Hanuman Product - Foot Patch
Hanuman Foot Patch လက်လီ/လက်ကား၀ယ်ယူနိုင်ပါပြီ
02/06/2022
https://www.facebook.com/104114595463290/posts/155964926944923/
Customer's Reviews Videos Campaing
❗ Comeback Again ❗
Hanuman ကို အမြဲစဥ်ဆက်အားပေးနေတဲ့ Customers အရင်းတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုလို Videos Campaign ကိုပြန်ပြီးစီစဥ်ပေးထားပါတယ်ရှင့်....❤
Campaign မှာပါဝင်ချင်တယ်ဆိုရင်တော့ အောက်ကပါဝင်ရမယ့်အချက်တွေကို အပြည့်အစုံပို့ပေးရပါမယ်ရှင့်....
ပါဝင်ရမည့်အချက်များ-
✅ Videos အရှည် အနည်းဆုံး 1 မိနစ်ရှိရမည်
✅ သုံးဖူးထားတဲ့ Hanuman အိတ်ခွံအရေအတွက် ရေပြရမည် ( Hanuman Product အားလုံး အကျုံးဝင်သည်)
✅ Hanuman ကို ဘာကြောင့်သုံးရတာလည်း၊
သုံးပြီးရရှိတဲ့ အကျိုးရလဒ်
✅ Facebook တွင် Public Post တင်ပြီး Link ကို Hanuman Official Myanmar Page ၏ Post တွင် Comments ပေးရမည်
✅ ပထမဦးဆုံးပို့ပေးသော အယောက် (30) သာ အကျုံးဝင်မည်
✅ တစ်ဦးလျင် Video တစ်ခုသာ
✅ အိတ်ခွံအများဆုံး 3 ယောက်ကို
ပထမ - Hanuman Footpatch - 10 ထုပ်
ဒုတိယ - Hanuman footpatch - 7 ထုပ်
တတိယ - Hanuman Footpatch - 5 ထုပ်
✅ ကျန် (27) ယောက် Videos ပေးပို့သော သူများအား တစ်ဦးလျှင် Hanuman 3 ထုပ် လက်ဆောင်ချီးမြှင့်မည်
❗ မှတ်ချက်။ Company သည်ပေးပို့လာသော Videos များကို ပြန်လည်မျှဝေခြင်းများရှိမည်
- Hanuman Customers များအတွက်သာ
30/03/2022
နွေရာသီမှာဆိုရင် နေရောင်ခြည်ဒဏ်ပြင်းပြီး အရမ်းအိုက်ပါတယ်။
ဒီလိုအချိန်မှာ ရေဓာတ်ကုန်ခန်းမှုတွေမဖြစ်အောင် ရေများများသောက်ပေးရမယ်ေနာ
နွေရာသီမှာ ပေါ်လာတဲ့ရာသီစာ သစ်သီးတွေကလည်း ကျန်းမာရေးနဲ့ညီညွှတ်ပြီး သင့်ကို ရေဓာတ်ပြည့်ဝအောင် ကူညီပေးနိုင်ပါတယ်။
အသီးတွေက အရသာရှိရုံသာမက ကျန်းမာရေး အကျိုးကျေးဇူးတွေ လည်းရှိပါတယ်။ နွေရာသီမှာ စားပေးသင့်တဲ့ ရာသီစာအသီးတွေကတော့
၁.လိုင်ချီး
လိုင်ချီးသီးက ဗီတာမင်စီနဲ့ အန်တီအောက်စီဒန့်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီအသီးက ကိုယ်အလေးချိန်ကျအောင်၊ ကိုယ်ခံအားစနစ်တိုးမြှင့်အောင်၊ သွေးဖိအားလျော့နည်းအောင်ကူညီပေးသလို အသားရေအတွက်လည်း ကောင်းပါတယ်။
၂.သရက်သီး
