K.S.W hairsaloon
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K.S.W hairsaloon, Health/Beauty, Hlaing, (16)malarmyaing7street, Yangon.
07/11/2025
အလုပ်ထဲမှာ မဆူလိုက်နဲ့
ဆူလိုက်တာနဲ့ ထွက်မယ် ဆိုတဲ့သူတွေ အတွက်
လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့သူတွေကို ဆူလို့မရဘူး
Hair Stylist ဖြစ်ဖြစ် Shampooဖြစ်ဖြစ်
သူတို့က ဆူပြီဆိုရင် Personal Attack လုပ်တယ်ဆိုပြီး အလုပ်ပြောင်းမယ် အလုပ်ထွက်မယ်ဆိုပြီး Mindset တွေရှိတတ်ကြပါတယ်
ဒီစိတ်မျိုးတွေက တော်တော်လေးကိုဆိုးဝါးတဲ့ စိတ်မျိုးပါပဲ
ပထမဦးဆုံးအနေနဲ့လူငယ်တွေသိထားရမှာက
Personal နဲ့ professional ဆိုတာကို ခွဲခြားသိထားဖို့လိုပါတယ်
Personal ဆိုတာက ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စ
Professional ဆိုတာက အလုပ်နဲ့ဆိုင်တဲ့ကိစ္စ
အဲ့တော့ကိုယ်ကိုအလုပ်နဲ့ဆိုင်တဲ့ကိစ္စနဲ့လာဆူတယ်ဆိုရင် ဒါပြုပြင်ပြောင်းလဲရမဲ့ကိစ္စ ပြောင်းလဲလို့ရရင်ပြုပြင်ပြောင်းလဲပါ ကြိုးစားလို့ရရင် ကြိုးစားပြီးမှလုပ်ပါ
အလုပ်ကိစ္စနဲ့ပတ်သတ်လို့လာဆူတယ်ဆိုကတည်းက ကိုယ်ကအလုပ်မပြီးလို့ Deadline အတွင်းဖြစ်အောင်မလုပ်လို့
Target မမှီလို့စသည်ဖြင့် အကြောင်းပြချက်တွေအများကြီးရှိပါတယ်
အဲ့တာကို Personal Attack လို့မြင်လို့မရပါဘူး
အဲ့တော့ ဒီအလုပ်ထဲမှာ ပြသနာဖြစ်တိုင်း အလုပ်ထွက်တာက
အလုပ်ထွက်သွားတဲ့သူက Win Situation မဖြစ်ပါဘူး
အလုပ်ရှင်အတွက်လည်းခဏခဏလူရှာရလို့အလုပ်ပိုရှုပ်စေပါတယ်
ပြီးရင်ဆူလို့ထွက်သွားတဲ့ သူအတွက်လည်း Reputation မကောင်းပါဘူး
ကိုယ့်ရဲ့ CV ထဲမှာ ဒီဆိုင်မှာတော့ ၃ လ ဟိုဆိုင်မှာတော့ ၆ လ တစ်ဆိုင်မှာမှ နှစ်နဲ့ချီမလုပ်ခဲ့ဘူး ခဏ ခဏ အလုပ်တွေပြောင်းနေမယ်
အလုပ်တွေ ထွက်နေမယ်ဆိုရင် ရေရှည်မလုပ်တဲ့သူတစ်ယောက်ကို ဆိုင်ရှင်တော်တော်များများ နှစ်သက်မှာမဟုက်တော့ပါဘူး
ဘာလို့လည်းဆိုလို့ရှိရင် ကိုကအလုပ်တစ်ခုမှာ Commitment
အကြာကြီး မပေးနိုင်ဘူးဆိုတာ ကိုယ့်ရဲ့ Cv ကိုယ့်ရဲ့နောက်ကြောင်းရာဇဝင်မှာ ပေါ်လွင်နေလို့ပါပဲ ကျနော်က တစ်ဆိုင်ကို အကြာကြီးမလုပ်ခဲ့ဘူးဆိုပြီး ဂုဏ်စာနေတဲ့သူမျိုးတွေက ခုထိရှိဆဲ
ပြီးရင် လူငယ်တွေကို အလုပ်ထဲမှာ ပြသနာတစ်ခုဖြစ်တိုင်း အလုပ်မထွက်ခိုင်းစေချင်တာလည်းဆိုရင် အလုပ်ထဲမှာဖြစ်တဲ့ပြသနာကို ကိုယ်ကျိုးစားပြီးမှ ဖြေရှင်းလိုကိမယ်ဆိုရင် ကိုယ့်အတွက်လည်း
Problem Service Skill တွေလည်း တိုးတက်လာမယ်
ကိုယ်၌ကလည်း Meture ကောင်းလာတယ်
ဒါကြောင့်ပြသနာ တစ်ခု ဖြစ်ပြီဆိုရင် အလုပ်ထွက်မယ်ဆိုတဲ့စိတ်ကိုဖျောက်ပြီး ဒီပြသနာကို ဘယ်လိုဖြေရှင်းရမလည်းဆိုတာတွေးရမယ်
လူတစ်ယောက်ရဲ့ စိတ်က မကောင်းတဲ့ဘက်ကို ပိုပြီးအားသန်တယ်
Hair Stylist တွေပိုဆိုး ငါပညာရှင် ဘယ်နေရာ အလုပ်လျှောက်လျှောက်ရတယ်ဆိုတဲ့ တစ်လွဲမာနတွေ ရှိကြတယ်
ဒါကြောင့် အလုပ်ထဲမှာ ပြသနာတစ်ခုဖြစ်လာပြီးဆိုတာနဲ့ ငါမှားနေလားအရင်စဉ်းစားပါ မှားတယ်ဆိုပြင်ပါ ဆူလည်းခံပါ
နောက်ဆုံးပြောချင်တာက ကိုယ့်ကိုဆူတာမကြိုက်ရင်
ကိုယ်တိုင်အမှားမလုပ်မိအောင်ကြိုးစားပါ💪
မဂ်လာဆောင်တုံးကရော အရင်တစ်ခါဘွဲ့ယူတုံးကရော မိတ်ကပ်ပြင်တာမလှဘူး အခုညီမလေးပြင်ပေးတာ2ပွဲလုံးလှလို့မေးကြတယ်ဘယ်မှာပြင်တာလဲတဲ့ ကိုယ်ဆိုင်နံမည်က kswဆိုတော့ ခင်စန်းဝင်းလို့တင်စားပြီးခေါ်ကြတယ် လှအောင်ပြင်ပေးလို့ညီမလေးကိုကျေးဇူးတင်ပါတယ် အလှုတွေတစ်ချားပွဲတွေရှိရင်ရောအသိတွေပါ ညွန်ပေးမယ်တဲ့
ဟုတ်ကဲ့ ksw ညီမကလဲကျေးဇူးအထူးပင်တင်ပါတယ်မရေ🥰😍😘😘😘
ထားဝယ်ကနေထိ ကို့ဆိုင်လာရောက်ယုံကြည်အပ်နှံပေးသောချစ်ညီမလေး🥰😘ကျေးဇူးပါလို့😘😘😘😘
နေပြည်တော်ကနေ အားပေးကြမ်းချက်🥰😘😘😘
ထမင်းရှင်လေးတွေအားလုံးကိုကျေးဇူးတင်ပါတယ်🥰
Category
Website
Address
Hlaing, (16)malarmyaing7street
Yangon