Me Ko - Hair Extension Saloon
Hair Extension Saloon & Trainning School
မနက်၉မှည၉အထိ
ပိတ်ရက်မရှိဆိုင်ဖွင့်ပါတယ်
ဆံပင်ဆက်ဖို့ စဉ်းစားနေပေမယ့် ဈေးနှုန်းတွေ အမျိုးမျိုးကွဲပြားနေလို့ ဝေခွဲမရဖြစ်နေပြီလား❓ ✨
Meko Hair Extension Saloon မှာတော့ Customer တို့ရဲ့ လိုအပ်ချက်၊ စိတ်ကြိုက်ပုံစံနဲ့ ဘတ်ဂျက်အလိုက် ရွေးချယ်နိုင်အောင် ဆံသားအမျိုးအစားအလိုက် ဈေးနှုန်းတွေကို အလွှာအသီးသီး ခွဲခြားပေးထားပါတယ်ရှင့်။ 🥰
ဆံပင်ဆက်တဲ့အခါ ဆံသားအမျိုးအစား (၃) မျိုး ရှိတာကို သိပြီးပြီလားရှင်? 👇
၁။ 💎 ရှယ်ဆံသား (Virgin Hair)
အကောင်းဆုံး ဆံသားကိုမှ လိုချင်သူများအတွက်ပါ။ အကောက် အဖြောင့် လုံးဝမလုပ်ရသေးတဲ့အပြင် ဆိုးဆေး လုံးဝမပါတဲ့ သဘာဝအတိုင်း ဆံသားစစ်စစ်ဖြစ်လို့ ဆံပင်ဝိတ် (Weight) ပိုမိုပြည့်ဝပါတယ်။ ဆံသားအရည်အသွေး အမြင့်မားဆုံးဖြစ်လို့ ဈေးနှုန်းတော့ အမြင့်ဆုံးဖြစ်ပါတယ်ရှင့်။
၂။ 🎨 ကာလာဆံသား (Color Hair)
အညိုရောင်၊ အနီရောင် စတဲ့ အရောင်ဆိုးထားပြီးသား ဆံသားတွေဖြစ်ပါတယ်။ ဖြောင့်စက်ဆွဲထားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဆံပင်ထပ်ဆိုးဖို့ မလိုဘဲ စတိုင်လ်အလန်းစားရစေမယ့်အပြင် ဈေးနှုန်းလည်း သင့်တင့်မျှတပါတယ်နော်။
၃။ 🖤 အမည်းဆိုးဆံသား (Black Dyed Hair)
ဒီဆံသားလေးတွေကတော့ ဆေးသုံးထားတာ၊ အရောင်ဆိုးထားတာမျိုး ရှိတဲ့အတွက် ဆံပင်ဝိတ်တော့ အနည်းငယ်လျော့နည်းနိုင်ပါတယ်။ ဒါပေမယ့် ဆက်တဲ့အခါ ဈေးနှုန်းအသက်သာဆုံးနဲ့ အတန်ဆုံး ဖြစ်စေမှာမို့ ဘတ်ဂျက်ချွေတာချင်တဲ့ ပျိုမေတို့အတွက် အဆင်ပြေဆုံးပါပဲရှင်။
💡 ဘာလို့ Meko ကို ရွေးချယ်သင့်လဲ?
ပစ္စည်းဈေးနှုန်းတွေ တက်နေတဲ့ ခေတ်ကြီးထဲမှာ Meko အနေနဲ့ အမြတ်အစွန်းထက် Customer တို့အတွက် "ဈေးနှုန်းအသက်သာဆုံးနဲ့ စိတ်ကျေနပ်မှုအပြည့်အဝရရှိစေဖို့" စေတနာထားပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးနေပါတယ်ရှင့်။ မိမိနှစ်သက်ရာ ဈေးနှုန်းတန်းအလိုက် ရွေးချယ်ဆက်နိုင်လို့ အဆင်ပြေဆုံးဖြစ်မှာ သေချာပါတယ်။
🛍️ ဆိုင်သို့ လာရောက်ဆက်လိုသူများအတွက် လိပ်စာ -
🏢 အမှတ် ၄၇၊ သီတာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ (ယုဇနပလာဇာနဲ့ တစ်မှတ်တိုင်ပဲ ဝေးပါတယ်ရှင့်)
📞 ဖုန်းဖြင့် မေးမြန်းစုံစမ်းလိုလျှင် သို့မဟုတ် Online မှတစ်ဆင့် မှာယူလိုလျှင် -
📱 09-255824949
📱 09-778885949
📱 09-778886949
လှပတဲ့ ဆံကေသာရှည်ရှည်လေးနဲ့ ယုံကြည်မှုတွေ တိုးပွားဖို့ Meko ကို အမြန်ဆုံး လှမ်းခဲ့လိုက်တော့နော်... 💖 ✨
#ဆံပင်ဆက်ဆိုင် #ကျောက်မြောင်းဆံပင်ဆက်
Meko Team Member အသစ်ခေါ်ယူခြင်း 💇♀️✨
