Benton Myanmar

Benton Myanmar

Share

one ideal place to discover your ultimate beauty

20/09/2020

#ဝက်ခြံမဖြစ်အောင်ဘယ်လိုလုပ်မလဲ

(၁) မျက်နှာကို အလွန်အကျွံသန့်ရှင်းခြင်း
တကယ်တော့ ဝက်ခြံဆိုတာ မျက်နှာသန့်ရှင်းမှုအားနည်းလို့ချည်း ဖြစိတာမျိုးမဟုတ်ဘူး။ တခြားအကြောင်းအရာတွေ ပါဝင်နေမယ်။မျက်နှာ အလွန်အကျွံသန့်ရှင်းတာ၊ scrubbing လုပ်တာတွေက တခါတရံ ဝက်ခြံကို ပိုဆိုးစေတယ်။ မျက်နှာမှာ ပုံမှန်အားဖြင့်ကို အဆီလွှာတထပ်ကာထားတယ်။ အဆိုပါအဆီလွှာက အစိုဓာတ်ကို ထိန်းပေးနေမယ်။ မျက်နှာသစ်လွန်းတဲ့အခါ အဆီလွှာမရှိတော့ဘဲ ဝက်ခြံ ပိုထွက်လာစေတယ်။ ပုံမှန်အားဖြင့် တရက်ကို မျက်နှာ နှစ်ကြိမ်ထက်ပိုမသစ်သင့်သလို scrubbing လုပ်တာလည်း တပတ်ကို နှစ်ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။

(၂) မျက်နှာအသားအရေပစ္စည်းများ ပြိုင်တူအသုံးပြုခြင်း
မျက်နှာ အပေါ်ယံအရေပြားလွှာက တလွှာထဲသာရှိတယ်။အဲဒီတလွှာထဲကို ပျောက်ချင်ဇောနဲ့ အလှအပပစ္စည်းတွေ တကြိမ်တည်းမှာ ရောသုံးတာ မှားတယ်။ အသားဖြူဆေး၊ ဝက်ခြံပျောက်ဆေး၊ ပေါင်းတင်ဆေး၊ နေလောင်ကာ၊ မိတ်ကပ် စတာတွေ ပြိုင်တူအသုံးပြုနေခြင်းဟာ ဝက်ခြံကို ပိုဆိုးစေတယ်။

(၃) မျက်နှာကို မကြာခဏ လက်နဲ့ကိုင်တွယ်ခြင်း
ဝက်ခြံကို လက်နဲ့ ကိုင်တွယ်တာမျိုးကို တတ်နိုင်သမျှရှောင်သင့်တယ်။ ဒီအမူအကျင့်ကို ဝက်ခြံပေါက်ရုံမက အမာရွတ်ကိုပါ ဖြစ်စေတယ်။ နောက်ပြီး မိမိဘာသာ ဝက်ခြံဖောက်တာ၊လက်သည်းနဲ့ဆိတ်တာလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ရမယ်။

(၄) ဝက်ခြံကုတဲ့အခါ လုံလောက်တဲ့ အချိန်မပေးခြင်း
ဝက်ခြံတခုသက်သာပျောက်ကင်းဖို့ အနည်းဆုံး အချိန် (၆)ပတ်ကနေ (၁၂)ပတ်ထိ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဝက်ခြံထွက်တဲ့ မျက်နှာပြင်အရေပြားက ဆေးတွေကို တုံ့ပြန်ဖို့ အချိန်ပိုယူရလို့ဖြစိတယ်။

(၅) အရေပြားလိမ်းဆေးတွေ နားမလည်ဘဲ အသုံးပြုခြင်း
ဝက်ခြံထွက်သူအများစုဟာ အရေပြား cleansers, alkaline bar soaps တွေနဲ့ alcohol-based products တွေက ဝက်ခြံကို ပိုဆိုးစေတယ်။ နေလောင်ကာလိမ်းဆေးအများစုက အဆီဂလင်းကို လှုံ့ဆော်လို့ သတိထားသုံးရတယ်။

ပုံမှန်အားဖြင့် မိမိသုံးတဲ့ပစ္စည်းထဲမှာ isopropyl palmitate, isopropyl myristate, butyl stearate, isopropyl isostearate, decyl oleate, isostearyl neopentanoate, isocetyl stearate, myristle myristate, cocoa butter, acetylated lanoline နဲ့ ဆိုးဆေး D & C red dyes တွေပါရင် ဝက်ခြံကို ပိုဆိုးစေလို့ ရှောင်သင့်တယ်။

