Health Service For You

Health Service For You

Share

သဘာဝ တိုင်းရင်းဆေး

26/08/2026

ကျီးပေါင်းကြောင့် လက်ကပ်နိုင်လား‼️

လက်ကပ်ရောဂါဆိုသည်မှာ ဇက်ကြော၊နောက်ကြော၊တောင့်တင်းလျက်ပခုံးဆစ်၊တံတောင်ဆစ်တို့လှုပ် ရှားသော အခါအလွန်နာကျင်၍လက်မြှောက်မရခြင်း၊ကွေးဆန့်မရခြင်း၊ပခုံးဆစ်ပြုတ်ခြင်း၊ပခုံးဆစ်ကြွက်သားများကြပ်ခြင်း တို့ ဖြစ်သောရောဂါတစ်ခုဖြစ်သည်။

လက်ကပ်ရောဂါသည် ရောဂါကြီးတစ်ခုအနေဖြင့် ဖြစ်ပွားသော ရောဂါမဟုတ် ဘဲ ရောဂါတစ်ခု၏ ဆင့်ပွားဥပဒ္ဒဝေါရောဂါအဖြစ်ဖြစ်ပွားတတ်သော ရောဂါလည်းဖြစ်သည်။

လက်ကပ်သောရောဂါတွင်အတွင်းကပ်နှင့်အပြင်ကပ်ဟူ၍(၂)မျိုးရှိသည်။

အတွင်းကပ်ခြင်းသည်ကုသရလွယ်ပြီး အပြင်ကပ်သည်ကုသရခက်ခဲသောရောဂါဖြစ်သည်။

လက်ကပ်ခြင်းကို တိုင်းရင်းဆေးပညာဝေါဟာရအားဖြင့် အံသထူလ (Asma Shula)ဟုခေါ်သည်။အနောက်တိုင်းဆေးပညာဝေါဟာရအားဖြင့် Fronzen Shoulder ဖြစ် သည်။

အဓိက အားဖြင့် အကြောနှင့်အဆစ်အဆက်အကြားနှစ်ခုရှိအကြောတို့ဖောက်ပြန် ပျက်စီးသောရောဂါ တစ်ခုဖြစ် သည်။

အနောက်တိုင်းဆေးပညာအရလက်မောင်းသို့လာသောနဗ်ကြောများကို ထိခိုက်မိခြင်း၊ ဖိမိခြင်းတို့ကြောင့် ရောဂါတစ်ခုဖြစ်သည်။

22/08/2026

လက်မောင်းကပ်အတွက်ဆေးနည်းတိုများ‼️

(၁) မုန်ညင်းဆီ(၁၀)ကျပ်သားတွင် ချင်းတက်သုံးကျပ်သားထည့်ပြီး မီးနှင့်ဆူအောင်ချက်ထားပြီး ခပ်နွေးနွေးလိမ်းပေးပါ။

(၂) လက်မောင်းဆုံမှကိုက်ခဲလျှင် ဗာဒံရွက်အနုကို မီးကင် မုန်ညင်းဆီသုတ်ပြီး လက်မောင်းဆုံတွင်ကပ်ပြီး ပတ်တီးစည်းထားပါ။

(၃) ချင်းတက်အစိုနှင့် မိဿလင်ဥ အစိုတို့ကို ရောထောင်းပြီး လက်မောင်းဆုံတွင်အုံပြီး ပတ်တီးဖြင့် (၃)နာရီကြာအောင်စည်းထားလျှင် အကိုက်သက်သာသည်။

(၄) မိဿလင်အခြောက်မှုန့်ကို အဝတ်ဖြင့်ထုပ်ပြီး ကြပ်ထုပ်ပြုလုပ်၍ ရေနွေးငွေ့ခံပြီး လက်မောင်းတစ်လျှောက် ကြပ်ထုပ်ထိုးပေးပါ။

(၅) ဇက်နှင့် လက်ပြင်တစ်လျှောက်အကြောတင်းကိုက်ခဲလျှင် သင်္ဘောရွက်အနုကို ပျော့အောင် ရေနွေးစိမ်ပြီး ကပ်ပေးပါ။

(၆) တောရှောက်မြစ်၊ သက်ရင်းကြီးမြစ်များ သွေးလိမ်းလျှင် လက်မောင်းကပ် သက်သာစေပါသည်။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

