TG Relax

TG Relax

Share

TG Relax

27/08/2026

Member Card ရှိသူများသာ ပိုင်ဆိုင်နိုင်မယ့်
𝐌𝐞𝐦𝐛𝐞𝐫 𝐂𝐚𝐫𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝟑𝟎% 𝐎𝐟𝐟 💬📍

မနက်ဖြန် တစ်ရက်ထဲပေးသွားမယ့် Promotion ဖြစ်တာမလို့ အခုကတည်းက ကြိုတင် Booking တင်ထားလို့ရပါပြီနော်။

𝗧𝗚 𝗥𝗲𝗹𝗮𝘅 မှာ 𝐆𝐨𝐥𝐝, 𝐏𝐥𝐚𝐭𝐢𝐧𝐮𝐦, 𝐃𝐢𝐚𝐦𝐨𝐧𝐝, 𝐁𝐥𝐚𝐜𝐤 ဆိုပြီး 𝐌𝐞𝐦𝐛𝐞𝐫 𝐂𝐚𝐫𝐝 လေးမျိုးရှိတာမလို့ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး ပြုလုပ်ထားလို့ရပါတယ်။

Address🏘️ အိမ်အမှတ် (၂၁)၊ ကမ္ဘောဇရိပ်သာလမ်း၊ ရွှေတောင်ကြား၊ (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
‎📞09898000601
‎📞09898000609

24/08/2026

အိပ်မပျော်တာဟာ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ် ပင်ပန်းနွမ်းနယ်မှုကို ပိုမိုဆိုးရွားစေပါတယ်။ ဆေးဝါးတွေ မမှီဝဲဘဲ သဘာဝအတိုင်း နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်လိုက်နော်။

💤ညဥ့်နက်ထိမနေဘဲ အိပ်ချိန် မှန်ပါစေ
💤အိပ်ခါနီး ၁ နာရီအလိုမှာ ဖုန်းနဲ့ ကွန်ပျူတာသုံးတာတွေကို အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။
💤အိပ်ခါနီးလေးမှာ ရေနွေးနွေးနဲ့ရေချိုးတာ ရေနွေးနွေးလေးသောက်ပေးတာမျိုး လုပ်ပေးပါ။
💤တောင်ကြီးရဲ့ အေးမြတဲ့ ရာသီဥတုမှာ ကြွက်သားတွေ တင်းမာနေတတ်တာမလို့ အကြောလျှော့ပြီး ခန္ဓာကိုယ်ကို အနားပေးတာက အနှိပ်ခံပြီး ခန္ဓာကိုယ် အကောင်းဆုံး သဘာဝကုထုံးပါပဲ။

ပင်ပန်းသမျှကို ခဏမေ့ပြီး အိပ်စက်ခြင်းကို ရရှိစေဖို့ 𝐓𝐆 𝐑𝐞𝐥𝐚𝐱 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 မှာရှိတဲ့ သဘာဝကုထုံးတွေနဲ့လည်း Treatment ယူလို့ရပါတယ်ရှင်🤍

🏡အိမ်အမှတ် (၂၃၆)၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။
📞09409706001

22/08/2026

ဆယ်ကျော်သက်လေးပဲ ရှိသေးတယ်... ဟိုနားနာ ဒီနားနာ ဖြစ်နေပြီလား❕😅💆‍♂️

ကျောင်းစာတွေ၊ Exam Pressure တွေအပြင် Laptop ရှေ့မှာ နာရီပေါင်းများစွာ အထိုင်များရာကနေ ခါးနာ၊ ဇက်ကြောတက်၊ ပခုံးလေးလံတာတွေကို ဆယ်ကျော်သက် တော်တော်များများ ကြုံနေရပါပြီ။

ငယ်တုန်းမှာ ကိုယ်လက်လေ့ကျင်းခန်းတွေ၊ ဝါသနာပါတဲ့ အားကစားတွေ များများလုပ်ပေးမှသာ ကြီးတဲ့အခါ ခံနိုင်ရည်ရှိမှာပါ။ ဒါကြောင့်မလို့ အနားယူတဲ့အချိန်မှာလည်း သေချာယူပြီး အားကစားလုပ်ရမယ့်အချိန်မှာလည်း အားကစားလုပ်ဖို့ မပျင်းနဲ့နော်။

