Sri Gaia
Crystals, Gemstone, Spirituality, Healing
02/03/2024
ကမာပုလဲ အရည်အသွေးကောင်းလေးတွေရပါမယ်ရှင်။
အသေးဆုံးဆိုဒ် ၂၀၀၀၀ကျော်ကျော်လေးကနေ အကြီးဆုံးအကိတ်ဆုံးဆိုဒ် ၉၀၀၀၀ကျပ် ဝန်းကျင်အထိဈေးတွေနဲ့ ရပါမယ်။
တပုံချင်းရိုက်ပြီး ထပ်တင်ပေးမယ်နော်။
ကမာပုလဲ အကြီးဆုံးတကုံးတော့ရှိထားသင့်တယ်နော်။ promotion ကာလ သီးသန့်မထားတော့ပဲနဲ့ အားလုံးကို ချစ်ခင်စွာနဲ့ ပုလဲအရည်သွေးကောင်း၊ ကမာအရည်အသွေးကောင်းတွေကို အတန်ဆုံးဈေးတွေနဲ့ရောင်းသွားမှာမို့ အမြန်ဆုံးလာလိုက်တော့နော်။
05/02/2024
သလင်းအကြည် ငွေမျှင်အောင်းဝင်လုံးလုံးလေးကို ငွေထည်လေး ခတ်ထားပါတယ်။
လက်တိုင်း 17ပါ။
တန်ဖိုး 100,000 ကျပ်ပါရှင်။
ခရီးတခုထွက်ေနတာမို့ စာပြန်နောက်ကျတာတွေရှိခဲ့ရင်လည်း နားလည်ပေးကြဖို့ကြိုတင်တောင်းပန်ထားပါရစေနော်။ အော်ဒါများကို 10ရက်နေ့ နောက်ပိုင်းမှာ ပို့ဆောင်ပေးပါရစေရှင်။
04/02/2024
Topaz star အစင်အသန့်လေးကို ငွေပန်းထိမ်လက်ရာကြွကြွလေးနဲ့ဝတ်ဆင်ကြည့်ပါ။ ထည်ထည်လေးနဲ့လှပါသေသပ်လို့နေပါတယ်။
ခြောက်ထောင့်ကြယ်လေးက spiritual meaning တွေအများကြီးနဲ့ ရုပ်လွန်သိပ္ပံနယ်ထဲထိ ချိတ်ဆက်နိုင်တဲ့ sacred geometry အရ အခြေခံကျပြီး ရှေးဟောင်း ကဗ္ဗလာပညာရပ်ကြီးမှာ ကွယ်ဝှက်ထားကာ အာကာသဆိုင်ရာ နက္ခတ်ဆိုင်ရာတွေမှာလည်း အခြေခံကျနေတဲ့ အရာပါ။ ဘာသာမျိုးစုံရဲ့ လျို့ဝှက်ထားသော အသိပညာတွေကို ဒီထဲမှာ မြင်ရနိုင်တယ်ဆိုကြပါတယ်။ ရိုးရှင်းတယ်ထင်ရပေမယ့် နက်နဲဆန်းကြယ်မှုတွေအပြည့်နဲ့ပါ။ မိမိတို့အနေနဲ့ ဒီကြယ်ကြီးကို ဆောင်ယူဝတ်ဆင်ခြင်းဖြင့် မိမိရဲ့ တိမ်မြှုပ်နေတဲ့ အရာတွေကို ဖော်ဆောင်နိုင်သလို ဓာတ်ကြီးငါးပါးနဲ့ ချိတ်ဆက်ပြီး မိမိရဲ့ အလိုရှိရာတွေကြံစည်ဆောင်ရွက်ရမှာလည်း သုံးနိုင်ပါတယ်။ အခြားသော ကောင်းကျိုးတွေနဲ့ ဆန်းကြယ်မှုတွေလည်း အများကြီးရှိပါသေးတယ်။
တန်ဖိုး 120,000 ကျပ်ဖြင့် 15-2-2024ရက်ေန့အထိဝယ်ယူနိုင်ပါပြီ။ လက်တိုင်း 17 ပါ။
ဒီရက်ပိုင်း ဖုန်းလိုင်းမမိတဲ့နေရာ ရောက်နေမှာမို့ အော်ဒါများ ဖေဖော်ဝါရီလ 10ရက်နေ့ နောက်ပိုင်းမှ ပို့ဆောင်ပေးပါရစေရှင်။
925 ring လေးတွေ မှာမယ့်သူတွေကြည့်လို့ရအောင်ရိုက်တင်ပါရစေနော်။
13,14 ဆိုဒ်၊ 15ဆိုဒ်၊ 17ဆိုဒ်လေးတွေပဲ ရှိတာမို့ ဆိုဒ်လေးရွေး၊ အရောင် (white, pink gold) ကြိုက်ရာလာရွေးတော့နော်။
