Heffey Korea Skincare Rakhine
Heffey Skin Care for Men and Women
ဒီနွေ ဒီမိုး ဒီဆောင်း မမေ့သင့်ပါကြောင်း 💅💅💅
✳️✳️✳️လောကမှာ မမေ့သင့်တဲ့လူ နှစ်မျိုးရှိတယ်။
ကိုယ့်အပေါ် အမှားလုပ်ဖူးတဲ့လူနဲ့
ကိုယ့်အမှားကို ခွင့်လွှတ်ပေးဖူးတဲ့လူရယ်ပဲ ။
ပထမလူကို မမေ့သင့်တာက
တစ်ခါနာကျင်ဖူးတဲ့ သင်ခန်းစာကို နောက်တစ်ခါ ထပ် ယုံကြည်မှု မပေးမိဖို့။
ဒုတိယလူကို မမေ့သင့်တာကတော့
သူပေးခဲ့တဲ့ ခွင့်လွှတ်မှုဟာ ကိုယ့်အမှားတွေကို အလကားဖုံးကွယ်ပေးခဲ့တာ မဟုတ်ဘူး။ နောင်တရဖို့ ပြောင်းလဲဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တာဖြစ်တယ်။
အဲ့ဒီအတွက်
တူညီတဲ့အမှားကို နောက်တစ်ခါ ထပ်မလုပ်ဖို့ပဲ ။
ဒါကြောင့်..
ကိုယ့်ကို နာကျင်စေဖူးတဲ့သူကို နောက်တစ်ကြိမ် အခွင့်အရေး မပေးဖို့ သတိရပါ။
ကိုယ့်ကို ခွင့်လွှတ်ပေးဖူးတဲ့သူဆီကတော့ နောက်တစ်ခါ ခွင့်လွှတ်ပေးရဦးမယ့် အခြေအနေမျိုး မရောက်စေဖို့ ကြိုးစားပါ။
တချို့လူတွေဟာ...
ဘဝကပေးတဲ့ သင်ခန်းစာဖြစ်ပြီး
တချို့လူတွေကတော့... ဘဝက တစ်ကြိမ်တည်း ပို့ပေးလိုက်တဲ့ အဖိုးတန်
ကံကောင်းခြင်းတွေပဲ ဖြစ်တယ်။
#ရိပ်ငြိမ် မူရင်း ရေးသားသူ
🙏🙏🙏
အဲဒါတွေ သိပေမယ့် ဝဠ်တော့လည်စေချင်တယ်
# @
ဒီကမ္ဘာကို ကျွန်မတို့ တစ်ခေါက်ပဲ လာခွင့်ရတာပါ...
နောက် နှစ်ပေါင်းတစ်ရာကြာရင် ရှင်ရော ကျွန်မရော ရှိတော့မှာ မဟုတ်ပါဘူး...
တစ်သက်လုံး ရုန်းကန်ခဲ့ပေမယ် အုတ်တစ်ချပ် သဲတစ်ပွင့်တောင် သယ်သွားလို့ မရဘူး...
တစ်သက်လုံး စွဲလမ်းခဲ့သမျှ အချစ် အမုန်း အငြိုး အာဃာတတွေကိုလည်း သယ်သွားလို့မရပါဘူး...
ဘဝက တိုတိုလေးပါ...
ဒါ့ကြောင့် စားချင်တဲ့အရာကို စားပါ...
တွေ့ချင်တဲ့သူကို တွေ့ပါ...
နှစ်သက်တဲ့ အလှအပတွေကို ကြည့်ပါ...
ဝါသနာပါရာ အလုပ်ကို လုပ်ပါ...
ဘဝဆိုတာ မူလကတည်းက ပျက်စီးခြင်းသဘောတရားပါ...
ရှေ့ဆက်ရမယ့် အချိန်က သိပ်မရှည်တော့ဘူး..
အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ အရာအားလုံးကို ကျွန်မတို့ လက်လွှတ်နိုင်ရမယ်...
လူ့လောကမှာ လူမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ဆုံတွေ့ရမှာပါပဲ...
လူကောင်းတွေက သင့်ကို ပျော်ရွှင်မှုပေးတယ်...
လူဆိုးတွေက အတွေ့အကြုံပေးတယ်...
အဆိုးဆုံးလူက သင်ခန်းစာပေးပြီး...
တွေ့ဆုံမှု အားလုံးဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး...