ဒီရာသီစာအသီးက အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အန်တီအောက်စီဒန့်ဓာတ်တွေကြွယ်ဝပါတယ်။ သွေးထဲက ကိုယ်လက်စထရော ပမာဏနည်းအောင် ကူညီပေးတဲ့ပတ်တင်း (Pectin) ဒြပ်ပမာဏလည်း မြင့်မားစွာပါဝင်ပါတယ်။
၃.ကျွဲကောသီး
ကျွဲကောသီးက အမျှင်၊ ဗီတာမင်စီ၊ ဗီတာမင် B6နဲ့ ပိုတတ်စီယမ်ဓာတ်တွေပါဝင်ပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သံဓာတ်လည်းကြွယ်ဝပြီး ပင်ပန်းနွမ်းလျခြင်းနဲ့ အိပ်မပျော်ခြင်းတို့ကို တိုက်ဖျက်ပေးပါတယ်။
၄.စောင်းလျားသီး
စောင်းလျားသီးက ကယ်လိုရီဓာတ်နည်းပြီး အမျှင်ဓာတ်ကြွယ်ဝပါတယ်။ ဒီအသီးကိုစားခြင်းက ရောင်ရမ်းတာ၊ ကိုယ်လက်စထရောပမာဏနဲ့ အသည်းအဆီဖုံးတာတွေကို လျော့ချပေးနိုင်ပါတယ်။
၅.ဇီးဖြူသီး
ဆီးဖြူသီးက ဗီတာမင်စီပါဝင်မှု မြင့်မားပြီး ကိုယ်ခံအားစနစ်တိုးမြှင့်အောင်၊ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်အောင်၊ သွေးအတွင်း သကြားပမာဏကို လျော့နည်းအောင်၊ နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။
၆.ဖရဲသီး
ဖရဲသီးကလည်း နွေရာသီနဲ့ လိုက်ဖက်တဲ့အသီးပါပဲ။ ဒီအသီးက ဗီတာမင်စီ၊ ဗီတာမင် အေကြွယ်ဝရုံသာမက ရေဓာတ်ပါဝင်မှု များတဲ့အတွက် စိတ်မကြည်တာ၊ ပင်ပန်းနွမ်းလျတာ၊ ခေါင်းကိုက်တာတွေကို တိုက်ဖျက်ပေးပါတယ်။ ရေဓာတ်ပါဝင်မှု များတာကြောင့် သွေးတိုးတာ၊ နှလုံးနဲ့ သွေးလည်ပတ်မှု စနစ်တွေကို ကာကွယ်ပေးတဲ့နေရာ အကူအညီဖြစ်ပါတယ်။
12/03/2022
Hanuman Foot Patchကိုသုံးနေတဲ့ ဒူးနာတဲ့ဝေဒနာရှင်လေးတွေအတွက်အသုံး၀င်မယ့်အိမ်တွင်းဆေးဆရာတွေနဲ့မိတ်ဆက်ပေးပါရစေ
ဒူးနာတယ်ဆိုတာ တစ်ကြိမ်တစ်ခါဖြစ်ပြီး ပျောက်သွားတတ်တဲ့အရာမဟုတ်။ ခုသက်သာသွားလည်း အခန့်မသင့်တိုင်းပြန်ပြန်ဖြစ်တတ်တဲ့ ဒဏ်ပါ။ လမ်းလျှောက်ရင်းနဲ့၊လှေကားတက်ဆင်းရင်းနဲ့၊ အထိုင်အထလုပ်ရင်းနဲ့ မျက်ခနဲဖြစ်ပြီဆို သွားပြီလေ။ ဒူးနာရတဲ့အကြောင်းရင်းတွေက
🟫အဆစ်နာရောဂါလား၊
🟫ထိခိုက်မှုရှိလို့လား၊
🟫အရိုးပွနေတာလား။
🟫ဒူးအဆစ်ထဲမှာ ပြဿနာရှိနေတာလား
🟫အရွတ်တွေထိထားတာလားဆိုတာ
စစ်ဆေးကုသမှုလုပ်ပြီးမှ သိနိုင်မှာပါ။
