အခါ…လူသိရှင်ကြား ငိုကြွေးနာကျင်ပြမယ်..။ ကိုယ့်ရဲ့နာကျင်မှုအပေါ် တကယ်ကိုယ်ချင်းစာနာပြီး ကြင်နာဖေးမအားပေးတဲ့သူ အနည်းငယ်ရှိသလို..ပွဲတစ်ပွဲလို ကျေနပ်အားရစွာစောင့်ကြည့်တတ်သူတွေလည်းရှိနေနိုင်ပါတယ်..။ ကိုယ့်ဘဝ အစစအရာရာ အဆင်ပြေပြည့်စုံကြွယ်ဝနေတဲ့အခါ..ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ…ပြည့်စုံခမ်းနားမှုတွေကို လူတိုင်းသိသာမြင်သာအောင် ပြသမိတဲ့အခါ…ကိုယ့်ရဲ့အဆင်ပြေမှုအပေါ် မုဒိတာပွါးနိုင်တဲ့သူ အနည်းငယ်ရှိသလို..မနာလိုမရှုစိမ့်နိုင်သူတွေလည်း ရှိနိုင်ပါတယ်…။
တကယ်တော့ လူတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်မှု..ပါးနပ်လိမ္မာမှုဆိုတာ…သူ့ရဲ့စိတ်ခံစားမှုတွေကို သူဘယ်လောက်ထိန်းချုပ်နိုင်စွမ်းရှိသလဲဆိုတာနဲ့ တိုင်းတာလို့ရနိုင်ပါတယ်..။ လူတိုင်း စိတ်ဆိုးဒေါသထွက်တတ်ပါတယ်..။ အော်ဟစ်ပေါက်ကွဲဖို့လွယ်ပါတယ်..။ ဒါပေမယ့် စိတ်ဆိုးတိုင်း ကိုယ့်ရဲ့ဒေါသကို အတိုင်းအဆမရှိ လွှတ်ပေးလိုက်တာက အမှားများစွာကို ဖိတ်ခေါ်လိုက်သလိုပါပဲ…။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ အမှားကျူးလွန်မိဖို့ အလွယ်ကူဆုံးပါပဲ..။ အဲ့ဒီအချိန်ကလေးမှာ…ကိုယ့်ရဲ့စိတ်ခံစားမှုနောက်ကို မလိုက်ဘဲ…သတိကလေးနဲ့ ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်..။ ငါဒေါသထွက်နေတယ်…လို့ ကိုယ့်ကိုယ်ကိုယ် သတိလေးပေးပြီး ဒေါသစိတ်လေးကို မြင်အာင်ကြည့်တတ်ဖို့လိုပါတယ်…။ ဘာကြောင့် ဒေါသထွက်ရတာလဲ…ဆိုတဲ့အကြောင်းရင်းကို မတွေးပါနဲ့…။ သူက ငါ့ကို ဒီလိုပြောလို့…လိမ်ညာသွားလို့…စော်ကားသွားလို့…စတဲ့အကြောင်းရင်းကို တွေးရင် ဒေါသဖြစ်ကြောပိုရှည်ပါလိမ့်မယ်…။ ဒေါသထွက်နေတဲ့အချိန်မှာ.. အသက်ရှုသံမြန်နေတာ…မျက်နှာပြင်ပေါ်က အသားစိုင်တွေ လှုပ်ခတ်နေတာ…ထူပူနေတာ…နားထင်ကြောတွေ တင်းလာတာ…နှုတ်ခမ်းတွေတဆတ်ဆတ်တုန်လာတာ..သွေးခုန်နှုန်းတွေမြန်လာတာ..ရင်ဘတ်ထဲမှာ နှလုံးခုန်သံမြန်လာတာ..စတဲ့ ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို အသေးစိတ် စောင့်ကြည့်နိုင်ရင်…ဖြစ်နေတဲ့ ဒေါသက တဖြည်းဖြည်း အားလျော့လာတာကိုပါ သတိထားမိပါလိမ့်မယ်…။
