The Queen Tamarind Gluta Scrub-Myanmar
အသားဖြူချင်ပါသလားThe Queen scrubလေးကိုသုံးလိုက်ပါ
23/05/2022
#မျောက်ကျောက်ရောဂါ
အဓိကအချက်များ
• မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတာပါ။
• အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများမှာ အစပထမ တွေ့ရှိခဲ့တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
• မျောက်ကျောက်ရောဂါဟာ ဖျားခြင်း၊ အနီစက်များထွက်ခြင်းနှင့် ပြန်ရည်အိတ်များ(lymph nodes) များရောင်ရမ်းခြင်း စသည်တို့ တွေ့ရှိရပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါတယ်။
• မျောက်ကျောက်ရောဂါလက္ခဏာများဟာ (၂) ပတ်မှ (၄) ပတ်အထိ ကြာမြင့်နိုင်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ သေဆုံးနှုန်းဟာ (၃) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။
• ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်/ ကူးစက်ခံထားရသူနှင့် ထိတွေ့ခြင်း၊ ဗိုင်းရပ်စ်ရှိနေသော အရာဝတ္ထုပစ္စည်းများကို ထိတွေ့ကိုင်တွယ်မိခြင်း တို့မှတဆင့် လူကို ကူးစက်နိုင်ပါတယ်။
• မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိသူ၏ အနာပြည်၊ အရည်ကြည်များမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူအသုံးပြုထားသည့် အိပ်ရာခင်းကဲ့သို့ ပစ္စည်းများမှတဆင့် ကူးစက်နိုင်ပါတယ်။
• (၁၉၈၀) ခန့်က ကမ္ဘာတစ်ဝန်းမှာ လုံးဝအမြစ်ပြတ် ရှင်းလင်းသွားပြီဖြစ်သည့် orthopox virus နှင့် ဆက်စပ်နေသည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။
• ထိုရောဂါကို အမြစ်ဖျက်ချေမှုန်းရာတွင် အသုံးပြုထားသည့် ကာကွယ်ဆေးများဟာ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါ အတွက် ကာကွယ်ဆေးအသစ်များလည်း လုပ်ဆောင်နေကြပါတယ်။
• မျောက်ကျောက်ရောဂါကုသမှုများလည်း တရားဝင်ခွင့်ပြုချက် ရရှိပြီးသား ဖြစ်ပါတယ်။
#မျောက်ကျောက်ရောဂါပေါ်ပေါက်ခြင်း_ဖြစ်ပွားခြင်း
မျောက်ကျောက်ရောဂါဟာ (၁၉၇၀) ခန့်က ကွန်ဂိုနိုင်ငံမှာ အသက် (၉) နှစ်အရွယ်ကလေးငယ်လေးမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ကျေးလက်ဒေသများ၊ ကွန်ဂိုမိုးသစ်တောဒေသများနှင့် အာဖရိကအနောက်နှင့်အလယ်ပိုင်းဒေသများမှာ တဖြည်းဖြည်း တွေ့ရှိလာတာ ဖြစ်ပါတယ်။
(၂၀၁၇) ခုနှစ်မှာ နိုင်ဂျီးရီးယားမှာ ကူးစက်မှုသံသယရှိသူ (၅၀၀) ကျော်နှင့် ကူးစက်ခံရသူ (၂၀၀) ကျော် ရှိခဲ့ပါတယ်။ ယနေ့အချိန်အထိ သေဆုံးနှုန်း (၃) ရာခိုင်နှုန်း ရှိပါတယ်။
