V5 Hair design & Beauty salon

V5 Hair design & Beauty salon

Share

ရန်ကုန်မြို့ ရဲ့ မြေနီကုန်းစမ်းချောင်း V5 ဆိုင်ခွဲ မှနွေးထွေးစွာ ကြိုဆိုပါတယ်(အာရှတော်ဝင် ဆေးရုံးအနီးနား capital supermarket အတွင်း မြေညီထပ် )

In admiration of the innovative genius hairstylist, Vidal Sassoon, we established our own shop in the name of him since 2010, where we’ve been delivering creative cutting, perfect color placements and high standard salon services. With over 10 years of experience as a professional hairstylist, Vidal Sassoon Ko Phyo educates salon owners, beginner hairdressers not only to become qualified stylists and flourish successful businesses, it’s also for sharing inspiration and love for the Vidal Sassoon and his unmatched styling techniques all over our clients. We will keep providing excellent salon services living up to the legacy of the great Vidal Sassoon.

10/10/2026

✨ ဝါကျွတ်တော့မယ်နော်…
Festival တွေကို Hair Style အမိုက်စားနဲ့ ကဲဖို့ ရယ်ဒီပဲလား? 🎶💃🏻

ပွင့်လင်းရာသီရောက်ပြီဆိုတော့
ပွဲလမ်းသဘင်တွေ၊ Music Concert တွေ၊ Festival တွေကလည်း တစ်ခုပြီးတစ်ခု လာတော့မယ်နော် 👀✨

Outfit ရွေးပြီးပြီ…
Makeup Look စဉ်းစားပြီးပြီ…
Hair Look ရော Ready ဖြစ်ပြီလား? 💇🏻‍♀️🔥

ဒီ Festival Season မှာ ကိုယ့် Look ကို ပိုပြီး standout ဖြစ်ချင်ရင်
V5 Hair Salon – SanChaung မှာ ကိုယ်ကြိုက်တဲ့ Hair Transformation လေး လာလုပ်ဖို့ မမေ့နဲ့နော် 🤍

✅ Hair Color အသစ်ပြောင်းမလား
✅ လှိုင်းလေးတွေနဲ့ Perm ကောက်မလား
✅ Sleek & Clean Look အတွက် ဖြောင့်မလား
✅ Hair ကို Dimension ပိုထွက်စေမယ့် Highlight ဖောက်မလား

Festival Look က Outfit တစ်ခုတည်းနဲ့ မပြီးဘူးနော် 😉
Photo ရိုက်တိုင်း၊ Video ရိုက်တိုင်း Confidence အပြည့်နဲ့ ကဲနိုင်ဖို့ ဆံပင်စတိုင်လေးလည်း လန်းနေဖို့ လိုသေးတယ် 📸✨

ဒီတော့ ဒီဝါကျွတ် ပွင့်လင်းရာသီမှာ ပုံမှန် Hair Look လေးကနေ
ကိုယ်နဲ့လိုက်ဖက်တဲ့ Fresh Look အသစ်တစ်ခု ပြောင်းကြည့်ချင်ရင်—

အခုပဲ V5 စမ်းချောင်းဆိုင်ခွဲမှာ Booking လေး ယူလိုက်တော့နော် 💌

📲 Booking ရယူရန် ☎️ 09 651 946 656

ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ အာရှတော်ဝင် ဆေးရုံအနီး၊ Capital Supermarket အတွင်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

09/10/2026

Right Brush, Perfect Hair! ✨

ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ ပိုရှုပ်ပြီး ဖွာလန်ကျဲသွားလို့ စိတ်ညစ်နေရပြီလား?

မနက်လင်းလို့ မှန်ကြည့်လိုက်တဲ့အခါ ဆံပင်တွေ ရှုပ်ပွနေတာက မိန်းကလေးတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။

ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ဆိုတာ "မှန်ကန်တဲ့ ခေါင်းဘီးကို ရွေးချယ်တတ်ဖို့" ဆိုတဲ့ သေးငယ်တဲ့ အပြောင်းအလဲလေး တစ်ခုတည်းနဲ့တင် လုံလောက်ပါတယ်။