1. Meko မှာ ဝန်ထမ်းလုပ်သက် (၁) နှစ်ပြည့်တာနဲ့ နာမည်ကြီးဆရာတွေဆီက သင်တန်းတွေ free တတ်ခွင့်ရမယ်
2. ဆံပင်ဆက်ပညာရပ်ကိုပါ သင်တန်းကြေး လုံးဝပေးစရာမလိုဘဲ အခမဲ့ သင်ယူခွင့် ရရှိမှာဖြစ်ပါတယ်။
3. အလုပ်လုပ်ရင်း စိတ်ပန်းပြေစေဖို့ တစ်ပတ်လျှင် နားရက် (၁) ရက် ပေးမည့်အပြင် နှစ်စဉ် Staff Trip ခရီးစဉ်များနှင့် လစဉ်/နှစ်စဉ် Bonus များကိုပါ အပြည့်အဝ ခံစားခွင့် ရှိမှာပါ။
4.နောင်တစ်ချိန် ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်နိုင်ဖို့အတွက် မရှိမဖြစ် အရေးကြီးဆုံးဖြစ်တဲ့ စာရင်းကိုင်ပညာရပ်ကအစ ဆိုင်လုပ်ငန်းလည်ပတ်မှု အားလုံးကိုပါ တစ်နေရာတည်းမှာ အကုန်လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
ပညာလည်းရ၊ လစာနဲ့ Bonus လည်းရမယ့်အပြင် မိမိဘဝအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်လို့ သင်တန်းကြေးကုန်မှာ စိတ်ပူစရာမလိုဘဲ အခုပဲ လက်တွဲလိုက်ပါ။
လူဦးရေ ကန့်သတ်ထားတာမို့ Meko ရဲ့ Team Member အသစ်အဖြစ် ဝင်ရောက်ဖို့ အမြန်ဆုံး ဖုန်းဆက်ပြီး အခုပဲ လာခဲ့လိုက်တော့နော်။
ME KO Hairextension Saloon
No.(47), သီတာလမ်း , ကျောက်မြောင်း , တာမွေ
(သီတာမှတ်တိုင်) သီတာလမ်းနှင့် ကျောက်ရေတွင်းလမ်းထောင့်
09255824949,09778885949,09778886949
ဆံပင်ဆက်ထားတဲ့ ပျိုမေတို့ရေ... သင့်ဆံကေသာ ကျန်းမာလှပဖို့ Meko မှာ စိတ်ချလက်ချ အပ်နှံလိုက်ပါ
ဆံပင်ဆက်ထားပြီး ဖြုတ်ဖို့အချိန်တန်နေပြီလား? ဒါမှမဟုတ် ဆံပင်ဆက်ကြောင်းတွေ ရှုပ်ထွေးပြီး ဦးရေပြား ယားယံနေပြီလား?
ဆံပင်ဆက်တယ်ဆိုတာ လှပဖို့တင်မကဘဲ စနစ်တကျ ထိန်းသိမ်းဖို့လည်း အလွန်အရေးကြီးပါတယ်။ ၂ လတစ်ကြိမ် ပုံမှန်ဖြုတ်ပြီး ပြန်တက်ပေးခြင်းက သင့်ရဲ့ သဘာဝဆံကေသာကို ပျက်စီးမှုကနေ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ပါတယ်။ ၅ လထက်ကျော်လွန်ပြီး ပစ်ထားမိရင်တော့ ဆံပင်အထုံးအခဲဖြစ်တာနဲ့ ဆံပင်ကျွတ်တဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
#နှစ်လတစ်ကြိမ် ဖြုတ်/ပြန်တက်ခြင်းရဲ့ ကောင်းကျိုးများ
သဘာဝဆံပင် သန်စွမ်းခြင်း: မိမိရဲ့ သဘာဝဆံပင်ရင်းများ ဝန်ပိမှုသက်သာပြီး ဆံပင်ကျွတ်ခြင်း၊ ပြတ်ထွက်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။
ဦးရေပြား ကျန်းမာခြင်း: ဖုန်မှုန့်နဲ့ ဂျီးများ စုပုံမနေတော့ဘဲ ဦးရေပြားကို သန့်စင်အောင် အချိန်မှန် လုပ်ဆောင်နိုင်လို့ ဗောက်ထခြင်းနဲ့ ယားယံခြင်း ကင်းဝေးစေပါတယ်။
ဆံပင်ပုံစံ လှပနေခြင်း: ဆံပင်အဆက်များ အောက်သို့ လျှောကျမသွားဘဲ သဘာဝအတိုင်း အမြဲတမ်း သပ်ရပ်လှပနေစေပါတယ်။
#၅လကျော်မှ ဖြုတ်ခြင်းရဲ့ ဆိုးကျိုးများ
