Beauty Bloom
korea cosmetic skincare ပစ္စည်းများသာတိုက်ရိုက်ရောင်းချသည်...
17/07/2025
10/07/2025
Mediheal ထဲက instock ရနိုင်သော mask များ📍
10/07/2025
📍
ဝက်ခြံအဖုသမားတွေ ဘယ်လိုဂရုစိုက်ကြမလဲ❓
1️⃣ အတတ်နိုင်ဆုံးလက်နဲ့မကိုင်မိအောင်နေမယ်။
ဝက်ခြံတွေကိုလက်နဲ့ခနခနသွားကိုင်ပြီးကလိမိတဲ့အခါမျိုး ၊ လက်နဲ့ဆိပ်တာ အဖုကိုညှစ်တာမျိုးဆိုရင် Skin က Pressure ရသွားပြီး Pigment လိုမျိုးကျန်နေတတ်ပါတယ်။
2️⃣ လက်နဲ့မကိုင်မိအောင် ဘယ်လိုလုပ်ကြမလဲ။
ဝက်ခြံထိပ်မှာ ပြည်လိုမျိုး Pustule , Cyst acne ထွက်တဲ့သူတွေက Acne patch လိုဆောင်ထားပြီး မျက်နှာသစ်ပြီးတဲ့အခါကပ်ထားလို့ရပါတယ်။ တစ်ခုရှိတာက Acne patch က ပြည်မရှိတဲ့ဝက်ခြံ Whitehead လိုအဆီဖုမျိုးဆိုကပ်လို့မရပါဘူးနော်။
3️⃣ ဒါဆိုအဆီဖုထွက်တတ်ရင် ဘယ်လိုလုပ်မလဲ။
Salicylic acid , Benzoyl Peroxide , Tea Tree Oil , Adapalene စတာတွေပါတဲ့ Acne gel / Acne treatment လိုမျိုးဆောင်ထားပြီးတို့လို့ရပါတယ်။
4️⃣ အဆီဖုထွက်တတ်တဲ့ Skin problem သမားဆိုရင်
ကိုယ့်Routine ထဲမှာ Salicylic acid (BHA) ပါတဲ့ Product တစ်ခုခုကို Routine ထဲမှာထည့်ပြီးသုံးပါ။ ဒီနေရာမှာ AHA ထက် BHA ကိုအဓိကသုံးစေချင်ပါတယ်။ ဘာလို့ဆို BHA က Oil-soluble acid ဖြစ်ပြီးဆီမှာပျော်ဝင်နိုင်တာကြောင့် အသားရည်အတွင်းပိုင်းထဲထိ Deep exfoliate လုပ်နိုင်တဲ့အတွက်ကြောင့်ပါ။
5️⃣ ကိုယ်က အစားသောက်ကြောင့်ဝက်ခြံအဆီဖုထွက်တတ်တယ်ဆိုရင်
ကိုယ့်ရဲ့Daily lifestyle ကိုဂရုစိုက်ပါ။ အိပ်ရေးဝဝအိပ်ပြီး အငန်အစပ်တွေလျှော့ပြီးစားပါ။
ဒါကတော့ လက်တန်းချပြီးရေးထားတာပါ။
နောက်ထပ်သတိရတာရှိရင်ထပ်ဖြည့်ပြီးရေးပေးပါမယ်နော်။
05/07/2025
📍skin 1004 ampoule ထဲကinstock ရတာလေး
05/07/2025
22000 ထဲနော်📍
03/07/2025
Price-30,000📍
02/07/2025
BBIA glow tint မင့်ဆီမှာရနိုင်တဲ့အရောင်လေးတွေက daily ပဲဆိုးမလား ထသွားထလာ ဘာမှမပြင်ပဲဆိုးရင်တောင်လှနေမဲ့ အရောင်လေးတွေနော် 🥰
📍 04 Cinnamon
05 Vin Chaud
12 Coco
13 Maroon
💸Price -29,500ks
02/07/2025
ဈေးရောင်းရတာအဆင်မပြေတော့ စိတ်နဲ့လူနဲ့မကပ်တော့ဘူး🤌🤣 အက်မင်ဆီဈေး၀ယ်ပြီး လာဆုံးမပေးပါဦး🤭
02/07/2025
Rose serum လေးပြန်၀င်ပါပြီနော်📍
02/07/2025
Sunscreen ဆို texture ကျဲကျဲဆိုသူတွေအတွက်ပြန်၀င်ပါပြီရှင့် 📍
02/07/2025
အခြေခံအချက်လေးတွေမို့ဂရုစိုက်ကြမယ်နော်🥰
ချွေးပေါက်တွေပိုကျယ်လာအောင် ဒီအချက်တွေလုပ်မိနေလား?
1.Moisturizer မလိမ်းခြင်း
လိမ်းရတာပူတယ် ၊ အဆီပြန်တယ်ဆိုပြီး Moisturizer မလိမ်းတာက အသားရည်ရဲ့ အဆီဓာတ်နဲ့ရေဓာတ်ကို Balanced မဖြစ်စေပဲချွေးပေါက်တွေကိုပိုကျယ်စေပါတယ်။ အဲ့ရဲ့နောက်ဆက်တွဲက Dehydrated ဖြစ်တာပါ။
2.Suncreen မလိမ်းခြင်း
Sun damage ရဲ့ Side effect ထဲမှာလည်းချွေးပေါက်ကျယ်တာကတစ်ထောင့်တစ်နေရာကပါပါတယ်။ ဒါကအရေးကြီးတဲ့step မို့လို့ထွေထွေထူးထူးမပြောတော့ပါဘူး လိမ်းကိုလိမ်းရမဲ့အဆင့်နော်။
3.Loss of Elasticity
ကိုယ့်အသားရည်မှာ အသားရည်ကိုဆွဲတင်းပေးထားနိုင်တဲ့ Skin elasticity တွေလျော့နည်းလာရင်လည်း ချွေးပေါက်တွေကျယ်လာနိုင်ပါတယ်။ အဓိကက Skin collagen ပေါ့နော် အဲ့လိုဆိုရင်ကိုယ်က Bakuchiol တို့လို့ Retinol / Retinoid ပါတဲ့ Products တွေစသုံးရတော့မှာပါ။
4.ကိုယ်လိမ်းနေတဲ့ Moisturizer ကကိုယ့်အသားရည်နဲ့မကိုက်ခြင်း
အဲ့တာကအရမ်းဆိုးတယ်နော်။ ပထမတစ်ချက် ကိုယ့်အသားရည်က ဘာ skin type လည်းဆိုတာသိရမယ်။ အဲ့ဒီ့နောက်မှာ ကိုယ့်အသားရည်နဲ့ကိုက်ညီတဲ့ Moisturizer ကိုသုံးဖို့လိုအပ်တယ်။ ဥပမာ - ကိုယ့်အသားရည်က အဆီအရမ်းပြန်တာကို Cream based တွေသွားသုံးတဲ့အခါမှာ ကိုယ့်အသားရည်က sebum production ကပိုဆိုးလာမယ် အဲ့နောက်မှာချွေးပေါက်တွေကပြူခနဲကျယ်လာမှာဖြစ်ပါတယ်။
တစ်ခြားမိန်းကလေးတွေ menstruation လာတာမျိုး ၊ hormonal influence ဖြစ်တဲ့အချိန်မျိုးမှာလည်း ချွေးပေါက်တွေကျယ်လာတာမျိုးဖြစ်တတ်တယ်။ အိပ်ရေးဝဝအိပ်ဖို့လည်းလိုအပ်ပါတယ်နော်။
27/06/2025
‼️ဝက်ခြံအဆီဖုသမားတွေအတွက်အေးအေးလေးနဲ့အဆီပြန်တာလုံးဝထိန်းပေးမဲ့ Iunik moisturizer gel
- Gel type လေးကိုမှ Oil free ဖြစ်လို့အဆီပြန်သမားတွေအတွက်အဆီထိန်းပေးပီးအေးအေးလေးနဲ့နေလို့အရမ်းကောင်းပါတယ်
- ဝက်ခြံအဆီဖုသက်သာစေပီး fungel acne safe ဖြစ်တဲ့အပြင် niacinamide ပါဝင်လို့အဆီပြန် အဆီဖုကင်းပီး skin ကို brightening ဖြစ်စေပါတယ်
- အနံ့ပါးပါးလေးပဲပါပီး texture လေးကလဲ gel ဆိုတဲ့အတိုင်း light weight အရမ်းဖြစ်ပီးတခါထဲစိမ့်ဝင်လို့စိုစိုလေးနဲ့လုံးဝမခြောက်ပင်မဲ့ combination to oily skin တွေအတွက်ပိုအဆင်ပြေပါတယ်
- Centella Extract 72% ပါတာရဲ့ calming effect ကိုရစေပီး Tea Tree leaf water 10% ရောပါတာကြောင့်သဲလေးတို့မျက်နှာကရောင်တာနီတာတွေလဲသက်သာပါတယ်
💸Price - 36,000ks
📌 Ygn,Mdy Cod ရပါတယ်ရှင့် နယ်ဆိုရင်ဂိတ်တင်ပေးပါတယ်ရှင့် (ငွေလေးတော့ကြိုလွှဲပေးရပါမယ်နော်)
Category
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Beauty Bloom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.