21/08/2026

မက်လင်ခေါက်က အသည်းအတွက် ဘယ်လိုအကျိုးပြုလဲ⁉️

🍁အသည်းရောင်ခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း တို့ကို အလျှင်အမြန်ကောင်းစေပါတယ်။

🍁ဝလွန်းနေသောသူ၊ အဆီဓာတ်များသူ၊ လှုပ်ရှားမှုနည်းသူ၊ စည်းစိမ်ခံလွန်းသူတို့အတွက် သဘာဝ အတိုင်းအဆီကျစေတယ်

🍁အရက် ဘီယာ အသောက်များသူ၊ အသည်းအဆီဖုံး​​နေသူတွေအတွက် မက်လင်ခြောက်က အထူးသင့်လျော်ပါတယ်။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

16/08/2026

မေ့လျော့မထားသင့်သော အသည်းအဆီဖုံးခြင်း၏ တိတ်ဆိတ်သော လက္ခဏာ (၈) ချက် 🌿

​အသည်းအဆီဖုံးရောဂါဟာ အစောပိုင်းမှာ သိသာထင်ရှားတဲ့ လက္ခဏာ မပြတတ်တာကြောင့် "တိတ်ဆိတ်သော ရောဂါ" လို့လည်း ခေါ်ကြပါတယ်။ ဒါပေမဲ့ နေ့စဉ်လူနေမှုဘဝမှာ ခန္ဓာကိုယ်က ပေးနေတဲ့ ဒီလို သတိပေးလက္ခဏာလေးတွေကို မေ့လျော့မထားဖို့ လိုအပ်ပါတယ်နော်။

​⚠️ အသည်းအဆီဖုံးခြင်းကို ညွှန်ပြနေတဲ့ လက္ခဏာများ
​၁။ စဉ်ဆက်မပြတ် နွမ်းခွေခြင်း
လုံလောက်စွာ အနားယူထားသော်လည်း မအီမသာဖြစ်ပြီး တစ်ချိန်လုံး မောပန်းနွမ်းနယ်နေခြင်း။

​၂။ ဝမ်းဗိုက် အဆီပိုများလာခြင်း
ခန္ဓာကိုယ် အခြားနေရာတွေထက် ဝမ်းဗိုက်ပိုင်းမှာ အဆီတွေ စုပုံလာခြင်း။

​၃။ ညာဘက်အထက် ဝမ်းဗိုက် မအီမသာဖြစ်ခြင်း
ညာဘက်နံရိုးအောက်/ဗိုက်အထက်ပိုင်းမှာ တင်းကျပ်ကျပ် သို့မဟုတ် အောင့်သလိုလို ခံစားရခြင်း။

​၄။ သွေးချို မြင့်မားခြင်း
သွေးတွင်း သကြားဓာတ် မကြာခဏ မြင့်တက်နေခြင်း သို့မဟုတ် ဆီးချို/သွေးချို ထိန်းရခက်ခြင်း။

​၅။ ကိုလက်စထရော မြင့်မားခြင်း
သွေးတွင်း အဆီဓာတ် (Cholesterol / Triglycerides) မြင့်တက်နေခြင်း။

​၆။ အရေပြား အကွက်များ ညိုမည်းလာခြင်း
လည်ပင်း၊ ဂျိုင်းစတဲ့ အရေပြားခေါက်ကွေးနေရာတွေမှာ အကွက်များ ညိုမည်းလာခြင်း (Acanthosis Nigricans)။

​၇။ အသည်း အင်ဇိုင်းများ မြင့်မားခြင်း
သွေးစစ်ဆေးကြည့်သည့်အခါ အသည်းအင်ဇိုင်းများ (ALT / AST) မြင့်တက်နေခြင်း။

​၈။ အကြောင်းရင်းမရှိ အားအင်ကုန်ခမ်းခြင်း
အလုပ်အပြင်းအထန် မလုပ်ရဘဲ ရုတ်တရက် အားအင်ကုန်ခမ်း၍ နားချင်နေခြင်း။

​💡 မှာကြားချင်တဲ့ အချက်
ဒီလို လက္ခဏာတွေ ကြုံတွေ့နေရပါက အသည်းကျန်းမာရေးကို သတိပြုစစ်ဆေးပြီး အစားအသောက်ပုံစံ ပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ဖြင့် စောစောစီးစီး ကာကွယ် ထိန်းသိမ်းသင့်ပါတယ်။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

