7887 Healthcare

7887 Healthcare

Share

7887 Healthcare Media Channel

This page is owned and operated by Trust Oo Co., Ltd., a social enterprise which has been implementing mHealth (healthcare service delivery through mobile devices) platforms including 7887 Healthcare Call Center under the approval of the Ministry of Health of the Union of Myanmar since 2015. The contents featured in this page are based on the internationally-recognized references and data

11/08/2026

Intermittent Fasting (IF) ရဲ့ ကောင်းကျိုးများ (Pros)
=====

ဝိတ်ကျပြီး အဆီကျစေခြင်း: အစာစားချိန် ကန့်သတ်လိုက်တဲ့အတွက် တစ်နေ့တာ စားမိတဲ့ ကယ်လိုရီ ပမာဏ (Caloric intake) လျော့နည်းသွားပြီး ဝမ်းဗိုက်အဆီများကို လျှော့ချပေးနိုင်ပါတယ်။
အင်ဆူလင် ဟော်မုန်း တုံ့ပြန်မှု ကောင်းမွန်စေခြင်း: အင်ဆူလင် (Insulin Resistance) ကို လျှော့ချပေးလို့ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။

ဆဲလ်များ ပြန်လည်သန့်စင်ခြင်း (Autophagy): အစာငတ်ခံထားချိန်မှာ ခန္ဓာကိုယ်က ပျက်စီးနေတဲ့ ဆဲလ်အဟောင်းတွေကို ရှင်းလင်းပြီး သန့်စင်ပေးသည့် ဖြစ်စဉ်ကို လှုံ့ဆော်ပေးပါတယ်။
နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း: သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော (LDL) နှင့် Triglycerides များကို လျှော့ချပေးနိုင်ပါတယ်။

သတိပြုရန် ဆိုးကျိုးများနှင့် ဘေးထွက်ဆိုးကျိုးများ (Cons)
စတင်လုပ်ဆောင်စတွင် နွမ်းနယ်ခြင်း: ခန္ဓာကိုယ်က အစာငတ်သည့်ဒဏ်ကို မကျင့်သားသေးမီ ပထမ ၁ ပတ် မှ ၂ ပတ်အတွင်း ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ စိတ်တိုလွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
အစာအလွန်အကျွံ စားမိနိုင်ခြင်း (Binge Eating): ၈ နာရီ စားရမယ့်အချိန် ရောက်သည့်အခါ အလွန်ဆာလောင်နေသည့်အတွက် သကြားဓာတ်နှင့် အဆီဓာတ်များသည့် အစားအစာများကို အလွန်အကျွံ စားမိပါက ဝိတ်ကျမည်မဟုတ်သည့်အပြင် အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။
အစာအိမ်ရောဂါ ရရှိနိုင်ခြင်း: အစာအိမ်ရည်များ ထွက်သော်လည်း အစာမရှိသည့်အတွက် အစာအိမ်ရောင်ခြင်း၊ အက်ဆစ်အထက်လှန်ခြင်း (GERD) တို့ ဖြစ်ပွားနိုင်ပါတယ်။

ဘယ်သူတွေ IF လုံးဝ မလုပ်သင့်ဘူးလဲ
⚠️ အထူးသတိပေးချက်:
• ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
• အသက် ၁၈ နှစ်အောက် ကလေးနှင့် လူငယ်များ
• အစာအိမ်ရောဂါအပြင်းအထန် ခံစားနေရသူများ
• ဆီးချိုဆေး သို့မဟုတ် အင်ဆူလင် ပုံမှန်ထိုးနေရသူများ (သကြားဓာတ် အလွန်ထက်ကျသွားနိုင်သည့်အတွက် ဆရာဝန်နှင့် မဖြစ်မနေ တိုင်ပင်ရန် လိုအပ်ပါတယ်)။

