Samaritan

Samaritan

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Samaritan, Health/Beauty, Taungoo.

17/05/2026

ဒီလူ့အမေရှိကတည်းကသူ့ကိုသိနေခဲ့တယ်
အဲ့တုံးကဝဝဖြိုးဖြိုး၊ဟိတ်နဲ့ဟန်နဲ့၊အိမ်နဲ့ခြံနဲ့

နောက်ပိုင်းသူ့အမေဆုံးတော့
အိမ်နဲ့ခြံကိုအကြွေးသိမ်းခံထိတယ်ပြောတယ်

အဲ့ကတည်းကမတွေ့တော့တာတော်တော်ကြာပေါ့
ပြန်တွေ့မဲ့တွေ့တော့လမ်းပေါ်တောင်လျှောက်သွားနေပြီ
ကျွန်တော့ကိုတွေ့တဲ့နေရာယဉ်ယဉ်ကျေးကျေးမုံ့ဖိုးတောင်းတယ်

တထောင်စနှစ်ထောင်စပဲပေးနိုင်တယ်
သူကလည်းအလကားမယူဘူး
ချဲမထိုးတဲ့ကျွန်တော့ကိုချဲဂဏန်းစာရွက်ခေါက်ကလေးပေးပေးသွားတယ်

မနေ့ကစနေနေ့မှာဘုရားကျောင်းပီးလို့ထ္မင်းကျွေးနေတာ
အားလုံးပီးစီးတော့သူရောက်လါတယ်
ဆရာမလေးတွေကအလိုက်သင့်လေးထ္မင်းခူးခပ်ကျွေးကြတယ်

စိတ်မကောင်းပါဘူးဒီလိုလူတွေများသထက်များလါနေတာကိုခုတလောသတိထားမိတယ်

ဟိုနေ့ကရွှေဈေးသွားတော့
လူတယောက်
ရည်ရည်မွန်မွန်ထဲကပဲ
ရှိုးနဲ့မိုးနဲ့ပဲ

ဘေးနားရောက်လို့ကြည့်လိုက်တော့သူ့ရှေ့ကသစ်ငုတ်တိုကြီးဦးချကန်တော့နေလိုက်တာ
အော်ဖြစ်မှဖြစ်ရလေတယ်

ဘယ်သွားသွားအမှတ်တမဲ့မနေပဲ့ဘေးဝဲယာရှာဖွေကြည့်လိုက်ယင်ဒီလိုလူတန်းစားတချို့တွေ့ယင်တွေ့ပါလိမ့်မယ်

အကြွေလေးအိတ်ထဲစမ်းပီးတထောင်နှစ်ထောင်တော့ပေးလိုက်ပါ
အပန်းမကြီးပါဘူး

ကျုပ်တို့ထဲကတချို့"လူပီသ"တာပြဖို့အလှုကြီးတွေလုပ်ကြတာတွေ့တယ်မှုတ်လား

အဲ့လောက်လိုလို့လားဗျာ
ခုနပြောသလောက်ဆိုယင်ပဲရပါပြီ

Want your business to be the top-listed Beauty Salon in Taungoo?
Click here to claim your Sponsored Listing.

Category

Website

Address


Taungoo