11/08/2026

သွေးလေးဘက်နာကို ပေါ့ဆမိရင်‼️

တခြားထိခိုက်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက
သွေးလေးဖက်နာမှာ အရိုးအဆစ်တွေ ပျက်စီးတာအပြင် တခြားအစိတ်အပိုင်းတွေ ထိခိုက်လာတာကိုလည်း တွေ့ရပါတယ်။

🍁မျက်လုံး – မျက်သားခြောက်တာ၊ ရောင်ရမ်းတာ၊ အမြင်မှုန်ဝါးတာ၊ အလင်းဒဏ်မခံနိုင်ခြင်း

🍁အရေပြား – အရိုးပေါ်က အရေပြားတွေမှာ အဖုတွေ ထွက်လာခြင်း

🍁သွေးကြောတွေ ရောင်ရမ်းခြင်း

🍁နှလုံးရောင်ရမ်းခြင်း (ဒါ့ပြင် သွေးလေးဖက်နာရှိတဲ့ သူတွေက အဆစ်တွေနာလို့ လေ့ကျင့်ခန်း မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် အဝလွန်ပြီး တခြား သွေးတိုး၊ ဆီးချိုတွေ ဖြစ်လို့ နှလုံးထိခိုက်တတ်ပါတယ်။)

🍁ပါးစပ်မှာ အနာတွေပေါက်တာ၊ ခံတွင်းခြောက်တာ၊ သွားဖုံးရောင်ခြင်း

🍁အဆုတ် – အဆုတ်ရောင်ရမ်းတာကြောင့် အသက်ရှူရခက်ခြင်း

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

08/08/2026

တွိဟန်လိမ်းဆေးအဆီ တိုင်းရင်းဆေးလေးကိုမှီဝဲခြင်းဖြင့်

🍀အညောင်းအညာပြေစေခြင်း
🍀ညကိုနှစ်ခြိုက်စွာအိပ်ပျော်စေခြင်း
🍀ပေါ့ပါးလန်းဆန်းစေခြင်း
🍀ကိုက်ခဲနာကျင်မှုကိုသက်သာစေခြင်း
🍀သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း
🍀ခေါင်းမူး၊ခေါင်းကိုက်ကို သက်သာစေခြင်း စသော

ကောင်းကျိုးများစွာရှိလို့ အချိန်မတော်ညောင်းညာသူများဆောင်ထားသင့်ပါသည်။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင် #တွိဟန်လိမ်းဆေးအဆီ #တိုင်းရင်းဆေးမျိုးစုံ

06/08/2026

"အသည်းအဆီဖုံးတာ" ဟာ ဘာလက္ခဏာမှ မပြဘဲ တဖြည်းဖြည်း အသည်းကို ပျက်စီးစေနိုင်တဲ့ ရောဂါဆိုတာ သိပါသလား⁉️

"ငါ အရက်လည်း မသောက်ဘူး... အသည်းရောဂါ မဖြစ်နိုင်ပါဘူး" လို့ ထင်နေပါသလား။

အရင်က ပြောခဲ့သလိုပဲ တကယ်တော့ အသည်းအဆီဖုံးရောဂါ (Fatty Liver Disease) ဟာ အရက်မသောက်သူတွေလည်း ဖြစ်နိုင်ပါတယ်။

ပိုပြီး သတိထားရမှာက အစောပိုင်းမှာ လက္ခဏာ လုံးဝမရှိတာက အများဆုံးပါ။

ဒါကြောင့် လူတော်တော်များများဟာ ကိုယ်မှာ အသည်းအဆီဖုံးနေမှန်း မသိဘဲ နေသွားတတ်ကြပါတယ်။