🏡အိမ်အမှတ် (၂၃၆)၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။
📞09409706001

20/08/2026

𝐓𝐆 𝐑𝐞𝐥𝐚𝐱 မှာ

📍Cashier - 3 ယောက် ခေါ်နေပြီမလို့
လျှောက်ထားချင်တယ်ဆိုရင် အခုပဲ CB မှာ လာလျှောက်လို့ရပါပြီရှင်။

🏡အိမ်အမှတ် (၂၃၆)၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။
📞09409706001

18/08/2026

တစ်နေ့တာ စိတ်ဖိစီးမှုတွေကြောင့် ညဘက် အိပ်မပျော်တာ၊ ပခုံးနဲ့ ဇက်ကြောတွေ တင်းနေတာမျိုး ကြုံနေရပြီဆိုရင် ခန္ဓာကိုယ်က အနားယူဖို့ အချက်ပြနေတာပါ⚠️

ဒီလိုအချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်တာက ကြွက်သားတွေကို ပျော့ပျောင်းစေပြီး အိပ်စက်ရလွယ်ကူစေပါတယ်။

ရေနွေးနွေးလေးက သွေးကြောတွေကို ပွင့်စေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့အပြင် စိတ်ကို ငြိမ်သက်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ😴

🏡အိမ်အမှတ် (၂၃၆)၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။

📞09409706001

17/08/2026

အသားအရည်ကောင်းဖို့ဆိုရင် Expensive Skincare တွေပဲ လိုတာမဟုတ်ပါဘူးနော်။ နေ့စဉ် ပြုလုပ်နေကြ အလေ့အကျင့်လေးတွေကလည်း အများကြီး အထောက်အကူပြုပါတယ်။

💧ရေဝအောင် သောက်ပါ
မနက်နိုးနိုးချင်း ရေတစ်ဖန်ခွက် သောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ပြင်ပကို စွန့်ထုတ်ပေးပြီး အသားအရည်ကို စိုပြည်စေပါတယ်။

🧼 Gentle Cleanser နဲ့ သန့်စင်ပါ
မနက်နှိုးတဲ့အချိန် နဲ့ ညအိပ်ခါနီးအချိန်မှာ Cleansing ကို သေချာလုပ်ပေးတာက အသားအရည်ကောင်းမွန်စေပါတယ်။

☀️ Sunscreen မဖြစ်မနေ လိမ်းပါ
မိုးရွာရွာ၊ နေပူပူ၊ အိမ်ထဲမှာပဲနေနေ Sunscreen ကတော့ မရှိမဖြစ်ပါ။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေးကြောင်းထတာနဲ့ အမည်းစက်တွေကို ကာကွယ်ဖို့ အရေးကြီးဆုံးအဆင့်ပါပဲရှင်။

🥗 ဗီတာမင်စီပါတဲ့ အစားအစာတွေ စားပေးပါ
လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက အသားအရည်ကို အတွင်းပိုင်းကနေ ဝင်းပလာစေပါတယ်။

ရိုးရှင်းပေမဲ့ ပုံမှန်လေး လုပ်ပေးသွားရင် သိသာတဲ့ ပြောင်းလဲမှုကို မြင်တွေ့ရမှာမလို့ ပြောပြထားတဲ့ အရာလေးတွေကို နေ့စဥ်လုပ်ကြည့်ပါနော်။

🏡အိမ်အမှတ် (၂၃၆)၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။

📞09409706001

14/08/2026

လစဉ် (15)ရက်နေ့တိုင်း ပေးနေကြဖြစ်တဲ့
𝐌𝐞𝐦𝐛𝐞𝐫 𝐂𝐚𝐫𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝟑𝟎% 𝐎𝐟𝐟💬📍

မနက်ဖြန်ဆို Promotion ရက်လေး ပြန်ရောက်ပြီမလို့ အခုမှ စလာမယ့် New Customer လေးတွေက မသိသေးတော့ ထပ်ပြောပေးမယ်နော်။