မျောက်ကျောက်ရောဂါဟာ (၂၀၁၈) ခုနှစ်မှာ နိုင်ဂျီးရီးယားခရီးသွားများမှ အစ္စရေးကို ကူးစက်ခဲ့ပြီး၊ အင်္ဂလန်နိုင်ငံမှာလည်း ကူးစက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။ (၂၀၁၉) ဒီဇင်ဘာ၊ (၂၀၂၁) မေနှင့် (၂၀၂၂) မေလတို့တွင် အင်္ဂလန်မှာ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး (၂၀၁၉) ခုနှစ် မေလတွင် စင်္ကာပူနိုင်ငံမှာပါ ကူးစက်မှုများ တွေ့လာရပါတယ်။ (၂၀၂၁) ဇူလိုင်နှင့် နိုဝင်ဘာလတွင် အမေရိကတွင် ကူးစက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ (၂၀၂၂) မေလမှာတော့ မျောက်ကျောက်ရောဂါကို အခြားနိုင်ငံအများအပြားမှာပါ တွေ့ရှိလာရပါတယ်။ လက်ရှိမှာတော့ ရောဂါပိုးအရင်းအမြစ်နှင့် ကူးစက်မှုပုံစံများကို နားလည်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။
#ရောဂါကူးစက်ပြန့်ပွားခြင်း
ရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှတဆင့် ကူးစက်နိုင်ပါတယ်။ အာဖရိကမှာတော့ ရှဉ့်၊ ကြွက်၊ မျောက်နှင့် အခြားသော တိရိစ္ဆာန်များမှာ မျောက်ကျောက်ရောဂါကို တွေ့ရှိရပါတယ်။ ကြွက်တွေဟာ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်ချေအများဆုံးဖြစ်သော်လည်း အတည်မပြုရသေးပါဘူး။
မကျက်တကျက် ချက်ပြုတ်ထားသည့် အသားနှင့် အခြားသော ပိုးရှိသည့်
တိရိစ္ဆာန်များမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို စားသုံးသုံးစွဲမိခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းက ကူးစက်မှုများနိုင်သော်လည်း လိင်မှတဆင့် ကူးစက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။
31/12/2021
🧡🧡🧡Hello Queen လေးတို့ရေ The Queen ရဲ့ချစ်သဲလေးတွေအားလုံး နှစ်သစ်မှစပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ အတူအလုံးစုံသော လိုအင်ဆန္ဒများအားလုံး ပြည့်စုံကြစေပြီး အားလုံးဘဲလှနိုင်ကြပါစေနော်ချစ်သဲလေးတို့ 🥰🥰🥰
25/10/2021
🧡🧡🧡 မန်ကျည်းသီး Scrub လေး အနှစ်က အသက်ဘဲ
သုံးသူတိုင်းကြိုက်
တစ်ခါသုံးပြီးရင် လုံးဝသိသာ
✅မန်ကျည်းသီးအသားဖြူ Scrub
✅သဘာဝနည်းနဲ့ ဖြူချင်တဲ့ အသဲတွေတွက် အရမ်းသုံးကောင်းတဲ့ Scrub လေးပါ
25/09/2021
🧡🧡🧡Scrub ကောင်းလေးလဲသုံးချင်တယ်
🧡🧡🧡 Lotion ကောင်းလေးလဲသုံးချင်တယ်
🧡🧡🧡သုံးလိုက်ရင်လဲ သိသာချင်တယ်ဆိုရင်တော့
✅သဘာဝမန်ကျည်းသီးအသားဖြူ Scrub လေးနဲ့တိုက် ✅အနီစက်၊အမဲစက်၊အမာရွတ်တွေနဲ့ အသားရေကိုဖြူဝင်းစေဖို့တွက် Vitcနို့ ပေါင်းတင်ရည်လေးနဲ့ ပေါင်းတင် ✅Body ပေါ်မှာအနံ့မွှေးမွှေးလေးနဲ့တစ်နေကုန်သင်းပျံ့စေပြီး အသားအရေကိုအမြန်ဖြူဝင်းစေတဲ့ Booster Abutin (Whitening Cream) လေးသုံးလိုက်ရင်တော့ လုံးဝ Perfectဘဲနော် 🥰🥰
☎️09 679881767
24/09/2021
မော်နီးပါ သဲလေးတို့ရေ😘😘😘
✅✅✅အသားဖြူချင်တဲ့အသဲတွေတွက်အကောင်းဆုံး setလေး
21/09/2021
✅✅✅ ဘယ်လောက်တိုက်တိုက် ဖြူမလာဘူးဆိုတဲ့ အသဲတွေ The Queen ရဲ့ သဘာဝမန်ကျည်းသီးအသားဖြူ Scrub လေးကို တစ်ပတ်အနဲဆုံး တစ်ကြိမ်သုံးပေးကြည့်ပါ
တစ်ဘူး -12000ကျပ်
နှစ်ဘူးယူ Deli Free
16/09/2021
အလှအပ ကြိုက်သူများအတွက်
♥️ နည်းစနစ်မှန်ကန်စွာ Scrub လုပ်နည်း ♥️
Scrub လုပ်တယ် လုပ်ရမယ် ဆိုတဲ့ စကားလုံးကို
တော်တော်များများနဲ့ မစိမ်းတော့ဘူးလို့ ထင်ပါတယ်
Scrub လုပ်ရခြင်းအကြောင်းက ဘာကြောင့်လဲ ?