ဝင်လာတဲ့ သူကိုတန်ဖိုးထားပါ...
ထွက်သွားမယ့်သူကို လွှတ်ပေးလိုက်ပါ...
ဆုံးရှုံးရမှာကို မကြောက်ပါနဲ့...
နာကျင်ရမှာကိုလည်း မကြောက်ပါနဲ့...
ဘာလို့လဲဆိုတော့ သင့်ကိုနာကျင်စေတဲ့အရာကလည်း သင့်ဘဝရဲ့ ကံကြမ္မာတစ်ခုမို့လို့ပါ...
ငကြာင်ကောင်နဲ့ အလည်မတို့ရဲ ဝဋ္ဌ် 📝📝📝
ဝဋ်...
ကိုယ့်ရဲ့ နှုတ်ထွက်စကားနဲ့ လုပ်ရပ်တွေကြောင့်
တစ်ပါးသူ မျက်ရည်ကျ၊ စိတ်ဆင်းရဲခဲ့ရရင်...
ကိုယ်တိုင်လည်း ဘဝမှာ စိတ်ချမ်းသာရလိမ့်မယ်လို့
ဘယ်တော့မှ မမျှော်လင့်ပါနဲ့။
လောကမှာ "တူသောအကျိုး" ဆိုတာ
သေချာပေါက် ပြန်ခံစားရတတ်ပါတယ်။
ဒီလိုပါပဲ...
ဘဝမှာ လူတိုင်းအပေါ် လှည့်စားတယ်၊လိမ်လည်တယ်၊
သူတစ်ပါး စိတ်ဆင်းရဲအောင် အမျိုးမျိုး မောက်မာရက်စက်ပြခဲ့ရင်... နောက်ဆုံးမှာ "ဝဋ်" ဆိုတဲ့
နိယာမ တရားထဲက ဘယ်လိုမှ ပြေးလို့လွတ်မှာ
မဟုတ်ပါဘူး။
ဒါကြောင့် လှည့်စားနိုင်သလောက် လှည့်စားပါ၊
ကောက်ကျစ်နိုင်သလောက် ကောက်ကျစ်ပါ။
သို့ပေမယ့်... ကိုယ်ပြုခဲ့တဲ့ ဝဋ်ကြွေးရှိသလောက်
သွေဖည်လို့မရဘဲ ပြန်ပေးဆပ်ရဦးမယ်ဆိုတာကိုတော့
ဘယ်တော့မှ မမေ့ပါနဲ့။
@
ဆင်းရဲတာ ဘာ့ကြောင့်လဲ
သူတစ်ပါးကိုမမှီခိုဖို့
ကိုယ့်အားကိုယ်ကိုးဖို့ ☑️☑️👌👌
လူတစ်ယောက်က သူတောင်းစားတစ်ယောက်ကို မင်းဘာကြောင့် ဒီလိုဘဝရောက်နေတာလဲ"
လို့ မေးလိုက်တယ်။
သူတောင်းစားက ပြုံးပြီး ဒီလိုပြန်ဖြေတယ်...
**"ငါ့ကို ဆင်းရဲစေတာက ပိုက်ဆံမရှိတာ မဟုတ်ဘူး...**ကြိုးစားဖို့ မေ့သွားတဲ့နေ့ကစပြီး ငါ ဆင်းရဲသွားတာ။" 🥀
အဲဒီစကားလေးထဲမှာလူတိုင်း သိထားသင့်တဲ့ ဘဝသင်ခန်းစာတွေ အများကြီးရှိတယ်။
(၁) ဆင်းရဲတာက အပြစ်မဟုတ်ဘူး။ မကြိုးစားတာကသာ အပြစ်ပါ။
အဓိပ္ပါယ် -
ဘယ်မိသားစုမှာ မွေးလာတယ်ဆိုတာကို ကိုယ်ရွေးချယ်လို့ မရဘူး။
ဒါပေမယ့်...ဒီနေ့ကစပြီး ကိုယ့်ဘဝကို ဘယ်လိုပြောင်းလဲမလဲဆိုတာကိတော့
ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။လူတိုင်းတစ်ယောက်အတွက် အကြီးဆုံးအရင်းအနှီးက ပိုက်ဆံမဟုတ်ဘူး...
