Priscilla Htike
N-T-Z
01/02/2024
01/02/2024
အပြစ်တင် မ စောပါနှင့်။
-----------------
ဆရာ၀န်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ ဆေးရုံထဲကို အလျှင်အမြန်နဲ့ ပြေး၀င်သွားတယ် ...။ အရေးကြီး ခွဲစိတ်မှုတစ်ခု ချက်ချင်းလုပ်ဖို့ လိုအပ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် ဖုန်းရရချင်း ချက်ချင်းအ၀တ်အစားလဲပြီး ရောက်လာတာပါ ...။
ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ပါတယ် ...။
အထဲရောက်တော့ လူမမာကောင်လေးရဲ့ ဖခင်ဖြစ်သူဟာ နံရံကိုမှီပြီး ဆရာ၀န်ဖြစ်တဲ့ သူ့ကို စောင့်နေတာကို တွေ့လိုက်ရတယ် ...။
သူ့ကိုတွေ့တွေ့ချင်း ကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်တယ် ...
"ခင်ဗျား ဘာလို့ ဒီလောက် ကြာနေတာလဲဗျာ ... ကျွန်တော့သားရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား ... ခင်ဗျားမှာ တာ၀န်ယူတတ်တဲ့ စိတ်ဓာတ် မရှိဘူးလား .... "
ဆရာ၀န်က ပြုံးလိုက်ရင် ပြန်ဖြေတယ်။
"တောင်းပန်ပါတယ်ဗျာ ... ကျွန်တော် ဆေးရုံမှာ မရှိခဲ့လို့ပါ ... ဖုန်းရရချင်း မြန်နိုင်သမျှ မြန်အောင် လာခဲ့ပါတယ် ... အခု အကို ခဏလေး စိတ်ငြိမ်ငြိမ်ထားလိုက်ပါနော် ... ကျွန်တော် အတတ်နိုင်ဆုံးကောင်းအောင် ခွဲစိတ်ပေးပါမယ်"
"စိတ်ငြိမ်ငြိမ်ထားရမယ် .. ဟုတ်လား ... ခင်ဗျားသား ဒီလိုခွဲခန်းထဲမှာရောက်နေရင် ခင်ဗျား စိတ်ငြိမ်နိုင်မှာလား ... တကယ်လို့ ခင်ဗျားသားသာ သေသွားရင် ခင်ဗျား ဘယ်လိုလုပ်မလဲ"
ဆိုပြီး အဖေလုပ်သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောတယ် ...။
ဆရာ၀န်က နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး
"အကို ... စိတ်ချပါဗျာ ... ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး ကုသပေးပါ့မယ်."
လို့ပြောပြီး ချက်ချင်း ခွဲစိတ်ခန်းထဲကို ၀င်သွားခဲ့သတဲ့ ..။
နာရီအနည်းငယ်လောက် ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်မှာ ဆရာ၀န်က ၀မ်းသာစွာနဲ့ ခွဲခန်းထဲက ပြန်ထွက်လာသတဲ့ ...
"ဘုရားရဲ့ကျေးဇူးပါပဲဗျာ ... အကို့သားလေးရဲ့ ခွဲစိတ်မှုအောင်မြင်ပါတယ်"
ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့အဖေ ရဲ့ ပြန်ဖြေမှုကိုတောင် မစောင့်တော့ပဲ ....
"ခင်ဗျား တစ်ခုခုမေးစရာရှိရင် သူနာပြုဆရာမကြီးတွေကို မေးနိုင်ပါတယ်ဗျာ"
လို့အော်ပြီး ထပ်ပြီး ပြေးထွက်သွားသတဲ့ ....
ဖခင်ဖြစ်သူလည်း
"ဒီဆရာ၀န် ဘာတွေ ဒီလောက် မောက်မာနေတာလဲ မသိဘူး ... ငါ့သား အခြေအနေလေးကို မေးဖို့ မိနစ်ပိုင်းလေးတောင် မစောင့်နိုင်ဘူး"
လို့တွေးပြီး မေးမြန်းဖို့ သူနာပြုဆရာမကို သွားတွေ့သတဲ့...။
သူနာပြုဆရာမ က မျက်ရည်တွေ စီးကျရင်းနဲ့ ပြန်ဖြေလိုက်တာကတော့ ...
"ဒေါက်တာ့သားလေးက မနေ့တုန်းက ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားတာပါ ... ဒေါက်တာ အသုဘအခမ်းအနားမှာရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ်ခွဲစိတ်မှုရှိတာကြောင့် ကျွန်မတို့ ဖုန်းဆက်ပြီးခေါ်လိုက်တာပါ ... အခု ရှင့်သားရဲ့ အသက်ကို ကယ်တင်ပြီး သူ့သားလေးရဲ့ အသုဘအခမ်းအနားပြီးဆုံးချိန်အမှီ ပြန်ပြေးသွားတာပါ" တဲ့ ...။
မှတ်သားဖွယ် ။ ။ ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့ .. ဘာလို့လဲဆိုတော့ သူတို့ဘယ်လိုဘ၀မျိုးကို ကြုံတွေ့နေရတယ်ဆိုတာ သင်သိချင်မှသိမှာ မို့လို့ပါ ....။
crd
ဦးမြင့်ခိုင် &SAI MYO WIN
https://www.facebook.com/sai.myowin.731?mibextid=ZbWKwL.
01/02/2024
09692838719
09762381105
ဖုန်းနဲ့ယနေ့နေ့လည်၁၁း၃၀လောက်ဖုန်ဆက်လာပါတယ်
Vivoကနေအသစ်ထုတ်တဲ့ Vodiလို့ခေါ်တဲ့စမတ်ဖုန်း ကို ၄၂၈၀၀၀တန်ကို
၁၆၄၀၀၀ကိုအိမ်ရောက်မှရှင်းရယ်တဲ့
စာတိုက်ကနေပို့မယ်တဲ့ဖုန်းကို
၅၀၀၀အရင်ငွေလွှဲရပါမယ်တဲ့ လိမ်စားတာလည်းကြည့်စားနော်
Friendsတို့ကိုအခုလိုဆက်ရင် ငွေမလွှဲပေးပါနဲ့နော်
လိုက်လိမ်စားနေတာပါ
အများသိအောင်တင်ခြင်းဖြစ်ပါတယ်
လိမ်စားတာကြည့်စားနော်
ဝိုင်းshareပေးပါအုန်းfriတို့လူတွေအလိမ်ခံရမှာစိုးလို့ပါ
လူအချင်းချင်းလှည့်ပတ်ချင်းကင်းဝေးကြပါစေ🙏🙏🙏🙏😊😍
06/09/2023
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Priscilla Htike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.