ဒေါသထွက်နေချိန်မှာ…ဘယ်သူနဲ့မှ စကားမပြောဘဲနေခြင်းဟာ…အမှားမကျူးလွန်မိအောင် ထိန်းသိမ်းခြင်းပါပဲ…။ အနည်းဆုံးတော့ စကားမမှားတော့ဘူးပေါ့…။ စိတ်ဆိုးဒေါသထွက်နေချိန်မှာ…ဆိုရှယ်မီဒီယာပေါ်တက်ပြီး ပေါက်ကွဲတာမျိုးဟာလည်း အမှားတွေပြောမိဖို့ လွယ်ကူပါတယ်…။ ဒေါသအလျောက် မပြောသင့်တာတွေပြောမိနိုင်ပါတယ်..။ ဒါကြောင့်စိတ်ဆိုးဒေါသထွက်နေချိန်မှာ…ဆိုရှယ်မီဒီယာကနေ ခဏလောက်အနားယူဖို့လိုပါတယ်…။ ဆိုရှယ်မီဒီယာဟာ…ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို အရှိအတိုင်း ထုတ်ဖော်ပြသရမယ့် စင်မြင့်ပလက်ဖောင်းတစ်ခုမဟုတ်ပါဘူး…။ လူတွေရဲ့မျက်လုံးများစွာအောက်မှာ…ကိုယ့်ကိုယ်ကိုယ် ချမကျွေးမိဖို့အရေးကြီးပါတယ်…။
စိတ်ဆိုးဒေါသထွက်နေချိန်မှာ…ဘာကိုမှမတွေးဘဲ…မပြောဘဲ..တိတ်တိတ်ကလေးနေနိုင်ရင်အကောင်းဆုံးပါပဲ…။ ကိုယ့်ကို စိတ်မဆိုးဆိုးအောင်…ဒေါသမထွက်ထွက်အောင်…မဖြေရှင်းဖြေရှင်းရအောင်…မဟုတ်တမ်းတရားစွပ်စွဲစော်ကားတာမျိုး…ရန်စထိုးနှက်တိုက်ခိုက်တာမျိုးတွေ ရှိလာခဲ့ရင်တောင် ရင်ဆိုင်ဖြေရှင်းဖို့ မထိုက်တန်ပါဘူး…။ တစ်ဖက်က ရန်လိုထိုးနှက်နေသမျှအပေါ်… ဘာတုံ့ပြန်မှုမှမလုပ်ဘဲ…တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် နေပြနိုင်ခြင်းဟာ…ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ကိုယ်ဘယ်လောက်ထိန်းချုပ်နိုင်စွမ်းရှိသလဲဆိုတာကို ပြသခြင်းဖြစ်ပါတယ်…။ ကိုယ့်ဘက်က ငြိမ်သက်လေ…တစ်ဖက်က ဆူပွက်လေပါပဲ…။ငြိမ်သက်နေခြင်းဟာ အရှုံးပေးခြင်းမဟုတ်ပါဘူး..။ ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းမြင့်မားမှုကို ပြသနေခြင်းဖြစ်ပါတယ်…။ ကိုယ့်ရဲ့ရင့်ကျက်ပါးနပ်မှုကို သက်သေပြနေခြင်းဖြစ်ပါတယ်…။ ဖြေရှင်းဖို့မထိုက်တန်တဲ့အခါ..ဖြေရှင်းပြမနေဘဲ…ကိုယ့်ရဲ့စိတ်ကလေးကို အငြိမ်းဓါတ်အကြည်ဓါတ် မပျက်စေရဘဲ…ရန်လိုတိုက်ခိုက်စော်ကားနေသူကို ဥပေက္ခာစိတ်လေးနဲ့ လျစ်လျူရှုထားလိုက်ရုံပါပဲ…။ ဘာမှမတုံ့ပြန်ခြင်းဟာ အကောင်းဆုံးတုံ့ပြန်ခြင်းပါပဲ…။
