Hein Kyaw

Hein Kyaw

Share

ဂျပန်လျှပ်စစ်စက်ဘီးနှင့် အပိုပစ္စည်းရောင်းဝယ်ရေး

22/07/2026

အလွိုင်းဂွေ နှင့် စတီးဂွေ

လူအတော်များများက စက်ဘီးတစ်စီးဝယ်ပြီဆိုလျှင်ဖြင့် အလွိုင်းဂွေလား စတီးဂွေလားဆိုပြီးဂွေကိုစမေးပါတော့တယ်။ စက်ဘီးတစ်စီးကိုထုတ်လုပ်လိုက်တဲ့နိုင်ငံကြီးတွေဟာ သူတို့ရဲ့ပစ္စည်းခံနိုင်ရည်အားကို နည်းလမ်းအမျိုးမျိုးဖြင့်စမ်းသပ်ပြီးမှသာ ထုတ်လုပ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ပစ္စည်းတွေကတော့ ဘာတစ်ခုမှမခံနိုင်ပါဘူးဗျာ။ စတီးဂွေထက်ပိုင်းကျိုးကာ အလွိုင်းဂွေ မုန့်ကြိုးလိမ်ဖြစ်အောင်အထိ နမော်နမဲ့အသုံးပြုမှုကများကြပါတယ်။

စက်ဘီးပဲဖြစ်စေ၊ ဆိုင်ကယ်ပဲဖြစ်စေ၊ ကားပဲဖြစ်စေ ကိုမောင်းနှင်လာတဲ့အရှိန်ကိုထိန်းသိမ်းနိုင်ပြီး ချိုင့်ခွက်တွေကို ရှောင်တိမ်းမောင်းနှင်နိုင်မှသာ မိမိပစ္စည်း သက်တမ်းပြည့်သုံးစွဲရမည်သာဖြစ်ပါတယ်။ ကားတောင်မှ ချိုင့်ခွက်တည့်တည့်ကို အရှိန်နဲ့ပစ်ချသော် အဆောင့်ခံလိုက်ရတဲ့အပိုင်းက ဒဏ်ဖြစ်ကာ နောက်ပိုင်း ထိုနေရာကနေ စတင်ကွဲထွက်လာရပါတယ်။ ကားမှာဂွေကဘာမှမဖြစ်ပေမယ့် ဘီးတစ်ခြမ်းအတွက် ငြိမ့်ညောင်းအောင်ထိန်းသိမ်းပေးရတဲ့ အဓိကအစိတ်အပိုင်း အမာခံတွဲထားတဲ့နေရာတွေကနေ လတ်တလောမသိရပေမယ့် ကြာလာတာနဲ့အမျှ ထိုနေရာတွေကနေ ပြတ်ထွက်လာရပါတယ်။

ဆိုင်ကယ်မှာဆိုလည်း ဒီအတိုင်းပါပဲ ဂွေမထိသော် ဂွေကိုထိန်းသိမ်းပေးရတဲ့ပစ္စည်းတွေပျက်ဆီးရပါတယ်။ စက်ဘီးမှာတော့ ဂွေကိုပျက်‌စီးစေပြီး စတီးဂွေလိုဟာမျိုးကို အနောက်ဝိတ်နဲ့မဆင်မခြင် ချိုင့်ထဲသို့ပစ်ချမိပါက စတီးဂွေကိုထက်ပိုင်းကျိုးစေပါတယ်။ အလွိုင်းဂွေကိုလည်း ထိုနည်းလည်းကောင်း လုပ်စီးပါက မုန့်ကြိုးလိမ်လိုဖြစ်ကာ ဂွေကိုပျက်စီးစေပါတယ်။

ပျက်စီးစေတဲ့အကြောင်းအရာပြောပြီးတော့ အလွိုင်းဂွေနှင့် စတီးဂွေမှာ အလွိုင်းဂွေဟာ ဘရိတ်တုံးဘာကြောင့်စားရသနည်း ဆိုတာကို ထပ်မံရှင်းပြပေးပါမယ်။

အလွိုင်းဂွေဟာ ဘရိတ်တုံး၏ပွတ်တိုက်မှုကြောင့် ဂွေတိုက်စားခြင်းခံရပါတယ်။ ဒီလိုမဖြစ်အောင် ဘယ်လိုသုံးရမလဲဆိုလျှင်ဖြင့်

ဘရိတ်တုံးတွင် အပိုင်းနှစ်ပိုင်း ရှိပါတယ်။ အပေါ်ပိုင်း အတုံးပုံစံ လိုင်းလေးတွေနှင့်အရာပေးထားတဲ့အပိုင်းဟာ ဘရိတ်တုံးကို တဝက်အထိသာအသုံးပြုစေပြီး ဘရိတ်တုံးရဲ့ ဗိုက်ဖောင်းဖောင်းနားက အရစ်ကလေး အလယ်အမှတ်ရောက်တဲ့အခါ ဆက်လက်အသုံးမပြုသင့်တော့ပေ။ ဘရိတ်တုံးတစ်တုံးကို ဘာလို့အကုန်အထိ အသုံးမပြုရတာလဲမေးစရာရှိပါတယ်။ ဘရိတ်တုံးအသစ်မှာ တစ်ဝက်လောက်အထိက ရာဘာအသားများသာဖြစ်ပြီး ကျန်တဝက်အောက်ခံအပိုင်းမှာတော့ သံမှုံလို မာကျောအမှုံများဖြင့် ဘရိတ်တုံးကို ခိုင်မာတောင့်တင်းအောင်လုပ်ပေးထားတဲ့အတွက် ဘရိတ်တုံးကို တဝက်အထိသာ အသုံးပြုခိုင်းခြင်းဖြစ်သည်။ ဒီလိုပြောနိုင်တာကလည်း လုပ်ငန်းထဲက လုပ်ရင်းပညာရဆိုသလို ပုန်လည်ရှင်းပြနိုင်သာတာဖြစ်ပါတယ်။