မျက်နှာ နဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေ
နေလောင်ပြီး ညိုတာမဲတာတွေ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေ စတဲ့ Dead Cellsကင်းရှင်းပြီး ကြည်လင်လှပဖို့အတွက်
ဆဲလ်အသေတွေကိုရှတတနဲ့ အစေ့သေးသေးလေးတွေနဲ့ ပြုလုပ်ထားတဲ့ Skincare အုပ်စုဝင် ပစ္စည်းတစ်ခုခုနဲ့ တိုက်ထုတ်လိုက်တဲ့ လုပ်ခြင်းကို Scrub လုပ်တယ်လို့ ခေါ်ပါတယ် ...
ဒီအထိ မှန်ကြပါတယ် .....🙂🙂
မှားနေတာဘာလဲဆိုရင် ခဏခဏလုပ်နေခြင်းပါ 😔
Scrub လုပ်လိုက်ပြီဆိုရင် Dead Cellsတွေက
ဖယ်သွားပေးမယ့် Renew ပြန်ပြီးဖြစ်လာဖို့က ....
( ၃ )ရက် ( ၄ )ရက် ( ၅ ) ရက်ထိ ကြာပါတယ်
အသက်ကြီးလာလေ ပိုပြီးကြာလေပါ ...
ဆဲလ်အသစ်လေးတွေ ထွက်လာတုန်းရှိသေးတယ် ( ၃ )ရက်ပဲ ခြားသေးတယ် Scrub လုပ်လိုက်ပြန်ပြီဆိုရင် ဆဲလ် အကောင်းကို တိုက်စားသလိုဖြစ်တဲ့ အတွက် .....
၂ ရက်ခြား ၃ ရက်ခြား Scrub လုပ်နေသူတွေ
အဖို့တော့ ကောင်းသော ရလဒ် မဟုတ်ပါပဲ ..
ဆိုးသော ရလဒ်ဖြစ်တဲ့ အရေပြား ပါးလာခြင်း
😬အသားရေ ခြောက်သွေ့လာခြင်း
😬အသားရေ ကြမ်းတမ်းလာခြင်း
😬အသားပိုမဲလာခြင်း စတာတွေ ဖြစ်လာပါတတ်ပါတယ်
( နည်းစနစ်မှန်ကို မသိခင်က ကိုယ်တိုင်လည်း နည်းစနစ် အမှားကြီးကို လက်ခံထားမိသူပါ😟 )
Scrub လုပ်ရတာ အလွန်ကြိုက်တဲ့သူတွေ အနေနဲ့
မဖြစ်မနေ Scrub လုပ်ရမှ ကြိုက်တာဆိုရင်တော့
👉 Body Scrub ကို ( ၁ ပတ် တစ်ကြိမ် လုပ်လို့ရပါတယ် )
👉 Facial Scrub ဆိုရင်တော့ ( ၁၀ ရက်ခြားပြီးမှသာ လုပ်ပေးပါ
ချွင်းချက်တစ်ခုတော့ ရှိပါတယ် ....
