Shwe Myanmar News

Shwe Myanmar News

Share

အကြောင်းအရာအစုံ

11/02/2022

11.2.2022
ဒီနေ့တော့ 92 နှင့် 95 စျေးအနည်းငယ်ထပ်တက်

ပြည်တွင်းစက်သုံးဆီစျေးများ

ရန်ကုန်စျေး
92 octane - 1675 ကျပ်
95 octane - 1730 ကျပ်
Diesel - 1498 ကျပ်
PremiumDiesel -1506 ကျပ်

မန္တလေးစျေး
92 octance-1745 ကျပ်
95 octance-1860 ကျပ်
Diesel -1543 ကျပ်
Premium diesel-1551 ကျပ်

Photos from Shwe Myanmar News's post 10/02/2022

အဆိုတော်၊ သရုပ်ဆောင် မင်းမော်ကွန်း နှင်းဆီအငြိမ့်အဖွဲ့မှနုတ်ထွက်.......................
ဖေဖော်ဝါရီ၊ ၁၀

အဆိုတော်၊ သရုပ်ဆောင် မင်းမော်ကွန်း နှင်းဆီအငြိမ့်အဖွဲ့မှ နှုတ်ထွက်လိုက်ကြောင်း ၎င်းနဲ့နီးစပ်သည့် Ye Min(ACC) အကောင့်ပိုင်ရှင်က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြောကြားထားပါတယ်။

“ကိုကျော် နှင်းဆီအဖွဲ့က နုတ်ထွက်လိုက်တာ သတင်းအမှန်ပါ။ ရပ်တည်ချက် ခံယူချက် မတူသူတွေနဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး အနုပညာအလုပ်တွေ အတူလုပ်ခဲ့ကြတာ မမေ့ပါဘူး။ ချစ်ခြင်းမုန်းခြင်း မပါဘူးလို့ ကိုကျော်က ပြောပါတယ်။”လို့ ရေးသားထားပါတယ်။

10/02/2022

မြောက်ဥက္ကလာ ❗❗❗

ဝေဘာဂီလမ်းနှင့်နွယ်သာ ကီ လမ်းဆုံတွင်
လူနာတင်ကားနှင့် အိမ်စီးကား ယာဥ်တိုက်မှုဖြစ်
လုနာတင်ကား Positiveလူနာ ၈​ယောက်ပါ
အိမ်စီးကား​မှောက်

Time-12:15 pm
သတင်းပေးရန်👇

10/02/2022

မြေအမျိုးစားတွေက များလွန်းလို့ အဲဒီ မြေအမျိုးအစားတွေကို ဗဟုသုတအနေနဲ့ ရှင်းပြပေးပါတဲ့...။

မြေ အမျိုးအစားတွေ အကြောင်း ဗဟုသုတ အနေနဲ့ သိထားသင့်ပါတယ်၊ သိချင်ကြ ပါတယ်။ မြန်မာ နိုင်ငံမှာ မြေနှင့် သက်ဆိုင်တဲ့ ဥပဒေပေါင်း (၄၀) ကျော် (၅၀) နီးပါး ရှိပါတယ်။ အဲဒီ ဥပဒေများကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းနဲ့ ဦးစီးဌာနပေါင်း (၂၀) ကျော်က ကိုင်တွယ် ကျင့်သုံးနေပါတယ်။ မြေအမျိုးအစားအလိုက် ကိုယ်ဌာနနဲ့ကိုယ် သတ်မှတ်ထားမှုတွေ ရေတွက်ရရင် အများကြီးပါ။ ဒါပေမဲ့ မြေစာရင်း လက်စွဲ ဥပဒေမှာတော့ စိုက်ပျိုးမြေနှင့် စိုက်ပျိုးခြင်း မပြုသော အခြားမြေများလို့ အဓိက (၂) မျိုးသာ ခွဲပါတယ်။ စိုက်ပျိုးမြေထဲမှာ လယ်ယာ၊ ကိုင်းကျွန်း၊ ဓနိ၊ ဥယျာဉ်၊ တောင်ယာ စသည်ဖြင့် လည်းကောင်း၊ စိုက်ပျိုးခြင်း မပြုတဲ့ မြေများကို အခြားမြေ (အိုအေမြေ) များအဖြစ် လည်းကောင်း ခေါ်ဆိုကြပါတယ်။ (OA )မြေမှာ...
၁။ ရွာမြေ
၂။ သုသန်မြေ
၃။ သာသနာ့မြေ
၄။ လမ်းမြေ
၅။ တာတမံမြေ
၆။ မီးရထားလမ်းမြေ
၇။ တူးမြောင်းမြေ
၈။ ရေကန်နှင့် ကန်ပေါင်းများ
၉။ စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်း
၁၀။ မစိုက်ပျိုးနိုင်သော မြေလွတ် မြေရိုင်း
၁၁။ သစ်တောကြိုးဝိုင်းမြေ
၁၂။ စားကျက်မြေ
၁၃။ အဆောက်အဦးများ ဆောက်လုပ်ရန်အတွက် သီးသန့်ထားသောမြေ
၁၄။ ယဉ်ကျေးမှုနှင့် ရှေးဟောင်း နယ်မြေ
၁၅။ ချောင်း၊ အင်းနှင့် ရေလွှမ်းသော အခြားမြေများလို့ ခွဲခြားထား ပါတယ်။