IF အောင်မြင်စွာ ပြုလုပ်နိုင်ရန် လမ်းညွှန်ချက်များ (Health Tips)
• အစာရှောင်ချိန်တွင် ရေများများသောက်ပါ: ရေ၊ အချိုမပါသော ရေနွေးကြမ်း၊ ကော်ဖီခါး (Black Coffee) တို့ကို အစာရှောင်ချိန်အတွင်း သောက်သုံးနိုင်ပါတယ်။
• ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားပါ: အစာစားခွင့်ရချိန်တွင် Junk food၊ အချိုရည်နှင့် အကြော်အလှော်များကို ရှောင်ပြီး ပရိုတင်း (Protein)၊ အသီးအရွက်နှင့် အမျှင်ဓာတ် များပြားစွာ ပါဝင်သော အစားအစာများကို ရွေးချယ်ပါ။
• ဖြည်းဖြည်းချင်း စတင်ပါ: စစချင်း ၁၆ နာရီ မလုပ်နိုင်ပါက ၁၂ နာရီ အစာရှောင်၊ ၁၂ နာရီ စားသည့် အချိုးဖြင့် စတင်ပြီးမှ အချိန်ကို တိုးမြှင့်သွားပါ။

ပိုမိုသိရှိလိုပါက 7887 ကို ATOM ဖြင့် အခမဲ့ဖုန်းခေါ်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Dr. Hazel
Ref: Johns Hopkins Medicine, Mayo clinic

10/08/2026

📞 အခမဲ့ခေါ်... ဆုတွေနဲ့ပျော်!

ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုတွေကို 7887 သို့ ATOM ဖြင့် အခမဲ့ ခေါ်ဆိုပြီး 50GB ATOM Data လက်ဆောင်တွေ ကံစမ်းရယူလိုက်ပါ! 🎁
သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ အကြံဉာဏ်တွေ လိုအပ်နေပါသလား?
အခုပဲ 7887 Hotline သို့ ဖုန်းခေါ်ဆိုပြီး အခမဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။
ဆရာဝန်တွေနဲ့ ကျန်းမာရေးအတွက် တိုင်ပင်ရုံတင်မကဘဲ တစ်လလျှင် (၂) ကြိမ်တိုင်တိုင် ပြုလုပ်ပေးသွားမယ့် အထူးကံစမ်းမဲအစီအစဉ်မှာ ပါဝင်ပြီး 50GB ATOM Data Packages များကို ကံထူးနိုင်ခွင့် ရှိမှာဖြစ်ပါတယ်။

👉 ပါဝင်ကံစမ်းနည်း -

1. 7887 သို့ ဖုန်းခေါ်ဆို၍ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု ရယူပါ။
2. ဖုန်းခေါ်ဆိုဆွေးနွေးမှု အောင်မြင်ရုံဖြင့် ကံစမ်းမဲအစီစဉ်တွင် အလိုအလျောက် ပါဝင်သွားမည်ဖြစ်ပါသည်။
3. တစ်လလျှင် (၂) ကြိမ်၊ ၆ဉီး စက်တင်ဘာလအထိ မဲနှိုက်ပေးသွားမည်ဖြစ်ပြီး ကံထူးရှင်များကို ကြေညာပေးသွားပါမည်။

📞 7887 သို့ အခုပဲ ATOM ဖြင့် ဖုန်းခေါ်ဆိုလိုက်ပါ!