𝗧𝗚 𝗥𝗲𝗹𝗮𝘅 မှာ 𝐆𝐨𝐥𝐝, 𝐏𝐥𝐚𝐭𝐢𝐧𝐮𝐦, 𝐃𝐢𝐚𝐦𝐨𝐧𝐝, 𝐁𝐥𝐚𝐜𝐤 ဆိုပြီး 𝐌𝐞𝐦𝐛𝐞𝐫 𝐂𝐚𝐫𝐝 လေးမျိုးရှိတာမလို့ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး ပြုလုပ်ထားလို့ရပါတယ်။ ဒီ Member Card လေးရှိထားတဲ့သူတိုင်းက လစဥ် (15) ရက်‌နေ့မှာ ဆိုင်လာမယ်ဆိုရင် ဘယ် Service ပဲယူယူ 30% Off ရရှိမှာပါရှင့်။ Promotion လေးအမှီလာချင်တယ်ဆို မနက်ဖြန် လာခဲ့လို့ရပါတယ်နော်။

🏡အိမ်အမှတ် (၂၃၆)၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။

📞09409706001

12/08/2026

𝗧𝗚 𝗥𝗲𝗹𝗮𝘅 မှာ "နား"အတွက် ဘယ်လိုမျိုး Service တွေ ရရှိနိုင်မလဲ❕
စိတ်ဖိစီးမှုတွေကြောင့် ပင်ပန်းနွမ်းနယ်နေချိန်မှာ ဦးခေါင်းနဲ့ နားကို ပေါ့ပါးလန်းဆန်းသွားစေဖို့ 𝗧𝗚 𝗥𝗲𝗹𝗮𝘅 ရဲ့ Ear Care Service လေးတွေလုပ်ကြည့်ကြမလား..🩷

1️⃣ Ear Cleansing
နားအတွင်းပိုင်းမှာရှိတဲ့ အညစ်အကြေးတွေကို အန္တရာယ်ကင်းကင်းနဲ့ သေချာလေးသန့်စင်ပေးတာမလို့ ကြည်လင်သန့်ရှင်းတဲ့ခံစားချက်ကို ချက်ချင်းရရှိစေမှာပါ။

2️⃣ Ear Candling
သဘာဝဖယောင်းတိုင်ရဲ့ နွေးထွေးတဲ့ အပူရှိန်နဲ့ လေဖိအားကို အသုံးပြုပြီး နားအတွင်းပိုင်း အစိုဓာတ်နဲ့ အညစ်အကြေးတွေကို စုပ်ယူသန့်စင်ပေးတဲ့ ကုထုံးလေးပါ။ ဒီကုထုံးလေးက
• ခေါင်းကိုက်/ခေါင်းမူးခြင်းကို သက်သာစေတယ်။
• နားအူခြင်း၊ နားအောင့်ခြင်းကို သက်သာစေတယ်။
• စိတ်ကိုလန်းဆန်းပြီး အိပ်ပျော်စေတယ်။

📍ပင်ပန်းသမျှကို ခဏမေ့ထားပြီး ပေါ့ပါးလန်းဆန်းသွားဖို့ 𝗧𝗚 𝗥𝗲𝗹𝗮𝘅 မှာ Ear Care Treatment လေး လာယူကြည့်နော်။

🏡အိမ်အမှတ် (၂၃၆)၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။

📞09409706001

09/08/2026

မိုးရွာတဲ့နေ့တွေမှာ ခြေလက်တွေထုံပြီး ကိုက်လာခဲ့ရင်... 🌧️👣

မိုးအေးအေးနဲ့ ရာသီဥတုအေးလာတဲ့အခါ သွေးလှည့်ပတ်မှု နှေးကွေးသွားပြီး ခန္ဓာကိုယ် အကြောတက်တာ၊ ခြေလက်တွေ ထုံကျင်ပြီး ကိုက်ခဲတာမျိုး ခံစားရလေ့ရှိပါတယ်။ ဒါဟာ မိုးရာသီမှာ အဖြစ်များတဲ့အရာတစ်ခုပါပဲ။

ဒီလိုမျိုး ကိုက်ခဲထုံကျင်နေတာတွေကို အမြန်ဆုံး သက်သာပြေပျောက်စေဖို့ဆိုရင်တော့ ခန္ဓာကိုယ် အပူချိန်ကို ပုံမှန်ပြန်ရစေပြီး သွေးလှည့်ပတ်မှု ကောင်းမွန်အောင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

𝐓𝐆 𝐑𝐞𝐥𝐚𝐱 မှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ?