ကြိုးစားချင်တဲ့စိတ်ပါ။
(၂) သူများကို အားကိုးနေရင် ဘဝမပြောင်းလဲဘူး။
အဓိပ္ပါယ် -
"တစ်ယောက်ယောက် လာကူမယ်..." "အခွင့်အရေး လာမယ်...
ဆိုပြီး စောင့်နေရင် အချိန်ပဲ ကုန်သွားမယ်။
ဘဝကို ပြောင်းလဲပေးနိုင်တာကကိုယ့်လက်နဲ့ ကိုယ်လုပ်တဲ့ ကြိုးစားမှုပါ။
(၃) ပညာနဲ့ အရည်အချင်းက ဘယ်သူမှ မခိုးနိုင်ဘူး။
အဓိပ္ပါယ် -
ဒီနေ့ ပိုက်ဆံ မရှိနိုင်ဘူး။
ဒါပေမယ့်... သင်ယူထားတဲ့ ပညာ၊ အလုပ်လုပ်နိုင်တဲ့ အရည်အချင်းက
ဘယ်သူမှ ယူသွားလို့ မရဘူး။
ဒါကြောင့် လူတိုင်းဘဝမှာ ပိုက်ဆံထက် အရည်အချင်းကို အရင်စုပါ။
(၄) မနာလိုစိတ်က ကိုယ့်ဘဝကို မတိုးတက်စေဘူး။
အဓိပ္ပါယ် -
သူများချမ်းသာတာကို ထိုင်ကြည့်ပြီး အားကျနေရုံနဲ့
ကိုယ့်ဘဝက မပြောင်းလဲဘူး။ သူတို့ ဘယ်လိုကြိုးစားခဲ့လဲဆိုတာကို
သင်ယူပြီး ကိုယ့်ဘဝမှာ အသုံးချတာက ပိုအရေးကြီးတယ်။
(၅) အချိန်ဖြုန်းတာက အကြီးဆုံးဆုံးရှုံးမှုပါ။
အဓိပ္ပါယ် -
ပိုက်ဆံ ဆုံးရှုံးရင် ပြန်ရှာလို့ရတယ်။
ဒါပေမယ့်... လူတိုင်းဘဝမှာ အချိန်ဖြုန်းလိုက်ရင် အဲဒီအချိန်ကို ဘယ်တော့မှ ပြန်မရနိုင်ဘူး။
ဒါကြောင့် ဒီနေ့ကိုအကျိုးရှိအောင် အသုံးချပါ။
(၆) ဘဝက မလွယ်ဘူး... ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။
အဓိပ္ပါယ် -
လမ်းခရီးကခက်ခဲနိုင်တယ်။လူတွေကအထင်သေးနိုင်တယ်။ကျရှုံးမှုတွေလည်း ကြုံနိုင်တယ်။
ဒါပေမယ့်...လက်မလျှော့တဲ့သူကို အောင်မြင်မှုကတစ်နေ့တော့ ရှာတွေ့တတ်တယ်။
(၇) ကိုယ့်ဘဝကို ပြောင်းလဲနိုင်တဲ့သူက ကိုယ်တိုင်ပဲ။
အဓိပ္ပါယ် -
ကံကြမ္မာကို အပြစ်မတင်ပါနဲ့။ အခြေအနေကို အပြစ်မတင်ပါနဲ့။
ဒီနေ့... ကိုယ်လုပ်နိုင်တဲ့ အရာကို စတင်လုပ်လိုက်ပါ။
အနာဂတ်ဆိုတာ ဒီနေ့ရဲ့ ဆုံးဖြတ်ချက်တွေက တည်ဆောက်ပေးတာပါ။
မှတ်ထားပါ...
တစ်ခါတလေ... ဘဝရဲ့ အကြီးမားဆုံး သင်ခန်းစာတွေက စာအုပ်ထဲက မဟုတ်ဘူး...
ဘဝကို အမှန်တကယ် ရင်ဆိုင်ခဲ့ဖူးတဲ့ လူတွေဆီက လာတာပါ။
🔥 လူတိုင်း...
ဆင်းရဲတာကို မကြောက်ပါနဲ့။
ကြိုးစားဖို့ မေ့သွားတာကိုသာ ကြောက်ပါ။
ဒီနေ့ မင်းကြိုးစားသမျှက...