ဒါဆို အလွိုင်းဂွေနဲ့ ဘရိတ်တုံးကို ဘယ်လိုသုံးရမလဲ။

အလွိုင်းဂွေတွေ ဂွေကို ဘရိတ်တုံးကပွတ်တိုက်မှုဖြင့် တိုက်စားမှုမဖြစ်ရအောင် ဘရိတ်တုံးတဝက်ရောက်တာနှင့်တပြိုင်နက် နောက်ထပ်ဘရိတ်တုံး အသစ်ကိုလဲလည်တပ်ဆင်အသုံးပြုပေးပါ။ ဒီနေရာမှာ မြန်မာထုတ် ရာဘာသား အသားမာမာ သံဖြူတွေနဲ့လုပ်ထားတဲ့ ဘရိတ်တုံးကို အသုံးမပြုကြစေလိုပါ။ ဈေးပေါတယ် ဘရိတ်အမိမကောင်းပါဘူး။ အဆင်မသင့်လျင် ဘရိတ်ကြိုး ဘရိတ်ကိုင်းတွေပါနာလာပါတယ်။

ဒါဆိုဘယ်လိုဘရိတ်တုံးကို သုံးသင့်သလဲ။

တရုတ်ကဝင်နေတဲ့ ကဒ်နဲ့လာတဲ့ ဘရိတ်တုံးမျိုးကိုသုံးပါ။ တစ်စုံကို လေးငါးထောင်လောက်တော့ရှိပါတယ်။ ကျွန်တော့်ရောင်းဘီးတွေမှာဆိုလျင်လည်း ထိုဘရိတ်တုံးတွေကိုသာ လဲသင့်တဲ့အခါ လဲထည့်ပေးလေ့ရှိပါတယ်။ ဒီလိုဘရိတ်တုံးကို ပုံမှန်ခြောက်လတစ်ခါလောက်လဲလှယ်ပေးလျှင်ဖြင့် ဘရိတ်လည်းအမိကောင်းမည်။ အလွိုင်းဂွေမှာလည်း မည်သို့သော ဂွေတိုက်စားခံရမှုမျိုးမှ မရှိတော့ပါ။

ကျွန်တော်ကိုယ်တိုင်အသုံးပြုနေတဲ့ Air bike ဘီးဟာဆိုလျင်ဖြင့် ငါးနှစ်တာကာလအတွင်းရောက်လာခဲ့ပြီး ထိုကာလတစ်လျှောက် ဘရိတ်တုံးများကို မညှာပဲ တစ်သောင်းကျော်တန် အကောင်းဆုံးတွေကိုသာဝယ်ထည့်သုံးနေခြင်းကြောင့် ဂွေတိုက်စားမှု လုံးဝမရှိခဲ့ပဲ မူလအသားတိုင်းသာ တည်ရှိနေပါတယ်။ ကျွန်တော်ကတော့အကောင်းကြိုက်တော့ အကောင်းထည့်သလို ဝါသနာအရလည်း ပါတာပေါ့။ ဒါပေမယ့် ဘရိတ်တုံးကို ဈေးသင့်တင့်တဲ့ဟာကိုသာဝယ်သုံးကြပါ။ ဈေးပေါတာကို ဝယ်မသုံးကြပါနဲ့။ ခြောက်လတစ်ခါ ဘရိတ်တုံးများကို စစ်ဆေးပေးပါ။ အရှေ့ဘရိတ်ဟာ အသုံးနည်းသလို စက်ဘီးအားလုံးဝရပ်ခါနီးမျိုးနှင့် အရေူပေါ်ဘရိတ်ဆွဲရတဲ့အခါမျိုးမှာသာ အသုံးပြုကြတာများပါတယ်။

အရှေ့ဘရိတ်နဲ့ သက်သက်သာသာ slow down အချနှင့် လမ်းမညီမညာနေရာ အနိမ့်အမြင့်လမ်းမျိုးမှာတော့ အရှေ့ဘရိတ်ကိုသုံးပြီး နောက်ဘီးကို သက်သက်သာသာဖြင့် လှိုင်းစီး နိုင်ပါတယ်။ အဲ့လိုအခါ အရှေ့ဘရိတ်ကို အမိဆွဲစရာမလိုပဲ အရှိန်ထိန်းအနေအထားလောက်သာ ဆွဲရပါတယ်။

စတီးဂွေပဲသုံးသုံး၊ အလွိုင်းဂွေပဲသုံးသုံး အဓိကဘယ်လိုပစ္စည်းပဲဖြစ်ဖြစ် သုံးတဲ့သူအပေါ်မှာသာ မူတည်ပါတယ်ခင်ဗျာ။ ဒီလောက်ဆိုင် အလွိုင်းဂွေကို ဘယ်လိုထိန်းသိမ်း အသုံးပြုရမလဲဆိုတာကို သဘောပေါက်ကြမည်လို့ထင်ပါတယ်။

မိတ်သင်္ဂဟအပေါင်း ကျမ်းမာ၊ ချမ်းသာ ရွှင်လန်းကြပါစေ။

Hein Kyaw (Smile Fact)

18/07/2026
Photos from Hein Kyaw's post 18/07/2026

Bridgestone Assista , Size 20"
ကိုယ်ထည်။ Bridgestone Assista

ဂွေအရွယ်အစား။ ၂၀ လက်မ

တာယာဆိုဒ်။ 20×1.75

မော်တာ။ ဒစ်ဂျစ်တယ်လ် Green cool

နောက်ဘီးဂီယာ။ ၃ ချက်

ဘတ္ထရီ။ 24 V 8.7ah

လီဘာ။ ဒစ်ဂျစ်တယ်လ်

ပါဝင်ပစ္စည်းများ။ လီဘာမိုးကာအုပ်၊ အနောက်.

ထိုင်ခုံဆိုဖာ၊ ခြေတင်၊ ခြင်း၊ မီး၊ ဟွန်း၊ အနောက်မီး၊ 3 ah charger.