🌿သွေးကြောတွေကို ပွင့်စေပြီး အကြောတက်/အကြောကပ်တာတွေကို ပြေပျောက်စေမယ့် Aromatherapy Oil Massage
🌿 ကျောက် အပူဓာတ်နဲ့ အကြောအတွင်းပိုင်းထိ စိမ့်ဝင်အောင် နှိပ်နယ်ပေးပြီး နာကျင်ကိုက်ခဲမှုကို လျှော့ချပေးနိုင်တဲ့ Hot Stone Therapy ဒီ Service လေးတွေလာယူလို့ရတာမလို့ Wellness Service တွေနဲ့အတူ ဝေဒနာတွေကို သက်သာစေမှာပါ။

🏡အိမ်အမှတ် (၂၃၆)၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။

📞09409706001

07/08/2026

ဒီနေ့ခေတ်က ဖုန်းသုံးတာ ကွန်ပျူတာ သုံးတာ များတဲ့ ခေတ်မလို့ Screen Time များပြီးဖြစ်လာတဲ့ ဇက်ကြောတက်ဝေဒနာကို လူတိုင်းနီးပါး ခံစားနေကြရပါတယ်။ ဒီလို ဝေဒနာတွေကို TG Relax ရဲ့ Massage တွေက ဘယ်လို ကူညီပေးနိုင်လဲဆိုရင်

💆‍♀️ဖုန်းငုံ့ကြည့်ချိန်မှာ လည်ပင်းနဲ့ ပခုံးကြွက်သားတွေဟာ ပုံမှန်ထက် ဝန်ပိုထမ်းရတဲ့ အရှိန်နဲ့ တောင့်တင်းသွားတတ်ပြီး Massage လုပ်တဲ့အခါမှာ
နက်ရှိုင်းတဲ့ ကြွက်သားအလွှာတွေအထိ နှိပ်နယ်ပေးတာကြောင့် တင်းနေတဲ့ ကြွက်သားများကို ပြေလျော့သွားစေပါတယ်။

💆‍♀️ကြွက်သားတွေတောင့်နေတဲ့အခါ ဦးခေါင်းနဲ့ လည်ပင်းဆီ သွေးစီးဆင်းမှု နည်းသွားပြီး ခေါင်းကိုက်တာ..ဇက်လေးတာတွေ ဖြစ်လာတတ်လို့
နှိပ်နယ်ပေးလိုက်မယ်ဆိုရင် သွေးကြောများကို ပွင့်စေပြီး ဇက်ကြောတက်တာနဲ့ ခေါင်းကိုက်တာကို ချက်ချင်း သက်သာသွားစေပါတယ်။

💆‍♀️Screent Time များတာက ဇက်ကြောတက်တဲ့အပြင် ဦးခေါင်းနောက်ပိုင်းနဲ့ မျက်လုံးကိုပါ ကိုက်စေပါတယ်။ ဒီလို အချိန်မှာ အပေါ်ပိုင်းနှိပ်တဲ့ Maasage Treatment ယူလိုက်မယ်ဆိုရင် ဝေဒနာတွေကို သက်သာသွားစေမှာပါ။

📍ဇက်ကြောတက်ခြင်းကြောင့် ဖြစ်လာတဲ့ စိတ်အဆင်မပြေမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို TG Relax ရဲ့ Massage Treatment များနဲ့ ဖြေဖျောက်လို့ရတာမလို့ အခုပဲ လာရောက်လုပ်ဆောင်ကြည့်လိုက်တော့နော်။

🏡အိမ်အမှတ် (၂၃၆)၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။

📞09409706001

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Address


Thitthaw Quartar/Zawtika Road/� 236
Taunggyi

Opening Hours

Monday 10:30 - 23:30
Tuesday 10:30 - 23:30
Wednesday 10:30 - 23:30
Thursday 10:30 - 23:30
Friday 10:30 - 23:30
Saturday 10:30 - 23:30
Sunday 10:30 - 23:30