မနက်ဖြန် မင်းရဲ့ ဘဝကို ပြောင်းလဲပေးလိမ့်မယ်။ #စာပေအလင်းရောင်📖📖📖 Lily
@
@ ခြံခုန်နွား (ငကြောင်ကောင် စစ်တွ )
ဟိုအရင်။ စဖောက်ပြန်ခံရစဉ်ကပေါ့
သူမရှိမဖြစ်ပါဘူးပေါ့။ သားသမီးတွေ
ရှေ့ရေး ဘယ်လိုလုပ်ရမလဲ
ငါ့သားသမီး တွေ အဖေမရှိ မဖြစ်ဖူးပေါ့
အဖေရှိမှဖြစ်မယ်ဆိုပြီး
ကျမ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး
သိမ်ငယ်ခဲ့ဘူးတယ်။
တကယ်တော့။ မိသားစုအပေါ်သစ္စာမရှိသူ
ရှိနေတာကမှ။ တကယ့် မလုံခြုံတာပါ
ဘာလို့လဲ ဒီလူအိမ်မှာရှိတာ အိမ်ပူတယ် အိမ်ဆူတယ်
အိမ်ကျက်သရေ ရုပ်တယ် မိသားစု
ပျော်ရွှင်မှုတွေ ပျောက်ကုန်တယ်
ဒီအိမ်ရဲ့။ ခေါင်က မိုးမလုံတော့
ကျီးအက်က မိုးပက်ပြီပေါ့ မိမိကလဲ
စိတ်နဲ့ကိုယ်မကပ် မိုးလင်းနဲ့နေဝင်
သားသမီးတွေကို ဂရုမစိုက်
အသေချာ ချက်ပြုတ်မကျွေးမိ
တနေ့တနေ့။ အိမ်ကနွား ဘယ်သူခြံ ကျော်ပြီး
ခိုးစားမလဲဆိုပြီး နွားဘဲကျောင်းနေမိတာ
ချေလေးချောင်း နွားထက်
ချေနှစ်ချောင်းနွားက ထိန်းသိမ်းရ ပိုခက်တယ်
အချိန်ကြာလာမှ အသိ သတိ ကပ်မိတော့တယ်
ငါ့ကို စုံကန်တဲ့နွားကို ငါဘယ်လိုပြုစု
ပျိုးထောင်နေပါစေ ခြံခုန်နွားက ခြံခုန်မှာဘဲလေ
ဆိုပြီး။ ဘေးမဲ့ လွှတ်ထားလိုက်မှ အေးချမ်းတော့တယ်
ခုဆို နွားကန်လဲမခံရသလို့ အေးချမ်းသွားပြီ
ကျမတင် အေးချမ်းတာ မဟုတ်ပါဘူး
အိမ်ကြီးတအိမ်လုံး ကျက်သရေ မဂ်လာအပေါင်းနဲ့
ပြည့်စုံပြီး သားသမီးတွေ ရဲ့စိတ်
ကျမ ပတ်ဝန်းကျင်က။ သူအားလုံး
ထာဝရ အေးချမ်းသွားပါပြီ
ဒါကြောင်။ ဝမ်းသာပီတ။ ဖြစ်မိပါကြောင်း
စာတစ်ကြောင်းနဲ့ တင်ပြလိုက်ပါတယ် ရှင့်၊၊၊၊
ငကြောင်နဲဲ့ အလည်မ သိဖို့ (စစ်တွေ). သိဖို့
မင်းကို မခွဲနိုင်ဘူး ပြောပြီး
သူ့မယားကြီးကို မကွာရှင်းဖို့ တောင်းပန်နေတဲ့ လူက
တစ်ယောက်ထဲပဲဆိုရင် မအံ့ဩနဲ့ ..
အဲဒီလူ မင်းကိုမဆက်သွယ်လို့ ပူလောင်နေရချိန်မှာ
မယားကြီးကတော့ တအိမ်ထဲနေနေရတဲ့
အဲဒီလူကို ကြည့်ပြီး ဒေါသတွေ အချောင်းလိုက်
ထွက်နေရတယ်ဆိုတာလည်း အကြွင်း မရှိယုံလိုက်အုံး..
ဖောက်ပြန်တာနဲ့ ကွာရှင်းပစ်ချင်တဲ့ မိန်းမတွေ အများကြီးပဲ
တရားဝင် လက်ထပ်ပြီး သိက္ခာရှိရှိ ပေါင်းသင်းခဲ့တာမို့
ကိုယ် မဟုတ်တဲ့သူနဲ့ သွားအိပ်နေတဲ့ အဲဒီလူကို
မင်းနဲ့ ပြိုင်လုဖို့ နေနေသာသာ
ပြန်မလိုချင်တဲ့ အပြင် ရွံပါ ရွံ သွားကြတာ ..