Bridgestone လက်မ ၂၀ ရဲ့ထူးခြားချက်မှာ ယခင် စက်ဘီးတွေမှာထည့်ရောင်းနေကြ ဘတ္ထရီ 24 V 8.7ah ထက်ပိုမိုခရီးရောက်သည်။ (၁၀) မိုင်ခရီးကို တစ်ယောက်စီး တောက်လျှောက်လီဘာဆွဲနိုင်သည်။

ဒီဘီးမှာ ဘတီထရီက အရမ်းကောင်းသွားတော့ ရောင်းရမှာတောင်နှမြောမိတယ် ဘတ္ထရီကို၊ ယခင်အသုံးပြုနေတဲ့ ဘတ်ထရီတွေနဲ့မတူညီတဲ့အားသာချက်ကတော့ ဝယ်ယူအသုံးပြုသူတွေအတွက် ပေးရတဲ့တန်ဖိုးထက်ကို တန်သွားပါပြီ။ ဘတ္ထရီနဲ့တင်တန်တယ်ဗျာ။

ရောင်းဈေး။ ၇၇၀၀၀၀/_ကျပ်

ဆက်သွယ်ရန်

---------------------

တောင်ဥက္ကလာပ ဘုရားမှတ်တိုင်အနီး

09422663406 (Viber)

09687078643

ညနေ နောက်တစ်စီးထပ်လာမည်။ bikke 20"

16/07/2026

စက်ဘီးရောင်းဝယ်ရေး GP ထဲက ဘော်ဒါတွေ ဒီအကောင့်ကို သတိထားကြနော် ကိုယ်တိုင်ရောင်းတာလည်း မဟုတ်သလို သူ့ wall ထဲမှာ တင်ထားတာတွေကလည်းပေါက်က‌ရတွေချည်းနဲ့ ဝယ်ရောင်းသမားဟန်ဆောင်ထားတာတွေလည်း တွေ့နေရတယ်။ ငါတို့ စက်ဘီးအမှန်အကန်ရောင်းတဲ့ အုပ်စုကို ဝင်ပြီးကုန်းတိုက်ပေးလိမ့်မယ် သတိလေးတော့ပြုကြပါ။ အားလုံးကဝယ်ဈေးမတူသလို ပစ္စည်းချင်းလည်း မတုကြတဲ့အတွက် ကိုယ်ကိုက်မည့်ဈေးနဲ့ကိုယ်ရောင်းနေကြရတာဖြစ်တယ် အခုဖော်ပြပါ အကောင့်က မန့်တွေထဲဝင်လာမန့်လျင်တော့ သတိထားကြပါ။

Hein Kyaw

Photos from Hein Kyaw's post 16/07/2026

Bridgestone Assista , Size 20"

ကိုယ်ထည်။ Bridgestone Assista

ဂွေအရွယ်အစား။ ၂၀ လက်မ

တာယာဆိုဒ်။ 20×1.75

မော်တာ။ ဒစ်ဂျစ်တယ်လ် green cool

နောက်ဘီးဂီယာ။ ၃ ချက်

ဘတ္ထရီ။ 24 V 8.7ah

လီဘာ။ ဒစ်ဂျစ်တယ်လ်

ပါဝင်ပစ္စည်းများ။ လီဘာမိုးကာအုပ်၊ အနောက်.

ထိုင်ခုံဆိုဖာ၊ ခြေတင်၊ ခြင်း၊ မီး၊ ဟွန်း၊ အနောက်မီး၊ 3 ah charger.

Bridgestone လက်မ ၂၀ ရဲ့ထူးခြားချက်မှာ ယခင် စက်ဘီးတွေမှာထည့်ရောင်းနေကြ ဘတ္ထရီ 24 V 8.7ah ထက်ပိုမိုခရီးရောက်သည်။ (၇)မိုင် (၈)မိုင်ခရီးကို တစ်ယောက်စီး တောက်လျှောက်လီဘာဆွဲနိုင်သည်။

ဒီဘီးမှာ ဘတီထရီက အရမ်းကောင်းသွားတော့ ရောင်းရမှာတောင်နှမြောမိတယ် ဘတ္ထရီကို၊ ယခင်အသုံးပြုနေတဲ့ ဘတ်ထရီတွေနဲ့မတူညီတဲ့အားသာချက်ကတော့ ဝယ်ယူအသုံးပြုသူတွေအတွက် ပေးရတဲ့တန်ဖိုးထက်ကို တန်သွားပါပြီ။ ဘတ္ထရီနဲ့တင်တန်တယ်ဗျာ။

ရောင်းဈေး။ ၇၇၀၀၀၀/_ကျပ်

အာမခံယူလိုသူများအတွက်ရောင်းဈေးနှင့်သက်တမ်း

၃ လအာမခံ ၈၇၀၀၀၀/_ကျပ်

ကျွန်တော်ရောင်းသမျှပစ္စည်းတွေအားလုံးကအာမခံပေးပြီးရောင်းလို့ရပါတယ်။ ဒါပေမယ့် အာမခံအလုပ်ကြီးကို အာရုံနောက်သလို တစ်ယောက်ထဲဆင်နေရတာဖြစ်တဲ့အတွက် လူကအမြဲတမ်းအပြင်ရောက်ပစ္စည်းရှာနေတာများတဲ့အတွက်ကြောင့် အာမခံမပေးတာလည်းဖြစ်ပါတယ်။

ကျွန်တော့်ပစ္စည်းများကို ကျွန်တော်မှာသလို စနစ်တကျနဲ့သာအသုံးပြုပါက အခြားအာမခံသက်တွေထက်နှစ်ဆလောက်သာလွန်သုံးစွဲလို့ရပါတယ်။
အာမခံကြေးကိုမယူတာကလည်း ကိုယ်တိုင်စိတ်ကြိုက်လုပ်ပေးထားတဲ့ပစ္စည်းတွေဖြစ်ပြီး စိတ်ကြိုက်စမ်းပြီး ကျွန်တော်လိုချင်သော အရည်အသွေးရမှာသာ လိုင်းပေါ်တင်ရောင်းတာဖြစ်ပါတယ်။ (***အာမခံပေးလည်း ကျွန်တော့်ရဲ့ အသုံးပြုပုံသတ်မှတ်ချက် (၃)ချက်ကိုတော့ လိုက်နာရမည်သာဖြစ်ပါတယ်။ ထိုက်အချက်တွေကိုဖောက်ဖျက်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာများအတွက် အာမခံအကျုံးဝင်မည်မဟုတ်ပါ။

ဆက်သွယ်ရန်
---------------------

09422663406(Viber)

(Viber သို့သာလာရောက်ဆက်သွယ်စုံစမ်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အင်တာနက်လိုင်းများရဲ့ မကောင်းမှုကြောင့် အသစ်ဝင်လာသော messege များကို မတ်ဆင်ဂျာမှ တန်းကြည့်လို့မရသလို ချက်ခြင်းမမြင်ရ၍သာဖြစ်ပါတယ်။)