တကွင်းမှ 60000တောင်မရှိတဲ့ မုန့်ဖိုးသာသာလေးပါ။ အထည်ခတ်ရင် ဒီဈေးမရသလို အများကြီးလည်းမရှိတော့လို့ အကုန်ယူချင်လည်းရပါတယ်ရှင်။ အရောင်မှိန်ခြင်း မဲခြင်းမရှိပဲ တခါတည်း coating ပါပြီးသားပါ။ ဝတ်ထားတာဆို နှစ်ချီနေတာတောင် တဖြတ်ဖြတ်နဲ့ မြင်တဲ့သူတိုင်း ကြိုက်ကြလို့ ရောက်ကုန်ထဲက တခုပါ။
22/01/2024
ရတနာကြိုးလေးတွေ အစုံဝယ်ယူရရှိနိုင်ပါပြီ။ နေ့စဉ်ပဲဝတ်ဝတ် လိုက်ဖက်တဲ့ အဆင်အပြင်လေးတွေမှာဝတ်ဆင်ဖို့ပဲဖြစ်ဖြစ် ကျော့ရှင်းတင့်တယ်နေမှာဖြစ်ပါတယ်။
Spinel ရောင်စုံ တကြိုးချင်း 13,000ကျပ်၊
3ကုံးတွဲ 39,000 ကျပ်နဲ့ ၃ကုံးတွဲ တစုံ 54,000 ကျပ်၊ ကျောက်ရောင်စုံကြိုး ငါးကြိုးတစုံစာ 170,000 ကျပ်၊ သုံးကြိုးတစုံစာ 95,000 ကျပ်နဲ့ရရှိနိုင်ပါတယ်။
20/01/2024
မိနစ်ပိုင်းအတွင်း အားပေးသွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
Fire opal တွေကို ချစ်ခင်နှစ်သက်မှု၊ passion, တီထွင်ဖန်တီးမှု၊ စွမ်းအင်တိုးတက်ဖို့စတာတွေအတွက် အသုံးပြုကြသလို မိမိရဲ့ ဆန္ဒတွေဖော်ပြဖို့၊ လွတ်လပ်ခြင်းတွေ၊ မကောင်းတဲ့ အတိတ်တွေကို ကျော်လွားဖိုရာ လွှမ်းမိုးနေတဲ့မကောင်းသော ပိတ်ဆို့နေမှုတွေကို ရှင်းလင်းရာမှာလည်းသုံးကြပါတယ်။
သူ့ရဲ့ အလှတရားက မိမိတို့ရဲ့ အတွင်းက ပြင်းပြတဲ့ စိတ်ဆန္ဒ၊ တီထွင်မှုတွေကို ဖော်ထုတ်ရာမှာအားပေးနေပါတယ်။ မီးဓာတ်ကို အားပေးတာမို့ စိတ်ဆန္ဒတွေ လျော့နည်းတာ၊ ယုံကြည်မှုနည်းတာ၊ အတိတ်က စိတ်ပျက်အားငယ်စရာတွေကနေ မလွန်မြောက်နိုင်သေးတာတွေအတွက်လည်း သုံးနိုင်ပါတယ်။
root chakra, sacral chakra balancing အတွက် သုံးနိုင်သလို အဆိုပါ chakra တွေရဲ့ လုပ်ငန်းဆောင်တာတွေ လည်ပတ်စီးဆင်းမှုအတွက်လည်း သုံးနိုင်ပါသေးတယ်၊ အသက်ဇီဝဓာတ်နဲ့ မိမိရဲ့ အစောင့်အရှောက်တွေ၊ ဓာတ်ကြီးငါးပါးနဲ့ ချိတ်ဆက်စွမ်းအင်ယူခြင်းတွေ၊ မီးနဲ့ပတ်သက်တဲ့ ဆောင်ရွက်ဖွယ်ရာ ဓလေ့အခမ်းအနားတွေမှာလည်း မပါမဖြစ်သုံးကြတဲ့ကျောက်တမျိုးလည်းဖြစ်ပါတယ်။
လက်ရာကောင်း သန့်တဲ့ opal လေးနှစ်ခုကို တင်ပေးလိုက်ပါတယ်။ အဆောင်အဖြစ် သုံးလိုသူများအတွက် သင့်တော်ပါတယ်။ ဆိုဒ်သေးလေးမို့ choker လေးတွေနဲ့လည်း ဝတ်လို့လှပါတယ်။
30000 ကျော်ဝန်းကျင်စီနဲ့ နှစ်ခုသာရှိပါတယ်။
20/01/2024
ပတ္တမြားအကာ ၅ကုံးတွဲကြိုးလေးသီးသန့်
