Nail Training Studio By Thaè
To Be a Professional Nail Artist 💗
(17.8.2026) မှာ စမယ့်
Basic to Salon Update Design
class
ကလေ အခြေခံ လုံးဝမရှိတဲ့သူတွေအတွက်ရော အခြေခံရှိပြီး customer မကိုင်ရဲတဲ့သူတွေအတွက်ရော
Nail Salon ပိုင်း ပညာတွေ ရှယ်ရမယ့် class လေးပါရှင် 🫶🏻💅
လက်တွေ့ပိုင်း မကျွမ်းသေးရင်
တီချယ့်ရဲ့ ဆိုင်မှာပါ intern ဝင်ရအုံးမှာပါ ဒီလို လက်တွေ့ကိုင်ရတဲ့ အတွေ့အကြုံတွေကို
တီချယ့်ဆီမှာ များများယူပြီီး
ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်အောင် ကြိုးစားဖို့ ဒီclass ကို Join သင့်ပါတယ်နော် 🫶🏻
ဒါ့အပြင် သင်တန်းပြီးလို့ Salon မှာ အလုပ်ဝင်ချင်တဲ့သူတွေအတွက်လည်း အလုပ်အကိုင် ချိတ်ဆက်ပေးမှာဖြစ်တာကြောင့် သင်တန်းပြီးပြီးချင်း လုပ်ငန်းခွင်ထဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေးလည်း ရရှိမှာပါရှင့် 🫶🏻💖
တိုက်(F) , ပါရမီCondo, လှိုင်မြို့နယ် ၊
ရန်ကုန်မြို့။
09403962588
နယ်ကလာသူများအတွက် အဆောင်စီစဉ်ပေးပါတယ်ရှင့် 💖💖😘
ဒီ Training Center မှာ သင်တန်းကြေး (၂)သိန်းကနေ စပြီး (၂၀)သိန်းအထိ မတူညီတဲ့ Class တွေကို ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ Budget အလိုက် ရွေးချယ်တက်ရောက်နိုင်ပါတယ်။
တီချယ်ရဲ့ ရည်ရွယ်ချက်က လူတိုင်းအတွက် အခွင့်အရေးရှိတဲ့ သင်တန်းကျောင်းတစ်ခု ဖြစ်စေချင်တာပါ။
စပြီးလေ့လာချင်တဲ့သူကနေ Professional Level အထိ တက်ချင်တဲ့သူအားလုံးအတွက် သင့်တော်တဲ့ Class တွေ အမြဲရှိနေမှာပါ။
မကြာခင်မှာ ပိုကျယ်၊ ပိုလှပြီး ပိုပြည့်စုံတဲ့ Training Room အသစ်လေးနဲ့ အားလုံးကို ကြိုဆိုပေးတော့မယ်နော်။ ✨ 😘😘
ရုံးတစ်ဖက်နဲ့ အလုပ်လုပ်ရင်း…
အချိန်လေးဖဲ့ပြီး သင်တန်းလာတက်ကြတဲ့ Sunday class က သင်တန်းသူလေးတွေပါ 🫶🏻🤭
ပင်ပန်းပေမယ့်…
ကိုယ့်ကိုယ်ကို တိုးတက်အောင် ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်ထားတဲ့သူတွေပါ။
အောင်မြင်မှုဆိုတာ…
အချိန်ရှိလို့ မရတာမဟုတ်ဘူး။
အချိန်ဖန်တီးနိုင်တဲ့သူတွေဆီကိုပဲ ရောက်လာတာပါ 😚😚
Sunday by one class သင်တန်းအပ်လို့ရပါပြီရှင့် 💖💖
ပုံဆွဲတတ်ရုံနဲ့ Salon Owner ဖြစ်လို့ရပြီလား?