09687078643 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုက် ပါသည်။

တောင်ဥက္ကလာပဘုရားမှတ်တိုင်အနီး

မှတ်ချက်/

လိုင်းပေါ်ကနေတိုက်ရိုက်ပုံများကိုဆွဲကြည့်ပါက အင်တာနက်လိုင်းကြောင့် ပုံများကြည်လင်ပြတ်သားမည်မဟုတ်ပါ။ ဒါကြောင့် gallery ထဲမှတစ်ဆင့်ပြန်လည်ကြည့်ရှုပေးကြပါ

08/07/2026

“အဝယ်တချို့နဲ့ အဖြစ်အပျက်များ”

“ကလင် ကလင်..…........ "

တယ်လီဖုန်းမှအသံထွက်ပေါ်လာတဲ့အချိန် ဖုန်းကိုကောက်ကိုင်လိုက်ပြီး

“ဟလို ... ဟုတ်ကဲ့ပြောပါခင်ဗျာ"

“ဟို စက်ဘီးလေးအရောင်းတင်ထားတာတွေလို့ပါ"

“ဟုတ်ကဲ့ .....ဘယ်ဘီးလဲခင်ဗျ"

ဒီလိုဘယ်ဘီး ပြန်မေးရတာက တစ်ခါခါ စက်ဘီးနှစ်စီးသုံးစီးဆင့်တင်တတ်လို့ပြန်မေးရသလို တချို့တချို့ မသိသူတွေကတော့ ရှိသေးတယ်အထင်နဲ့ မေးကြလို့ အခုလို ကျွန်တော့်ဘက်ကပြန်မေးရခြင်းသာဖြစ်ပါတယ်။

“ဟုတ်ကဲ့ စက်ဘီးက ၂၆ ဆိုဒ်နော် "
“စတီးဂွေလား"

“ဟုတ်ပါတယ် ၂၆ အလွိုင်းဂွေပါ"
“စတီးဂွေ မဟုတ်ပါဘူးဗျာ”

“ပုံထဲကအတိုင်း ပစ္စည်းအစုံပါတာပေါ့နော်"

“ဟုတ်ကဲ့ အဲ့အတိုင်းအရာအရာမယွင်း အကုန်ပါပါတယ်ဗျ"

“ချာဂျာဗူးကရော ....ပါလားဗျ”

“ဟုတ် ပါပါတယ်....လီသီယမ်သီးသန့်ချာဂျာဗူးပါဗျ”

“ဈေးကဘယ်လောက်လဲဗျ"

“တင်ထားတဲ့ဈေးအတိုင်းပါပဲဗျ"

‌“အလျှော့အတင်းရှိလားဗျ”

“ဘတ္ထရီကရော အာမခံပါလားဗျ”

“ဟုတ်ကဲ့ ရောင်းတန်းအတိုင်းယူလည်း ဒီဘတ္ထရီပါပဲ အာမခံနဲ့ယူလဲ ဒီဘတ္ထရီပါပဲဗျ.... အာမခံ (၆)လယူမယ်ဆိုလျင် အာမခံကြေး တစ်သိန်းထပ်ပေါင်းပါတယ်ဗျ”

ဒီနေရာမှာပြောချင်တာက ပစ္စည်းရဲ့အရည်အသွေးကို ကျွန်တော်ရေးတင်ပေးထားတာကို သေချာဖတ်စေချင်တယ်။ တစ်ခါခါ 24V 8.7 ah ကို 24V 8ah ဆိုပြီးလည်း ရေးတင်တဲ့အခါရှိပါတယ်။ အာမခံပါရင် ဘာလို့ဈေးကြီးရသလဲဆိုလျင်

၁။ ကျွန်တော့်ပစ္စည်းတွေကို လူကြီးမင်းတို့လက်ထဲမှာ ဘတ္ထရီကို တစ်နှစ်ကျော် တစ်နှစ်နဲ့ခြောက်လလောက်ထိ အပြီးစလွယ်ဂရုမစိုက်သုံးတတ်မှုကိုရည်ရွယ်ပြိး ပစ္စည်းကိုအရည်အသွေးကောင်းစိတ်ချရတဲ့ ဂျပန် orginal ဘတ်ထရီအိုးတွေကို မရရ ရအောင်လိုက်ရှာပြီး ထည့်ရောင်းပေးထားတာဖြစ်လို့ အာမခံ လိုချင်လျင် အာမခံကြေးပြန်ပေါင်းရတာပဲဖြစ်တယ်။

၂။ လက်ရှိရောင်းတန်းဈေးက သူများအောက်မှာပဲရှိပါတယ်။ ကျွန်တော့်ရောင်းဈေးတွေကို ကျန်ဈေးတန်းတွေနဲ့ အရင်လိုက်ယှဉ်ကြည့်ပါ။ အာမခံတောင်းတဲ့အခါ အာမခံကြေးဘာလို့ပေါင်းရသလဲဆိုလျင် လီသီယမ်ဘတ္ထရီတွေမှာ သုံးပုံသုံးနည်း အဓိက အချက် (၃) ချက်ရှိပါတယ်။ ဒါကို လိုက်နာပြီး ဝယ်သူဘက်ကသုံးခဲ့လျှင် ‌ဝယ်သူဘက်က စိတ်ချမ်းသာစွာသုံးမှာဖြစ်သလို အာမခံပါတယ် ဖြစ်သလိုစီးမယ်ဆိုလို့ကတော့ ဘယ်ပစ္စည်းမှ တာရှည်မခံပါဘူး။ အဲ့ဒီလိုအခါ ကျွန်တော့်ဘက်ကနေ အာမခံကြေးထပ်ပေါင်းတဲ့အပြင် ဘတ္ထရီအာမခံအတွက် အချက် (၃) ချက်နဲ့ ထပ်မံကန့်သတ်ပြီး ထိုအချက်သုံးချက်ကို ဖောက်ဖျက်ခဲ့ပြီး ဘတ္ထရီပျက်ဆီးခဲ့လျင်တော့ အာမခံ ပျက်ပြယ်မည်ဆိုတာပါ ထည့်ပြောလာပါမည်။

၃။ အာမခံပေးလျင် လူတွေက ပေါ့ပေါ့ဆဆနဲ့အသုံးပြုကြတာများပါတယ်။ ကျွန်တော့်ပစ္စည်းတွေမှာ အာမခံမပါပေမယ့် ပစ္စည်းကို အာမ‌ခံပေးသလို ရောင်းချထားပြီး ဈေးနှုန်းကိုလည်း သင့်တင့်ရုံသာ ရောင်းချပေးထားပါတယ်။