ဆရာဝန်နဲ့ ကုပြီးပြီပဲထားပါဦး၊ သက်သာပြီးနောက်ပိုင်း တော်ရုံနည်းနည်းနာတာလောက်တော့ ခဏခဏဆေးခန်းမပြေးနိုင်ကြဘူးမဟုတ်လား။ အချိန်လည်းပေးရမယ်၊ ငွေလည်းရှိရမယ်၊ အတူလိုက်ပို့ပေးမယ့်သူလည်းရှိရမယ် ဆိုတော့ ဒဏ်ကြေဆေးနဲ့ ပလာစတာပဲ အားကိုးကြရတာပဲ။ ဒီလိုအချိန်မှာ အပြင်ကဝယ်စရာမလိုဘဲ အိမ်မှာရှိတတ်တဲ့ပစ္စည်းတွေနဲ့ပဲ သဘာဝနည်းနဲ့ ကုသနိုင်မယ်ဆို ပိုအဆင်ပြေနိုင်မလား။ ဒူးနာသက်သာစေမယ့် အိမ်တွင်းဆေးဆရာတွေကို မိတ်ဆက်ပေးလိုက်ပါမယ်။
(၁) နာနတ်သီး၊ သစ်ကြံပိုးခေါက်၊ အုတ်ဂျုံ
ဒီသုံးမျိုးရောစပ်ထားတဲ့ မနက်စာမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တို့ပါဝင်တဲ့အပြင် နာနတ်သီးမှာရောင်ရမ်းမှုလျော့ကျစေတဲ့ bromelainဒြပ်ပေါင်းပါဝင်လို့ နာကျင်တာ၊ ရောင်ရမ်းတာတွေသက်သာစေနိုင်ပါတယ်။
ကွေကာကြမ်း(အုတ်ဂျုံ)ကို ကျိုပြီးရေတစ်ခွက်၊ လိမ္မော်ရည်တစ်ခွက်၊ အတုံးသေးတုံးထားတဲ့ နာနတ်သီး ပန်းကန်လုံးသုံးလုံးစာ၊ သစ်ကြံပိုးခေါက်အမှုန့်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း လိုအပ်ပါတယ်။ အုတ်ဂျုံကလွဲပြီး ကျန်တာအကုန် blender နဲ့ကြိတ်ချေပါ။ ပြီးမှ အုတ်ဂျုံကို နည်းနည်းချင်းထည့်ထည့်ပြီး ပျစ်နှစ်လာတဲ့အထိ ဆက်ကြိတ်ပါ။
(၂) ချင်း
ချင်းမှာ gingerol ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်လို့ ရောင်ရမ်းခြင်းနဲ့ ကြွက်သားနာကျင်ခြင်းကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီအာနိသင်အတွက် သူ့ကို စားလည်းရ၊ လိမ်းလည်းရပါတယ်။ ချင်းက အစိုပဲဖြစ်ဖြစ်၊ အခြောက်ခံထားတဲ့အမှုန့်ဖြစ်ဖြစ် အာနိသင်ရှိတာကြောင့် ဘယ်အစားအစာမှာဖြစ်ဖြစ် အမှုန့်လေးထည့်စားလည်းရတယ်။ ဒူးနာနေတုန်း ဆက်တိုက်သောက်ပေးလို့ အဆင်ပြေတာကတော့ ချင်းရေနွေးကြမ်းပါပဲ။ နုတ်နုတ်စဉ်းထားတဲ့ ချင်းနှစ်ဇွန်းစာကိုရေနွေးထဲထည့်တည်ပါ(ဆယ်မိနစ်လောက်)၊ပြီးရင် အဖတ်တွေစစ်ထုတ်ပစ်ပါ။ ချင်းရေနွေးထဲကို ပျားရည်ထည့်၊ ကြိုက်တတ်ရင် သံပရာရည်ညှစ်ပြီးနေ့တိုင်းသောက်လို့ရပါတယ်။ ချင်းကဆေးဖက်ဝင်တဲ့ တခြားအာနိသင်တွေလည်းရှိလို့ ဘေးမရှိနိုင်ပါဘူး။
(၃) နှမ်းဆီနဲ့ သံပရာ
နှမ်းဆီကို တရုတ်နဲ့ အိန္ဒိယတိုင်းရင်းဆေးမှာ ကျန်းမာရေးပြဿနာအတော်များများအတွက် သုံးကြပါတယ်။ နှမ်းဆီက ကြွက်သားနာကျင်တာ၊ အရိုးအဆစ်နာ၊ ထိခိုက်နာကျင်တာတွေအတွက် သက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့အခါ နှမ်းဆီလိမ်းလို့ရတယ်။ ဆီကိုနွေးနွေးလေးအပူပေးပြီး လိမ်းရင် ပိုကောင်းပါတယ်။