သစ္စာဖောက်ခံရလို့ နာကျည်းရတာက သပ်သပ်
ဆက်မပေါင်းနိုင်တော့တာက သပ်သပ်
ခွင့်လွှတ်ဖို့ထက် စွန့်ပစ်ဖို့ပဲ ကြိုးစားကြတယ်
တော်တော်များများ
ဖောက်ပြန်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ
မယားကြီးက မကွာပေးတာထက်
အဲဒီလူက ကွာရှင်းခွင့် မပေးတာ ဆိုတာ
မင်းကို သိစေချင်တယ် ..
အဲဒါကြောင့်
" အမ အမျိုးသားက
ကျွန်မကို အရမ်း ချစ်နေတာ " ဆိုတဲ့ ပုံစံမျိုးနဲ့
ပို့စ်တွေ တင်လိုက် .. TikTok က နေပြီး စိန်ခေါ်လိုက်နဲ့ သိပ် မဏ္ဍပ်တိုင် တက်ပြနေတဲ့
ဘောင်မဝင် အငယ်မလေးတွေကိုမြင်ရင်
တရားဝင် အမျိုးသမီးတွေက ရယ်တာပေါ့ ..
သိက္ခာရှိတဲ့သူမို့သာ
တကူးတက အဖက်လုပ်ပြီး ပြိုင်မတုတာ
သူ့မှာလည်း သူ့နိုင်ကွက်နဲ့ သူ ရှိပြီးသားလေ ..
ကိုယ့်ဘဝကိုယ် မနှမြောလို့
ပျက်စီးရာ ပျက်စီးကြောင်း
နေထိုင်ချင်တယ်ဆိုရင်လည်း
သူများပိုင်နာမ်တွေနဲ့
ပတ်သက်တဲ့ အထိတော့
အောက်တန်းစား မဆန်စေချင်ဘူး .. တကယ် .. ။
#သူများအကျနဲ့ဂုဏ်မဆာနဲ့👈
#သိစေချင်လို့👈
#စိန်ရွှေစုစု💎S⁴
10/06/2026
#ဖောက်ပြန်တာ_ပိုင်ရှင်ရှိနေတဲ့သူကိုစနှိုက်ကျော်တာ
တို့ကလေရာသီခွင်တွေ ၊ နေ့နာမ်တွေနဲ့မဆိုင်ဘူး
#မိဘသွင်သင်ဆုံးမမှုမရှိခဲ့လို့ဆိုတာမျိုးနဲ့လည်း ရာနှုန်းပြည့်မဆိုင်နေဘူး
#အဓိကကသူ့ရဲ့ဗီဇနဲ့ပဲဆိုင်တာ
သူ့ရဲ့အတွင်းစိတ်နဲ့ပဲ ဆိုင်တာ အောက်တန်းကျတဲ့သူက အောက်တန်းကျတဲ့အလုပ် ကိုလုပ်ဖို့အတွက်
#ဘာသာရေးအဆုံးအမတွေ၊
#မိဘသွင်သင်ဆုံးမမှုတွေ_ဂုဏ်သိက္ခာတွေ
ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုကို ခံရမှာတွေ၊ သံယောဇဉ် နဲ့ ချစ်ခြင်းမေတ္တာ စတာတွေကိုလည်း သူတို့ ဂရုမစိုက်နေမှာမဟုတ်ဘူး
#သူတို့မှာအရှက်တရားမရှိကြတော့ဘူး
သူတို့ရဲ့တဏှာရာဂတွေ ရမက်တွေ အတ္တတွေက ဦးနှောက်နေရာမှအစားထိုးသွားတာ သိလား
#မယားငယ်မတွေထောင်ထောင်ထောင်ထောင်နဲ့့စောင်းထနေတာ
#မယားကြီးတွေညံ့နေလို့မဟုတ်ဘူးနော်
ကိုယ်အိမ်က အကောင်က အသုံးမကျလို့ ဘေးကနေကာစီး ကာစီးလုပ်နေလို့ တဏှာငယ်ထိပ်ရောက်ပြီး သုတ်ပိုးခေါင်းထဲဝ်နေလို့ သိလား.....