ဝက်ခြံပျောက်ဖို့ အူရှင်းနည်း
-------------------------

ဒီနည်းက ဝက်ခြံပေါက်သူတွေအတွက် အစွမ်းထက်နည်းဖြစ်တယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို ကင်းစင်အောင် ပြလုပ်ပေးမှာဖြစ်တယ်။ဒီနည်းအတိုင်း လုပ်မယ်ဆိုရင် အူထဲ အစာမရှိချိန် သောက်မှရတယ်။

ပန်းသီး - (၁) လုံး
နှမ်းကြတ်ဆီ - ထမင်းစား(၁)ဇွန်း
ချီယာစေ့(chia seed) - လက်ဖက်ရည် (၁) ဇွန်း
ပျားရည် - ထမင်းစား(၁)ဇွန်း
ရေဖန်ခွက် - တခွက်

ချီယာစေ့ဆိုတာ မက္ကဆီကိုမှာ ပေါက်တဲ့ အပင်တမျိုးက ရရှိတဲ့ အစေ့ပါ။ အမျှင်ဓာတ်များလို့ ဝမ်းမှန်စေတယ်။ ရေထဲ ၅-၁၅ မိနစ်ထားရင် အလိုလိုပွလာတယ်။ ကျိချွဲလာတယ်။ ချီယာစေ့ကို ရေတဖန်ခွက်ထဲ အရင်ထည့်ပါ။ ပြီးရင် ပွလာအောင် ခဏ စောင့်ပါ။ ပန်းသီးကို အစိတ်အမြောင်းလေးတွေ လုပ်ပြီး ထည့်ပါ။(ပန်းသီးနေရာမှာ ရှောက်သီးလည်းရတယ်)။ ပြီးမှ နှမ်းကြတ်ဆီနဲ့ ပျားရည် တဇွန်း ထပ်ရောထည့်ပါ။ မနက်တိုင်း သောက်ရုံနဲ့ ဝိတ်ကျ၊အဆီနည်းပြီး ဝက်ခြံကိုပါ ပျောက်ကင်းစေတယ်။

Crd ဒေါက်တာ အေးမင်းထူး

17/06/2020

Snail Bee Series လေးက 🐌 ခရုမှရတဲ့ အဆီအနှစ်တွေရယ် သဘာဝဆေးဖက်ဝင် 🐝 ပျားဆိပ်များနှင့် ပေါင်းစပ်ကာ ထုတ်လုပ်ထားလို့ အပြစ်ကင်းစင်တဲ့ မျက်နှာပိုင်ရှင်လေးဖြစ်စေဖို့အတွက်ဆို အသင့်တော်ဆုံး Skincare Series လေးပါနော် 🥰

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကြောင့် အရေးအကြောင်းများဖြစ်ပေါ်ခြင်း၊ အဆီပြန်ခြင်း၊ ဝက်ခြံ၊ အမဲစက်၊ အမာရွတ် နှင့် ရေဓာတ်ခမ်းခြောက်ပြီး အသားခြောက်နေသူများ၊ အသားအရောင် မညီညာသူများ အားလုံးအတွက်အဆင်ပြေစေပါတယ် 🤩

Series အလိုက် မသုံးချင်သူများနှင့် မိမိမျက်နှာအတွက် လိုအပ်တာပဲသုံးချင်သူများအတွက် အသေးစိတ်ရှင်းပြပေးထားတဲ့ အောက်က Link လေးထဲဝင်လေ့လာကြည့်ပေးနော် 😘 👇

https://m.facebook.com/story.php?story_fbid=136645011119060&id=104194137697481

📲 မှာယူလိုပါက Cb (or) 09447190573 (or) 09894802994 (or) 09406121050 သို့ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင့် 🛍🛍🛍
🏘 Showroom မှာလာရောက်ဝယ်ယူအားပေးချင်တဲ့ချစ်တို့အတွက် အမှတ်-၂၁၊ ရတနာလမ်း၊၁၆/၂ ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။







Category

Address


Yadanar Street
Yangon
11071

Alerts

Be the first to know and let us send you an email when Benton Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.