အလားတူပါပဲ…။ ကိုယ်နာကျင်ဝမ်းနည်းကြေကွဲရတဲ့အချိန်မျိုးမှာ…ကိုယ့်ရဲ့မျက်ရည်တွေ…စိတ်ဒဏ်ရာတွေကို လူတကာသိမြင်ရအောင် အထိန်းအကွပ်မဲ့…ဖွင့်ဟပြသဖို့ မလိုအပ်ပါဘူး…။ ကိုယ်တစ်ယောက်တည်း တိတ်တိတ်ကလေး ငိုချင်ငိုမယ်…။ ဒါမှမဟုတ်…ကိုယ်ယုံကြည်အားကိုးရသူတစ်ယောက်ယောက်ရဲ့ ပခုံးထက်မှာ ငိုချင်ငိုမယ်…။ ရင်ဖွင့်ချင်ဖွင့်မယ်…။ ဒါမှမဟုတ် ကိုယ်နာကျင်ခံစားရသမျှကို စာအုပ်ထဲမှာ ချရေးချင်ရေးထားမယ်…။ ဝမ်းနည်းကြေကွဲနေတဲ့စိတ်ကိုလက်ခံမယ်…။ အသိအမှတ်ပြုမယ်…။ သူ့ကို ဒီအတိုင်းလေးပဲ လေ့လာနေမယ်…။ ဝမ်းနည်းနေတဲ့စိတ်ဟာ…ကောင်းကင်ပေါ်က တိမ်လိပ်တွေလိုပဲ…တရွေ့ရွေ့ပြောင်းလဲနေတဲ့ စိတ်ခံစားမှုတစ်ခုပဲ…။ သူက အမြဲတမ်းရှိနေမှာ မဟုတ်ဘူး…။ ခဏလေးပဲဆိုတာကို နားလည်လက်ခံလိုက်တဲ့အခါ….ဝမ်းနည်းစိတ်ထိခိုက်နေခြင်းဟာ…ကိုယ့်ဆီမှာ အကြာကြီးနေမယ့် အိမ်ရှင်မဟုတ်ဘဲ….ခဏလေးရောက်လာတဲ့ ဧည့်သည်ပဲဆိုတာကို သဘောပေါက်လာပါလိမ့်မယ်…။
ဒီလိုပါပဲ…။ ကိုယ့်ဘဝက အစစအရာရာ အဆင်ပြေအောင်မြင်ပြီး…ပျော်ရွှင်စရာတွေပြည့်နေတဲ့အခါမျိုးမှာလည်း …သိုသိုသိပ်သိပ်
ကလေးပျော်ရွှင်နိုင်ခြင်းဟာ…ကိုယ့်ရဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသတာပါပဲ…။ လူတိုင်းသိအောင် ကြွားဝါခံစားပြနေဖို့ မလိုအပ်ပါဘူး..။ ကိုယ်နဲ့အရင်းနှီးဆုံးသူ…ကိုယ့်ရဲ့အောင်မြင်မှု..ပျော်ရွှင်မှုတွေကို ကိုယ်နဲ့ထပ်တူ မျှဝေခံစားပေးနိုင်မယ့်….မိတ်ဆွေသူငယ်ချင်း အနည်းငယ်လောက်ရှိရင် ပြည့်စုံပါတယ်…။ ဒီပျော်ရွှင်မှုဆိုတဲ့ ခံစားမှုဟာလည်း ကိုယ့်ဆီမှာ အမြဲနေမယ့် အိမ်ရှင်မဟုတ်ပါဘူး..။ ခဏတဖြုတ်အလည်လာတဲ့ စိတ်ခံစားမှု တစ်ခုသာဖြစ်ပါတယ်…။ပျော်စရာရှိရင်လည်း အရမ်းကြီး စိတ်လွတ်ကိုယ်လွတ်မပျော်ဘဲ…သတိလေးထားပြီး ထိန်းချုပ်နိုင်စွမ်းရှိမယ်ဆိုရင်…ကိုယ့်ဘဝရဲ့ အတက်အကျ အနိမ့်အမြင့်လှိုင်းတွေအပေါ် လိုက်ပြီး စီးမျောမခံစားတာ့ဘဲ…တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်းရှိလာပါလိမ့်မယ်….။
ထိန်းချုပ်နိုင်စွမ်းမြင့်မားလေလေ..ကိုယ့်ဘဝကို ကိုယ်စိတ်တိုင်းကျ အကောင်းဆုံး ပုံဖော်တည်ဆောက်နိုင်လေပဲဖြစ်ပါတယ်…။ လှိုင်းထန်တဲ့ပင်လယ်ပြင်ထက်….တည်ငြိမ်တဲ့ ကျောက်စိုင်ကျောက်သားတွေက ပိုပြီးခိုင်မာမြဲမြံမှုရှိပါတယ်….။
woman
03/05/2026
woman
Category
Website
Address
Yangon