ကြေးတိုင်နှင့် မြေစာရင်းဌာနမှ နှစ်စဉ်ကောက်ယူ ပြုစု ထုတ်ပြန်တဲ့ ရာသီဥတုနှင့် ကောက်ပဲသီးနှံ အစီရင်ခံစာ (ရာကောက်) များအနက် ရာကောက် (၂) ဟု ခေါ်တွင်သော နိုင်ငံအတွင်း အသုံးချလျှက်ရှိသည့် မြေများကို မြေအမျိုးအစားအလိုက် ခွဲခြား ဖော်ပြသောစာရင်းတွင် မြေအမျိုးအစားပေါင်း (၂၂) မျိုးအဖြစ် စာရင်းပြုစုလျက် ရှိပါတယ်။ လယ်ယာစိုက်ပျိုးမြေအဖြစ် အကျုံးဝင်သော..
၁။ လယ်
၂။ ယာ
၃။ ကိုင်းကျွန်း
၄။ ဓနိ
၅။ ဥယျာဉ်
၆။ တောင်ယာမြေ
၇။ မြေနုကျွန်းမြေ
အထက်ပါ မြေအမျိုးအစားများကို ၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်နှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဗဟိုလယ်မြေ စီမံခန့်ခွဲမှု အဖွဲ့တို့က စီမံ ကိုင်တွယ်လျှက် ရှိပါတယ်။
၈။ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ
၉။ တောရိုင်းမြေများကိုတော့ ၂၀၁၂ မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်က စီမံကိုင်တွယ် ကျင့်သုံးပါတယ်။
၁၀။ သတ္တုတွင်းမြေနှင့် ရေနံမြေ
၁၁။ သစ်တောမြေများ အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ သတ္တုတွင်း ဥဒေနှင့် ၂၀၁၈ သစ်တောဥပဒေများ အရ စီမံဆောင်ရွက်ပါတယ်။
၁၂။ မြို့မြေ ရွာမြေများ
၁၃။ သာသနာ သုသန်နှင့် ယဉ်ကျေးမှု မြေနဲ့ အခြားအဆောင်အဦးမြေများကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့က မြို့နှင့် ကျေးရွာမြေများ ဥပဒေအရလည်းကောင်း၊ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီများက ဆိုင်ရာဥပဒေများအရ လည်းကောင်း ကိုင်တွယ်ပါတယ်။ ထို့အတူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီများကလည်း ဆိုင်ရာ မြို့တော် စည်ပင်သာယာရေး ဥပဒေများအရ နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်ရှိ မြေများကို စီမံကွပ်ကဲပါတယ်။
၁၄။ စားကျက်မြေကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနက မြေနှင့်အခွန်တော် ဥပဒေများနှင့်အညီ စီမံဆောင်ရွက်သလို စိုက်မွေးဆည်ဝန်ကြီးဌာနနဲ့လည်း သက်ဆိုင်နေပါတယ်။
၁၅။ ဆည်မြောင်း ကန် တာတမံမြေ
၁၆။ အင်းအိုင်စသည့် မြေများ၊ ငါးမွေးမြူရေး၊ ကန်မြေများကို စိုက်မွေး ဆည်ဝန်ကြီးဌာနမှ ဆည်မြောင်းဥပဒေ၊ တာတမံဥပဒေ၊ ရေချိုငါးလုပ်ငန်း ဥပဒေ၊ ငါးမွေးမြူရေး ဆိုင်ရာ ဥပဒေများအရ စီမံကိုင်တွယ်ပါတယ်။
၁၇။ မြစ်ချောင်းနှင့် ရေအောက်မြေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအဖြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ စီမံပါတယ်။ ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရးဝန်ကြီးဌာနအနေဖြင့်
၁၈။ မီးရတားမြေ
၁၉။ လေယာဉ်ကွင်းမြေ တို့ကိုလည်း မီးရ ထားဥပဒေ၊ လေကြောင်းသယ်ယူ ပို့ဆောင်ရေး ဥပဒေများအရ စီမံကိုင်တွယ်ပါတယ်။
၂၀။ လမ်းတံတားမြေများကို လမ်းမကြီးများ ဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ပါတယ်။
၂၁။ စက်ရုံမြေများကိုတော့ သက်ဆိုင်ရာဝန်ကြီး ဌာနက ဆိုင်ရာဥပဒေအရ ကိုင်တွယ်ပါတယ်။
၂၂။ အမျိုးအစား ခွဲခြားခြင်း မပြုသည့် မြေများကိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနမှ စီမံနေပါတယ်လို့ဘဲ အကျဉ်းချုပ် ဖြေကြားပါရစေ။

