Hnin Phyo Hwe
Hnin Phyo Thwe
08/01/2023
16/12/2022
16/12/2022
ကိုယ့်ရဲ့နံရိုးပိုင်ရှင်(Right Person)
ဖြစ်လာမယ့်သူရယ် အချိန်တအားမကြာဘဲ
ခြေလှမ်းမှန်မှန်နဲ့ ကိုယ့်အနား အရောက်
လာခဲ့ပါ။မင်းလေး တခြားသူလို သိပ်ချော
နေစရာမလို၊ပိုက်ဆံသိပ်ရှိစရာမလို၊တအား
ထက်မြက်ပြီးတော်နေစရာ မလိုပါ။အဓိက
စိတ်ထားကောင်းပြီး ကိုယ့်အပေါ် သစ္စာရှိရှိနဲ့
ချစ်ပေးရင် လုံလောက်ပါပြီ။တကယ်ပြောတာ
အပြည့်အဝကို လုံလောက်တယ်အချစ်ရဲ့။
ကိုယ်ရော သာမန်မိန်းကလေးပေမို့
ကိုယ့်ချစ်သူဖြစ်လာမယ့်မင်းက ဘယ်လိုဖြစ်ရမယ်
ဆိုတဲ့"စံ"မျိုး မသတ်မှတ်ထားပါ။
မင်းနဲ့မတွေ့ခင်အထိတော့ ကိုယ်ရောအစစ
အရာရာ အကောင်းဆုံးပြင်ဆင်ထားပါ့မယ်။
စီးပွားရေးဖြစ်ဖြစ် အရည်အချင်းဖြစ်ဖြစ်ပေါ့။
ဘာတွေပဲကြုံရပါစေ နေ့ရက်တိုင်းကို
သံမဏိလူသားအလား သန်မာစွာနဲ့
ရှင်သန်နေပါ့မယ်။မင်းနဲ့တွေ့တဲ့အခါ
အနည်းဆုံး မင်းမျှော်လင့်ထားသလို
အရည်အချင်းရှိတဲ့ သူအဖြစ်ရှိ
နေချင်ပါတယ်။မင်းနဲ့လိုက်ဖက်တဲ့ မိန်းကလေး
တစ်ယောက်ဖြစ်ချင်လို့။မင်းကို သိပ်လွမ်းတဲ့
အခါ အလုပ်ကြိုးစားလိုက်၊သီချင်းနားထောင်
လိုက်၊စာဖတ်လိုက်နဲ့ မင်းလေးကိုစောင့်
နေပါ့မယ်။
ခုချိန်ဘယ်ရင်ခွင်မှာပဲ လမ်းမှားပြီး
ရောက်နေပါစေ ကိစ္စမရှိပါဘူး အချိန်တန်ရင်
ဘယ်လမ်းကြားကိုမှ ကွေ့ကောက်ဝင်မနေဘဲ
ကိုယ့်ဆီ တစိုက်စိုက်မတ်မတ်သာ လှမ်းလာ
ခဲ့ပါ။တကယ်လို့များ မြားနတ်မောင်ကိုသာ
ကလေးတွေလို သကြားလုံးကျွေးချော့ပြီး
မင်းနဲ့တွေ့ခွင့်ရရင် ခုချိန်သကြားလုံး
ရောင်းတဲ့ဆိုင်ထဲ ကိုယ်အပြေးအလွှား
ရောက်နေလောက်ပြီ။ဆိုတော့ စိတ်ရှည်စွာနဲ့
စောင့်နေပါအုန်းမယ်။စောင့်ဆိုင်းခြင်းသည်
အချစ်ရဲ့သင်္ကေတ တစ်ခုပဲလေ။
Still waiting the man who
becomes my sepcial one and
loves me truly.