ဒါပေမယ့် လူအချို့မှာတော့ ခန္ဓာကိုယ်က သတိပေးတဲ့ လက္ခဏာတချို့ ပေါ်လာနိုင်ပါတယ်။

အောက်မှာ ပြောထားတဲ့ အခြေအနေတွေ ရှိနေရင် မပေါ့ဆပါနဲ့

၁။ အမြဲလိုလို မောပန်းနွမ်းနယ်နေခြင်း

အိပ်ရေးဝဝ အိပ်ထားပေမယ့် အားမရှိသလို၊ မောပန်းနေသလို ခံစားရနိုင်ပါတယ်။

၂။ ညာဘက်နံရိုးအောက်ပိုင်းမှာ ပြည့်တင်းသလို၊ မအီမသာ ခံစားရခြင်း

အသည်း ရောင်ရမ်းလာတဲ့အခါ လူအချို့မှာ ညာဘက်ဝမ်းဗိုက်အပေါ်ပိုင်းမှာ မအီမသာဖြစ်တာ၊ ပြည့်တင်းသလို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။

၃။ ကိုယ်အလေးချိန်တက်လာပြီး ဗိုက်အဆီများလာခြင်း

ဒါဟာ အသည်းအဆီဖုံးရဲ့ လက္ခဏာမဟုတ်ပေမယ့် အရေးကြီးတဲ့ Risk Factor တစ်ခုပါ။
အထူးသဖြင့် ဗိုက်ပူလာတာ၊ အဝလွန်တာ၊ ဆီးချို၊ သွေးတွင်းအဆီများတာတွေ ရှိရင် Fatty Liver ဖြစ်နိုင်ခြေ ပိုများပါတယ်။

၄။ အဆီများတဲ့ အစားအစာစားပြီး ရင်ပြည့်သလို၊ မအီမသာ ဖြစ်ခြင်း

လူအချို့မှာ အစာစားပြီးနောက် ဝမ်းဗိုက်ပြည့်တင်းသလို၊ မအီမသာ ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။

၅။ ကျန်းမာရေးစစ်ဆေးမှသာ သိရခြင်း

Fatty Liver ကို လူအများစုက Ultrasound ရိုက်ရင်း ဒါမှမဟုတ် သွေးစစ်ရင်း (Liver Function Test) မှ မတော်တဆ သိကြတာ များပါတယ်။
ဒါကြောင့် လက္ခဏာမရှိဘူးဆိုပြီး စိတ်ချမနေသင့်ပါဘူး။ စစ်ဆေးသင့်ပါတယ်။

❤️ ဒီပို့စ်လေးက သင့်မိသားစုနဲ့ ချစ်ခင်ရသူတွေရဲ့ အသည်းကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်။ အသုံးဝင်တယ်ဆိုရင် Like & Share လုပ်ပြီး မျှဝေပေးလိုက်ပါဦး။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

03/08/2026

မနက်အိပ်ရာထလို့ ခြေထောက်ချလိုက်ပြီဆိုတာနဲ့ ဖနောင့်က စူးကနဲ နာကျင်မှုကို ခံစားနေရပါသလား❓

ဒါဆိုရင်တော့ သင်ဟာ "ခြေဖဝါးအတွင်း အရွတ်မြှေးရောင်ရမ်းခြင်း" (𝗣𝗹𝗮𝗻𝘁𝗮𝗿 𝗳𝗮𝘀𝗰𝗶𝘁𝗶𝘀) ဝေဒနာကို ခံစားနေရတာ ဖြစ်ဖို့ များပါတယ်။

​😨 အများစုထင်သလို ဖနောင့်မှာ အရိုးအတက်ထွက်လို့ နာတာမဟုတ်ဘဲ အရွတ်မြှေးရောင်ရမ်းတာကသာ အဓိက နာကျင်စေတာပါ။ လမ်းအကြာကြီးလျှောက်တာ၊ မတ်တပ်ရပ်တာနဲ့ ဖိနပ်အမာစီးတာတွေက ဒီဝေဒနာကို ပိုဆိုးစေပါတယ်။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

27/07/2026

နှလုံးရောဂါ မဖြစ်အောင် နေထိုင်နည်း (၁၀) ချက်‼️

နှလုံးရောဂါအများစုဟာ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အောက်ပါအချက် (၁၀) ချက်ကို နေ့စဉ် လိုက်နာကြည့်ပါ။

🥗 ၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို စားပါ။

ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ ငါးနဲ့ အစေ့အဆန်အပြည့် (Whole Grains) ကို ပိုစားပြီး အငန်၊ အချိုနဲ့ အဆီများတဲ့ အစားအစာတွေကို လျှော့စားပါ။

🚶 ၂။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အလယ်အလတ်ပြင်းအား လေ့ကျင့်ခန်း ပြုလုပ်ပါ။