၄။ နောက်တစ်ခု အာမခံပေးရောင်းတဲ့အလုပ်က အာရုံနောက်တယ်ဗျ။ ကျွန်တော်တို့ကလည်း ဘတ္ထရီ ဘာအကြောင်းကြောင့်ပျက်စေ မိမိထည့်ပေးလိုက်တဲ့ ဘတ်ထရီကို ဖွင့်ကြည့်စစ်ဆေးလိုက်တာနဲ့ ဘတ္ထရီတစ်လုံးက ပြောသလို မလိုက်နာပဲသုံးထားတာလား cell တွေကြောင့်ဖြစ်တာလား ဘာကြောင့်ဖြစ်ရသလဲဆိုတာ တန်းသိတယ်ဗျ။ ဒီလိုအခါ ဝယ်သူဘက်ကနေ ဖင်ပိတ်ငြင်းပြောလာတဲ့အခါ အမှန်ကိုမပြောတဲ့အခါ ရောင်းသူနဲ့ မလိုအပ်ပဲစကားတွေများလာကြရပါတယ်။

၅။ နောက်တစ်ခုက စက်ဘီးမှာထည့်ပေးလိုက်တဲ့ ဘတ္ထရီက တစ်ယောက်စီး အခြေအနေ ခရီးအကွာအဝေးကို စမ်းသပ်စီးနင်းတွက်ချက်ပြီးမှ ထည့်ပေးလိုက်တဲ့အတွက် တစ်ယောက်စီးခရီးအကွာအဝေး ဘယ်လိုစီးလျင် ဘယ်လောက်ရောက်တယ် ဆိုတာပါထည့်ရေးပေးထားတာပဲဖြစ်တယ်။ ဒါကိုတချို့ ဝယ်သူများက နှစ်ယောက်စီးပြီး ပြောသလိုမရောက်ဘူးဆိုတာတွေလည်း ရှိပါတယ်၊ ဒါမျိုးပြောလာသူ အင်မတန်မှနည်းပါတယ်။ ဘတ္ထရီဘီးဆိုတာ လျှပ်စစ်စနစ်နဲ့အလုပ်လုပ်တဲ့ပစ္စည်းဖြစ်လို့ ဝန်များရင် များသလို မီးအားကုန်မှာပဲဖြစ်ပါတယ်။

၆။ အာမခံပေးရောင်းလို့ရတာပေါ့ဗျာ။ ကျွန်တော့်အတွက် အလွတ်ကြီး တစ်သိန်းကြီးများတောင် စားရမှာ ဘယ်သူမလုပ်ပဲနေပါ့မလဲလေ။ အခုချိန်မှာ တစ်သိန်းဆိုတာ ရှာလို့လွယ်တာမဟုတ်ဘူးလေ။ အလွယ်လေးရတာပေါ့။ ဘာဖြစ်လည်း အဲ့ဒီတစ်သိန်း ဘီယာဆိုင်မှာ ဖင်ယပ်ခပ်ပြီး သွားသုံးဖို့ပဲရှိတော့တာပေါ့ဗျာ။ (ဒါပေမယ့် အဲလို သူများဆီကနေလည်း အလွတ်ကြီး ပိုမယူချင်သလို အဲ့လိုယူပြီးလျှင်လည်း ကိုယ်ကပစ္စည်းကောင်းကောင်းသုံးပေးထားပြီးဖြစ်တဲ့အတွက် ဝယ်သူဆီကတစ်သိန်းအာမခံကြေးကိုလည်း ယူဖို့ လိပ်ပြာမလုံတော့ဘူးဗျ) ဒါကကျွန်တော့်ရဲ့စိတ်ရင်း။ ဆိုင်ကြီး‌တွေမှာ ဈေးမြင့်မယ်၊ အာမခံပါမယ်၊ ဆိုင်ကြီးတွေကလည်း သူ့မှာဝန်ထမ်းအင်အားနဲ့ အခြားစရိတ်ပေါင်းမြောက်မြားစွာအတွက် သူလည်း သူကာနိုင်တဲ့ဈေးနဲ့ရောင်းမှာပဲဖြစ်တယ်။ ဒီလိုပဲ ကျွန်တော်တို့လို တစ်ကိုယ်တော် ဝါသနာကိုအရင်းခံ စေတနာပါပါနဲ့ ဆင်ရောင်းသူတွေကလည်း ကိုယ်နိုင်သလို နိုင်သလောက်ဈေးနဲ့ အသင့်အတင့်ရောင်းမှာပဲဖြစ်တယ်လေ။ တစ်ကိုယ်တော်ရောင်းချမှုက ဘာအခွန်အခမှမပေးရသလို ဝန်းထမ်းများအတွက်လည်း ကုန်ကျစရိတ်မရှိဘူးလေ။

၇။ နောက်တစ်ခု ဝယ်သူဘက်က မလာရသေးဘူး ဖုန်းဆက်မေးတုန်းနဲ့တင် လျှော့ဦးမလားမေးတယ်။ ကျွန်တော်က လျှော့ပေးလိုက်ပြန်တဲ့အခါ ဖုန်းထဲကနေ မဖြစ်နိုင်တဲ့ဈေးတွေနဲ့ ဆစ်ကြတယ်။ အဲ့လိုတွေကြောင့် ဖုန်းထဲမှာ ဘယ်လိုဈေးဆစ်ဆစ် တစ်ကျပ်မှကို မလျှော့ပဲဘူးလို့အမြဲပြောတယ်။

တကယ်သိချင်လား Viber ကနေ လာမေးကြပါ။ Cb ကနေလည်း လိုင်းကောင်းရင်ကောင်းသလိုပြန်ဖြေပေးတယ်။ သိလိုတဲ့အချက်တင်မကပဲ နောက်ဆုံး ကျွန်တော်အမြဲပြောပြောနေတဲ့ လာဝယ်သူတိုင်းသိတဲ့ စကားတစ်ခွန်းရှိပါတယ် အဲ့ဒါကတော့ ဝယ်သူက ကျွန်တော်ဆီမှာ ဝယ်ယူသည်ဖြစ်စေ မဝယ်ယူသည်ဖြစ်စေ ကျွန်တော့်ဘက်ကနေ အချက်ကျကျ မသိနားမလည်သူကို နားလည်သည်အထိ လက်ညောင်းခံ အချိန်ကုန်ခံပြီး စိတ်ရှည်ရှည်နဲ့ရှင်းပြပေးပါတယ်။ တခြားသူတွေလို တိတိကျကျမေး မဝယ်လို့ စိတ်ဆိုးဒေါသထွက်တဲ့အထဲမှာမပါဘူးဗျ။ ကျွန်တော်ရှင်းပြလိုက်လို့ နားလည်သွားပြီး တခြားဆိုင်မှာသွားဝယ်တဲ့အခါ မိမိကပစ္သည်းအကြောင်းကို သိထားပြီဆိုလျင် တော်ရုံ ပစ္စည်းကိုအရည်အသွေးမပြည့်ထည့်ရောင်းတဲ့ ဆိုင်မျိုးတောင် ခင်ဗျားတို့ကို မညာရဲတော့ဘူးလေ။