ဆံပင်အထုံးအခဲဖြစ်ခြင်း: သဘာဝအတိုင်း နေ့စဉ်ကျွတ်တဲ့ ဆံပင်အသေတွေက အဆက်ကြိုးတွေကြားထဲ ညှပ်ပြီး ဖယ်ရှားရခက်ခဲတဲ့ အထုံးအခဲကြီးတွေ ဖြစ်သွားတတ်ပါတယ်။
ဆံပင်ကျွတ်ပြီး ပါးလွှာလာခြင်း: ဆံပင်ရင်းတွေက အဆက်အလေးချိန်ကို ရေရှည်မခံနိုင်တော့ဘဲ ဆံမြစ်ကွင်းလိုက် ကျွတ်ထွက်ခြင်း (Traction Alopecia) ဖြစ်နိုင်ပါတယ်။
ဗောက်နှင့် ဦးရေပြားပြဿနာများ: ၅ လကျော်ကြာတဲ့အခါ ဦးရေပြား သန့်ရှင်းရေးလုပ်ရ ခက်ခဲလာပြီး မှိုစွဲခြင်း၊ အနံ့ဆိုးထွက်ခြင်းနဲ့ အနာဖုများ
ဆံပင်ဆက်ထားတဲ့ ပျိုမေတို့ရေ... သင့်ဆံကေသာ ကျန်းမာလှပဖို့ Meko မှာ စိတ်ချလက်ချ အပ်နှံလိုက်ပါ
Meko ဆံပင်ညှပ်နှင့် အလှပြင်ဆိုင်မှာ ဆံပင်ဆက်ခြင်း/ဖြုတ်ခြင်း အတတ်ပညာကို နှစ်ပေါင်းများစွာ စနစ်တကျ လေ့လာထားတဲ့ ကျွမ်းကျင်ပညာရှင် (Hair Extension Specialists) ကိုယ်တိုင် သေချာဂရုစိုက် ဆောင်ရွက်ပေးနေပါတယ်။
သဘာဝဆံပင် တစ်ပင်ချင်းစီကို မထိခိုက်စေဘဲ အနုစိတ် ဖြုတ်ပေးခြင်း
ဦးရေပြားကို အထူးသန့်စင်ပေးပြီး အားဖြည့် Treatments များ ပြုလုပ်ပေးခြင်း
ဆံပင်မရှုပ်ဘဲ သဘာဝအတိုင်း ပြန်လည်လှပစေမယ့် အဆင့်မြင့်နည်းပညာများ
သင့်ဆံကေသာ ပျက်စီးသွားမှာကို လုံးဝစိုးရိမ်စရာမလိုဘဲ အလှဆုံးနဲ့ အန္တရာယ်အကင်းဆုံး ဖြစ်စေဖို့ Meko ဆိုင်ကို အခုပဲ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
(47),သီတာလမ်း,ကျောက်မြောင်း,တာမွေ
သီတာမှတ်တိုင် ၊ သီတာလမ်းနှင့်ကျောက်ရေတွင်းလမ်းထောင့်
09255824949,09778885949,09778886949
#ဆံပင်ဆက်
***ဆံပင်ဆက်ရတာ ခေါင်းလေးပြီး နေရထိုင်ရခက်စေတဲ့ #ခဲသီးဆက်နည်းအဟောင်းတွေကြောင့် သင့် စိတ်ပျက်နေပြီလား🥺
***အခုခေတ်စားဆုံးနဲ့ အပေါ့ပါးဆုံး ငှက်မွှေးဆက်နည်း ( Extension) ကို ပြောင်းလဲပေးလိုက်ပါ။😱
***ငှက်မွှေးဆက်နည်းဟာ ဆံပင်အမြစ်ကို လုံးဝမထိခိုက်စေဘဲ ခေါင်းလျှော်၊ ဘီးဖြီးရတာလည်း သဘာဝဆံပင်အတိုင်း အကောင်းဆုံးနဲ့ trend အဖြစ်ဆုံး ငှက်ဆင်ပြေလွန်းလို့ customer တိုင်းက အကြိုက်ဆုံးဖြစ်နေတာပါ။👍
***ပေါ့ပါးလွန်းလို့ ဆံပင်ဆက်ထားမှန်းတောင် မသိသာတဲ့အပြင် ဇကာကွက်စနစ်ကြောင့် လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာအရှိဆုံး ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။💯
***အကောင်းဆုံးနဲ့ trend အဖြစ်ဆုံး ငှက်မွှေးဆက်နည်းကို ပြောင်းလဲချင်ရင်တာ့
မှာဆက်နည်းအေဟာင်းဆံပင်လေးကို လာပြောင်းလဲလို့ရပါပြီရှင်။♥️🥰 #ဆံပင်ဆက်
Click here to claim your Sponsored Listing.
Category
Telephone
Address
၄၇ သီတာလမ်း ကျောက်မြောင်း တာမွေ
Tamwe
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |