Bio Aesthetics
BioAesthetics is the Global branded Medical Aesthetic equipments distribution in Myanmar.
15/09/2026
i Lifestyle Clinic Mandalay ရဲ့ အလှတရားနဲ့ ကျန်းမာရေးခရီးစဉ်မှာ မရှိမဖြစ် အရေးပါတဲ့ ခေတ်မီစက်ပစ္စည်းတွေအတွက် Bio Aesthetics နဲ့အတူ ယုံကြည်စွာနဲ့ လက်တွဲပေးခဲ့တဲ့အကြောင်း ဂုဏ်ယူစွာနဲ့ မျှဝေပေးပါရစေ။
Clinic တွေအတွက် အလိုအပ်ဆုံးနဲ့ အကိုက်ညီဆုံးဖြစ်စေမဲ့ အရည်အသွေးမြင့် Line Vu စက်ကြီးကို Bio Aesthetics ကနေ ရွေးချယ်ဝယ်ယူပေးခဲ့တာကြောင့် အထူးကျေးဇူးတင်ရှိရသလို ရှေ့ဆက်မဲ့ လုပ်ငန်းခရီးလမ်းတွေမှာလည်း ပိုမို အောင်မြင်တိုးတက်စေဖို့ ဆန္ဒပြုပေးပါရစေရှင်။
14/09/2026
Korea ရဲ့နာမည်ကြီး Aesthetic Brand တစ်ခု မြန်မာနိုင်ငံဆီ ဘယ်လိုရောက်လာခဲ့သလဲ?
မျက်စိနဲ့မြင်ရတဲ့ အသားအရေအခြေအနေတစ်ခုတည်းကို အခြေခံပြီး Treatment Plan ရွေးချယ်ရတဲ့ခေတ်ကနေ Data ကိုအခြေခံပြီး ပိုမိုရှင်းလင်းစွာ ဆုံးဖြတ်နိုင်တဲ့ခေတ်ဆီ Aesthetic Industry က ရွေ့လျားလာပါပြီ။
ဒီလိုပြောင်းလဲမှုမှာ Clinic တွေအတွက် အသားအရေပြဿနာကို မှန်းဆပြီးပြောပြပေးတဲ့စက်မျိုးထက်စာရင် မျက်နှာပြင်ပေါ်မှာ ချက်ချင်းမသိသာသေးတဲ့ Skin Concerns တွေကိုပါ အသေးစိတ်ဆန်းစစ်ပေးနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ Technology တစ်ခုကို ပိုလိုအပ်လာပါတယ်။
ဒါကြောင့် BioAesthetics က Korea ရဲ့ Medical Aesthetic Technology တွေထဲက PSI PLUS ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
PSI PLUS ရဲ့ MarkVu နဲ့ LineVu Skin Analysis Systems တွေက အသားအရေအခြေအနေကို မျက်စိနဲ့ကြည့်ပြီး မှန်းဆနေရုံမဟုတ်ဘဲ Analysis Data တွေကတစ်ဆင့် ပိုမိုမြင်သာရှင်းလင်းစွာ လေ့လာနိုင်အောင် ကူညီပေးပါတယ်။
MarkVu မှာ 18MP Canon DSLR Lens နဲ့ Skin Analysis Mode (14) မျိုးအထိ ပါဝင်ပြီး မျက်နှာပြင်ပေါ်က အသားအရေအခြေအနေတွေကို အသေးစိတ်ဆန်းစစ်နိုင်သေးတယ်။
LineVu မှာတော့ 13MP Main Camera အပြင် လည်ပင်းအရေပြားကိုပါ သီးခြားဆန်းစစ်နိုင်ဖို့ 8MP Neck Camera ထည့်သွင်းထားပြီး Skin Problem Indicator (12) မျိုးနဲ့ လေ့လာနိုင်ပါတယ်။
ဒီလို Analysis Data တွေ ရရှိလာတဲ့အခါ ဆရာဝန်တွေအနေနဲ့ Customer တစ်ဦးချင်းစီရဲ့ Skin Concerns ကို ပိုမိုရှင်းလင်းစွာ ရှင်းပြနိုင်ပြီး လိုအပ်တဲ့ Treatment Plan ကို စဉ်းစားရွေးချယ်ရာမှာလည်း အထောက်အကူဖြစ်စေတာ အသေအချာပဲပေါ့။
Customer ဘက်ကလည်း ကိုယ့်အသားအရေရဲ့အခြေအနေကို မြင်သာတဲ့ Data တွေနဲ့ နားလည်လာတဲ့အခါ Treatment တစ်ခုကို ဘာကြောင့်လိုအပ်တာလဲဆိုတာ သိရှိပြီး ယုံကြည်မှုရှိရှိ ဆုံးဖြတ်နိုင်ပြီလေ။
BioAesthetics က စက်ပစ္စည်းတစ်လုံးကို ရောင်းချဖို့သက်သက် PSI PLUS ကို ရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ Clinic တွေရဲ့ Consultation Process ပိုမိုခိုင်မာလာစေဖို့၊ ဆရာဝန်နဲ့ Customer ကြား ယုံကြည်မှုတည်ဆောက်ပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ Aesthetic Industry ထဲကို ပိုမိုတိကျပြီး ယုံကြည်ရတဲ့ Technology တွေ ယူဆောင်လာပေးနိုင်ဖို့ ရွေးချယ်ခဲ့တာပါ။
BioAesthetics က PSI PLUS ရဲ့ MarkVu နဲ့ LineVu Skin Analysis Systems တွေကို မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းဖြန့်ချိပေးနေတဲ့ Official Distributor ဖြစ်ပါတယ်။
BioAesthetics မှ ဝယ်ယူတဲ့ပစ္စည်းတိုင်းကို Authentic Product ဖြစ်ကြောင်း 100% အာမခံပေးထားပြီး Official Certificate၊ သက်ဆိုင်ရာ Warranty၊ Installation၊ Application Training၊ Local Technical Support နဲ့ After-sales Service တွေကိုပါ ရရှိမှာပါ။
အရည်အသွေးနိမ့် ဆင်တူယိုးမှားပစ္စည်းတွေကို သတိထားပြီး Clinic အတွက် ယုံကြည်ရတဲ့ Technology ကို Authorized Distributor ဆီကသာ ရွေးချယ်ဖို့ နွေးထွေးစွာနဲ့ အကြံပြုတိုက်တွန်းပေးပါရစေနော်။
PSI PLUS ရဲ့ MarkVu နဲ့ LineVu အကြောင်း အသေးစိတ်သိရှိလိုရင်တော့ BioAesthetics Page Messenger မှာ ဆွေးနွေးပေးဖို့ အသင့်စောင့်ကြိုနေပါတယ်ခင်ဗျာ။
“ယုံကြည်မှုနဲ့ အလှတရားအစစ် … BioAesthetics”
13/09/2026
Dr. CHIT Aesthetics and Laser Clinic ရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့အရည်အသွေးမြင့် InBody 270s ကို BioAesthetic ကနေတစ်ဆင့်ရွေးချယ်ဝယ်ယူတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ အောင်မြင်မှုလမ်းကြောင်းတွေလည်း ဆထက်တိုးလို့ တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါရစေရှင်။
11/09/2026
Hair Removal Treatment အတွက် မြန်ဆန်ရုံနဲ့ မလုံလောက်ဘူး … Comfortable ဖြစ်ဖို့လည်းလိုတယ်
Customer တွေ အရင်ဆုံးသိချင်ကြတဲ့ Hair Removal Treatment နဲ့ ပတ်သက်ပြီးမေးခွန်းတွေကတော့
“အရမ်းနာမှာလား?”
“Treatment လုပ်ချိန် ဘယ်လောက်ကြာမှာလဲ?”
“အရမ်းပူမှာလား?” စတာတွေပါပဲ။
ဒါကြောင့် Hair Removal Treatment အတွက် စက်တစ်လုံးရွေးချယ်တဲ့အခါ Result ကောင်းဖို့တင်မကဘူးနော်။
Treatment ကြာချိန်၊ လုပ်ဆောင်နေစဉ် Customer ရဲ့ သက်သောင့်သက်သာရှိမှုနဲ့ အသားအရေကို အေးမြစွာ ထိန်းပေးနိုင်မှုတွေကလည်း Customer Experience အပေါ် တိုက်ရိုက်သက်ရောက်စေနိုင်မှာပါ။
OLIVE PLUS မှာဆိုရင် 810nm Diode Laser Treatment လုပ်နေချိန် အသားအရေကို အေးမြစေတဲ့ Contact Cooling လိုအပ်ချက်အလိုက်ရွေးချယ်နိုင်တဲ့ Pulse Modes မြန်ဆန်ပြီး သက်သောင့်သက်သာရှိတဲ့ Treatment Process စတာတွေပါဝင်လို့ Clinic Workflow နဲ့ Customer Comfort နှစ်ခုလုံးအတွက် အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ။
ဒါ့အပြင် OLIVE PLUS ဟာ U.S. FDA 510(k) Clearance ရရှိထားတဲ့ Medical Device ဖြစ်တာကြောင့် Manufacturer နဲ့ Product Model Information ကိုလည်း တိတိကျကျ တိုက်စစ်နိုင်ပါသေးတယ်။
BioAesthetics က AMT Engineering ရဲ့ OLIVE PLUS ကို မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းဖြန့်ချိပေးနေတဲ့ Official Distributor ဖြစ်ပြီး Authentic Product ဖြစ်ကြောင်း 100% အာမခံပေးထားပါတယ်။
Official Certificate၊ သက်ဆိုင်ရာ Warranty၊ Installation၊ Application Training၊ Local Technical Support နဲ့ After-sales Service တွေကိုလည်း တစ်ပါတည်းရရှိနိုင်မှာပါ။
OLIVE PLUS ရဲ့ Specification နဲ့ Flexible Payment Option ကို အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ BioAesthetics Page Messenger
ကနေ ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
“ယုံကြည်မှုနဲ့ အလှတရားအစစ် … BioAesthetics”
08/09/2026
Clinic အတွက် ခေတ်မီစက်ပစ္စည်းတစ်လုံး ထပ်မံဖြည့်တင်းဖို့ စိတ်ကူးရှိပေမဲ့ ငွေအပြည့်တစ်ခါတည်းပေးချေရမှာကြောင့် ဆုံးဖြတ်ရခက်နေပါသလား?
BioAesthetics ရဲ့ Flexible Payment Option နဲ့ဆိုရင် ငွေအပြည့်တစ်ခါတည်းပေးချေစရာမလိုဘဲ သတ်မှတ်ထားတဲ့ Down Payment နဲ့ လိုအပ်တဲ့စက်ကို ကြိုတင် Order တင်ထားနိုင်မှာပါ။
Product အမျိုးအစား၊ စက်တန်ဖိုးနဲ့ Clinic ရဲ့ Budget အခြေအနေပေါ်မူတည်ပြီး Down Payment ပမာဏကို ညှိနှိုင်းစီစဉ်ပေးသလို အတိုးမဲ့ Flexible Payment Plan တွေကိုလည်း လိုအပ်သလို ညှိနှိုင်းဆွေးနွေးပေးနေပါတယ်။
Order တင်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့ Down Payment ကို ပေးချေပြီး ပစ္စည်းရောက်ရှိလာတဲ့အခါ ကျန်ငွေအပြည့်ကို ပေးချေနိုင်တာကြောင့် Clinic ရဲ့ လက်ရှိငွေကြေးလည်ပတ်မှုကို ဖိအားမဖြစ်စေဘဲ လိုအပ်တဲ့စက်ပစ္စည်းကို ကြိုတင်စီစဉ်ထားနိုင်မှာဆိုတော့ နှစ်ခါပြန်တောင် စဉ်းစားစရာမလိုတော့ဘူး။
ဒီ Payment Option က အချိန်အကန့်အသတ်နဲ့သာ ရရှိနိုင်ပြီး Product တစ်မျိုးနဲ့တစ်မျိုး Down Payment သတ်မှတ်ချက် မတူညီနိုင်တာကြောင့် လိုအပ်တဲ့စက်ကို စောစောဆွေးနွေးထားဖို့လည်း အကြံပြုပေးပါရစေနော်။
BioAesthetics က Korea ရဲ့ နာမည်ကျော် Medical Aesthetic နဲ့ Diagnostic Brand တွေရဲ့ စက်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းဖြန့်ချိပေးနေတဲ့ Official Distributor ဖြစ်ပါတယ်။
BioAesthetics မှ ဝယ်ယူတဲ့ပစ္စည်းတိုင်းကို Authentic Product ဖြစ်ကြောင်း 100% အာမခံပေးထားပြီး Official Certificate၊ သက်ဆိုင်ရာ Warranty၊ Installation၊ Training၊ Local Technical Support နဲ့ After-sales Service တွေကိုပါ ရရှိမှာပါ။
ကိုယ့်ရဲ့ Clinic အတွက် လိုအပ်တဲ့စက်နဲ့ Down Payment ပမာဏကို ညှိနှိုင်းဆွေးနွေးဖို့အတွက် BioAesthetics Page Messenger ကို အခုပဲ ဆက်သွယ်လိုက်တော့နော်။
“ယုံကြည်မှုနဲ့ အလှတရားအစစ် … BioAesthetics”
04/09/2026
Clinic အတွက် စက်တစ်လုံးရွေးချယ်တဲ့အခါ Product ရဲ့လုပ်ဆောင်ချက်တစ်ခုတည်းကိုပဲ ကြည့်ရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ?
ပစ္စည်းအစစ်အမှန်ဖြစ်ရဲ့လား? လိုအပ်တဲ့ Certificate တွေ ရရှိနိုင်ရဲ့လား? စက်တပ်ဆင်ပြီးနောက် အသုံးပြုနည်းသင်ကြားပေးမှာလား? စက်မှာ Error တစ်ခုခုဖြစ်လာတဲ့အခါ ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလဲ? ဆိုတာတွေအထိ စဉ်းစားထားဖို့အရေးကြီးပါတယ်။
BioAesthetics ဟာ InBody၊ PSI Plus၊ Huons Meditech နဲ့ AMT Engineering တို့ရဲ့ Medical Aesthetic နဲ့ Diagnostic စက်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းဖြန့်ချိပေးနေတဲ့ Authorized Distributor ဖြစ်ပါတယ်။
BioAesthetics ကနေ ဝယ်ယူတဲ့ပစ္စည်းတိုင်းကို Authentic Product ဖြစ်ကြောင်း 100% အာမခံပေးထားပြီး လိုအပ်တဲ့ Official Certificate တွေကိုလည်း ရရှိနိုင်မှာပါ။
စက်ရောင်းချပေးပြီးတာနဲ့ တာဝန်ပြီးသွားတာမဟုတ်ဘဲ In-house Application Specialists၊ Product Specialists နဲ့ လေ့ကျင့်ထားတဲ့ Engineers တွေက
▪️ Installation နဲ့ အသုံးပြုနည်း Training
▪️ Yangon နဲ့ Mandalay အတွက် Site Inspection