စက်ဘီးအကြောင်း ဘတ္ထရီအကြောင်း သိလိုချင် အားမနာတမ်းမေးကြပါ။ ကျွန်တော်ဗဟုသုတမျှဝေပေးတဲ့ပို့စ်အောက်တွေမှာလည်း တချို့ကသူတို့သိလိုတာတွေကို မေးထားကြလို့ အချိန်အားတဲ့အခါ အမြဲတမ်း reply ပြန်ပြီး ဖြေကြားပေးနေတာပဲဖြစ်ပါတယ်။

***တစ်ခုပဲစိတ်ဆိုးတာက ပစ္စည်းကိုလာမကြည့်ရသေးပဲ ဖုန်းထဲကနေ ဘယ်လောက်လျှော့ပေးမလဲဆိုတာက တန်းမေးတာကိုပဲဗျ။***

မဝယ်ဖြစ်လဲ လာခဲ့ပါ ပစ္စည်းကိုအကြိုက်စမ်းကြည့်ပါ မိတ်ဆွေတို့ အဆင်ပြေ စိတ်ကြိုက်ရမှ ဝယ်ယူပါ။ မဝယ်ဘဲပြန်သွားလဲ ကျွန်တော်စိတ်မဆိုးသလို ကျွန်တော့်ဆီရောက်လာပြီး မဖြစ်မနေဝယ်ရမယ်ဆိုပြီးလည်း အတင်းအကြပ်လုပ်မရောင်းဘူးဗျ။ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိတယ်။ ရွေးခြယ်ပိုင်ခွင့်ရှိတယ်လေ။ မိတ်ဆွေတို့ မဝယ်ပဲပြန်သွားတဲ့အခါ ကျွန်တော့်ပစ္စည်းမှာ ဘာဖြစ်နေလို့လဲ ဘာအားနည်းချက်ပြနေသလဲဆိုတာ အမြဲပြန်စစ်တယ်။ အားနည်းချက်မရှိဘူးဆိုလျင်တော့ ဒီအတိုင်းပဲဆက်ရောင်းတယ်။

“ အော်သူတို့ မကြိုက်လို့ မဝယ်တာပဲဆိုပြီး ကိုယ့်စိတ်နဲ့အမျှနှိုင်းဆနားလည်ပေးထားတယ်"

ဒါကတော့ ကျွန်တော်လည်းအတူတူပဲဗျ။ ကိုယ်လိုချင်တဲ့ပစ္စည်း အကြိုက်မတွေ့လျှင်တော့ ဘယ်လောက်ပဲဈေးတော်နေနေ မဝယ်ဘူးဗျ။

နောက်တစ်ခု ဈေးကြီးတဲ့စက်ဘီးများကို ကျွန်နော်ဆင်မရောင်းပါ။ ဈေးမြင့်သလို ရောင်းရတာလည်း အချိန်ကြာငွေမြုပ်လို့ပါ။ ဈေးကြီးပစ္စည်းကောင်းလိုချင်သူတွေကို စက်ဘီးတစ်စီးစာ စရံယူပြီးမှသာ ဝယ်သူကိုစိတ်ကြိုက်ဆင်ပေးလေ့ရှိပါတယ်။ အကြောင်းကတော့ စရံလေး လေးငါးသောင်းလောက်ပေးပြီး ဟိုဟာမပါ ဒီဟာမပါလို့ ထည့်ပေးပါဦးဆိုတာက ထည့်ခိုင်းတဲ့ပစ္စည်းရဲ့တန်ဖိုးလက်ခပါ ထပ်မံကုန်မှုကိုတော့ ထည့်မတွက်ကြပဲ သူတို့လိုချင်တာ ထည့်ခိုင်းပြီး ဈေးပိုမယ်ဆိုတော့ အင်တင်တင်ဖြစ်သွားကြပြီး စရံလေးငါးသောင်းပေးပြီး အဲ့လိုလုပ်တဲ့လူမျိုးတွေ‌က ပညာပေးခဲ့ကြလွန်းလို့ စရံပြန်အမ်းပြီးကို မရောင်းတော့ပဲမောင်းထုတ်ခဲ့တဲ့ လူဦးရေကလည်း မနည်းတော့ဘူးဗျ။

ဒါကြောင့် ပစ္စည်းကောင်းကောင်းကို အော်ဒါမှာတဲ့သူရှိလာလျှင် စက်ဘီးတစ်စီးစာ ပိုက်ဆံလက်ထဲရောက်မှ မိမိစိတ်ကြိုက် စက်ဘီးကိုရှာပြီးဆင်ပေးတာဖြစ်သလို ဝယ်ယူသူဘက်ကိုလည်း အရောင်ကိုယူမှာလား စက်ဘီးတစ်စီးလုံးကောင်းတာကိုယူမှာလားဆိုတာကို မေးလေ့ရှိပါတယ်။ အရောင်ကိုရွေးလို့ စက်ဘီးအပေါ်မှာ ဖြစ်ပေါ်လာမည့် နောက်ထပ်ကုန်ကျစရိတ်တွေကို ဝယ်ယူသဘက်ကနေ ထပ်မံကုန်ကျခံရမှာပဲဖြစ်တယ်။ ကျွန်တော်ပြောထားတဲ့ ခန့်မှန်းကုန်ကျမှုစရိတ်ထက် မလိုအပ်ပဲ အပိုထပ်ကုန်မှာပဲဖြစ်တယ်။

