ZEVY
Self-Care Everyday
Care for your body. Calm your mind.
21/06/2026
ကျွန်တော် ZEVY ကို စတင်ဖန်တီးတုန်းက ပျားရည်ကုန်ကြမ်းကို ထိုင်းဘက်ကနေ အလွယ်တကူ ဝယ်ယူအသုံးပြုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်က ကျိုင်းတုံဒေသထွက် ပျားရည်ကို ပိုစိတ်ဝင်စားခဲ့ပါတယ်။
"ဒေသထွက်ကုန်တစ်ခုဟာ အရည်အသွေးကောင်းရင် ယုံကြည်စိတ်ချရတဲ့ Product တစ်ခု ဖြစ်နိုင်တယ်" ဆိုတာကို သက်သေပြချင်ခဲ့လို့ပါ။
ဒါကြောင့် အချိန်ယူပြီး ပျားရည်အရင်းအမြစ်တွေကို လေ့လာခဲ့တယ်။ ကုန်ကြမ်းရွေးချယ်မှုတွေကို သေချာစစ်ဆေးခဲ့တယ်။ Product Quality ကို အဓိကထားပြီး ပြင်ဆင်ခဲ့တယ်။
အခုတော့ ကျွန်တော် ရွေးချယ်ထားတဲ့ ပျားရည်နဲ့ ထုတ်လုပ်ထားတဲ့ ZEVY ဟာ ပိုးမွှားစစ်ဆေးမှု အောင်မြင်ပြီး စိတ်ချလက်ချ သောက်သုံးနိုင်တဲ့ Product တစ်ခု ဖြစ်လာခဲ့ပါပြီ။
Batch 1 ကတည်းက ယုံကြည်ပြီး ဝယ်ယူအားပေးခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ 🙏
📌 Pre-order များ စတင်လက်ခံနေပါပြီ။
DM လိုက်ပါခဗျာ။
ZEVY — Self Care, Everyday.
သတင်းကောင်းလေး မျှဝေချင်ပါတယ်ခင်ဗျာ 🎉
ZEVY Local Product ကို ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သော Kasetsart University လက်အောက်ရှိ Institute of Food Research and Product Development (IFRPD) တွင် စစ်ဆေးမှုများ ပြီးစီးခဲ့ပါပြီ။
ဒီနေ့တော့ Hard Report Unboxing Video လေးနဲ့အတူ မျှဝေပေးလိုက်ပါတယ်။
ZEVY အနေနဲ့ ပိုကောင်းတဲ့ အရည်အသွေး၊ ပိုမြင့်တဲ့ စံနှုန်းတွေဆီ ရောက်ရှိနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်။
မကြာခင်မှာလည်း စစ်ဆေးချက်အချက်အလက်များ ထည့်သွင်းထားတဲ့ Sticker Design အသစ်လေးနဲ့ ပြန်လည်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။
ပထမ Batch ကတည်းက ယုံကြည်စွာ ဝယ်ယူအားပေးခဲ့ကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။
ZEVY ကို ဆက်လက်အားပေးကြအုန်းခဗျာ။😊
သဘာဝကလာတဲ့ အရာတိုင်းက
ခေတ်နောက်ကျတာ မဟုတ်ပါဘူး။
တချို့အရာတွေက
အချိန်ဘယ်လောက် ပြောင်းပြောင်း
တန်ဖိုး မလျော့သွားတာမျိုးပေါ့။
Caffè Romano က တကယ်ကို ထူးခြားပြီး သောက်လို့ကောင်းတဲ့ ရွေးချယ်မှုတစ်ခုပါ။
အစိမ်းလိုက် ညှစ်ထည့်တဲ့ လီမွန်ရည်လိုမျိုး အချဉ်ဓာတ် စူးစူးဝါးဝါး မရှိတော့ဘဲ၊ ပျားရည်ရဲ့ သဘာဝအချိုဓာတ်နဲ့ လီမွန်ခြောက်ရဲ့ ညင်သာတဲ့ အမွှေးရနံ့က ကော်ဖီရဲ့ ခါးသက်သက်အရသာကို ပိုပြီး ပြည့်စုံမျှတသွားစေပါတယ်။
အစာအိမ်အတွက်လည်း ပိုပြီး နူးညံ့သိမ်မွေ့တဲ့အပြင်၊ နေ့ခင်းဘက် စိတ်ကြည်လင်လန်းဆန်းဖို့အတွက်လည်း အကောင်းဆုံး ပေါင်းစပ်မှုတစ်ခုပါ။
Raw Honey ဆိုတာ ချိုတာတင်မဟုတ်ပဲ
ပျားအုံထဲကရတဲ့အတိုင်း စစ်ထားတဲ့ Raw Honey မှာ ဝတ်မှုန် (Pollen) ၊ သဘာဝ enzymes နဲ့ honey ရဲ့ original အတိုင်း ကျန်ရှိနေတတ်ပါတယ်။
ဒါကြောင့်
• နည်းနည်းနောက်ကျိကျိ ဖြစ်နိုင်တယ်
• အမှုန်သေးသေးတွေ တွေ့နိုင်တယ်
• အပေါ်ယံမှာ cream အလွှာလေးတစ်ခုလို ဖြစ်နေတတ်တယ်
• အချိန်ကြာရင် crystal ဖြစ်နိုင်တယ်
ဒါတွေက သဘာဝပျားရည်ရဲ့ လက္ခဏာတွေပါ။
Zevy ကတော့ ဒီ Raw Honey ကို dehydrated lemon နဲ့ infusion လုပ်ထားပြီး sweetness တင်မဟုတ်တဲ့ fresh citrus aroma + natural honey taste ကို ပေါင်းစပ်ထားတာပါ ။
သဘာဝ ကို အရသာနဲ့ ခံစားချင်ရင်
Zevy Honey Lemon ကို စမ်းကြည့်ပါ။
မှာယူလိုပါက Page Messenger မှာ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ခဗျာ။
တကယ်တော့ အရသာ ၆ ပါး (ချို၊ ချဉ်၊ ဖန်၊ စပ်၊ ငန်၊ ခါး) ကို ညီမျှအောင် စားသုံးတာဟာ လျှာအတွက်တင် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ဓာတ်သဘာဝတွေကို ထိန်းညှိပေးတဲ့ ရှေးဟောင်းပညာရပ်တွေ (ဥပမာ- အာယုဗ္ဗေဒ ဒါမှမဟုတ် တိုင်းရင်းဆေးပညာ) နဲ့ အများကြီး ဆက်စပ်နေပါတယ်။
ဒီအမြင်ကို နောက်ထပ် ရှုထောင့်တချို့ကနေ ထပ်ချဲ့ကြည့်ရအောင်
၁။ အာရုံခံစားမှုရဲ့ မျှခြေ (Sensory Balance)
လူအများစုက "ချို" နဲ့ "ငန်" ကိုပဲ အဓိက ဦးစားပေးတတ်ကြတော့ အာရုံငါးပါးမှာ "အရသာ" က တစ်ဖက်စောင်းနင်း ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ "ခါး" တဲ့အရသာ ဒါမှမဟုတ် "ဖန်" တဲ့အရသာကိုပါ ထည့်သွင်းစားသုံးတဲ့အခါ အာရုံခံစားမှုက ပိုပြီး ပြည့်စုံ (Whole) သွားပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို အာရုံသစ်တွေနဲ့ ပြန်ပြီး နိုးကြားစေတဲ့ သဘောပါ။
၂။ Bio-Feedback လို့ခေါ်တဲ့ ခန္ဓာကိုယ်တုံ့ပြန်မှု
အရသာ ၆ ပါး မျှတအောင် စားတဲ့သူတွေဟာ အစားအသောက်ကို "ဗိုက်ဝရုံ" စားတာထက် "ခံစားမှုတစ်ခု" (Experience) အနေနဲ့ ပိုမြင်လာကြပါတယ်။
ခါးတဲ့အရသာ:အသည်းနဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်လို့ ယူဆကြတယ်။
ဖန်တဲ့အရသာ:ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့ကျစေတယ်လို့ ဆိုကြတယ်။
ဒီလို မျှတအောင်စားခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တည်ငြိမ်စေပါတယ်။
၃။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု
အာရုံခံစားမှုတွေကို မျှတအောင် ထိန်းညှိနိုင်တာဟာ စိတ်ကိုလည်း Control လုပ်နိုင်လာတဲ့သဘောပါ။ ချိုတာတစ်ခုတည်းကိုပဲ စွဲလမ်းမနေတော့ဘဲ အရသာစုံကို လက်ခံနိုင်လာတဲ့အခါ စိတ်အလိုကို လိုက်တာထက် ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တာကို ဆင်ခြင်ပြီး ပေးစွမ်းနိုင်တဲ့ "သတိ" (Mindfulness) က ပိုအားကောင်းလာပါတယ်။
ဒီလို ညီမျှအောင် စားသုံးတဲ့သူတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံး Tuning လုပ်ထားတဲ့ တူရိယာတစ်ခုလို ကိုင်တွယ်နေကြတာပါ။ အာရုံ ၅ ပါးကို အစွန်းမရောက်ဘဲ မျှတအောင် ခံစားနိုင်ခြင်းဟာ "ကျန်းမာခြင်း" ရဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီလို အာရုံခံစားမှုနဲ့ ပတ်သက်ပြီး တခြား ဘယ်လို အမြင်မျိုးတွေ ရှိသေးလဲဗျ? မိတ်ဆွေ စဉ်းစားမိတာလေးတွေ ထပ်ပြောပြပါဦး။
ပစ္စည်းအသင့်ရှိပါတယ်။
မနက်ခင်းပဲဖြစ်ဖြစ် နေ့လည်အလုပ်ချိန်ပဲဖြစ်ဖြစ်
အချိန်အများကြီးပေးစရာမလိုပဲ ရေနွေးတစ်ခွက်နဲ့ အလွယ်တကူသောက်နိုင်တဲ့ Zevy…
ကိုယ်သောက်ဖို့ပဲမဟုတ်ပဲ မိသားစု၊ ဧည့်သည်တွေနဲ့ပါ အေးအေးဆေးဆေး share လုပ်လို့ရတဲ့ drink moment လေးပါခဗျာ။
တာချီလိတ်မြို့တွင်းအိမ်အရောက်ငွေချေပါ။
မှာယူလိုပါက နမည်၊လိပ်စာနဲ့ဖုန်းပါတ် ကို DM လိုက်ပါခဗျာ။
“Focus ပျောက်တဲ့နေ့လည်ခင်းတွေကို
အေးအေးဆေးဆေး ပြန်ညှိလိုက်ပါ …”
Not coffee.
Just calm energy with Zevy …
Click here to claim your Sponsored Listing.
Category
Website
Address
Tachileik