⚖️ ၃။ ကိုယ်အလေးချိန်ကို ထိန်းထားပါ။

အဝလွန်ခြင်းက သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်စေပါတယ်။

🚭 ၄။ ဆေးလိပ် မသောက်ပါနဲ့။

ဆေးလိပ်က နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ တိုးစေပါတယ်။

🍺 ၅။ အရက်ကို အလွန်အကျွံ မသောက်ပါနဲ့။

အရက်များများ သောက်ခြင်းက သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်းနဲ့ နှလုံးအားနည်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

😴 ၆။ အိပ်ရေးဝဝ အိပ်ပါ။

တစ်နေ့လျှင် ၇–၉ နာရီ ခန့် အိပ်စက်ခြင်းက နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

😊 ၇။ စိတ်ဖိစီးမှုကို လျှော့ချပါ။

တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ အပန်းဖြေခြင်းနဲ့ ဝါသနာပါတဲ့ အလုပ်တွေ လုပ်ပေးပါ။

🩺 ၈။ သွေးပေါင်ချိန်၊ သွေးချိုနဲ့ ကိုလက်စထရောကို ပုံမှန် စစ်ဆေးပါ။

စောစီးစွာ သိရှိပြီး ထိန်းချုပ်နိုင်ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

💊 ၉။ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို ပုံမှန် သောက်ပါ။

သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထရောကျဆေးတွေကို မိမိသဘောနဲ့ မရပ်ပါနဲ့။

❤️ ၁၀။ နှလုံးရောဂါရဲ့ သတိပေးလက္ခဏာတွေကို သိထားပါ။

ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ရင်တုန်ခြင်း၊ ချွေးအေးထွက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆေးရုံကို အမြန်သွားပြီး စစ်ဆေးသင့်ပါတယ်။

❤️ မှတ်သားထားပါ

နှလုံးရောဂါကို ကုသတာထက် ကြိုတင်ကာကွယ်တာက ပိုမိုလွယ်ကူပြီး ထိရောက်ပါတယ်။ နေ့စဉ် ကျန်းမာတဲ့ အလေ့အကျင့်လေးတွေကို စတင်လုပ်ဆောင်ခြင်းက သင့်နှလုံးကို နှစ်ပေါင်းများစွာ ကျန်းမာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

26/07/2026

နှလုံးအားနည်းပြီးရင်တုန်နေပြီလား
ညဘက်အိပ်ရေးပျက်ပြီးအစားအသောက်ပျက်နေလား
ရာသီဥတုမမျှတလို့မူးဝေနေပြီလား
စိတ်ဖိစီးမှုများလို့စိတ်ရှုပ်ထွေးနေပြီလား

နှလုံးငြိမ်ပြီအားဖြစ်စေတဲ့

🍂ကန့်ဘလူဉ
🍂ပဲနံ့သာ
🍂နံ့သာဖြူ
🍂ပန်းဥ
🍂ပဲနံ့သာ
🍂ပန်းနု
🍂ပန်းမ
🍂ဆေးပုဇွန်ထုတ်
🍂ကျောက်သွေး
🍂နံ့သာနီ တို့ အဓိက ပါဝင်ဖော်စပ်ထားပြီး လူကြီးကလေး မရွေးသောက်သုံးနိုင်ပါတယ်နော်အသက်အရွယ်အလိုက် သောက်သုံးရမယ့် ပမာဏ ရေပူရေအေးတော့ ကွာခြားမှုရှိတယ်ရှင့်🩸🤍

#ဘာအတွက်အသုံးပြုလို့ရလဲ

🍀မူးဝေခြင်း
🍀မောပန်းခြင်း
🍀နှလုံးတုန်ခြင်း
🍀စားမဝင်အိပ်မပျော်ခြင်း
🍀စိတ်ကြည်လင်မှုမရှိခြင်း
🍀သွေးသည်းခြေပျက်ခြင်း
🍀သွေးအားနည်းခြင်း တို့အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်

ဘေးထွက်ဆိုးကျိူးမရှိဘဲ အကျိုးပြုတဲ့ဆေးလေးမို့ အိမ်တိုင်းဆောင်ထားဖို့ အကြံပေးပါတယ်ရှင့်

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်
#တွိဟန်ဟဒယနှလုံးငြိမ်ဆေး

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Taunggyi