150,000 ကျပ် ကို 140,000 ကျပ်နဲ့လကုန်အထိရနိုင်ပါတယ်နော်။
ruby အရိုင်းကုံးလေးတွေကို ဝတ်ဆင်ရင်း ကျက်သရေတိုး အလှတိုးနိုင်ကြပါစေ။
တကြိုး၊ သုံးကြိုးတွဲ၊ ငါးကြိုးတွဲစီလည်းရသလို ကြိုး+လက်ပတ်အစုံလိုက်လည်းရပါမယ်။ တကြိုးတစုံ ၃၅၀၀၀ကျပ် နှုန်း
၃ပင်ကြိုးတစုံ ၉၅,၀၀၀ကျပ်ပါ။
11/01/2024
မင်္ဂလာပါ မိတ်ဆွေတို့ရှင့်
ပုလဲလေးတွေက သဘာဝဆန်တယ်။ ယဥ်ယဥ်လေးနဲ့ ဒီဇိုင်းဆန်းတယ်။ ပွဲတိုးတယ်။ ပုလဲရဲ့ ဓာတ်ကိုလည်း ယူလို့ရသလို ဆောင်ထားသင့်တဲ့ သဘာဝဆန်တဲ့ ရတနာတစ်ခုအဖြစ်တင့်တင့်တယ်တယ်ဝတ်ဆင်နိုင်တယ်။ သုံးပျော်တဲ့တန်ဖိုးလေးတစ်ခုဖြစ်ပါတယ်။
ပုလဲဟာ စွမ်းအင်မြင့်မားကြောင်း နှစ်ထောင်ချီကြာကပင် လက်ခံထားကြပါတယ်။ ကာကွယ်ပေးနိုင်တယ်။ ဆောင်ယူသူကို ကံကောင်းခြင်းတွေ ကြွယ်ဝမှုတွေပေးစွမ်းနိုင်ပါတယ်။ သစ္စာရှိမှု၊ သိက္ခာသမာဓိတည်ကြည်မှု၊ သန့်စင်မှုတွေကို ဖော်ဆောင်တယ်။
Emotional healing အနေနဲ့ တည်ငြိမ်မှု၊ စိတ်ရှုပ်ထွေးမှုကနေ ကုစားနိုင်မှု၊ mood swings ခေါ်တဲ့ စိတ်အတက်အကျမြန်မှုကို ကုစားပေးနိုင်ခြင်း၊ ပျော်ရွှင်မှု၊ အကောင်းမြင်စိတ်တို့ကို ဖြစ်စေပါတယ်။
Mental ကတော့ ရိုးသားဖြောင့်မတ်မှု၊ သန့်စင်မှု၊ ကြွယ်ဝတဲ့စိတ်ထား၊ Manifestation စတာတွေ ကို ကူညီပေးနိုင်တယ်လို့ဆိုပါတယ်။
ကျန်းမာရေးအကျိုးတွေကတော့ အများကြီးပါ။ ကိုယ်ခံစွမ်းအားကောင်းစေခြင်း၊ ကိုယ်တွင်းအင်္ဂါတွေအထိ သဘာဝစွမ်းအားနဲ့ ကုစားပေးနိုင်ခြင်းတို့ဖြစ်ပါတယ်။
Spiritual အပိုင်းမှာတော့ ဝမ်းတွင်းသိစိတ်၊ စိတ်ကူးဉာဏ်ပိုင်း၊ visualization၊ Manifestation တွေမှာ အားကောင်းစေတယ်။
ဆောင်ယူဝတ်ဆင်ခြင်း အကျိုးကျေးဇူးအားဖြင့်လည်း အောက်ပိုင်း chakra တွေ အားကောင်းစေပြီး heart, third eye, crown chakra တို့နဲ့ ချိတ်ဆက်ပေးနိုင်တယ်။ စိတ်ဖိစီးမှု တင်းအားတွေလျော့ကျစေပြီး အိပ်ပျော်စေတယ်။ မကောင်းတဲ့စွမ်းအင်ကနေ ကောင်းတဲ့စွမ်းအင်ပြောင်းလဲစေတယ်။ အကောင်းမြင်စိတ်တိုးတက်စေပြီး မိမိရဲ့ ခံယူချက်အမြင်တွေကောင်းသောပြောင်းလဲခြင်းကို ဖြစ်စေပါတယ်။
https://aovcrystals.com/blogs/gemstone/pearl မှ ကောက်နုတ်ကိုးကားသည်။
https://www.facebook.com/102068328014438/posts/180912306796706 တွင် ဖတ်ရှုလေ့လာနိုင်ပါတယ်။
Ref
