SelfMakeup by May

SelfMakeup by May

Share

Hair Stylist & SFX & Beauty Makeup Artist(Learn Makeup. Love Yourself. ✨)

Photos from SelfMakeup by May's post 06/09/2026

ကိုယ့်ရဲ့ ကိုယ်ပိုင်Skinလေးအတွက် Cosmetics ပစ္စည်းတွေကို စစ်ဆေးဖို့ အချိန်တန်ပြီ! 💖

Cosmeticsပစ္စည်းတွေက သက်တမ်းကျော်လွန်တာတွေ သုံးမိရင် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ပစ္စည်းတစ်ခုချင်းစီရဲ့ သက်တမ်းတွေကို ဒီဇယားလေးမှာ ကြည့်ပြီး သင့်အသားအရေကို ကာကွယ်ကြရအောင်နော်😙💄

​

Photos from SelfMakeup by May's post 03/09/2026

👀မျက်လုံးလှလှလေးတွေမှာ Eyeliner က မရှိမဖြစ်နော် 💕

Pencil လား? Gel လား? Liquid လား? 🥰

ဘယ် Type ကို အကြိုက်ဆုံးလဲ? 👀💕
✏️ Pencil – သုံးရလွယ်၊ နူးညံ့ပြီး Natural Look လေးရ
🖌️ Gel – အရောင်ထင်း၊ ကြာရှည်ခံပြီး Bold Look လေးရ
🖤 Liquid – မျဉ်းသွယ်သွယ်တိတိကျကျ၊ Cat-eye လေးဆွဲဖို့အကောင်းဆုံး
🖊️ Felt Tip – Pen လိုသုံးရလွယ်၊ လက်မငြိမ်သူတွေအတွက်လည်း အဆင်ပြေ 💕

အဆင်ပြေတာလေးရွေးပြီး သုံးလို့ရပါတယ်နော့်😉
💕

Photos from SelfMakeup by May's post 22/08/2026

🎯 အသားအရေအမျိုးအစားအလိုက် မှန်ကန်တဲ့ Foundation ရွေးချယ်နည်း...🤗

⏩​Dry Skin (အသားခြောက်သူများ) - Hydrating နဲ့ dewy finish ပေးစွမ်းနိုင်တဲ့ liquid ဒါမှမဟုတ် cream အမျိုးအစားတွေကို ရွေးချယ်ပေးပါ။ အစိုဓာတ်ပြည့်ဝပြီး စိုစိုလေးနဲ့ လှပနေစေပါတယ်။

​⏩Oily Skin (အဆီပြန်သူများ) - Matte finish, oil-free နဲ့ non-comedogenic(ချွေးပေါက်ပိတ်စေနိုင်ခြေနည်းတဲ့ ထုတ်ကုန် )ဖြစ်တဲ့ ဖောင်ဒေးရှင်းတွေကို သုံးပေးသင့်ပါတယ်။ အဆီပြန်တာကို ထိန်းချုပ်ပေးပြီး ချွေးပေါက်ပိတ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

⏩ ​Combination Skin (ပေါင်းစပ်အသားအရေ) - T-zone မှာ အဆီပြန်ပြီး ပါးပြင်ခြောက်တတ်တဲ့အတွက် lightweight ဖြစ်ပြီး natural finish ပေးတဲ့ ပေါ့ပါးတဲ့ဖောင်ဒေးရှင်းက အသင့်တော်ဆုံးပါ။

⏩ ​Sensitive Skin (အသားအရေထိခိုက်လွယ်သူများ) - ရနံ့ပါဝင်မှုကင်းစင်ပြီး(Fragrance-free)၊ non-comedogenic နဲ့ အသားအရေနဲ့ ဓာတ်မတည့်ကြောင်း စစ်ဆေးပြီးသား ထုတ်ကုန်တွေကို ရွေးချယ်သင့်ပါတယ်။

⏩ ​Normal Skin (ပုံမှန်အသားအရေ) - အဆီလည်းသိပ်မပြန်၊ ခြောက်လည်းမခြောက်တဲ့အတွက် satin ဒါမှမဟုတ် natural finish ပေးတဲ့ ဖောင်ဒေးရှင်းအများစုနဲ့ အဆင်ပြေပါတယ်။

♦ အရေးကြီးဆုံး Tip: Foundation ရွေးတဲ့အခါ အသားအရေအမျိုးအစားတင်မကဘဲ Skin Undertone (Warm / Cool / Neutral) နဲ့ ကိုယ်လိုချင်တဲ့ Finish ကိုပါ ထည့်စဉ်းစားရပါတယ်။ 💕

Photos from SelfMakeup by May's post 21/08/2026

Powder typeကို အသင့်တော်ဆုံးဖြစ်အောင်ဘယ်လိုရွေးမလဲ..... ?