" #ဖောက်ပြန်တယ်ဆိုတာခန္ဓာကိုယ်ထိတွေ့မှမဟုတ်ပါဘူး ခိုးကြောင်ခိုးဝှက် အပြန်အလှန် စာပို့ကြတာကလည်း ဖောက်ပြန်ရာကျပါတယ် သူတို့ရဲ့ စိတ်က မရိုးသားဘဲ ရိုးသားပါတယ်လို့ လိမ်ညာပြောတတ်ကြတယ်
#အပြစ်ရှိတဲ့သူတွေကအေးချမ်းပြီး
#အပြစ်မရှိတဲ့သူတွေကပူလောင်ခြင်းကိုခံစားရတယ် ကျူးလွန်သူတွေက သူတို့ကိုယ်သူတို့ နစ်နာသူအဖြစ် ဟန်ဆောင်ကြတဲ့အခါ အရမ်းတော်တယ်နော်"
#ဖောက်ပြန်တဲ့သူကမရှက်ဘူး
#ဖောက်ပြန်ခံရတဲ့သူကရှက်နေရတဲ့ခေတ်မျိုးကို
ကိုယ် ရောက်နေတဲ့အတွက်ကြောင့် လူရွေးမမှားဖို့အတွက်ကို အကြံပေးချင်တယ်
#ဖောက်ပြန်တယ်ဆိုတဲ့အရာကအရမ်းကိုပြင်းထန်တယ်၊ ပြင်းထန်တဲ့ ပြစ်မှု မြောက်တယ်ဆိုတာ
သဘောပေါက်ပါ
#အခုခေတ်က_Social_Media မှာ
ဖြစ်ဖြစ်နေတဲ့အတွက်ကြောင့်
#ယိုသူမရှက်_မြင်သူရှက်ဆိုတဲ့ စကားပုံအတိုင်းပဲ
ကိုယ့်ဘဝမှာ ဖောက်ပြန်လာတဲ့ Relationship မျိုးကို ပိုင်ဆိုင်ထားခံရပြီးဆိုရင်
#ဘယ်တော့မှအဆင်ပြေပြေအေးအေးချမ်းချမ်းနဲ့ သာယာနေတဲ့ မိသားစု ကိုရနိုင်ဖို့ဆိုတာအရမ်းခက်ခဲ့သွားပြီး ဘာကြောင့်လည်ဆိုတော့ ယုံကြည်မှုတွေ ပျက်စီးပျောက်ဆုံးသွားတယ်
#လိမ်တဲ့သူကလည်အမြဲတမ်းလိမ်ညာပြီးပြောနေမှာပဲ အလိမ်ခံနေရတဲ့သူကလည် အလိမ်အညာတွေပဲပြောနေတာလားဆိုတဲ့ သံသယတွေကြီးထွားလားတယ်
#စိုးရိမ်စိတ်ပူပန်စိတ်တွေနဲ့နေနေရမယ်
ဒါကြောင့် ကိုယ်ရဲ့ ချစ်သူ အမျိုးသားက ဖေါက်ပြန်နေပြီးဆိုရင်တော့ စဉ်စားဖို့လိုပြီး
#လူ့ဘောင်လောကကြီးမှာ
လူအပါအဝင် သက်ရှိအရာမှန်သမျှ အကုန်လုံးကို သတ္တဝါလို့ ခေါ်တယ်
#တိရစ္ဆာန်ဆိုတဲ့အရာက_အသိဉာဏ်မရှိဘူး
ရှက်ရကောင်းမှန်းမသိဘူး သူလင် ကိုယ်လင် သူမယားကိုယ်မယားဆိုတာမရှိဘူး အသိတရား မရှိတဲ့လူကသာ ဖောက်ပြန်တာ
#ဖောက်ပြန်တာကိုဖြစ်သလိုသဘောလည်းမထားပါနဲ့ တစ်ခါတည်းနဲ့ ရောက်သွားပြီးတဲ့ဟာက ကိုယ့်ကို တစ်သက်လုံး ကိုယ့်မှာ ဖောက်ပြန်ခံရတဲ့ ကိုယ်က လောကကြီးထဲမှာ Staring လုပ်လို့ မရတော့ဘူး ..
#ကိုယ့်ရဲ့ဂုဏ်သိက္ခာ.