နောက်တစ်ခုက အတည်ပြုထားတဲ့ သိပ္ပံလေ့လာမှုမရှိသေးပေမယ့် နှမ်းဆီကို သံပရာသီးနဲ့ရောလိမ်းရင် ပိုသက်သာတယ်လို့တချို့က ယုံကြည်ပါတယ်။ ဘယ်လိုလဲဆိုတော့သံပရာသီးကို လှီး၊ စိတ်ပြီး နှမ်းဆီထဲနှစ်၊ သံပရာစိတ်ကိုကိုင်ပြီး ဒူးမှာပွတ်လိမ်းရတာပါ။ သံပရာစိတ်နဲ့ နှိပ်နယ်တာပေါ့။
(၄) နနွင်း
ဟင်းချက်တိုင်း အမြဲပါလေ့ရှိတဲ့ နနွင်းက အနာကျက်စေနိုင်တာကိုတော့ သိကြပါတယ်။ သူ့မှာ အကိုက်အခဲပျောက်ဆေးအာနိသင်ပါနေတာက ibuprofenနဲ့ တန်းတူလောက်ရှိတယ်လို့ လေ့လာမှုတွေကပြောပါတယ်။ curcuminဒြပ်ပေါင်းပါဝင်မှုများလို့ အကိုက်အခဲပျောက်၊ အရောင်ကျစေတဲ့ အာနိသင်တွေရှိနေတာဖြစ်ပါတယ်။
နနွင်းကို ပုံမှန်စားသုံးပေးရင် အရိုးပွရောဂါ၊ လေးဖက်နာရောဂါဖြစ်နိုင်ခြေနည်းစေတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့်ပဲ ဟိုးယခင်တည်းက မြန်မာ့ရိုးရာမှာ နနွင်းနဲ့ ဆားမီးဖုတ်၊ လက်ဖက်ခြောက်ကို အချိုးညီညီရောစပ်ထားတဲ့ နနွင်းဆေးကို ပုံမှန်သောက်ခိုင်းကြတာဖြစ်ပါလိမ့်မယ်။ ဒူးနာတဲ့အချိန် နနွင်းရေနွေးကြမ်းဖြစ်ဖြစ် နနွင်းဆေးဖြစ်ဖြစ်သောက်ပေးလို့ရပါတယ်။
(၅) မုန်ညင်းဆီ
မုန်ညင်းဆီကို သံလွင်ဆီနည်းနည်းရောပြီးဖြစ်ဖြစ် သူ့ချည်းပဲဖြစ်ဖြစ် ဒူးမှာလိမ်းပေးရင် ဒူးနာသက်သာစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီး အရောင်ကျစေတယ်၊ နာကျင်မှုလည်းလျော့စေတယ်။ နောက်တစ်နည်းက မုန်ညင်းဆီထဲ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူထည့်ပြီး မီးပျော့ပျော့နဲ့ ၁၀ မိနစ်လောက်အပူပေးပါ။ အဲဒီဆီကို အအေးခံပြီး နှိပ်နယ်လိမ်းပါ။ allicinဒြပ်ပေါင်းပါဝင်မှုကြောင့် ကြက်သွန်ကလည်း အရောင်ကျစေနိုင်စွမ်းရှိပါတယ်။
ဒီနည်းလေးတွေက ကုသမှုနေရာမှာ အစားထိုးဖို့တော့မဟုတ်ဘူးနော်။ ဒူးနာတာကို မကုသဘဲထားတာကြာရင်၊ ကြိတ်ခံစားတာကြာရင် အရိုး၊အဆစ်၊အရွတ်၊ကြွက်သားတို့မှာ မလိုအပ်ဘဲနောက်ဆက်တွဲပြဿနာတွေဖြစ်လာရတာမကောင်းပါဘူး။ဖြစ်နိုင်ရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။ အပေါ်မှာပြောခဲ့သလို အနည်းအကျဉ်းနာကျင်တာမို့၊ ဆေးခန်းမသွားဖြစ်လို့၊ အခြေအနေမပေးလို့၊ ဒဏ်ကြေဆေးတွေမလိမ်းချင်လို့ စတဲ့အနေအထားတွေမှာသာ ဒီသဘာဝနည်းလေးတွေကို စမ်းကြည့်ပါ။ဘေးဥပါဒ်ဖြစ်စရာမပါတဲ့ အိမ်သုံးပစ္စည်းတွေနဲ့မို့ ဝေဒနာသက်သာ၊ စရိတ်သက်သာစေဖို့ အကြံပြုလိုက်ပါတယ်။
ဒူးနာကျင်မှုတွေဟာ သင့်ကို မသက်မသာဖြစ်စေပြီး သွားလာလှုပ်ရှားရ ခက်ခဲစေပါတယ်။ ပြင်းထန်တဲ့ဒူးနာကျင်ခြင်းတွေဟာ မရွေ့လျားနိုင်တာမျိုးထိတောင် ဖြစ်စေတတ်ပါတယ်။ ဒီပြဿနာတွေအတွက် ကုသမှုနည်းလမ်းတွေရှိနေပေမယ့် အချိန်ကာလတစ်ခုထိတော့ ဒီနာကျင်မှုတွေကို ခံစားနေရဦးမှာပါ။
နာကျင်မှူဝေဒနာတွေကင်းဝေးပြီးကျန်းမာကြပါစေ
အားလုံးလည်းဗဟုသုတရမယ်လို့မျှော်လင့်ပါတယ်
11/03/2022
https://www.facebook.com/104114595463290/posts/135647985643284/
🎁 100,000 ကျပ်ဆု ကံထူးရှင်များ စာရင်းပါရှင့် 🎁💛🤗
🔑ကိုယ်ဝယ်ထားတဲ့အထုပ်ရဲ့ Golden Sticker ကိုစစ်ဖို့မမေ့နဲ့နော်....❤️😍
📝ကံထူးသူများ page ရဲ့ chat box မှာပြောလာလို့ရပါတယ်ရှင့်...😍
06/03/2022
အထိုင်များပြီးညောင်းညာလေ့ရှိတာကြောင့်Hanuman Foot Patchကိုကပ်လေ့ရှိတယ်
အရင်တပတ်ကအရမ်းညောင်းတော့စမ်းသပ်ချင်တာနဲ့ဘဲ ဆေးမကပ်ဘဲအိပ်ဖို့ကြိုးစားကြည့်တယ် အိပ်ပျော်ဖို့အချိန်အများကြီးယူလိုက်ရပါတယ်
အရမ်းညောင်းရတဲ့အထဲလူကအိပ်မပျော်ရင်ပိုပင်ပန်းပါတယ်
Hanuman Foot Patchလေးကပ်ရင်တော့ အညောင်းသက်သာသလို အိပ်ပျော်ဖို့အတွက်အချိန်အများကြီးမကုန်တော့အိပ်ရေး၀တာပေါ့
မှာယူချင်ရင်
☎️09428360526
💌Chat boxမှတစ်ဆင့်မှာယူနိုင်ပါပြီ
လှိုင်သာယာမြို့တွင်းဆိုရင် deliလာပို့ဖို့အချိန်အကြာကြီးေစာင့်စရာမလိုေတာ့ဘူးေနာ
ကျန်မြို့နယ်များလည်းdeliအပ်ပေးပါတယ်နော
20/02/2022
Post တွေတောက်လျှောက်မတင်ဖြစ်ပေမယ့် Hanuman productလေးတွေအမြဲinstockထားပြီးရောင်းနေပါတယ်နော
ရန်ကုန်လှိုင်သာယာမြို့နယ်တွင်းနဲ့
ဖယ်ခုံအရှေ့ဖက်ကမ်းဆိုအိမ်လာယူလို့လည်းရပါတယ်
Deliveryနဲ့လည်းဘယ်မြို့နယ်မဆိုပို့ပေးတယ်နော
☎️09428360526
💌Chat boxကတစ်ဆင့်ဆက်သွယ်မှာယူလို့ရပါတယ်
13/02/2022
တနေကုန်လှုပ်ရှားရလို့ညောင်းညာကိုက်ခဲနေရင် Hanuman Foot Patchလေးရှိတယ်နော
30/01/2022
Chinese New Year Promotion
☎️09428360526
Category
Contact the business
Telephone
Website
Address
Yangon
11401
Alerts
Be the first to know and let us send you an email when Hanuman Product - Foot Patch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.