▪️ Factory Fault များအတွက် သက်ဆိုင်ရာ Official Warranty
▪️ Technical Support နဲ့ After-sales Service တို့ကို ဆက်လက်ဝန်ဆောင်မှုပေးမှာ ဖြစ်လို့ စိတ်အေးလက်အေးနဲ့ အသုံးပြုနိုင်မှာ သေချာပါတယ်။
ပုံမှန်စက်ပစ္စည်းတွေမှာ Official 1-Year Warranty ရရှိနိုင်ပြီး Warranty ကာလအတွင်း Factory Fault ကြောင့်ဖြစ်ပေါ်တဲ့ Error နဲ့ လိုအပ်တဲ့ Spare Parts တွေအတွက် သတ်မှတ်ချက်နဲ့အညီ Service တွေကို ပေးဖို့အတွက် ဘယ်တော့မှ မနှောင့်နှေးစေရတာလည်း BioAesthetics ပါပဲ။
နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ရုပ်ထွက်ဆင်တူတာနဲ့ အရည်အသွေးချင်းလည်းတူမယ်လို့ လုံးဝ၊ လုံးဝ ယူဆလို့ မရဘူးနော်။ Clinic ရဲ့ Reputation နဲ့ Customer Safety အတွက် အရည်အသွေးနိမ့် ဆင်တူယိုးမှားပစ္စည်းတွေကို သတိထားပြီးတော့ ယုံကြည်ရတဲ့ Authorized Distributor ဆီကသာ ရွေးချယ်ဝယ်ယူဖို့ BioAesthetics မိသားစု က အကြံပြုတိုက်တွန်းပေးပါရစေ။
Clinic အတွက်သင့်တော်တဲ့ စက်ပစ္စည်းတွေကို ရွေးချယ်ဆွေးနွေးဖို့ အသေးစိတ်ကို BioAesthetics Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။
“ယုံကြည်မှုနဲ့ အလှတရားအစစ် … BioAesthetics”
01/09/2026
ကိုယ့် Clinic ရဲ့ Brand Image & Brand Reputation ကို တည်ဆောက်ဖို့ ဆို ကိုယ်သုံးမယ့် စက်ပစ္စည်းတွေ ကလည်း Authentic ဖြစ်ဖို့ အရေးကြီးဆုံးပါပဲ !!
တကယ်တော့ အလှအပရေးရာ စက်ပစ္စည်းတွေအတွက် ပစ္စည်းစစ်မှန်မှုထက် ပိုအရေးကြီးတာ မရှိဘူးနော်။ ဒါကြောင့် Clinic အတွက် စက်ပစ္စည်းတစ်လုံးဝယ်ယူတာက ဈေးနှုန်းသက်သာရုံ၊ Generation နံပါတ်မြင့်ရုံနဲ့ ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ဘယ် Company က တရားဝင်ထုတ်လုပ်ထားတာလဲ၊ Product Model တကယ်ရှိရဲ့လား၊ Serial Number နဲ့ စက်အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ရဲ့လားဆိုတာတွေအထိ စစ်ဆေးဖို့လိုအပ်ပါတယ်။
လက်ရှိဈေးကွက်အတွင်း “DermaShine Pro 4th Generation” ဆိုတဲ့အမည်နဲ့ မိတ်ဆက်ရောင်းချနေမှုတွေရှိလာတာကြောင့် Huons Meditech ဘက်မှ အသုံးပြုနေကြသော ဆရာဝန်တွေနဲ့ Clinic လုပ်ငန်းရှင်တွေအနေနဲ့ အထူးသတိထားကြဖို့ နှင့် လက်ရှိမှာလည်း Huons Meditech ဘက်မှ “DermaShine Pro 4th Generation” အမျိုးအစား မရှိကြောင်း တရားဝင်ငြင်းဆိုထားပါတယ် ။ Huons Meditech ရဲ့ Official Product Information တွေအရ လက်ရှိ တရားဝင်အတည်ပြုနိုင်တဲ့ Product က DermaShine Pro ဖြစ်ပြီး “DermaShine Pro 4th Generation” ဆိုတဲ့အမည်နဲ့ တရားဝင်ထုတ်လုပ်ထားခြင်း မရှိကြောင်း www.huonsmeditech.com မှာလည်း ဝင်ရောက်လေ့လာ အတည်ပြုနိုင်ပါတယ် ။
