Medi Express
Health & Medicine
01/02/2022
သဘာဝအလျှောက် အိပ်ကောင်းစေခြင်း လမ်းညွှန်
နေ့စဥ် လှုပ်ရှားသွားလာခြင်း နှင့် အိပ်စက်အနားယူခြင်းသည် လူတစ်ယောက်၏ ကျန်းမာခြင်း လန်းဆန်းတက်ကြွခြင်း အတွက် လွန်စွာအရေးပါသည်။
ယခုကာလများတွင် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အခက်အခဲများကြောင့် စိတ်ဖိစီးမှုများပြီး အိပ်မပျော်ခြင်းများ ကြုံလာရသည်ကို ပိုမိုတွေ့ရှိလာရသည်။ အိပ်ဆေး မှီဝဲခြင်း ၊ ကျွမ်းကျင်သော သမားတော်များ နှင့် ကုသမှု ခံယူခြင်းသည် ထိရောက်သော နည်းလမ်းများ ဖြစ်သော်လည်း သဘာဝအလျှောက် အိပ်စက်မှုကို ကောင်းစေသည့် နည်းလမ်းများကိုလည်း ဦးစွာ လေ့လာထားခြင်းဖြင့် ကောင်းစွာအိပ်စက်အနားယူနိုင်ခြင်း ကို အထောက်အပံ့ဖြစ်စေနိုင်ပါသည်။
၁။ ပုံမှန်အိပ်ချိန် သတ်မှတ်ပါ။
တစ်ရက်တာ ၂၄ နာရီအတွင်း အလုပ်ချိန်များ အခြား ကိစ္စရပ်များ ပြီးမြောက်ပါက အနားယူအိပ်စက်ရန် ပုံမှန်အချိန်တစ်ခု သတ်မှတ်ပေးပါ။
ညနက်မှ အိပ်တတ်သူများ နှင့် ညအစောအိပ်တတ်သူများ မတူညီနိုင်သလို ၊ နံနက်အစောထတတ်သူများ နေ့လည်ပြန်အိပ်တတ်သူများရှိ တတ်ကြ၍ တစ်ဦး နှင့် တစ်ဦးမတူနိုင်ပါ။ သို့သော် မိမိအတွက် သင့်လျော်သော အိပ်ချိန်သတ်မှတ်ခြင်းသည် အကိုက်ညီဆုံး အလေ့အကျင့်ဖြစ်သည်။
၂။ မီးပိတ်အိပ်ပါ
အလင်းရောင် သည် လူ၏ အမြင်အာရုံ နှင့် ဦးနှောက်ကို လှုံ့ဆော်တတ်သည်။ ညအိပ်ချိန်များတွင် အလင်းရောင် တတ်နိုင်သမျှလျှော့ချခြင်း ( အမှောင်ချထားခြင်း)သည် အိပ်စက်အနားယူခြင်းကို ပိုမို အားပေးသည်။ နံနက်စောစော အလင်းရောင် မျက်နှာကိုထိုးသည် နှင့် အိပ်ယာနိုးတတ်သော သဘာဝ နဲ့ အတူတူပင်ဖြစ်သည်။
၃။ နေ့လည် ခေတ္တအိပ်စက်ခြင်း ကို ရှောင်ပါ
နေ့အချိန်တွင် ၂ နာရီဝန်းကျင် နှင့်အထက် ခေတ္တအိပ်စက်ထားသူများသည် ညအိပ်ချိန်တွင် အိပ်နေကျ အချိန်အတိုင်း အိပ်စက်လိုခြင်း လျော့နည်းတတ်ကြသည်။ ထို့ပြင် ည ပုံမှန် အိပ်တတ်သော Sleeping Pattern ကိုလည်း ထိခိုက်စေတတ်သည်။
၄။ ကိုယ်လက်လှုပ်ရှားပါ
ကိုယ်လက်လှုပ်ရှားမှုများသော သူများ ၊ အလုပ်ပင်ပန်းထားသောသူများ သည် ညအချိန်တွင် ပို၍ အိပ်ကောင်းကြသည်ကို လေ့လာမှုများအရသိရသည်။ သို့သော် နေ့စဥ် အားကစားလုပ်သူများ ၊ ကိုယ်လက်လှုပ်ရှား ပုံမှန်ပြုသူများအတွက်တော့ သာမန်ထက်ထူးထူးခြားခြား မရှိသည် ကိုလည်း တွေ့ရသည်။ သို့သော် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုလည်း ပုံမှန်ပြုသင့်ပါသည်။
၅။ အိပ်ခါနီးဖုန်းသုံးခြင်း ရှောင်ပါ
ယခုနောက်ပိုင်း အဖြစ်များလာသော ပြသနာတစ်ရပ်ဖြစ်သည်။ ညအိပ်ခါနီးအချိန်တွေ ဖုန်းအသုံးများခြင်း ၊ အာရုံစူးစိုက်မှုများခြင်း ၊ စိတ်လှုပ်ရှားမှုများခြင်း စသည်တို့သည် မျက်လုံး နှင့် ဦးနှောက်ကို စေ့ဆော်မှုများပြီး အိပ်စက်အနားယူခြင်းကို အနှောက်အယှက်ဖြစ်စေသည် ဟု သိရသည်။ အဆိုပါ တွေ့ရှိမှုနှင့် ပတ်သတ်ပြီး အငြင်းပွားမှုများလည်း ရှိသည်။
ဆက်ရန်
ကိုးကား
(Ph.D.,R.N.,CRNA)
Telephone
Website
Address
Aung Theik Di Road
Yangon
Alerts
Be the first to know and let us send you an email when Medi Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.