https://www.facebook.com/102068328014438/posts/180912306796706/
https://aovcrystals.com/blogs/gemstone/pearl
ဆိုဒ် မတူတာကြောင့် ဈေးနှုန်းနဲ့ အတိုင်းအတာအသေးစိတ်ကို လာမေးပေးလို့လည်းရသလို stock ရှိသလောက် လက်ရှိပေါက်ဈေးလေး အတိုင်း ပြန်တွက်ပြီး ရေးထားပေးပါမယ်ရှင်။
09/01/2024
လက်စွပ် အသစ်လေးတွေ တင်ပေးပါရစေရှင်။
နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇန်နဝါရီတလလုံး အထူးဈေးများဖြင့်ရောင်းချသွားမှာဖြစ်ပါတယ်ရှင်။
နှစ်သစ်မှာ ရတနာတွေ တိုးပွားကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒတွေပြည့်စုံကြပါစေ။
ခပ်သိမ်းသောကောင်းကျိုးမင်္ဂလာနှင့်ပြည့်စုံကြပါစေ။
31/12/2023
2023 year end sale လေးရှိပါမယ်။ comment မှာ တင်ထားပေးပါမယ်။ ဈေးလေးတွေနဲ့ အရည်အသွေးလေးအရ ကြိုက်နှစ်သက်တာလေးတွေရှိရင် အားပေးကြပါဦးရှင်။
ခုပုံက ခရမ်းစွဲငွေထည်ဆွဲသီးလေးကို ၈၀,၀၀၀ ကျပ်နဲ့ ယူပါနော်။
ကျေးဇူးတင်ပါတယ်ရှင်။
03/11/2023
Page လေးပုံမှန်ပြန်စဖို့ စီစဉ်နေတဲ့အချိန်မှာပဲ သတိတရ အားပေးကြတဲ့ customer များကိုလည်း ကျေးဇူးတင်ရပါတယ်။
နိုဝင်ဘာလအစမှာပဲ ကျွန်မတို့ လုပ်ငန်းလေးရဲ့ ၂နှစ်ပြည့်အကြိုအထိမ်းအမှတ်လေးထဲကတခုအဖြစ် Customer လေးရဲ့ မွေးနေ့အမီပို့ဆောင်ပေးခွင့်ရတဲ့ အထူးအပ်ထည် ရတနာလက်စွပ်လေးကို အဖွင့်အနေနဲ့ အမှတ်တရ တင်ပါရစေရှင်။
ဝယ်ယူအားပေးတဲ့ ချစ်ရတဲ့ customer များအားလုံးကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ တလုံးတဝတည်းပြည့်စုံကြပါစေရှင်။
06/09/2023
သလင်းအောင်းဝင် ရွှေရောင်ခဲခဲလေးကို ဝတ်ဆင်နိုင်ဖို့ရာ အမြန်ဆုံးလေး လှမ်းလာခဲ့ပေးနော်။
လက်တိုင်းအရှင် 925 လေးပါ။ ရွှေဝါရောင်အနှစ်လေးကတော့ ဒီတကွင်းပဲပါလာပါတယ်။ လက်သွက်သူရပါမယ်နော်။
တန်ဖိုး 67000 ကျပ်။
ချစ်တဲ့
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:30 - 21:00 |
| Tuesday | 08:30 - 21:00 |
| Wednesday | 08:30 - 21:00 |
| Thursday | 08:30 - 21:00 |
| Friday | 08:30 - 21:00 |
| Saturday | 10:00 - 18:00 |
| Sunday | 10:00 - 18:00 |
Alerts
Be the first to know and let us send you an email when Sri Gaia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.