ကျွန်မအမြင်ကတော့ “မရသေးပါဘူး” ရှင့် 🫶🏻
ပုံလှလှဆွဲတတ်တာက Nail Artist ကောင်းတစ်ယောက်ဖြစ်ဖို့ အရေးကြီးပါတယ်။
ဒါပေမယ့် Salon Owner ဖြစ်ဖို့ဆိုရင်…
✨ ဝန်ထမ်းကို စီမံခန့်ခွဲတတ်ရမယ်။
✨ Customer တွေ ပြန်လာချင်အောင် Service ပေးတတ်ရမယ်။
✨ ငွေကြေးစီမံခန့်ခွဲမှု သိရမယ်။
✨ Marketing လုပ်တတ်ရမယ်။
✨ ပြဿနာတွေကို ဖြေရှင်းတတ်ရမယ်။
✨ Team တစ်ဖွဲ့ကို ဦးဆောင်တတ်ရမယ်။
Skill + Management + Leadership သုံးခု ပေါင်းမှ ရေရှည်အောင်မြင်တဲ့ Salon Owner ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကျွန်မရဲ့သင်တန်းမှာ Nail Art ပဲမဟုတ်ဘဲ၊ ကိုယ်တိုင် Salon ဖွင့်ပြီး လက်တွေ့ကြုံတွေ့ခဲ့ရတဲ့ Management အတွေ့အကြုံတွေကိုပါ မျှဝေပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ် 💖💖
#လက်သည်းသင်တန်း
31/07/2026
မွမ်းမံတန်းခွဲ အတွက် ပုံကြမ်းလေးတွေ အများကြီး ထုတ်ထားတယ်နော်
ကိုယ့်ရဲ့လက်ရာကို skill upgrade လုပ်ဖို့အတွက်
ဒီအတန်းမှာ လက်တွေ့အသုံးချနိုင်တဲ့ Techniques နဲ့ Detail တွေကို သင်ကြားပေးမှာဖြစ်ပါတယ် ✨ 🌸🫶🏻
30/07/2026
15.8.2026 မှာ စမယ့် မွမ်းမံ Class လေးအတွက် Design လေးတစ်ခုကို အရင်မျှဝေပေးလိုက်ပါတယ်။ 💙✨
ဒီတစ်ခေါက်လည်း အတူတူ Skill တွေ Upgrade လုပ်ကြရအောင်နော် 😘😘🫶🏻
(8)လပိုင်းမှာ ဘာသာစုံ All in One class မရှိပါဘူးရှင့်
(2.9.2026) မှာ တန်းခွဲအသစ်ပြန်စပါမယ်ရှင် 🙏🙏🙏🌸
တိုက်(F), ပါရမီCondo, လှိုင်မြို့နယ်၊ရန်ကုန်မြို့။
09403962588
19/07/2026
ဒီနေ့ Certificate တစ်ရွက်ရသွားတာက ဒီပညာရဲ့
အဆုံးမဟုတ်ပါဘူး… အစပဲရှိသေးတယ်။ 🤍
ဒီနေ့အထိ မပျက်မကွက် ကြိုးစားခဲ့ကြတဲ့ သင်တန်းသူတစ်ယောက်ချင်းစီကို တီချယ်ကအရမ်းကျေးဇူးတင်ပါတယ်။
လက်သည်းပညာဆိုတာ အလှဖန်တီးရုံမဟုတ်ဘူး…
ကိုယ့်ဘဝကို ကိုယ်တိုင်ပြောင်းလဲနိုင်တဲ့ အတတ်ပညာတစ်ခုပါ။
အမှားလုပ်ရမှာ မကြောက်ပါနဲ့။ အခက်အခဲတွေကြုံရင်လည်း လက်မလျှော့ပါနဲ့။
အောင်မြင်တဲ့ Nail Artist တိုင်းဟာ Beginner တစ်ယောက်အနေနဲ့ပဲ စခဲ့တာပါ။
ဆက်လေ့လာပါ၊ ဆက်လေ့ကျင့်ပါ၊ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။
တစ်နေ့မှာ ကိုယ့်နာမည်နဲ့ ကိုယ့်အောင်မြင်မှူကို ဖန်တီးနိုင်မှာသေချာပဲနော်
Congratulations ,My Beautiful Students ! 🌸
#လက်သည်းသင်တန်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
တိုက်(F), ပါရမီCondo, ပါရမီစိန်ဂေဟာအနီး၊လှိုင်မြို့နယ်။
Yangon