ဘယ် Powder က ဘယ် Skin Type အတွက်သင့်တော်လဲ ဘယ်skin colorsကို ဘယ်အရောင် ဘယ်type ကို သုံးပေးမလဲဆိုတာကို ဒီ Post လေးထဲမှာ အလွယ်တကူလေ့လာလို့ရပါတယ် 💕

Photos from SelfMakeup by May's post 18/08/2026

ကိုယ့်မှာရှိတဲ့ Lipstick Colour တွေကို အချင်းချင်း Mix & Match လုပ်ပြီးမတူညီတဲ့ New Lip Colour တွေ ဖန်တီးလို့ရပါတယ်💄💋 🎨

Makeup Artist တွေအတွက်ရော
ကိုယ်တိုင် Makeup ပြင်သူတွေအတွက်ပါ အသုံးဝင်မယ့် Colour Mixing Idea လေးပါ 💄

📌 Save ထားပြီး လိုတဲ့အချိန် ပြန်ကြည့်လို့ရအောင်သူငယ်ချင်း Makeup ချစ်သူတွေကိုလည်း Share ပေးလိုက်နော် 🫶

Photos from SelfMakeup by May's post 17/08/2026

🇮🇳💄 A Touch of India, A Lot of Glam ✨

Indian Look ရဲ့ အထူးခြားဆုံးဖြစ်တဲ့
Bold Eyes + Glowy Skin + Elegant Lips ကို ပေါင်းစပ်ပြီးမိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ပိုပြီးပေါ်လွင်စေမယ့် Look လေး ✨

Traditional ဆန်ဆန်လည်းလှ၊
Modern Glam ဆန်ဆန်လည်းမိုက်တဲ့ Indian Glam Makeup 🤎

Indian lookလေးတွေက မြန်မာမှာလဲ အရမ်းပြင်ရတယ် ပွဲလေးတွေလက်ခံဖြစ်ရင် လိုက်ဖက်တ့ဲ accessories လေးတွေပါ ထည့်သွင်းပေးထား ပါတယ်ရှင် 🥰

Photos from SelfMakeup by May's post 15/08/2026

💄 Bronzer • Highlight • Blush • Contour ကွဲကွဲပြားပြားသိဖို့ ✨

Makeup လိမ်းတဲ့အခါ အားလုံးကို တစ်မျိုးတည်းထင်နေတတ်လို့ ဒီနေ့တော့ Bronzer, Highlight, Blush & Contour တို့ရဲ့ ကွာခြားချက်နဲ့ အသုံးပြုပုံကို လွယ်လွယ်ကူကူ သိနိုင်အောင် မျှဝေပေးထားပါတယ်ရှင့် 💕

တစ်ခုချင်းစီရဲ့ အဓိကလုပ်ဆောင်ချက်ကို သိထားရင် Makeup လိမ်းတဲ့အခါ ပိုပြီးလွယ်ကူပြီး Face Shape နဲ့လည်း ပိုလိုက်ဖက်အောင် ဖန်တီးနိုင်ပါတယ် 🥰✨

Makeup လိမ်းသူတိုင်း သိထားသင့်တဲ့ အခြေခံလေးတွေပါနော် 💄🤎

Photos from SelfMakeup by May's post 15/08/2026

Brush တစ်မျိုးချင်းစီရဲ့ အသုံးပြုပုံနဲ့ သုံးရမယ့်နေရာတွေကို အလွယ်တကူနားလည်အောင် မျှဝေပေးထားပါတယ် 🥰

Makeup စလိမ်းမယ့်သူတွေအတွက်လည်း အသုံးဝင်မယ့် Tips လေးတွေပါ 💋

Makeup လိမ်းတဲ့အခါ ပြန်ကြည့်ဖို့ Save ထားနော် ❤️

Photos from SelfMakeup by May's post 14/08/2026

ပွဲလမ်းသဘင်တွေနဲ့ မင်္ဂလာပွဲတွေအတွက်
လှပပြီး ညို့အားပြင်းတဲ့ Eye Makeup Look
လေးကို အဆင့်ဆင့် ပြင်ဆင်နည်းလေးပါ😍 ✨

​နေ့စဥ်အလှပြင်ဖို့ပဲဖြစ်ဖြစ်၊ အထူးခြားဆုံးနေ့ရက်တွေအတွက်ပဲဖြစ်ဖြစ် ဒီပုံလေးအတိုင်း Step-by-Step လိုက်ဆွဲကြည့်ရအောင်နော် 💖😉

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when SelfMakeup by May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.