Daliy Scrub ဆိုပြီး Gentle ဖြစ်တဲ့ Products တွေလည်း ရှိပါတယ် ဒါမျိုးကို ရွေးသုံးရင်တော့( ၂ ) ရက်ခြားလုပ်ပေးလည်း ရပါတယ်
( မလိုအပ်ရင် မလုပ်တာတော့ ပိုကောင်းပါမယ် )
ပြောအုံးမယ်နော် .....😁
အပေါ်မှာပြောခဲ့သလို Scrub လုပ်ပြီး ဆဲလ်အသစ်ဖို့ ကြာတာကို အမြန်ဆုံးပြန်ဖြစ်လာအောင် အကူညီပေးနိုင်တာက AHA ( Alpha Hydroxy Acids ) ပဲဖြစ်ပါတယ်
AHA ရဲ့ Chemical Combined မှာ ဘာတွေပါလဲဆိုရင် Latics Acid , Glycol Acid , Sugar , Malic Acid တို့ပဲ ဖြစ်ပါတယ်
Latics Acid - Moisturise / Anti-aging /
မှဲ့ခြောက်တင်းတိပ်ကို လျော့ပါးစေတယ်
Glycol Acid - Dead Cells တွေကို အမြန်ဖယ်ထုတယ် / Skin Brighting ဖြစ်တယ် / Aging Sign ဖြစ်တဲ့ Line တွေ Winkle တွေ လျော့ပါစေးတယ်
Sugar - Skin Radiant ဖြစ်စေတယ်
Healthy ဖြစ်စေတယ် အစိုဓာတ်ကို ထိန်းပေးထားနိုင်တယ်
Malic Acid - အသားရေချောမွေ့စေတယ်
ချွေးပေါက်တွေ ကျဉ်းသွားစေတယ် Old Cells တွေကို ဖယ်ပေးပြီး အသစ်ဖြစ်စေတယ်
ဒါတွေ အားလုံးပေါင်းထားတဲ့
AHA ရဲ့ အာနိသင်က Slowly Exfoliate လုပ်ပေးပြီး Skin Renew ဖြစ်ဖို့ကို အမြန်ဆုံးကူညီတယ် Skin ရဲ့ Hydration Level ကို မြင့်ပေးလို့ အသားရေစိုပြေစေတယ် Skin Texture လည်းနူးညံပြီး Smooth ဖြစ်စေတယ် ချွေးပေါက်ကျဉ်းပြီး
အသားရေတင်းရင်းလာမယ် ...
ဒါကြောင့် Scrub လုပ်တဲ့နေ့မျိုးမှာ ...
AHA ပါဝင်တဲ့ Moisture
AHA ပါဝင်တဲ့ Serum
AHA ပါဝင်တဲ့ Sheet Mask စတဲ့
Skincare ကိုသုံးပေးနိုင်ရင် အကောင်းဆုံးပါ
AHA % တော့ များလို့မရပါဘူးနော်
AHA ပါတာ မသုံးတတ်ရင်လည်း
ပုံမှန် Moisturizing ပဲသုံးပေးပါနော်
ကျန်တဲ့ ရက်တွေမှာတော့ ပုံမှန် Care လုပ်နေကြ Routine အတိုင်းသာ ဆက်လုပ်လို့ရပါတယ်
ဘယ်ချိန်တွေ လုပ်ရမလဲ ?
မလုပ်ရဘူးလဲ ?
➖➖➖➖➖➖➖➖➖➖➖➖➖➖
👉 အဆီပြန်လွန်းပြီး အရေပြားထူသူက scrub ကို (၁)ပတ်(၁)ကြိမ် ပုံမှန်လုပ်လို့ရပါတယ်
👉 ပုံမှန် နဲ့ အသားခြောက်သူတွေက
(၁၀) ရက် တစ်ကြိမ် လုပ်လို့ရပါတယ်
👉 Sensitive ဖြစ်တတ်တဲ့ သူတွေက
( ၂ ) ပတ်တစ်ကြိမ်သာ လုပ်သင့်ပြီး
Gentle ဖြစ်ပြီး Sensitive သမားတွက်ထုတ်တာ သုံးပါ