လိုင်းပေါ်ကနေ ဒီလို စက်ဘီးတစ်စီးစာပေးရလို့ ရင်ခုန်ရသူတွေအတွက် သူတို့ရင်ခုန်တာကလဲမမှားပါဘူးဗျာ။ အခုကလိုင်းပေါ်မှာ လိမ်ညာသူတွေကလည်းများနေကြတာကိုး။ အော်ဒါဆင်ချင်သူတွေ ကျွန်တော့်နေရာကိုရောက်အောင်လာခဲ့ကြပါ ပြီးမှ မိမိဘာသာလုပ်ချင် မလုပ်ချင် ဆုံးဖြတ်ပါ။ အော်ဒါဆင်ခိုင်းတဲ့ စက်ဘီးတစ်စီးကိုတော့ ကြာချိန် လေးငါးရက်ပေးရပါမယ်။ မြန်လျင်သုံးရက်အချိန်ပေးရပါမယ်။ အဲ့ဒီကြာချိန်ကို နေ့စားခနဲ့ပြန်တွက်လျှင်တောင် ကျွန်တော်ရတဲ့အမြတ်ငွေက အရှုံးဘက်ရောက်သွားပါတယ်။ ဘာဖြစ်လို့ကြာရသလဲဆိုတော့ မိမိကို ယုံကြည်လို့ မျက်လုံးစုံမှိတ်ပြီး ယုံကြည်စွာ လာရောက်အားပေးတဲ့သူတွေကို စက်ဘီးကိုသူတို့လက်ထဲရောက်တာနဲ့ သူတို့ရဲ့မျက်နှာပေါ်ကအပြုံးတွေကိုမြင်ချင်လို့ပဲဖြစ်တယ်။ ဝါသနာကိုအဓိကထားပြီး စေတနာထည့်လုပ်ဆောင်ပေးသလို ကျွန်တော့်ပစ္စည်းတွေကို ဘယ်အသံတစ်ခုမှ မထွက်မကြားရအောင်သာ ရောင်းတန်းဘီးရော အော်ဒါဆင်ပေးတဲ့ဘီးတိုင်းကို ကျွန်တော်ကိုယ်တိုင်အနုစိတ်လိုက်စစ် လုပ်ပေးတာပဲဖြစ်တယ်။ အမြတ်ကိုနေ့တွက်နဲ့ပြန်ကြည့်လျှင်တော့ ရှုံးတာပေါ့ဗျာ။ ဒါပေမယ့် ဝယ်ယူသွားသူတွေရဲ့မျက်နှာပေါ်ကအပြုံးက ကျွန်တော့်အတွက် ပိုက်ဆံအရှုံးကို အပြုံးနဲ့အမြတ်ပြန်ယူတာပဲဖြစ်တယ်လေ။

ဈေးပေါပေါနဲ့‌လည်း ရောင်းလို့ရတယ်နော်။ မလုပ်ချင်လို့ အာမခံမပါတော့လည်း ဖြစ်သလိုရောင်းလို့ရတယ် ကျွန်တော်ရောင်းတဲ့နေရာကနေ စက်ဘီးကိုဝယ်ယူသွားတာနဲ့ ကျွန်တော်နဲ့ ဘာမှမပတ်သက်တော့ဘူးလေ။ လှည့်ကြည့်စရာမလို‌ဘူးပေါ့ဗျာ။ အဲ့လိုလုပ်ပြီး လူတိုင်းရဲ့ ဝယ်ယူသူတွေရဲ့ပိုက်ဆံကိုလိမ်မစားချင်လို့ ပစ္စည်းကိုအမှန်အကန်ထည့်ပြီး ဈေးကိုအသင့်အတင့်နဲ့သာရောင်းပေးနေတာပဲဖြစ်တယ်။ အမြတ်က လုပ်အားခနဲ့ ခရီးစရိတ်ပဲပြန်ယူထားတာပဲဖြစ်တယ်။

နောက်ဆုံးပြောလိုတာက ကျွန်တော့်ကိုဖုန်းထဲကနေဈေးမဆစ်ကြပါနဲ့ ဈေးဆစ်ပြီးလည်း ဆစ်ပြီးသူတိုင်း တော်တော်များများလာမဝယ်ကြပါဘူး။ လူတိုင်းရဲ့စိတ်ထဲမှာ ဈေးသက်သာပြီး လေးငါးလသုံးရပြီးရောဆိုတဲ့စိတ်နဲ့ ဝယ်ကြတာများပါတယ်။ လေးငါးလသုံးပြီး ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲပြဿနာတွေအတွက် ပြန်လည်ပြုပြင်စရိတ်နဲ့ မိတ်ဆွေတို့ပေးဆပ်လိုက်ရတဲ့အချိန်တွေရဲ့တန်ဖိုးကတော့ ဈေးသင့်ပြီး လှည့်မကြည့်ရတဲ့ပစ္စည်းတန်ဖိုးတွေထက် ပိုမိုကုန်ကျသွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေများအတွက် ရေရှည်တွေးပြီး ပစ္စည်းရေရှည်ခံတာကိုပဲ ထည့်ရောင်းပေးတာပဲဖြစ်တယ်။

သိလိုသမျှကိုဖုန်းဖြင့်ဖြစ်စေ၊ Viber ကဖြစ်စေ သိလိုသမမျှကိုမေးမြန်းနိုင်ပါ။ ပါးစပ်အမြုပ်ထွက်လက်ညောင်းခံပြီးရှင်းပြပါတယ်။ ကိုယ့်ဆီမဝယ်ပဲပြန်ထွက်သွားသူကိုလည်း စိတ်မဆိုး မကောင်းစိတ်မထားတဲ့ဈေးသည်ပါဗျာ။ ဖုန်းထဲကနေတော့ ဈေးမဆစ်ကြပါနဲ့ဗျာ။ မေးပြီးကိုယ်တိုင်လာခဲ့ ကြိုက်ရင်ပြော ကျွန်တော်နိုင်သလောက် လုပ်ပေးမယ်။ ကတိအတိုင်းသာလာ မတရားကြီးတော့မရဘူးပေါ့ဗျာ အမြတ်ကအများကြီးမတင်ထားပဲ လုပ်အားခနဲ့ လမ်းစရိတ်ပဲ ပြန်ယူထားလို့သာဖြစ်တယ်။

မိသင်္ဂဟအပေါင်း ကျန်းမာချမ်းသာကြပါစေ

Hein Kyaw( smile Fact)