Credit ....ဆရာဦးဇော်မင်း

10/02/2022

အိုမီခရွန်(ဥမ္မာခိုင်) ရောဂါလက္ခဏာများ . . .

09/02/2022

အားမလျှော့နဲ့ ကြိုးစား... 💪

ဒီလူကို (Shao Ling Li) လို့ခေါ်ပြီး အမေရိကားကို
ဗီဇာလျှောက်ခဲ့တာ နှစ် 30 လောက်ကတည်းက ပါ။
သံရုံးမှာ လူတိုင်းနဲ့သိပြီး ငြင်းပယ်ခံခဲ့ရပါတယ်။

ကနေဒါသို့ ပြောင်းရွှေ့နေထိုင်ရန် လျှောက်လွှာ ၁၅ စောင်
တင်သွင်းခဲ့သော်လည်း ၎င်း၏ လျှောက်လွှာအားလုံးကို
ပယ်ချခံခဲ့ရသည်။

တရုတ်ရေတပ်တွင် ပါဝင်ရန် လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။

ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုတွင် သူအပါအဝင် ၁၂၄ ဦးလျှောက်ထားခဲ့ပြီး ၁၂၂ ဦး လက်ခံခဲ့ပြီး နှစ်ဦးကို ပယ်ချခဲ့သည်။
ပယ်ချခံရသူ နှစ်ဦးအနက် တစ်ဦးမှာ သူအပါအဝင်ဖြစ်သည်။

သူသည် တရုတ်ရဲထဲဝင်ရန် ဖိုင်များ လျှောက်တင်ခဲ့ရာ သူအပါအဝင် ၂၁ ဦးအနက် ၂၀ ဦးရွေးချယ်ခံရ၍ သူအပယ်ချခံခဲ့ရသည်။

စိတ်ဓာတ် မကျ ဇွဲ မလျှော့ပဲ e-marketing နယ်ပယ်ကို ဝင်ရောက်ကာ Amazon ကဲ့သို့ ဆိုဒ်တစ်ခုကို ဖန်တီးရန် စိတ်ကူးခဲ့သော်လည်း အရင်းအနှီးမရှိသဖြင့် ဇနီးဖြစ်သူ၏ရွှေများကို ရောင်းချကာ၊ ဘဏ်ချေးငွေရယူကာ နှစ်ပေါင်းများစွာကြာပြီးနောက် မှာတော့ သူဟာ Website မအောင်မြင်လို့ အခု ထောင်ထဲရောက်နေပါတယ်။🙂✊🏻

crd- Arkar Min Htet

Photos from Shwe Myanmar News's post 09/02/2022

မိန်းမ ဗိုက်ပူနေလို့ စိတ်အားမငယ်ရအောင် ကိုယ်ပါလိုက်ပူပေးလိုက်တယ် ဆိုတဲ့ သူထူးစံ-

Photos from Shwe Myanmar News's post 09/02/2022

ဒါရိုက်တာ ဝိုင်း ယနေ့ နံနက်က
ပုဇွန်တောင်ရှိ ၎င်းနေအိမ်တိုက်ခန်းမှာ စစ်ကောင်စီအဖွဲ့က မီးတန်းယာဥ်များဖြင့်
ဖမ်းဆီးသွားကြောင်း နီးစပ်ရာ သတင်းရပ်ကွက်များနှင့် မြေပြင်သတင်းများအရ သိရသည်။