❌ ဆံပင်တွေ ရှုပ်ထွေးနေချိန် ဒါမှမဟုတ် အိပ်ရာထခါစ အချိန်မျိုးမှာ သာမန် Cushion Brush တွေနဲ့ အတင်းဖြီးချလိုက်တာက ဆံသားကို ပြတ်ထွက်စေပြီး ပိုမိုဖွာလန်သွားစေပါတယ်။

✅ ကျန်းမာချောမွေ့ပြီး အိစက်နေတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့ ဘီးကျဲ (Wide-Tooth Comb) ကို အသုံးပြုပြီး အဖျားကနေစတင်ကာ ညင်သာစွာ ရှင်းလင်းပေးသင့်ပါတယ်။

ဒါက ဆံပင်ငြိတာတွေကို အလွယ်တကူ ပြေလျော့စေပြီး ဆံသားပျက်စီးမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

သင့်ဆံကေသာအတွက် ပိုမိုကျွမ်းကျင်တဲ့ Treatment နဲ့ Premium Styling တွေ လိုအပ်လာပြီဆိုရင်တော့ V5 Hair Design (စမ်းချောင်းဆိုင်ခွဲ) က အသင့်ရှိနေပါတယ် 💌

📞 Booking ရယူရန်: 09 651 946 656

📍 ဆိုင်လိပ်စာ: မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ အမှတ် (၃၃) ဗဟိုလမ်းမပေါ်၊ အာရှတော်ဝင်ဆေးရုံအနီး၊ Capital Supermarket အတွင်း၊ မြေညီထပ်။

09/09/2026

မဲညစ်ပြီး အဆီပြန်ခြင်းနဲ့ ဝက်ခြံတွေကို Face Spa လုပ်ပြီး နှုတ်ဆက်လိုက်ရ‌အောင် 🥳

အဆီဖု၊ ဝက်ခြံနဲ့ ဆားဝက်ခြံတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေပြီလား?

အသားအရေ ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းပေးပြီး 🎯
ကြည်လင်ဝင်းပတဲ့ Glowing Skin လေးကို ချက်ချင်း ပြန်လည်ရရှိစေဖို့ ✨
V5 Sanchaung မှာ Premium Face Spa လာလုပ်လို့ ရနေပြီနော်! 🤩

မင်မင်တို့ V5 Hair Design & Beauty Salon မှာ…

🌷 အသားအရေကို ကြည်လင်သွားစေဖို့ ချေးချွတ်သန့်စင်ပေးခြင်း

🌷 မျက်နှာ အဆိပ်ထုတ်ခြင်း

🌷 အမဲစက်များကို သက်သာစေသည့် ရွှေသွင်း၊ ပုလဲသွင်း Treatment များ ပြုလုပ်ပေးခြင်း

🌷 အသားအရေ အစိုဓာတ်ပြည့်ဝစေရန် Spa စက်ဖြင့် မျက်နှာပေါင်းတင်ပေးခြင်း

🌷 ဆားဝက်ခြံများကို ကျွမ်းကျင်စွာ ညှစ်ထုတ်ရှင်းလင်းပေးခြင်း

စသဖြင့် မျက်နှာပြင်က အပြစ်အနာအဆာတိုင်းကို ယူပစ်သလို ဖယ်ရှားပေးမယ့် Treatment မျိုးစုံ ရရှိနိုင်ပါပြီနော်။

ဒီတော့ မူလအသားအရေအတိုင်း အလှဆုံး ပြန်လည်ရရှိနိုင်ဖို့ အခုပဲ V5 စမ်းချောင်းဆိုင်ခွဲမှာ Booking လေး ယူလိုက်တော့နော် 💌

📲 Booking ရယူရန် ☎️ 09 651 946 656

ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ အာရှတော်ဝင် ဆေးရုံအနီး၊ Capital Supermarket အတွင်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

07/09/2026

“ဆံပင်တွေကလည်း ညှပ်ပြီးရင် ပြန်ကို မရှည်တော့ဘူး 😩💇❎”

ဒီလိုမျိုး ခဏခဏ ညည်းတတ်တဲ့ မိန်းမလှလေးများအတွက် 🥰

အချိန်နာရီပိုင်းမျှ ပေးရုံနဲ့ ဆွဲဆောင်မှုရှိတဲ့ ဆံကေသာကို ချက်ချင်း ပိုင်ဆိုင်နိုင်မယ့်