👉 မနက်ပိုင်းမလုပ်သင့်ပါ
( မတော်တဆ လုပ်မိရင် အပြင်မထွက်သင့်တော့ပါ )
👉 ညနေပိုင်းတွေသာ လုပ်ပါ
( Scrub လုပ်ပြီးတိုင်း လိုအပ်တဲ့ Skincare သေချာလိမ်းပေးပါ အနားယူပါ )
👉 Scrub လုပ်ပြီးတိုင်း
( Makeup / ဖုန် / လေ/ နေ ၈ နာရီကြာအာင် မထိရပါ ) ထိမိရင် အရင်ကထက် ပိုဆိုးသွားပါမယ် ... အသားရေ လှလာတော့မှာ မဟုတ်ပါ
👉 Scrub လုပ်ပြီးတိုင်း
မျက်နှာဆိုလည်း လိမ်းနေကြ Skincare လိမ်းတာထက်
Sheet Mask ( ၂၀ ) မိနစ် ကပ်တာမျိုးက ပိုကောင်းတယ်
Sleeping Mask လိမ်းအိပ်လည်း ကောင်းတယ်
Body ဆိုလည်း Moisture အဓိကဖြစ်တဲ့
Lotion မျိုးလိမ်းပါ ( ညဘက်လိမ်းတဲ့ Lotion မှာ SPF မပါရပါဘူး )
👉 ဝက်ခြံရှိနေလျှင် မလုပ်ရပါ
👉 ပွန်းပဲ့ ဒဏ်ရာ ရှိနေလျှင် မလုပ်ရပါ
👉 ခရီးသွားခါနီး မလုပ်သင့်ပါ
👉 ခရီးပြန်လာပြီးပြီးချင်းလည်း မလုပ်ရပါ
👉 Surnburn ဖြစ်လာပါက Aloe Gel လေးလိမ်းထားပြီး ၂ ရက်လောက် အနားယူပြီးမှသာ Scrub လုပ်ရပါမယ်
( ခရီးသွားရင်း Sunburn ဖြစ်လာသော Skin ပေါ်ချက်ခြင်း Scrub လုပ်ခြင်းဟာ အသားရေကို ပိုမို ပျက်စီး စေတတ်ပါတယ် )
👉 အသားအရေအလိုက် Scrub အမျိုးစားများစွာ ရှိလို့ ကိုယ့်အသားအရေနဲ့ ကိုက်ညီမှာကိုရွေးချယ်ပါ
👉 Face & Body Scrub ဆိုပြီးထုတ်တာတွေရှိသလို
Face သပ်သပ် Body သပ်သပ်သာ ဝယ်သုံးပါ
👉 Face အတွက်ဆို အစေ့သေးသေးနဲ့ နူးညံတဲ့ Texture မျိုးသာဖြစ်ရပါမယ်
👉 Scrub အနှစ်လေးတွေက အဆီပါဝင်မှုရှိတယ်ဆိုရင် Scrub အရင်သုံးပြီးမှ ဆပ်ပြာ ပြန်သုံးရပါမယ် အဆီမပါဘူးဆိုရင်တော့ ဆပ်ပြအရင်သုံးပြီးမှ Scrub လုပ်ပါ ..
👉 Scrub မလုပ်ခင် မျက်နှာမှာလိမ်းထားတဲ့
မိတ်ကပ် သနပ်ခါး စတာတွေကို အရင်ဆုံး ဖျက်ထားပေးရပါမယ်
👉 Scrub လုပ်တဲ့ အခါ မျက်နှာဆိုရင်
နှာခေါင်းကြား မေ့စေ့ နှဖူး ပြီးမှ
ပါး နှစ်ဖက်ကို အညင်သာဆုံး နှိပ်ပြီး ပွတ်ပါ
👉 မျက်နှာ တစ်ခုလုံးရဲ့ Scrub လုပ်ချိန်
၁ မိနစ် မကျော်စေရပါ
👉 Body ဆိုရင် တစ်တောင်ဆစ် / ဒူး /
Bikini Line / တို့ကို ဦးစားပေးပါ
ပြီးမှ ကျန်နေရာကို ဆက်လုပ်ပါ
စာဖတ်သူတို့ နားလည်လွယ်အောင် ...
ကြိုးစားရေးပေးထားလို့ ....