#အခမဲ့ခေါ်ဆုတွေနဲ့ပျော်

10/08/2026

အရေးပေါ်ကျန်းမာရေး ပြုစုနည်းသင်တန်းဆိုတာကတော့ မိသားစုအတွက်ပဲဖြစ်ဖြစ် လုပ်ငန်းခွင်အတွက်ပဲ ဖြစ်ဖြစ် မဖြစ်မနေ တတ်ထားသင့်တဲ့ သင်တန်းတစ်ခုပဲဖြစ်ပါတယ်။
+ + + + ++++++++++++++++++++
လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်သီးသန့်လိုအပ်ချက်များအရ အထူးသိရှိလိုသော အရေးပေါ်ပြုစုနည်းများကိုလည်း ညှိနှိုင်းသင်ကြားပေးမှာဖြစ်ပြီး First Aid Training မှာတော့ သင်ထောက်ကူပစ္စည်း အပြည့်အစုံသုံးပြီး သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းပြီးသွားချိန်မှာတော့ သင်တန်းဆင်းလက်မှတ်(Certificate)နဲ့ တကွ ရှေးဦးပြုစုနည်းလက်စွဲစာအုပ်၊ လိုအပ်မယ့် First Aid ပစ္စည်းတချို့ကိုလည်း အခမဲ့ပေးအပ်သွားမှာဖြစ်ပါတယ်။

👉 သင်တန်းကတော့ ၁၀ ယောက် Packageမှ စပြီးသင်ကြားပေးမှာဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့အဖွဲ့အစည်းနဲ့ ဝန်းထမ်းတွေဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်လိုက်ရအောင်….
👉 အသေးစိတ် သိရှိလိုပါက ရုံးချိန်အတွင်း ☎️Phone - 09-967 855 844 ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်။

10/08/2026

မိုးရာသီနှင့် သွေးလွန်တုပ်ကွေးအန္တရာယ် အကြောင်းကို ၇၈၈၇ မှ ဆရာဖြိုးဝေးထွန်းက ပြည့်ပြည့်စုံစုံရှင်းပြထားလို့ Video လေးကို ဆုံးအောင်ကြည့်လိုက်ပါနော်...

ပိုမိုသိရှိလိုပါက 7887 ကို ဖုန်းဆက်ပြီး ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

#သွေးလွန်တုပ်ကွေး

10/08/2026

သင့်အစာအိမ်သာ စကားပြောနိုင်ခဲ့ရင်...

သိလိုသမျှကျန်းမာရေး ၇၈၈၇ ဖုန်းဆက်မေး

#အစာအိမ်

09/08/2026

ရုတ်တရက်ကြွက်တက်ရင် ဘယ်လိုချက်ချင်း ပြုမူဆောင်ရွက်မလဲ?

သိလိုသမျှကျန်းမာရေးကိစ္စကို ၇၈၈၇ သို့ ATOM ဖြင့် အခမဲ့ဖုန်းဆက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

#ကြွက်တက်ခြင်း

08/08/2026

ခြေဖနောင့် အတက်ထွက်တာကို ဘယ်လိုမျိုး ကာကွယ်ရမလဲ။

သိလိုသမျှကျန်းမာရေး 7887 ဖုန်းဆက်မေး...

#ခြေဖနောင့်အတက်ထွက်

08/08/2026

အမျိုးသမီးတိုင်းမှာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့ စွမ်းအားနဲ့ လှပမှုတွေ ကိုယ်စီရှိကြပါတယ်။ အမျိုးသမီးများနေ့မှာ စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်နေကြတဲ့ အမျိုးသမီးထုတစ်ရပ်လုံးကို လေးစားဂုဏ်ပြုလိုက်ပါတယ်။ 💖

Happy Women’s Day!

07/08/2026

လူတစ်ယောက် ရွှင်ရွှင်လန်းလန်းနိုးထနေချိန်မှာ ဉီးနှောက်က မီးသီးတစ်လုံး ထွန်းနိုင်လောက်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်ပါသလား?

07/08/2026

ဧရာဝတီတိုင်း၊ လေးမျက်နှာ ဒေသ ရေဘေးသင့် ပြည်သူများကို 7887 မှ ဆေးဝါးများလှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ဒေသများ ကျန်းမာရေးကိစ္စတိုင်ပင်လိုပါက 7887 ကို ၂၄ နာရီ ပိတ်ရက်မရှိ ဖုန်းခေါ်ဆို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


Tsp, 6, Mya Thiri Lane, A1 St, Myanmar (Burma)
Yangon
11062