Myat Noe Online Shop
Online Business
17/06/2023
6လပိုင်း18ရက်နေ့မှာ
ချစ်ရသောCustomers ,VIP Customers , VVIP Customersများ ကျေးဇူးတုန့်ပြန်ခြင်းကို Lambest Brand မှ တစ်ခါမှမပေးဖူးသော မရှိဖူးသော Lambest Essence 6.18 Super Sale အစီစဥ်ရှိပါတယ်ရှင့်
- လက်ဆောင်ပေါင်း ၄၀၀၀ (Limited)စီစဥ်ထားပြီး
- အစီစဥ် ၁၈ရက်နေ့ _ မှ ၂၈ရက်နေ့ထိ (၁၀ရက်ရှိပါတယ်ရှင့်)
အထူးရင်ခုန်ရသော Lambest 6.18ကို စောင့်မျှော်လိုက်ရအောင်နော်
အဆက်မပြတ် Lambest Brand ကိုအားပေးသော ချစ်ပေးသောမိတ်ဆွေအားလုံး ကျေးဇူးအထူးတင်ပါတယ်ရှင့်
13/06/2023
Esssence Sales 💧💧
📌📌Limited Edition (18.6မှ28.6.2023)
10%Off/ 15%Off/20%Offအပြင်
🛍️တစ်ဘူးဝယ်-32000တန်သော 🧴Body Lotion လက်ဆောင်ယူပါ
ျားမှာယူလိုပါက
#ဆက်သွယ်ရန်_09787622887
#ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု
ရေသောက်ပါ၊ ရေသောက်ပါလို့ အမြဲတိုက်တွန်းရတဲ့အကြောင်းရင်းက ရှိပါတယ်နော်။ တစ်ရက်မပြောနဲ့၊ တစ်မနက်လောက် ရေမသောက်ဘဲနေလိုက်ရင်ပဲ နေလို့မကောင်းတာ သတိထားမိတယ်မလား။
#တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်တော့ သောက်သုံးသင့်တယ်လို့ ကျန်းမာရေးအကြံပြုချက်တွေ ရှိထားပြီးသားပါ။ ဒါပေမယ့် အလုပ်မအားလို့၊ မေ့နေလို့၊ ရေမဟုတ်တဲ့တခြားသောက်စရာတွေ သောက်နေလို့(ရေသောက်စရာမလိုဘူးထင်နေတာ)ဆိုရင် ရေဓာတ်လုံလောက်နိုင်မှာမဟုတ်ပါဘူး။
#ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓါတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လေးဖက်နာ၊ ခေါင်းတစ်ခြမ်းကိုက်၊ နှလုံးသွေးကြောကျဉ်း၊ အူမကြီးအနာပေါက်ရောဂါ၊ အစာမကြေခြင်း၊ သွေးတိုးရောဂါ၊ အဝလွန်တာ၊ လိပ်ခေါင်း၊ ရင်သားကင်ဆာ၊ တီဘီအဆုတ်ရောင်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ထိပ်ကပ်နာ၊ သားအိမ်ကင်ဆာ စတဲ့ရောဂါတွေဖြစ်လာနိုင်တယ်။
#ဒီတော့ ကိုယ်ရေသောက်နည်းနေတာကို သတိမထားမိရင် ပြဿနာရှိတယ်လေ။ တကယ်လို့ကိုယ်မှာ ဒီလက္ခဏာတွေဖြစ်လာရင်တော့ ရေသောက်နည်းနေပြီ၊ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေပြီလို့ သိလိုက်ပါတော့…
#ဘာတွေဖြစ်လာမလဲ?