V5 ရဲ့ Premium Hair Extension Service ရှိနေပြီနော် 🥳🌟

မင်မင်တို့ V5 စမ်းချောင်းဆိုင်ခွဲရဲ့ Hair Extension Service က…

✔️ ကြမ်းတမ်းမှု လုံးဝမရှိ၊ မိမိရဲ့ နဂိုမူလ ဆံသားအတိုင်း အိစက်ပျော့ပျောင်းနေစေတယ်။

✔️ လက်ရှိဆံပင်အရောင်နဲ့ တစ်ထပ်တည်းကျတဲ့ Extension ကိုပဲ ရွေးချယ်အသုံးပြုပေးတာမို့ ဆက်ထားမှန်း လုံးဝ (လုံးဝ) မသိသာစေဖို့ တာဝန်ယူတယ်။

✔️ ခေတ်မီပြီး အဆင့်မြင့်တဲ့ ဆံပင်ဆက်နည်းပညာတွေကိုသာ အသုံးပြုပေးထားတာကြောင့် ဆံပင်ဆက်ပြီး ရက်ပိုင်းအတွင်း ခေါင်းလေးလံတာ၊ နာကျင်တာမျိုး မရှိစေဖို့ အာမခံပါတယ်။

ဒီတော့ ယုံကြည်မှု အပြည့်နဲ့ အလှဆုံး ဖြစ်နေဖို့ အခုပဲ V5 မှာ Hair Extension လာဆက်လိုက်တော့နော်။ 💌

📲 Booking ရယူရန် ☎️ 09 651 946 656

ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ အာရှတော်ဝင် ဆေးရုံအနီး၊ Capital Supermarket အတွင်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

05/09/2026

Member Card ရှိရုံနဲ့ 20% အထိ Discount ရနိုင်ပြီဗျို့ 🎁

V5 ရဲ့ အချစ်တော် Member လေးများအတွက် ဘယ် Service ပဲလုပ်လုပ် 20% Off အပြည့် ပေးသွားမယ့် အမိုက်စား ပရိုမိုးရှင်းကြီး စတင်နေပါပြီ! 💇‍♀️✨

Member Card မရှိသေးဘူး ဆိုရင်လည်း ဝမ်းနည်းစရာ မလိုဘူးနော် 🙅

Non-member Promotion 10% OFF လည်း ရဦးမှာ 🥳

💘 ဒီတော့ အပြောင်းအလဲ ဖြစ်သွားအောင် ကာလာလေးပဲ ချိန်းမလား?
💘 ခေတ်စားနေတဲ့ အကောက်စတိုင်လ်လေးတွေ ပြောင်းမလား? ဒါမှမဟုတ်
💘 ဆံသားလေး အိစက်သွားအောင် Premium Treatment ပဲ လုပ်မလား?

အခုပဲ Member Card လေး ကိုင်ပြီးသာ လှမ်းလာခဲ့လိုက်တော့ကွာ 😘

စိတ်ကြိုက် အချိန်လေးရအောင် အခုပဲ Booking အမြန်လေး တင်ထားဖို့လည်း မမေ့နဲ့ဦးနော် 👇

📲 Booking ရယူရန် ☎️ 09 651 946 656

ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ အာရှတော်ဝင် ဆေးရုံအနီး၊ Capital Supermarket အတွင်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

28/08/2026

💙အသက်အရွယ်ကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေကြောင်းပဲဖြစ်ဖြစ်မျက်နှာအသားအရေ လျော့တွဲပြီ နုပျိုမှု လျော့နည်းလာလို့ စ်တ်ညစ်နေရပသလား?

ဒါဆိုရင်တော့ သဘာဝအတိုင်း မျက်နှာကျ သွယ်လျပြီး အသားအရေကို ချက်ချင်း တင်းရင်းစိုပြေသွားစေမယ် ရွှေသွင့် skin Treatment နဲ့ မိတ်ဆက်ပေးပါရစေ။

#မျက်နှာ #ဝန်ဆောင်မှု

28/08/2026

နဖူးပြင်ကျယ်တဲ့ မိန်းမလှလေးများအတွက် Curtain Bangs ✨✂️

နဖူးကျယ်တဲ့ အမျိုးသမီးလေးများအတွက် မျက်နှာကျကို သိသိသာသာ သွယ်လျသွားစေပြီး အာရှတစ်ခွင်မှာ Trend ဖြစ်နေတဲ့ "Curtain Bangs" လေးတွေ V5 မှာ ညှပ်လို့ရနေပြနော် 🥰

Curtain Bangs လေးတွေက နဖူးပြင်ပေါ်ကနေ ပါးရိုးတစ်လျှောက် ဝဲကျသွားတဲ့အတွက် မျက်နှာကို သိသိသာသာ သေးသွယ်သွားစေပါတယ်။

သာမန် အဖြောင့်ညှပ်ထားတဲ့ Bangs တွေလို ကလေးဆန်မသွားဘဲ၊ ရင့်ကျက်ပြီး မိန်းကလေးဆန်တဲ့ (Elegant & Feminine) အသွင်အပြင်ကို ရရှိစေပါတယ်။ 💇

ဒါ့အပြင် ဆံပင်အရှည်၊ အတို၊ အကောက်၊ အဖြောင့် ဘယ်လိုစတိုင်လ်နဲ့မဆို လိုက်ဖက်သလို၊ ခေါင်းစည်းထားတဲ့ အချိန်မှာတောင် ရှေ့ဆံပင်လေးတွေ ဝဲကျနေလို့ အမြဲတမ်း ကျော့ရှင်းလှပနေစေမှာပပါ။ 💛

တစ်ခုသတိထားဖို့က Curtain Bangs ဆိုတာ မျက်နှာကျအပေါ် မူတည်ပြီး အရှည်အတို၊ အထူအပါးကို သေချာ ချိန်ညှိညှပ်ဖို့ပါပဲ။

မင်မင်တို့ V5 Hair Design (စမ်းချောင်းဆိုင်ခွဲ) ရဲ့ Senior Stylist တွေက ဧည့်သည်တိုင်းရဲ့ Face Shape နဲ့ Undertone ကို သေချာခွဲခြမ်းစိတ်ဖြာပြီး အလိုက်ဖက်ဆုံးဖြစ်မယ့် Curtain Bangs စတိုင်လ်ကို ဖန်တီးပေးဖို့ အသင့်ရှိနေပါတယ်။ 🥳

မှန်ရှေ့ရောက်တိုင်း မျက်နှာလေး ပိုသွယ်ပြီး ယုံကြည်မှုရှိရှိ လှနေဖို့ အခုပဲ V5 စမ်းချောင်းမှာ Booking တင်ပြီး ပြောင်းလဲလိုက်ပါနော် 💌

📲 Booking ရယူရန် ☎️ 09 651 946 656

ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket အတွင်း (အာရှတော်ဝင် ဆေးရုံနား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

26/08/2026

ဆံပင်ကျွတ်တာနဲ့ ဆံပင်ပြတ်တာ ဘာကွာလဲ? 🤔✨

ခေါင်းဖြီးလိုက်တိုင်း၊ ခေါင်းလျှော်လိုက်တိုင်း ဆံပင်တွေ အများကြီး ပါလာတတ်ပေမယ့် ဒီဆံပင်တွေက အမြစ်ကနေ ကျွတ်နေတာ ဒါမှမဟုတ် အလယ်ကနေ ပြတ်ကျနေတာ ဆိုတာကိုရော သတိထားမိရဲ့လား?

ဆံပင်ကျွတ်တာနဲ့ ဆံပင်ပြတ်တာဟာ အကြောင်းရင်းလည်း မတူသလို၊ ကုသရမယ့် နည်းလမ်းတွေလည်း လုံးဝ ကွာခြားပါတယ်။

၁။ ဆံပင်ကျွတ်ခြင်း (Hair Fall / Shedding) 🍂

ကျွတ်သွားတဲ့ ဆံပင်ချောင်းရဲ့ အဖျားမှာ အဖြူရောင် အဖုလုံးလေး (ဆံပင်အမြစ်) ပါလာတယ်ဆိုရင် ဒါဟာ အမြစ်ကနေ ကျွတ်ထွက်တာပါ။

ပုံမှန်အားဖြင့် စိတ်ဖိစီးမှုများခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ ဦးရေပြား (Scalp) ကျန်းမာရေး မကောင်းခြင်း၊ ချွေးပေါက်ပိတ်ဆို့ခြင်းတို့ကြောင့် အဓိက ဖြစ်တတ်ပါတယ်။

၂။ ဆံပင်ပြတ်ခြင်း (Hair Breakage) ✂️

ဆံပင်ကျွတ်တဲ့အခါ အဖြူရောင် အမြစ်ဖုလေး မပါဘဲ အရှည်အမျိုးမျိုးနဲ့ ပြတ်တောက်နေမယ်၊ ဆံသားကလည်း ကြမ်းတမ်းပြီး အဖျားနှစ်ခွ ဖြစ်နေမယ်ဆိုရင်တော့ ဒါက ဆံပင်ပြတ်တာပါ။

များသောအားဖြင့် ဓာတုဆေးဝါးတွေ ခဏခဏ သုံးတာ (ဥပမာ - ဆေးအပြင်းစားဆိုးခြင်း၊ အရောင်ချွတ်ခြင်း)၊ အပူပေးစက်တွေ အမြဲသုံးတာ၊ ဆံပင်စိုနေတုန်း ကြမ်းကြမ်းတမ်းတမ်း ဖြီးသင်တာနဲ့ ဆံသားရေဓာတ် ခမ်းခြောက်တာတွေကြောင့် ဖြစ်ရတာပါ။

ဒီပြသနာတွေကို ဘယ်လို ဖြေရှင်းကြမလဲ? 💡

ဆံပင်ကျွတ်တာကို သက်သာစေဖို့ ဦးရေပြားကို သန့်စင်ပြီး အားဖြည့်ပေးမယ့် Scalp Treatment တွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။

ဆံပင်ပြတ်တာ အတွက်ကိုတော့ ဆံသားအတွင်းပိုင်းထိ အစိုဓာတ်နဲ့ ပရိုတင်း ပြန်လည်ဖြည့်တင်းပေးမယ့် Premium Hair Treatment သို့မဟုတ် Hair Mask တွေက အထိရောက်ဆုံး ကူညီပေးနိုင်ပါတယ်။

ကိုယ့်ဆံသား ပြဿနာက ဘာလဲဆိုတာ သေချာမသိဘူးဆိုရင်တော့ V5 Hair Design (စမ်းချောင်းဆိုင်ခွဲ) ကို အခုပဲ လှမ်းလာခဲ့လိုက်တော့နော်

V5 ရဲ့ ကျွမ်းကျင် Stylist တွေက သင့်ဆံသားနဲ့ ဦးရေပြားကို သေချာစစ်ဆေးပေးပြီး အလိုအပ်ဆုံး ဝန်ဆောင်မှုနဲ့ အိမ်တွင်းသုံး Products တွေကို အသေအချာ ရွေးချယ်ပေးသွားမှာပါ 💆‍♀️
📲 Booking ရယူရန် ☎️ 09 651 946 656

ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket အတွင်း (အာရှတော်ဝင် ဆေးရုံနား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

25/08/2026

ရေတစ်ခွက်ရှိရုံနဲ့ သိနိုင်မယ့် Hair Porosity Test 💧✨

ပေါင်းတင်တာ၊ Treatment လုပ်တာတွေ ပုံမှန်ရှိနေပေမယ့် ဆံပင်က ထူးမခြားနား ဖြစ်နေပြီဆိုရင်တော့ ကိုယ့်ဆံသားရဲ့ "Hair Porosity" (ရေဓာတ်နဲ့ အာဟာရ စုပ်ယူနိုင်စွမ်း) ကို သေချာ ဆန်းစစ်ကြည့်သင့်ပါပြီ။

Hair Porosity Test ဆိုတာ …
ဆံသားရဲ့ အပြင်ဘက်လွှာ (Cuticle) ကနေ အစိုဓာတ်ကို ဘယ်လောက်ထိ စုပ်ယူပြီး ဘယ်လောက်ထိ ထိန်းသိမ်းထားနိုင်လဲ ဆိုတာကို စမ်းသပ်တဲ့ Test တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ဆံသားရဲ့ Porosity ကို သိမှသာ အလိုက်ဖက်ဆုံး Hair Care Products တွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်နော်။ ℹ️