Photos from Hein Kyaw's post 06/07/2026

ဂျ့ပန်တွေကတော့ လုပ်ချလိုက်ပြန်ပြီ။ lithium battery ပြီးတော့ သူ့ထက်အဆင့်မြင့်ပြီး မီးမလောင်နိုင်တဲ့ solid tape battery တွေကို တီထွင်နေပြီး Toyota ကုမ္ပဏီကနေ စတင်ထုတ်လုပ်နေပြီ။ ဆယ်မိနစ်အတွင်း မီးအားကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်းအထိအပြည့်သွင်းပေးပြီး ကီလို ၇၅၀ အထိမောင်းလို့ရတဲ့ကားတွေ ၂၀၂၇ အကျော်မှာထုတ်လာဖွယ်ရှိသလို တရုတ်ကြီးကလည်း အမီလိုက်နေကြောင်းသိရပါတယ်။ အာရှနိုင်ငံတွေထဲက battery ပြိုင်ဆိုင်ထုတ်လုပ်မှုကြီးကလည်း စိတ်ဝင်စားဖို့ကောင်းလာပြီ။ Solid tape battery က သူ့နဂိုအပူချိန်မရှိပဲ အမြဲအေးမြနေတဲ့ ဘတ္ထရီဖြစ်တာကြောင့် မီးလောင်ခြင်းဘေးမှကင်းဝေးတယ်လို့ဆိုပါတယ်။ ဂျပန်နဲ့တရုတ် EV Car ဈေးကွက်ကတော့ လှပြီ

Hein Kyaw

06/07/2026

အကောင့်ကို မန့်ရှင်း မခေါ်ကြပါနဲ့ဗျာ။ မန့်ရှင်းခေါ်တဲ့အကောင့် အကုန် block မည်။ အာရုံနောက်တယ်။ ကိုယ့်ဘာသာရောင်းကြပါလားဗျာ။ ကိုယ့်စီးပွားကိုယ်လုပ်တာ ကိုယ့်အားကိုယ်ကိုးကြပေါ့ဗျာ။

Hein Kyaw

06/07/2026

ဒါကတော့ နောက်ဆွဲ spider ပင်နယံအုံလေးပါ။

မသိသူများအတွက်သာ ရေးတင်ပေးလိုက်ပါတယ်။

အလယ်ကအပေါက်အသေးလေးက မိန်းရှပ်ပါ။ မိန်းရှပ်ကို သံလိုက်ညှို့အားနဲ့လည်ခြင်းသာဖြစ်ပါတယ်။ မော်တာကွိုင်ကို မီးပို့ပြီး ကွိုင်ကလျှပ်စစ်စီးအားနဲ့ သံလိုက်ကို ပြန်ညှို့ပြီး သုံးမြှောင့် ပင်နယံကိုအလုပ်လုပ်စေကာ စက်ဘီးတစ်ဂွေလုံးကို လည်ပတ်မောင်းနှင်တဲ့စနစ်ပါ။ free coil, Free motor နဲ့ ပုံစံအတူတူသာဖြစ်ပြီး ပင်နယံ type နှင့် သံလိုက်အား သာကွာခြားသွားပါတယ်။ Free လုံးများမှာ မော်တာကွိုင်ပိုကြီးသွားသလို သံလိုက်အားလည်းပိုကြီးကာ လျှပ်စစ်ညှို့အားဖြင့် မော်တာမိန်းရှပ်ကို တိုက်ရိုက်လည်စေခဲ့ပါတယ်။

ဂျပန်မော်တာအများစုမှာတော့ ပင်နယံဖြင့်တစ်ဆင့်ခံ လည်ပတ်စေပါတယ်။ နောက်ဆွဲမော်တာများမှာ စထွက်ထွက်ခြင်းမှာ ညည်းသံတစ်ချက်ရှိပါတယ်။ ၎င်းညည်းသံများမှာ ကွိုင်ကလေ သံလိုက်ကို ညှို့ပြီး မိန်းရှပ်ကိုလည်စေသော လျှပ်စစ်စက်ကွင်းညှို့သံသာဖြစ်ပါတယ်။ free လုံစတွေမှာလည်း မော်တာကြာလာတာနှင့်အမျှ ၎င်းးညည်းသံများမှာ ပိုကျယ်လာပါတယ်။ ဂျပန်မော်တာများမှာတော့ ထိုသို့မရှိပဲ ဘယ်လောက်ကြာကြာ အသံက မူလအတိုင်းသာတည်ရှိနေပါတယ်။

Free လုံးမော်တာများကတော့ high way စီး အမြန်မောင်းချင်သူများအတွက် မရပ်မနား ဆက်တိုက်မောင်းနှင်နိုင်ပြီး ပင်နယံ type စက်ဘီးများမှာတော့ high way စီးလျှင် မော်တာကို သက်သက်သာသာ အလုပ်လုပ်ပေးနိုင်ဖို့ လူကကူပြီး နင်းဆွဲဆွဲပေးတာက အကောင်းဆုံးသာဖြစ်ပါတယ်။

ပင်နယံ type ဘီးများမှာ ပလပ်စတစ်အထူးပြုကော်ဖြင့်ပြုလုပ်ထားပြီး စက်ဘီးတစ်စီး အမြန်မောင်းနှင်တဲ့အခါ ပင်နယံများ တစ်ခုနှင့်တစ်ခုကြိတ်တဲ့ အကြိမ်ရေများလာတဲ့အခါ ပင်နယံအသွားများမှာ အပူရှိန်ဖြင့် ပျက်စီးစေပါတယ်။

High Way ခရီးဆိုသည်မှာ မိုင် ၅၀ ခရီးကို မရပ်မနားပဲ ဆက်တိုက်မောင်းနှင်မှုမျိုးသာဆျုလိုပါတယ်။ ဒါဟာ တကယ့်မော်တာဘီးဆရာကြီးတွေရဲ့ စမ်းသပ်ထားတဲ့ ရလဒ်တစ်ခုသာဖြစ်ပါတယ်။

မြို့တွင်းကတော့ ကြိုက်သလိုစီးပေါ့လေ။ တောက်လျှောက်မောင်းလို့မရတဲ့အတွက် ပင်နယံက နားနားပြီးအလုပ်လုပ်ရသလို မြို့တွငိးအသု့းပြုမှုမှာ ပင်နယံကို ပျက်စီးစေသော အပူရှိန် မရှိလို့သာဖြစ်ပါတယ်။

Photo Crd

By Hein Kyaw

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
PUBLIC