ဒါကြောင့် “4th Generation” လို့ရေးထားတာကို မြင်ရုံနဲ့ နောက်ဆုံးပေါ်မော်ဒယ်လို့ မယူဆဘဲနဲ့
▪️ Manufacturer ရဲ့ Official Website မှာ Product Model ရှိ၊ မရှိ
▪️ စက်ပေါ်က Serial Number အမှန် ဟုတ်၊ မဟုတ်
▪️ Official Certificate နဲ့ Product Documentation ရရှိနိုင်၊ မရရှိနိုင်
▪️ တရားဝင် Warranty နဲ့ After-sales Service ရှိ၊ မရှိ
တို့ကို သေချာစစ်ဆေးပြီးမှ ရွေးချယ်ဝယ်ယူသင့်တဲ့အကြောင်း အကြံပြုပေးပါစေ။
BioAesthetics ဟာဆိုရင် Huons Meditech ရဲ့ Medical Aesthetic Devices တွေကို မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းဖြန့်ချိပေးနေတဲ့ Official Distributor ဖြစ်ပါတယ်။
BioAesthetics ကနေ ဝယ်ယူတဲ့ DermaShine Pro စက်တိုင်းကို Serial Number နဲ့ စက်ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်း တိုက်စစ်ပေးနိုင်တဲ့အပြင် BioAesthetics Certified Device ထောက်ခံချက်ကိုလည်း တရားဝင်ပေးအပ်ထားပါတယ်။
Authentic Product ဖြစ်ကြောင်း 100% အာမခံပေးထားသလို
▪️ Official Certificate
▪️ သက်ဆိုင်ရာ Official Warranty
▪️ Installation
▪️ Application Training
▪️ Local Technical Support
▪️ After-sales Service
တွေကိုပါ တစ်ပါတည်းရရှိမှာဖြစ်လို့ Clinic အတွက် စိတ်ချယုံကြည်စွာ ရွေးချယ်နိုင်မှာပါ။
Generation နံပါတ်တစ်ခုတည်းကိုပဲ ကြည့်ပြီး ယုံကြည်တာမျိုး မလုပ်ဘဲ Manufacturer၊ Product Model၊ Serial Number နဲ့ Certificate အထိ တိုက်စစ်ဖို့ အရေးကြီးပါတယ်။ Clinic ရဲ့ Reputation နဲ့ Customer Safety အတွက် ယုံကြည်ရတဲ့ပစ္စည်းအစစ်အမှန်ကို ရွေးချယ်ပြီး ပိုမိုကောင်းမွန်တဲ့ Treatment တွေနဲ့အတူ Customer တွေရဲ့ ယုံကြည်အားထားရာ Clinic များ ဖြစ်ကြပါစေလို့ BioAesthetics က ဆန္ဒပြုလိုက်ရပါတယ်။
“ယုံကြည်မှုနဲ့ အလှတရားအစစ် … BioAesthetics”
31/08/2026
“InStock ရှိလား” လို့ မေးလိုက်တဲ့အခါ “Pre-order တင်ရပါမယ်” ဆိုတဲ့အဖြေကို ကြားရင် စောင့်ရဦးမှာလားဆိုပြီး စိတ်ပျက်သွားနိုင်ပါတယ်။
ဒါပေမဲ့ Bio Aesthetics မှာက Pre-order စနစ်နဲ့ မှာယူပေးရတဲ့အကြောင်းရင်းက ပစ္စည်းမရှိလို့ တစ်ခုတည်းကြောင့် လုံးဝမဟုတ်ဘူးနော်။