Crd :
16/12/2022
သာမန်ဘဝမှာ ပိတ်မိတတ်တဲ့ လူ(3)မျိုး
တိုးတက်နိုင်မယ့် နည်းလမ်းတွေ မျက်စိရှေ့ ချပြရင်တောင်၊ မပြောင်းလဲနိုင်မယ့် သူတွေရှိတယ်။
သူတို့ဘဝမှာ ရည်မှန်းချက်၊ ဆာလောင်မှုတွေ လစ်ဟာနေကြတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီလမ်းကို မဦးတည်မိအောင် သာမန်ဘဝမှာ ပိတ်မိတတ်တဲ့ လူ(3)မျိုး အကြောင်း မျှဝေလိုက်ပါတယ်။
(1)သင်ယူဖို့ ဝန်လေးသူ
သာမန်လူတွေမှာ အိပ်မက်ထက် မာနက ကြီးနေတတ်တယ်။ မသိတာကို ဝန်ခံရမှာ၊ အမှားလုပ်မိမှာ၊ စီနီယာဆီက အကြံဉာဏ်ယူရမှာ ဝန်လေးကြတယ်။
ကျွမ်းကျင်သူတစ်ယောက်လို ကျင့်ကြံလေ၊ တိုးတက်မှုအတွက် နေရာမရှိလေပဲ။ အပြောင်းအလဲ ဖြစ်ချင်ရင် နေ့စဉ် Beginner အထပ်ထပ် ဖြစ်နေဖို့လိုတယ်။
အမှား၊ မကျွမ်းကျင်မှုက လာတဲ့ ရှက်ရွံ့မှု၊ နမော်နမဲ့နိုင်မှုတွေကို Beginner တစ်ယောက်လို လိုလိုချင်ချင် လက်ခံနိုင်လေ၊ ဖြစ်နိုင်ခြေတွေ အဆုံးအစမဲ့လေပဲ။
(2)ဆင်ခြေအမြဲပေးသူ
သာမန်လူတွေကို ဘာကြောင့်အပြောင်းအလဲ မလုပ်သလဲ မေးရင် ခိုင်လုံတဲ့ ဆင်ခြေတစ်ခု ပြန်ပေးတတ်တယ်။
ကိုယ်လိုချင်တဲ့ အိပ်မက်တွေအတွက် အတားအဆီးက အမြဲရှိမှာပဲ။ မမှတ်မိလောက်အောင် ပြောင်းလဲတဲ့ ခရီးစဉ်က ဖြောင့်ဖြူးမယ် မထင်နဲ့။
မဖြစ်နိုင်တဲ့ Reason တွေ ပေးရင်း အချိန်ကုန်မလား၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြစ်အောင်လုပ်ဖို့ အဖြေရှာမလား ကိုယ်တိုင် ရွေးချယ်ရမှာပဲ။
(3)အပြောနဲ့ အလုပ်မညီသူ
အပြောပဲ ရှိပြီး၊ လက်ကြောတင်းအောင် မလုပ်ချင်တဲ့သူ တချို့ရှိတယ်။ လောကကြီးက မထိုက်တန်တဲ့သူကို ဆုချရလောက်အောင် မညံ့ဘူး။
ကျန်းမာရေး၊ ငွေကြေး၊ တိုးတက်မှု ဘာပဲလိုချင်ချင်၊ ဒီအတွက် ထိုက်တန်တဲ့သူ ဖြစ်အောင် ကိုယ့်ဘက်က လုပ်သင့်တာတွေ လုပ်ရတယ်။
လောကကြီးက ကတိထက်၊ သက်သေကိုပဲ တောင်းဆိုတယ်။ အပြောထက် အလုပ်နဲ့ သက်သေပြနိုင်မှ၊ လိုချင်တာတွေ ဘဝထဲရောက်လာလိမ့်မယ်။
ဒီလူသုံးမျိုးဟာ ဘဝမှာ ပြောင်းလဲရ အခက်ဆုံး သူတွေထဲ ပါတယ်။ ဒါကြောင့် သူတို့ကို ဝေးဝေးရှောင်ဖို့ လိုသလို၊ ကိုယ်ကိုယ်တိုင် ဒီလမ်းကို ဦးတည်နေရင်လည်း အချိန်မှီ ပြန်လှည့်နိုင်ဖို့ လိုလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
16/12/2022
သူများ ပါးစပ်ဖျားမှာ လမ်းမဆုံးပါစေနဲ့ ။
ချစ်ခြင်းအားဖြင့်
ပြေခိုင်
Credit:successpictures
ခညားလေးကိုအရမ်းလွမ်းနေပြီ😍😍
Category
Website
Address
Yangon