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်
Credit
BeautyConsultantbyMeMe
05/09/2021
🧡🧡🧡အသားအရေကြည်ကြည်စိုစို လေးဖစ်နေဖို့ lotion သုံးရုံနဲ့ မရဘူးနော် အပေါ်ယံ dead cells လေးတွေကိုပါဖယ်ရှားပေးဖို့လိုအပ်ပါတယ်နော်
✅Tamarind Gluta Scrub -12000
(350g)
04/09/2021
💁🏼♀️💁🏼♀️💁🏼♀️ကဲချစ်ချစ်တွက်ဘဲဖစ်ဖစ်
💁🏼♀️💁🏼♀️💁🏼♀️သဲသဲတွက်ဘဲဖစ်ဖစ် အသားဖြူ Set လိုက်လေးကို ဒီလို Surprise box 🎁🎁🎁လှလှလေးနဲ့ မှာပေးလို့ ရနေပြီနော်
✅တစ်ဆက် (၃)မျိုး ကိုမှ -29000ks ဘဲနော်
04/09/2021
✅ရှားစောင်းလက်ပတ် (သို့) အသားအရေအတွက် နတ်ဆေးတစ်ပါး
ရှားစောင်းလက်ပတ်ကို အသားအရေကျန်းမာရေးနဲ့ အလှအပအတွက် ဘယ်လိုအခြေအနေမှာ အသုံးပြုလို့ရလဲဆိုတာနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။
၁။ နေလောင်ခံရတဲ့ အသားအရေကို ကုသတဲ့နေရာမှာလည်း အသုံးပြုနိုင်တယ်။
ကမ်းခြေသွားပြီး ပြန်လာတဲ့အချိန်၊ အချိန်အတော်ကြာ နေပူစာလှုံတာ၊ နေပူထဲ အကာအကွယ်မပါပဲ ထွက်တာကြောင့် ပျက်စီးကြမ်းတမ်းပြီး နေလောင်သွားတဲ့ အသားအရေအတွက် အကောင်းဆုံး ဖြေဆေးကတော့ ရှားစောင်းလက်ပတ်ပါပဲ။
ရှားစောင်းလက်ပတ်က ရတဲ့ ဂျယ်လ်အနှစ်မှာ အရေပြားကို အေးမြစေပြီး နီရဲတာ၊ ပူစပ်ပူလောင်ဖြစ်တာ သက်သာစေတယ်။ ပျက်စီးသွားတဲ့ အရေပြားအပေါ်ယံလွှာကို ဖြည်းညှင်းစွာ ခွာချပေးတယ်။ လိမ်းလိုက်တဲ့အခါမှာ အသားအရေကို အစိုဓါတ်ထိန်းပေးလိုက်တဲ့အပြင် နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ အလွှာလေးတစ်ထပ် အုပ်ပေးလိုက်ပါတယ်။
၂။ အစိုဓါတ်ထိန်းခရင်မ်အဖြစ် အသုံးပြုလို့ရတယ်။
များသောအားဖြင့် အသားအရေဟာ ရေသောက်နည်းလာတဲ့အမျှ ခြောက်သွေ့ပြီး အစိုဓါတ်တွေ နည်းလာပါတယ်။ အလှကုန်ပစ္စည်းဆိုင်တွေမှာ တွေ့ရတတ်တဲ့ အစိုဓါတ်ထိန်းခရင်မ်တွေမှာလည်း ကိုယ့် အသားအရေနဲ့ မကိုက်ညီတဲ့အခါ ချွဲကျိတာ၊ ပိုပြီး အဆီရွှဲတာ၊ ဓါတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။
ရှားစောင်းလက်ပပ်က သဘာဝအတိုင်းရတဲ့ အနှစ်တွေဟာ အသားအရေကို အစိုဓါတ်ထိန်းပေးတဲ့အပြင် လိမ်းပြီးလို့ အရေပြား ချွဲကျိနေတာမျိုး လုံးဝမဖြစ်စေပါဘူး။ မတူညီတဲ့ အသားအရေပုံစံတိုင်းအတွက် စိတ်ချပြီး အသုံးပြုလို့ ရပါတယ်။
အသားအရေကို နူးညံ့ချောမွေ့စေပြီး ချွေးပေါက်တွေ မကျယ်သွားစေဖို့ ကာကွယ်ပေးနိုင်တယ်။ အမျိုးသားတွေ ကိုယ်ခန္ဓာက အမွေးအမျှင်တွေ ရိတ်တဲ့အခါမှာ ရှားစောင်းလက်ပတ်အနှစ်ကို သဘာဝချောဆီအနေနဲ့ အသုံးပြုလို့ ရပါတယ်။ ရိတ်နေရင်းနဲ့ ပွန်းပဲ့ထိခိုက်ရှနာ ဖြစ်တာကိုလည်း အမြန်ဆုံး သက်သာစေပြီး အနာကျက်မြန်စေတယ်။ ရေဓါတ်လည်း ထိန်းပေးနိုင်ပါတယ်။
၃။ အနာကျက်မြန်စေတယ်။
ရှားစောင်းလက်ပတ်ကရတဲ့ အနှစ်တွေဟာ ထိခိုက်၊ ပွန်းပဲ့၊ အပူလောင်တာအပြင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေကို အမြန်ဆုံး သက်သာစေပြီး ဘက်တီးရီးယားပိုးတွေ မဝင်လာအောင် တားဆီးပေးနိုင်ပါတယ်။