၎င်းမှာ ကျန်းမာရေး မကောင်းမွန်ကြောင်းလည်း သိရသည်။

Photo Credit

#ဒါရိုက်တာဝိုင်း

08/02/2022

Aung La N Sang🐍👊......................................
လာမယ့်ဖေဖော်ဝါရီ၂၅ရက်နေ့မှာတော့မြန်မာဖိုက်တာအောင်လအန်ဆန်းဟာပြိုင်ဘက်ဗစ်တာလီဘစ်ဒက်ရ်ှနဲ့တတိယအကြိမ်ထိုးသတ်သွားကြမှာဖြစ်ပါတယ်။

One Championship Full Circle
Middle Weight MMA
Aung La N Sang VS Vitaly Bigdash
25.2.2022

08/02/2022

အောင်လအင်ဆန်ရဲ့ ပြိုင်ပွဲ၀င် အသုံးအဆောင် လေလံတင်ရောင်းချ၊ ဒေါ်လာ (၄၅၀၀၀) ရရှိ၊ စစ်ရှောင်နှင့် အရေးပေါ်လိုအပ်သူများအား ပြန်လည်လှူဒါန်းမည်
*****************
ဖေဖော်ဝါရီ၊၈

ကချင်မဟာမိတ်အဖွဲ့ Kachin Alliance အဖွဲ့မှ ကြီးမှူးကျင်းပသည့် One Championship MMA ဖိုက်တာ အောင်လအင်ဆန်၏ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်း လေလံတင်ရောင်းချပွဲမှ အမေရိကန်ဒေါ်လာ ( ၄၅၀၀၀) ရရှိခဲ့ကြောင်း သိရသည်။

ယင်းလေလံပွဲမှ ရရှိသည့် အလှူငွေ အားလုံးကို တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တစ်ဝိုက်တွင်ရှိသည့် စစ်ဘေးရှောင်ပြည်သူများနှင့် အရေးပေါ် လိုအပ်နေသည့် နေရာများတွင် ကူညီပေးသွားမည်ဟုလည်း သိရသည်။

MMA One Championship ၏ သမိုင်းဝင်ပြိုင်ပွဲ ထိုးသတ်ရာတွင် အောင်လအင်ဆန် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီ (၂) ထည်နှင့် လက်အိတ်ကို လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး ပစ္စည်းတစ်ခုစီအတွက် ကြမ်းခင်းဈေးနှုန်း အမေရိကန် ဒေါ်လာ တစ်သောင်းမှ စတင်လေလံတင်ခဲ့ခြင်းဖြစ်ကာ အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်(California) ၊ လော့အိန်ဂျယ်လစ်(Los Angeles) မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လကလည်း အောင်လအင်ဆန်၏ ကိုယ်ပိုင်ပစ္စည်းအသုံးအဆောင် လေလံတင်ရောင်းချပွဲအား ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး လေလံပွဲမှ ရရှိခဲ့သည့် ကျပ်သိန်း (၅၀) ကျော်အား ကချင်ပြည်နယ်က စစ်ဘေးရှောင်များနှင့် ရန်ကုန်မြို့က မိဘမဲ့ဂေဟာများတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

Source -Myitkyina news Journal

08/02/2022

မိဘသွေးအမျိုးအစားနဲ့

မွေးလာတဲ့ ကလေးရဲ့

ဖြစ်နိုင်တဲ့သွေးအမျိုးအစားနဲ့

မဖြစ်နိုင်တဲ့ သွေးအမျိုးအစားများ . . .

07/02/2022

မနက်ဖြန် မနက်ပိုင်း ပြည်လမ်းကြော သုံး၍ မရနိုင်ပါ။
လေယာဉ်ကွင်း သွားမည့်သူများ ကြိုတင်စုံစမ်းပြီး မှ သွားသင့်ပါ၏။
ဒီနေ့ မနက်ပိုင်း လေယာဉ် ကွင်းသွား
ပြည်လမ်းပိတ်ထား၍ ဒုတ်ခ သုတ်ခ တော်တော်ရောက်ပါ၏။
Credit

Address


Yangon

Alerts

Be the first to know and let us send you an email when Shwe Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.