Clinic တစ်ခုအတွက် စက်တစ်လုံးဝယ်ယူတာက ရက်ပိုင်းလောက်ပဲသုံးဖို့မဟုတ်ဘဲ နှစ်ရှည်အသုံးပြုဖို့ ရင်းနှီးမြှုပ်နှံရတာဖြစ်တဲ့အတွက် သိမ်းဆည်းထားတာကြာနေတဲ့ Stock ထက် Order အတည်ပြုပြီးမှ အသစ်မှာယူပေးခြင်းအားဖြင့် Warranty Freshness ကို အပြည့်အဝ ကာကွယ်ပေးချင်တဲ့ စေတနာကို အရင်းခံထားပါတယ်။
ပုံမှန်အားဖြင့် Pre-order စက်တွေကို မှာယူရာမှာ (၁) လကနေ (၃) လဝန်းကျင် ကြာမြင့်နိုင်ပြီး Product နဲ့ အခြေအနေပေါ်မူတည်ကာ (၅) လအထိ ကြာမြင့်နိုင်ပါတယ်။
စောင့်ရတဲ့အချိန်နည်းနည်းရှိပေမဲ့ Clinic ဆီရောက်လာတဲ့အခါ စိတ်ချရတဲ့ Product Quality၊ Official Documentation နဲ့ သက်ဆိုင်ရာ Warranty Support တွေကို ပြည့်ပြည့်ဝဝရရှိနိုင်ဖို့ Bio Aesthetics က သေချာစီစဉ်ပေးထားပါတယ်။
စက်တစ်လုံးဝယ်ယူတဲ့အခါ မြင်ရတဲ့ပုံစံချင်းတူနေလို့ အရည်အသွေးလည်းတူမယ်လို့တော့ ယူဆလို့မရဘူးနော်။ ဈေးနှုန်းနည်းလွန်းတဲ့ ဆင်တူယိုးမှားပစ္စည်းတွေ၊ အရည်အသွေးနိမ့်ပစ္စည်းတွေမှာ Product Authenticity၊ Official Certificate၊ Warranty နဲ့ Technical Support ရရှိမှုတို့ကို သေချာအတည်ပြုဖို့က အရေးအကြီးဆုံးပါပဲ။
Bio Aesthetics က InBody၊ PSI Plus၊ Huons နဲ့ AMT Engineering တို့ရဲ့ Medical Aesthetic နဲ့ Diagnostic စက်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းဖြန့်ချိပေးနေတဲ့ Official Distributor ဖြစ်ပါတယ်။
Bio Aesthetics မှ ဝယ်ယူတဲ့ ပစ္စည်းတိုင်းကို Authentic Product ဖြစ်ကြောင်း 100% အာမခံပေးထားပြီး Official Certificate၊ သက်ဆိုင်ရာ Warranty၊ Installation၊ Application Training၊ Engineer Support နဲ့ After-sales Service တွေကိုပါ တစ်ပါတည်း ရရှိမှာပါ။
Clinic မှာ နှစ်ကာလရှည်စွာ စိတ်ချလက်ချအသုံးပြုနိုင်ဖို့ဆိုရင် အာမခံချက်အပြည့်အစုံနဲ့ ရောက်လာမဲ့စက်ပစ္စည်းကို ခဏစောင့်လိုက်ရတာက ပိုပြီးအကျိုးရှိမယ်မဟုတ်လား?
Clinic အတွက်လိုအပ်တဲ့ စက်ပစ္စည်းနဲ့ Pre-order ကြာမြင့်ချိန်ကို ကြိုတင်ဆွေးနွေးချင်ရင်တော့ Bio Aesthetics Page Messenger မှာ အခုပဲ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
28/08/2026
ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) တွင် မိတ်ဟောင်းဆွေသစ်များအားလုံး နှလုံးစိတ်ဝမ်း ငြိမ်းအေးချမ်းသာကာ ကုသိုလ်တရားများ ပွားများအားထုတ်နိုင်ကြပါစေလို့ Bio Aesthetic မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါရစေရှင် 🙏
25/08/2026
“အသားအရေက ကြည့်ရတာအဆင်ပြေနေတာပဲ ဘာတွေများ စစ်ဆေးဖို့လိုသေးလို့လဲ” လို့ Customer က မေးလာတဲ့အခါ. . .