အရေပြားတစ်သျှူးထဲက အနာပျောက်စေဖို့ ဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့ နေရာမှာ ကူညီပေးနိုင်တဲ့အပြင် အောက်အလွှာထိ ကောင်းစွာ စိမ့်ဝင်စေပြီး ရေဓါတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။
၄။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တယ်။
အသားအရေကို နုပျိုကျန်းမာစေတဲ့ ဗီတာမင် C ၊ ဗီတာမင် E ၊ ဗီတာမင် A အပြင် antioxidant ဓါတ်ပေါင်းများစွာ ပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးနိုင်တယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေတယ်။ အသားအရေကို တင်းရင်းသွားစေပြီး အသားဖြူစေဖို့ ကိုယ်ခန္ဓါက ကော်လဂျင်တွေ ထုတ်လွှတ်ပေးရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။
၅။ ဝက်ခြံနဲ့ အရေပြားရောဂါကို ကာကွယ်ပေးနိုင်တယ်။
ရှားစောင်းလက်ပတ်မှာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်ပါဝင်လို့ ဝက်ခြံ၊ အရေပြားမှိုရောဂါတွေ မဖြစ်လာစေဖို့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
ချွေးပေါက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေကိုလည်း သန့်စင်ပေးနိုင်တယ်။ အရေပြား ယားယံတာ၊ အသားအရေနီရဲနေတာကို အမြန်ဆုံး သက်သာစေတယ်။ အမြန်ဆုံးပျောက်စေတဲ့အပြင် ပုံမှန်အသုံးပြုပေးနေရုံနဲ့ နောက်ထပ် ဖြစ်မလာစေဖို့ အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။
ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ အစရှိတဲ့ အရေပြားရောဂါတွေကို ကုသတဲ့နေရာမှာလည်း ရှားစောင်းလက်ပတ်က ရတဲ့ အနှစ်ကို အသုံးပြုနိုင်ပါတယ်။
၆။ မှဲ့ခြောက်နဲ့ အမာရွတ်တွေကို ပျောက်ကင်းစေတယ်။
အရေပြားဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့အပြင် အနာကျက်လည်း မြန်စေတဲ့ ရှားစောင်းလက်ပပ်ဟာ မှဲ့ခြောက်နဲ့ အမာရွတ်တွေကိုပါ အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ဝက်ခြံအမာရွတ်တွေ၊ ဗိုက်၊ ခြေသလုံးနဲ့ ပေါင်တံမှာ အကြောပြတ်တာကိုလည်း ပျောက်ကင်းစေပြီး အရေးအကြောင်းတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ မျက်နှာပေါ်က အမည်းစက်တွေ၊ ဆားဝက်ခြံတွေကိုလည်း လုံးဝပျောက်ကင်းသွားစေပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။
၇။ ဦးရေပြားနဲ့ ဆံသားကို အားဖြစ်စေတယ်။
ရှားစောင်းလက်ပတ်ရဲ့ အနှစ်ဟာ ကိုယ်ခန္ဓာအတွက်သာမက ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်သန်စေတယ်။ ဆံသားနက်မှောင်လာစေတယ်။ ဗောက်တွေကိုလည်း ရှင်းပေးနိုင်ပြီး ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်တယ်။ ဆံပင်မကြာခဏ ကျွတ်တတ်တဲ့သူတွေလည်း ရှားစောင်းလက်ပတ်ရဲ့ အနှစ်ကို လိမ်းပေးလို့ ရပါတယ်။
Category
Telephone
Website
Address
Yangon
11071,11072
Alerts
Be the first to know and let us send you an email when The Queen Tamarind Gluta Scrub-Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.