ဒီစမ်းသပ်နည်းကိုတော့ မိမိအိမ်မှာတင် ရေတစ်ခွက် ရှိရုံနဲ့ အလွယ်တကူ စမ်းသပ်ကြည့်နိုင်ပါတယ် 👇

Hair Porosity Test စမ်းသပ်ဖို့အတွက် …
ခေါင်းလျှော်ပြီး ခြောက်သွေ့နေတဲ့ (မည်သည့် Hair Oil, Serum မှ မလိမ်းရသေးသော) သန့်စင်တဲ့ မိမိရဲ့ ဆံသားတစ်မျှင်ကို ယူပါ။ ရေသန့်ထည့်ထားတဲ့ ဖန်ခွက်တစ်ခုထဲကို ဆံသားမျှင် ထည့်ပြီး (၃) မိနစ်ခန့် စောင့်ကြည့်ပါ။

1️⃣ ရေပေါ် ပေါ်နေလျှင် (Low Porosity)

ဆံသားအကြေးခွံတွေ တင်းကြပ်စွာ ပိတ်နေတာကြောင့် ဆံသားအတွင်းပိုင်းအထိ ရေဓာတ်လုံလောက်စွာ ပျော်ဝင်ဖို့ ခက်ခဲပါတယ်။

မိမိသုံးသမျှ Hair Products တွေက ဆံသားအတွင်းပိုင်းအထိ မရောက်ဘဲ အပြင်ဘက်မှာ တင်နေမှာပါ။

ဆံပင်ကို ရေနွေးငွေ့လေးနဲ့ Hair Spa/Treatment လုပ်ပေးတာမျိုး၊ အဆီအနှစ်ပါးလွှာတဲ့ (Lightweight) Products မျိုးတွေကို ပုံမှန်အသုံးပြုပေးခြင်းအားဖြင့် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ 🫰

2️⃣ ရေခွက်အလယ်မှာ ရှိနေလျှင် (Medium Porosity)

အရမ်းကောင်းတဲ့ ဆံသားပိုင်ရှင်လေးတွေပါ။ သင့်ဆံသားက ပုံမှန်အနေအထားမှာ ရှိပြီး အစိုဓာတ်ကို ကောင်းကောင်း စုပ်ယူထိန်းသိမ်းနိုင်တဲ့ ကျန်းမာတဲ့ ဆံသားအမျိုးအစားပါ။ ပုံမှန် Hair Care လေးတွေ ဆက်လုပ်ပေးရုံနဲ့တင် လုံလောက်ပါတယ်နော်။ 😍

3️⃣ ရေအောက်ခြေကို မြန်မြန် မြုပ်သွားလျှင် (High Porosity)

ဆေးခဏခဏဆိုးတာ၊ အပူဒဏ်တွေကြောင့် ဆံသား အပေါ်ယံလွှာအားလုံး ပျက်စီးသွားတာပါ။

ရေဓာတ်ကို အလွယ်တကူ စုပ်ယူနိုင်ပေမယ့် ချက်ချင်း ပြန်ခမ်းခြောက်သွားပါတယ်။

ဒါကြောင့် ဆံပင်က အမြဲဖွာလန်နေတတ်ပါတယ်။

Deep Conditioning နဲ့ Protein Treatment တွေ မဖြစ်မနေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ 💯💯

ကဲ… ကိုယ့်ဆံသားရဲ့ Porosity ကို သိသွားပြီဆိုရင်တော့ V5 Hair Design က ကျွမ်းကျင်ပညာရှင်တွေနဲ့ လာရောက်ဆွေးနွေးပြီး လိုအပ်တဲ့ Premium Treatment တွေကို ရွေးချယ်ပြုလုပ်လိုက်တော့နော် 💆‍♀️

📲 Booking ရယူရန် ☎️ 09 651 946 656

ဆိုင်လိပ်စာ 📌 အမှတ် (၃၃)၊ ဗဟိုလမ်းမပေါ်၊ Capital Supermarket အတွင်း (အာရှတော်ဝင် ဆေးရုံနား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Category

Telephone

Address


No. 33, Baho Road, Capital Supermarket, Near Asia Taw Win Hospital, Sanchaung Township
Yangon

Alerts

Be the first to know and let us send you an email when V5 Hair design & Beauty salon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.