Khin Lay - Handmade Products

Khin Lay - Handmade Products

Share

100%Handmade Products Good Products

18/06/2023

"တန်ဖိုးရှိလိုက်တာဗျာ"
( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ)
----------------------------------------

" တာဝန်နှစ်ခု "
""""""""""""""""""""""
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

"အချိန်ဆိုတာ ဘဝ"
"""""""""""""""""""""""""""""""
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

" နှလုံးသားလှဖို့လိုတယ် "
"""""""""""""""""""""""""""""""""""""""
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနလြုံးသားရြိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနလြုံးသားမရြိလို့

" အားခဲထားနိုင်ရမယ် "
"""""""""""""""""""""""""""""""""""""""
စိတ်ပျက်လက်ပျက်ဆိုတာမျိူးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့

" အကျင့် "
"""""""""""""""""""""
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

" ရခဲမှရတနာ"
""""""""""""""""""""""""""
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ

" သတိမမူရင် ဂူမမြင်ဘူး "
"""""""""""""""""""""""""""""""""""""""""""
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး

" အခိုက်အတန့် "
""""""""""""""""""""""""""""""
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ

" တောင်းမှာအကွပ် "
"""""""""""""""""""""""""""""""""""""
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

"စာနာမှု"
""""""""""""""""""""
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"

"ရိုးသားပါ "
""""""""""""""""""""""""
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
""""""""""""""""""""""""""""""""""""""
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိုင်ပါ "
"""""""""""""""""""""""""""""""""""""""""""
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ။

ဆရာကြီးအားလေးစားလျက်🙏

Credit - OriginalUploader

13/01/2022
Photos from Khin Lay - Handmade Products's post 29/11/2021

တင်းတိတ်သမားများတွက်
collgen base soap
ဂျင်းစိမ်းမူန့်
သစ်ဂျပိုးမူန့်
နနွင်းမူန့်သုံးမျိုးနဲ့သဘာဝစစ်စစ်ပြုလုက်ထားပါတယ်
ဘာအရောင်အနံမှမထည့်ပါရှင့်
ကိုယ်တိုင်လည်းအသာရည်ကထိခိုက်မခံတဲ့သူမို့ကျွန်မထုတ်ကုန်တေကို100%အာမခံတယ်နော်
ရေရှည်သုံးလေသိသာလေပါ
chemicalတေသုံးရင့်ချက်ချင်သိသာပြန်ဖြစ်ပိုဆိုးတာလက်တွေ့မို့ပါ

Photos from Khin Lay - Handmade Products's post 19/09/2021

လူကြိုက်များတဲ့ကင်ပွန်းသီးဆပ်ပြာလေးပါ
ကင်ပွန်းသီးမူန့်
နနွင်း
ပျားရည်ရယ်သုံးမျိုးပေါင်းစပ်ထားတဲ့မျက်နှာသစ်ဆပ်ပြာလေးပါ
ကင်ပွန်းသီးအကြောင်းလေးလည်းတင်ပေးထားတယ်ယ်ဖတ်ကြည့်နော်
နောက်ကျရင်ကင်ပွန်းသီးကိုယ်တိုက်ဆပ်ပြာအရည်ဗူးလေးပါထုတ်လုပ်ပေးပါ့မယ်

Photos from Khin Lay - Handmade Products's post 18/09/2021

100%Handmadeတွေပါ

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Khin Lay - Handmade Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.