#ကိုယ့်ရဲ့ကိုယ်ကျင့်တရား_အရှက်ကိုယ်လိုချင်တဲ့ အရာရှိတယ် ဒါတွေကိုအထိခိုက်ခံပြီး ဆွဲမထားပါနဲ့တော့ ဒါကြောင့် အဲ့ဒီမကောင်းတဲ့ အရာကို ထားခဲ့လိုက်ပါ
#ပြီးတော့နောက်ပြန်မလှည့်ပါနဲ့တော့ပိုအရေးကြီးတယ် ...
#မင်းကိုကောင်းတာမပေးနိုင်မှတော့
မကောင်းတဲ့ အရာတွေနဲ့ အရှက်တွေကွဲတဲ့
ဇာတ်လမ်းတွေ ရိုက်ချင်နေတဲ့ Relationship မျိုး ဖြစ်တဲ့အတွက်ကြောင့်
#မင်းလုံးဝမရွေးချယ်သင့်ဘူးအဲ့လိုလူကို
မင်း အဝေးမှာပဲ ထား ခြေတစ်လှမ်းတည်းကနေ စပြီးတော့ လူမျိုးဖြုတ်သွားမှာပါ
#ရုန်းထွက်ပါ_ရုန်းထွက်လာမှ_လူ့ဘဝမှာစိတ်ချမ်းသာနိုင်မယ်
#အေးချမ်းနိုင်မယ်_တောက်ပနိုင်မယ်_လှလှပပနေနိုင်မယ်..
#ကိုယ့်ပတ်ဝန်းကျင်မှာ_ကျန်းမာသော
ပေါင်းသင်းဆက်ဆံရေး တစ်ခုကိုရမှာပါ။
ဆရာဝန်မ (NSZW )သိဖို့ စစ်တွေ 🤔🤔🤔
"ပညာတတ် မယားငယ်"
အချို့ မိန်းကလေးတွေ...
သူတို့ ရုပ်ရည်-သူတို့ ပညာအရည်အချင်း တွေနဲ့...
ဘာလို့များ...
အိမ်ထောင်ရှိ ယောကျာ်းတွေနဲ့..
ဖောက်ပြန်ချင်ရတာတုန်း...။
လူပျို-လူလွတ် ကြိုက်တဲ့ကောင်
တွဲလို့ ရတယ်လေ...။
ဦးနှောဏ်အရည်အသွေး နိမ့်ပါးလိုက်ပုံများ...။
ယနေ့ခေတ် ဖောက်ပြန်ခြင်းနဲ့နေသားကျနေသူများသို့ 👩👩👩
ဇနီးး/ခင်ပွန်းအပေါ် ဖောက်ပြန်ခြင်းကင်းတဲ့ အမျိုးသား/အမျိုးသမီးတိုင်းဟာ ဘုန်းကံမြင့်ပြီးသားပါ
လောကမှာ ရုပ်ရည်ရူပကာဆိုတာ အချိန်တန်ရင် အိုမင်းရင့်ရော်သွားတတ်သလို၊ ငွေကြေးဓနဆိုတာလည်း အတက်အကျ ရှိတတ်တာ သဘာဝပါ😍
ဒါပေမဲ့ လူတစ်ယောက်အတွက် ဘယ်တော့မှ တန်ဖိုးမဖြတ်နိုင်ဘဲ သေသည်အထိ အရောင်တောက်နေမယ့် အရာကတော့ "စာရိတ္တနဲ့ သစ္စာတရား" 👌
"ဖောက်ပြန်ခြင်းကင်းတယ်" ဆိုတာ စကားလုံးလေးတစ်လုံးတည်းပေမယ့် ဒါကို အသက်ရှင်သန်နေထိုင်မှုထဲမှာ လက်တွေ့စောင့်ထိန်းနိုင်ဖို့ဆိုတာ တကယ့်ကို စိတ်ဓာတ်ခွန်အားကြီးမားမှ ရတာပါ
ဘာဖြစ်လို့ ဖောက်ပြန်ခြင်းကင်းတဲ့ အမျိုးသား/အမျိုးသမီးတွေကို "ဘုန်းကံမြင့်မားသူတွေ" လို့ ပြောရတာလဲဆိုရင်...
၁။ စိတ်ဓာတ်ခွန်အားနဲ့ သိက္ခာရတနာရှိလို့ပါ
ပတ်ဝန်းကျင်မှာ ဘယ်လိုသွေးဆောင်မှုတွေပဲရှိရှိ၊ မိမိအိမ်ထောင်ဖက်အပေါ်မှာ မဖောက်ပြန်ဘဲ စိတ်ကိုထိန်းချုပ်နိုင်တာဟာ အဆင့်အတန်းရှိတဲ့ စိတ်ဓာတ်ကို ပြသတာပါ။ ဒီလို ကိုယ်ကျင့်သီလဖြူစင်တဲ့သူတွေဟာ ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါပြီး အများတကာရဲ့ ရိုသေလေးစားမှုကို အလိုလို ခံရတတ်ပါတယ်။ ဒါဟာ အရှိန်အဝါနဲ့ ဘုန်းကံရှိလို့ပါပဲ
၂။ လိပ်ပြာသန့်ပြီး ရင်ထဲမှာ အမြဲအေးချမ်းနေလို့ပါ
"ငါ ဘယ်သူ့အပေါ်မှ မမှားခဲ့ဘူး၊ ငါ့သစ္စာတရားဟာ ဖြူစင်တယ်" ဆိုတဲ့ လိပ်ပြာသန့်မှုဟာ ငွေနဲ့ဝယ်လို့မရတဲ့ စိတ်အေးချမ်းခြင်းကို ပေးပါတယ်။ စိတ်အေးချမ်းတဲ့သူရဲ့မျက်နှာဟာ အမြဲတမ်း မျက်နှာပွင့်ပြီး ကြည်လင်နေတတ်သလို၊ ဒီစိတ်အေးချမ်းမှုကပဲ စည်းစိမ်ဥစ္စာနဲ့ ကျန်းမာရေးကို တိုးပွားစေတဲ့ အဓိကသော့ချက် ဖြစ်လာပါတယ်
၃။ မိသားစုနဲ့ မျိုးဆက်သစ်ကို ကံဇာတာမြှင့်တင်ပေးနိုင်လို့ပါ
အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး ခင်ပွန်းဖြစ်သူ (သို့မဟုတ်) မိခင်ဖြစ်သူ ဇနီးက သစ္စာရှိပြီး အကျင့်စာရိတ္တကောင်းတဲ့အခါ အဲဒီအိမ်ထောင်စုဟာ ဆင်းရဲရင်တောင် အများတကာရဲ့ အထင်သေးမှုကို မခံရပါဘူး။ မိဘတွေရဲ့ ဘုန်းရိပ် ကံရိပ်ကြောင့် သားသမီးတွေဟာလည်း လောကအလယ်မှာ မျက်နှာပွင့်လန်းပြီး တင့်တယ်တဲ့သူတွေ ဖြစ်လာတတ်ကြပါတယ်
ဒါကြောင့်... လောကီ၊ လောကုတ္တရာ နှစ်ဖက်လုံးက ကြည့်ရင် သစ္စာတရားကို တန်ဖိုးထားပြီး ဖောက်ပြန်ခြင်းကင်းတဲ့ အမျိုးသား/အမျိုးသမီးတိုင်းဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူနိုင်ပါတယ်😍
သင်ဟာ သစ္စာရှိတဲ့ အိမ်ထောင်ဖက်တစ်ယောက် ဖြစ်နေပြီဆိုရင်တော့... သင်ဟာ တခြားအရာတွေ မပြည့်စုံသေးရင်တောင် အမြင့်မြတ်ဆုံးသော "စာရိတ္တဘုန်းကံ" ကို ပိုင်ဆိုင်ထားပြီးသားမို့ လောကအလယ်မှာ ခေါင်းမော့ ရင်ကော့ပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်သွားပါလို့ တိုက်တွန်းပါရစေ😍
@
အဲဒီရပ်ဝန်းကို ဘယ်တော့မှလှည့်မကြည့်ဘူး (ငကြောင်ကောင်သို့)
ဆက်သွားလို့မရတော့တဲ့အခါ
ကျွန်တော်တို့ပြတ်သားကြရပါတယ်
မာနကိုရှေ့ထားပြီးဆုံးဖြတ်ရသူမို့
လွမ်းစရာကို နာစရာနဲ့ဖြေပါမယ်
ဒီရပ်ဝန်းကိုတော့ နောက်တစ်ခါပြန်မလာတော့ပါဘူး🥺
#ရေစက် #ပြတ်သားစွာနဲ့ @
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sittwe