(၁) အာခေါင်တွေခြောက်မယ်
ဒါက သိတော့သိသာပါတယ်။ ဒါပေမယ့် တခါတလေ အာခေါင်ခြောက်တာ၊ ပါးစပ်ထဲ စေးကပ်ကပ်ဖြစ်တာမျိုးကို ရေမသောက်ဘဲ အချိုရည်တွေ၊ ကော်ဖီတွေသောက်ပစ်တာ ဆိုးပါတယ်။ ရေဓာတ်လိုအပ်လို့ ခန္ဓာကိုယ်က ပြတဲ့ လက္ခဏာဖြစ်ပေမယ့် တခြားအရာတွေစွက်တဲ့အရည်ဓာတ်ကို ဖြည့်တင်းလိုက်ရုံနဲ့မလုံလောက်ပါဘူး။ အချိုရည်တွေ၊ ကဖင်းတွေကြောင့် ပိုပြီးတောင်ရေငတ်ရနိုင်ပါတယ်။
(၂) အသားခြောက်မယ်
ဆက်လက်ဖတ်ရှုမည်။
အရေပြားက ခန္ဓာကိုယ်ရဲ့အကြီးဆုံးအစိတ်အပိုင်းဖြစ်နေတော့ ရေဓာတ်ပြည့်ဝဖို့ ပိုပြီးလိုအပ်ပါတယ်။ တကယ်တော့ အသားခြောက်တယ်ဆိုတာ ရေဓာတ်ခန်းခြောက်မှုရဲ့ အစောဆုံးလက္ခဏာတစ်ခုဖြစ်ပါတယ်။ ရေသောက်နည်းတော့ ချွေးမထွက်နိုင်ဘူး၊ အသားအရေစိုပြည်မှုမရှိတော့ဘဲ ဝက်ခြံတွေလည်းထွက်လာနိုင်တယ်။
(၃) မျက်လုံးခြောက်မယ်
မျက်လုံးခြောက်သွေ့တာ၊ မျက်ရည်ခန်းခြောက်နေတာက ရေဓာတ်နည်းနေလို့ပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် မလုံလောက်မှတော့ မျက်ရည်ပြွန်လည်း ခန်းခြောက်လာပြီပေါ့။ မျက်လုံးထဲဝင်လာသမျှ အမှုန်၊ ပိုးမွှား စတာတွေကို အလိုအလျောက်ဖယ်ရှားပေးမယ့် မျက်ရည်တွေနည်းနေမှာဖြစ်တဲ့အတွက် မျက်လုံးခြောက်တဲ့အခါ နေရခက်တာ၊ ကြည့်မကောင်းတာ၊ ပိုးဝင်တာတွေ ဖြစ်လွယ်စေပါတယ်။
(၄) အဆစ်တွေနာမယ်
အရိုးနုနဲ့ ကျောရိုးဆစ်တွေရဲ့ဖွဲ့စည်းမှုမှာလည်း ရေဓာတ်ကအရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တဲ့အခါ လှုပ်ရှားလိုက်တိုင်း အရိုးအဆစ်တွေတဂျွတ်ဂျွတ်ဖြစ်နေတော့မှာပါ။
(၅) နေမကောင်းတာရှည်မယ်
ရေသောက်လိုက်ရင် ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးဖို့ ကူညီတာ သဘာဝလုပ်ဆောင်ချက်ပါ။ ရေဓာတ်မလုံလောက်ရင် ဒီလုပ်ဆောင်ချက် ကမောက်ကမဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
(၆) မောပန်းနေမယ်၊ နုံးနေမယ်
အပေါ်မှာပြောခဲ့သလိုပဲ ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်တဲ့အခါ သွေးထဲကနေယူသုံးပါတယ်။ ဒီတော့ ရေဓာတ်မလုံလောက်တော့တဲ့သွေးတွေက ခန္ဓာကိုယ်အနှံ့ပေးပို့ဖို့ အောက်ဆီဂျင်မရှိတော့ပါဘူး။ အောက်ဆီဂျင်နည်းတဲ့အခါ လူက အိပ်ချင်တာ၊ မောပန်းနုံးချိနေတာတွေဖြစ်စေတတ်ပါတယ်။
(၇) အစာခြေစနစ်ပြဿနာတွေဖြစ်လာမယ်
ရေဓာတ်မလုံလောက်တဲ့အခါ လည်ချောင်းနဲ့ခံတွင်းမှာ တံတွေးနဲ့ချွှဲတွေနည်းလာပြီး အစာအိမ်အက်စစ်ကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ အဲဒီအခါ ရင်ပူတာ၊ အစာမကြေတာတွေလိုမျိုး အဖြစ်များတဲ့ပြဿနာတွေ ဖြစ်လာတာပေါ့။
24/05/2023
အဆီပြန် / ဝက်ခြံ/ အဆီဖု များအတွက် မရှိမဖြစ်သော
Facial Foam😶🌫️😶🌫️😶🌫️
100g-32000ကျပ်
VIP-15%off
IQမြင့်ဖို့
မျိုးရိုးဗီဇက အဓိကလား
ပတ်ဝန်းကျင်ကအဓိကလား
==========
၂ခုစလုံးအရေးကြီးတယ်လို့ ဆိုပါရစေ။
ဒါပေမယ့် မျိုးရိုးဗီဇဆိုတာကတော့ မွေးကတည်းက
ပါလာပြီးသားဖြစ်တဲ့အတွက် ပြင်လို့မရနိုင်ပါဘူး။
ပတ်ဝန်းကျင်ကိုဖန်တီးဖို့ကတော့ စိတ်ပညာရှင်တွေအနေနဲ့ရော၊ မိဘတွေအနေနဲ့ရော၊ ဆရာတွေအနေနဲ့ရော၊ အစိုးရအနေနဲ့ရော၊ နိုင်ငံသားတစ်ယောက်အနေနဲ့ရော ကြိုးစားရင်ဖြစ်နိုင်ပါတယ်။
IQတိုးတက်လာဖို့ပတ်ဝန်းကျင်ဟာ အရေးကြီးတယ်ဆိုတဲ့ဂန္တဝင်မြောက်သုတေသနလေ့လာမှုတွေရှိပါတယ်။ အဲဒီအထဲကတစ်ခုက Skeels နဲ့ Dyeတို့ရဲ့လေ့လာမှုပါ။ သူတို့ရဲ့လေ့လာမှုမှာ လူတွေပြည့်ကြပ်နေတဲ့ မိဘမဲ့ကျောင်းကကလေးတွေပါဝင်ပါတယ်။ အဲဒီကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှုနောက်ကျတဲ့ ဉာဏ်နုံ့သူလို့ အမည်တတ်ထားတော့မွေးစားမယ့်သူတောင် မရှိပါဘူး။
ဒါပေမယ့်သူတို့ကိုပြည်နယ်တစ်ခုက စိတ်ကျန်းမာရေး
အဖွဲ့အစည်းတစ်ခုဆီ ပြောင်းရွှေ့ပေးလိုက်ပါတယ်။ အဲဒီ
ကလေးတွေကို အမျိုးသမီးကြီးတစ်ဦးကစောင့်ရှောက်မှု
ပေးပါတယ်။ အဲဒီအမျိုးသမီးကြီးကိုယ်၌ကလည်း
မပြင်းထံတဲ့ဉာဏ်နုံ့သူ Mildly retardedတစ်ယောက်ပါ။ ဒါပေမယ့်သူမဟာ ကလေးတွေကို စောင့်ရှောက်တဲ့အခါ ချစ်ချင်းမေတ္တာတွေ၊ အာရုံစိုက်မှုတွေ အလျှံအပယ်ပေးပါတယ်။ ကလေးတွေအတွက် ကစားစရာတွေအပြည့်၊ ကစားစရာနေရာတွေ ကျယ်ကျယ်ဝန်းဝန်းနဲ့ အသိဉာဏ်ဆိုင်ရာလှုံဆော်မှုတွေပေးတဲ့ပတ်ဝန်းကျင်လေးရအောင်ဖန်တီးပေးပါတယ်။ ကလေးတွေယခင်နေခဲ့ရတဲ့၊ ဆင်းရဲနွမ်းပါးတဲ့၊ လှစ်လျူရှုခံခဲရတဲ့အခြေအနေနဲ့ အတော်လေးခြားနားတဲ့နေရာပါ။
အဲဒီမှာနေရတဲ့အခါ ကလေးတွေရဲ့ IQဟာသိသိသာသာ
တိုးတက်လာပါတယ်။ သူတို့ကိုနောက်တကြိမ် IQပြန်စစ်
တဲ့အခါ ပုံမှန်ကလေးတွေရဲ့ အတိုင်းအတာထဲကို ဝင်လာ
ပါတယ်။
မိဘမဲ့ကျောင်းမှာကျန်ရစ်ခဲ့တဲ့ ထိန်းချုပ်အုပ်စုက ကလေးတွေရဲ့IQရမှတ်တွေကတော့ ကျဆင်းမြဲ ကျဆင်းလျှက်ပါပဲ။
၎င်းအပြင် အနှစ်၂ဝကြာခြေရာခံလေ့လာတဲ့အခါ အထက်ပါအမျိုးသမီးကြီးရဲ့စောင့်ရှောက်မှုအောက်မှာနေခဲ့ရတဲ့ ကလေးတွေကတော့ အထက်တန်းကျောင်းပြီးသွားခဲ့ကြပြီးအကျိုးဖြစ်ထွန်းတဲ့ဘဝမှာ ရပ်တည်
နေထိုင်လျှက်ရှိပါတယ်။
ယခင်မိဘမဲ့ကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကလေးအများစုက
တော့ တတိယတန်းအဆင့်အထိ မကျော်သလို မိမိကိုယ်
တိုင်လည်း မရပ်တည်နိုင်ကြပါဘူး။
ဒါကြောင့်မိဘတွေအနေနဲ့ ကိုယ့်ကလေးဉာဏ်ကောင်း
အောင်ပြုစုပျိုးထောင်ဖို့
-ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုအလျှံအပယ်ပေးပါ။
-အသိဉာဏ်ဆိုင်ရာလှုံ့ဆော်မှုပေးတဲ့ပတ်ဝန်းကျင်လေး
ဖြစ်အောင်မိမိနေအိမ်ကိုဖန်တီးပေးပါ။
-ကစားစရာ၊ ဖတ်စရာစာအုပ်များထားပေးပါ။
Credit to:ဒေါက်တာမြင့်လွင်(စိတ်ပညာ)
17/05/2023
Skincare ကို ခုမှစသုံးချင်တာ မင်မင်ရေ .......
ဘာလေးသုံးသင့်လဲဆိုသူတွေအတွက်ပါ 🍀🍀🍀
မျက်နှာအသားအရေ All Skin Types အတွက် ထုတ်ပေးထားတဲ့ Lambest ရဲ့ Products လေး 3 မျိုးနဲ့ မိတ်ဆက်ပေးပါမယ်နော်......
ဘယ်လိုအသားအရေပဲမဆို အခြေခံ အလိုအပ်ဆုံး Step လေးတွေလောက်တော့ သုံးပေးသင့်ပါတယ်ရှင်.......
Facial Cleanser-100g
အမြှုပ်သေးသေးလေးတွေအဖြစ် ချွေးပေါက်တွေထဲထိ သေချာစွာ သန့်စင်ပေးနိုင်တာကြောင့် အဆီနဲ့ဖုန်မှုန့်တွေကြောင့် ချွေးပေါက်ပိတ်ဆို့မှုကို ကာကွယ်ပေးပါတယ်
( chemical မပါလို့မျက်လုံးထဲဝင်ရင်တောင်မစပ်ပါဘူးရှင့် )
Toner -100ml
Toner လေးကို အသားထဲစိမ့်ဝင်အောင်သေချာလေး လိမ်းပေးရင် ရေဓာတ်နဲ့အဆီဓာတ်ကို မျှတစေပြီးတော့ စိုစိုအိအိလေးနဲ့ ရေဓာတ်ပြည့်ဝပြီး အသားရေအောက်ဆုံးလွှာထိ သန့်စင်ပေးနိုင်ပါတယ်
(အခြားတိုနာတွေလိုဂွမ်းသုံးစရာမလိုပါဘူးရှင့်)
Night Cream (50g)
လူတစ်ယောက်ရဲ့အသားအရေက ည၉နာရီနဲ့ မနက်၃နာရီကြားမှာ ပြုပြင်အားအကောင်းဆုံးမို့ ညလိမ်းလေးသုံးပြီး မနက်ဆိုရင် စိုစိုအိအိလေးဖြစ်စေပါတယ်ရှင့်
ဒီ ၃ မျိုးကို ဘယ်လောက်လဲဆိုရင်တော့
Facial Cleanser- 32,000
Toner - 32,000
Night Cream - 45,000
Total = 109,000/- ပါရှင်
11/05/2023
💛Lambest သုံးနေသာ celebrity တွေရဲ့ပုံလေးတစ်ချို့မျှဝေလိုက်ပါတယ်နော်🥰🥰
📌မြန်မာFDA ရရှိပြီးသားဖြစ်တယ်။
နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရရှိပြီးသားဖစ်တယ်။✔️✔️
☀️နေပူတယ်အပြင်ထွက်မဝယ်ချင်ဘူးဆိုရင်
အိမ်အရောက် Delivery Freeပို့ပေးမယ်
09787622887 ကိုဆက်သွယ်မှာယူနိုင်ပါတယ်
10/05/2023
မိတ်ကပ်လိမ်းလိုက်ရင် အောက်က အရေပြားက တစ်လွှာ မိတ်ကပ်ကတစ်လွှာ🥹
ဒီလို မဖြစ်ချင်ဘူးဆို
Skincare essence ပါတဲ့ Lambest Foundationလေးစ try ကြည့်ပါရှင်🤩
မိတ်ကပ်သားကလဲ အရမ်းမထူတာမို့ လိမ်းရတာ သက်သောင့်သက်သာ ဖြစ်စေတဲ့အပြင်✅
ဒီနောက်ပိုင်း ခေတ်စားတဲ့ ပါးပါးကြည်ကြည် သဘာဝဆန်ဆန် look လေးကိုရစေပါတယ်✅
Skincare essence ပါတော့ မိတ်ကပ်သားလေးက စိုအိဝင်းလက်စေပြီး လိမ်းထားတာကြာလေ glow လေပါရှင်✨✨✨
X-fine technology သုံးထားတာမို့ မိတ်ကပ်သားလေးက အသားရေနဲ့ တစ်ထပ်တည်းဖြစ်စေပြီး
နဂိုအသားရေထက် တစ်ဆင့်လောက် လင်းလင်းလေးဖြစ်စေတာမို့ ဖြူလွန်းတာ ပြာလွန်းတာမျိုးမဖြစ်စေပါဘူးနော်✅
ရနံ့လေးကလဲ သင်းသင်းလေးနဲ့ မွှေးသောလေးပါရှင်🌸
2 ရောင်လာပါတယ်ရှင်‼️
အောက်ခံအသားရေဖြူသူ / မိတ်ကပ်လိမ်းရင် နဂိုထက် လင်းတာကြိုက်သူ - 01 (bright )
အောက်ခံအသားရေညိုသူ/ ဝါသူ မိတ်ကပ်လိမ်းရင် သဘာဝဆန်တာကြိုက်သူ- 02(Natural )
ဆိုပြီးရွေးချယ်နိုင်ပါတယ်ရှင်
30ml-31000ကျပ်
မှာယူလိုပါက
📞09787622887
10/05/2023
10% Off promotion လေးနဲ့အတူ
💁♀️May-14ရက်နေ့မှာကျရောက်မယ့်
🤱🏻🤱🏻အမေများနေ့မှာ ချစ်ရသောမေမေကို နုပျိုလှပမူတွေပေးဖို့🎁🎁
04/05/2023
💛ရွှေတုံးမဟုတ်ဘူး
Night Cream လေးပါ။
💛မနက်မိုးလင်းရင်မျက်နှာအိအိကလေး ဖြစ်စေတဲ့ ညလိမ်း
နေလောင်တာတွေပျောက်စေတယ်။
အမဲစက်တင်းတိတ်တွေကိုလဲလျော့ပါးသက်သာစေတယ်။
ညဘက် Night Cream လေးလိမ်းဖို့မမေ့နှင့်နော်✔️
04/05/2023
No 1 . ကျန်းမာအောင်နေပါ🚴♀️
No2. ငွေရှာပါ💰💵💸
No.3 ပျော်ရွှင်မူကို ရှာဖွေပါ🧘♀️🍀
ဘ၀ဆိုတာ ခဏပါ💕
Category
Contact the business
Telephone
Website
Address
Yangon