မျက်စိနဲ့မြင်ရတာထက် ပိုပြီးရှင်းလင်းတဲ့အဖြေကို Data နဲ့ ပြောပြနိုင်ဖို့လိုအပ်လာပါပြီ။
အသားအရေရဲ့အခြေအနေတချို့က မျက်နှာပြင်ပေါ်မှာ ချက်ချင်းမမြင်နိုင်သေးပေမဲ့ အတွင်းပိုင်းမှာတော့ တဖြည်းဖြည်း ပြောင်းလဲနေပြီးသား ဖြစ်နိုင်ပါတယ်။
ဒီလိုအခြေအနေတွေကို အသေးစိတ်စစ်ဆေးနိုင်ဖို့ PSI Plus ရဲ့ MarkVu Skin Analysis System က 18MP Canon DSLR Lens နဲ့ Skin Analysis Mode (14) မျိုးကို အသုံးပြုပြီး အသားအရေအခြေအနေကို ပိုမိုရှင်းလင်းစွာ လေ့လာနိုင်အောင် ကူညီပေးမှာပါ။
ရရှိလာတဲ့ Analysis Data တွေက ဆရာဝန်အတွက် Customer တစ်ဦးချင်းစီရဲ့ Skin Concerns ကို ရှင်းပြရာမှာ ပိုမိုလွယ်ကူစေသလို လိုအပ်တဲ့ Treatment Plan ကို စဉ်းစားရွေးချယ်ရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။
Customer ဘက်ကလည်း ကိုယ့်အသားအရေမှာ ဘာတွေဖြစ်နေသလဲဆိုတာကို မြင်သာတဲ့အချက်အလက်တွေနဲ့ နားလည်လာတဲ့အခါ Treatment တစ်ခုကို ဒီအတိုင်းရွေးချယ်ရတာမဟုတ်ဘဲ ကိုယ့်အတွက် ဘာကြောင့်လိုအပ်သလဲဆိုတာ သိရှိပြီး ယုံကြည်မှုရှိရှိ ဆုံးဖြတ်နိုင်မှာပါ။
Clinic အတွက် စက်အသစ်တစ်လုံးထည့်ဖို့ဆိုတာ လိုအပ်ချက်တစ်ခုတည်းနဲ့ ချက်ချင်းဆုံးဖြတ်လို့ရတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး မဟုတ်ပါဘူး။ ဒါကြောင့် Bio Aesthetics မှာ Clinic ရဲ့ Budget နဲ့ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ Down Payment နဲ့ အတိုးမဲ့ Flexible Payment Plan တွေကိုလည်း ဆွေးနွေးစီစဉ်ပေးထားလို့ ဘာလိုသေးလဲလို့ပဲ မေးရတော့မှာပေါ့။
Bio Aesthetics က PSI Plus ရဲ့ MarkVu အပါအဝင် Korea ရဲ့ နာမည်ကျော် Medical Aesthetic နဲ့ Diagnostic စက်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းဖြန့်ချိပေးနေတဲ့ Official Distributor ဖြစ်ပါတယ်။
Bio Aesthetics မှ ဝယ်ယူတဲ့ ပစ္စည်းတိုင်းကို Authentic Product ဖြစ်ကြောင်း 100% အာမခံပေးထားပြီး Official Certificate၊ သက်ဆိုင်ရာ Warranty နဲ့ Local Technical Support တွေကိုပါ တစ်ပါတည်း ရရှိမှာပါ။
ဈေးနှုန်းသက်သာတာတစ်ခုတည်းကိုကြည့်ပြီး အရည်အသွေးနိမ့်ပါးတဲ့ ဆင်တူယိုးမှားပစ္စည်းတွေကို မရွေးချယ်မိစေဖို့ ယုံကြည်ရတဲ့ Official Distributor ဆီကပဲ စိတ်ချလက်ချ ဝယ်ယူတာက ကိုယ့် Customer တွေကို တန်ဖိုးထားတယ်ဆိုတဲ့ အဓိကသက်သေပါပဲ။
MarkVu နဲ့ Payment Plan အသေးစိတ်ကို သိရှိချင်ရင်တော့ Bio Aesthetics Page Messenger ကနေ နွေးနွေးထွေးထွေးနဲ့ ဆွေးနွေးပေးပါရစေရှင်။
Category
Website
Address
No. 47, Zezawah Garden Housing, Thanthumar Road, S/Okkalapa Township
Yangon
11091
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |