Chel Chel’s Vlog

Chel Chel’s Vlog

Share

🌸 Entertainment 🌸

25/04/2026

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

09/09/2025

ဒူးရင်းသီး စားချင်လိုက်တာ 😍😄😄

09/08/2025

မာလာရေစင် ကပ်လှူရာတွင်.. ဆုတောင်းခြင်းနဲ့ အမျှဝေခြင်း

08/07/2025

မတောင်းပဲနဲ့
ပေးတတ်တဲ့အကျင့်ကို ရှောင်ပါ
အလိုက်သိလေ တန်ဖိုးကျလေပါပဲ

သင့်ဘက်က အရာရာကို
အလိုက်တသိနဲ့ လုပ်ဆောင်ပေးတတ်ခြင်းက
တစ်ခါတရံမှာ သင့်တန်ဖိုးကို ကျဆင်း
စေပါတယ်။

အလကားရရင်
တန်ဖိုးမရှိဘူးလို့ ထင်တဲ့သူတွေ
အလကားရနေလို့
တန်ဖိုးမထားတတ်တဲ့သူတွေအတွက်
ဘာမှ ထပ်ပြီးမပေးမိအောင် ကြိုးစားပါ။

ဖြူစင်သော စေတနာနဲ့
စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာတရားကို
အစော်ကားခံရခြင်းဟာ ပါး...ကို
အရိုက်ခံရခြင်းထက် နာကြင်စေပါတယ်။

စေတနာ မေတ္တာ ဟူသည်
လူတိုင်းနဲ့ ထိုက်တန်သော်လည်း.....

လူတိုင်းက
စတေနာ မတ်ေတာ နဲ့
မထိုက်တန်ဘူးဆိုတာကိုတော့
သင်.....အမြဲသတိရပါ။
crdphoto
#စာပေဗဟုသုတ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် ✅📚📙🍀☘️🌿🍎💝

10/03/2025
08/02/2025

စံလည်း ကိုယ့် မိသားစု၊
ခံလည်း ကိုယ့် မိသားစု၊
ဘယ်တော့မှ ကိုယ့်မိသားစု
ဝမ်းနည်းအောင် အရှက်ရအောင်
မျက်နှာငယ်အောင် မလုပ်မိစေနဲ့။
အားမဖြစ်စေတောင် အားတော့ ပြတ်မသွားစေနဲ့။
မိသားစု ပြိုကွဲသွားတာ နဲ့ မိသားစုဝင် တစ်ဦးစီတိုင်းမှာ
စိတ်ခွန်အား ပျက်စီးသွားတော့တယ်။
ဘဝတိုက်ပွဲဆိုတာ စိတ်ခွန်အားနဲ့ အဓိကတိုက်ရတာ။
မိသားစုတိုင်း စည်းလုံးချစ်ခင်ကြပါစေ••••။❣
Credit

08/02/2025

အဘွားက ပြောခဲ့ဖူးတယ်။
ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။
လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။
အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။
ပန်းကန်တွေ ဆေး။
အမှိုက်တွေ လှည်းကျင်း။
စာရေးစရာရှိတာ ချရေး။
ချက်စရာရှိတာ ချက်။
ဒီလောက် လုပ်နိုင်ရင်
ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
တစ်လှမ်းချင်းပေါ့။
ခက်ခဲတဲ့အချိန်မှာ
တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။
ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။
နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။
အနာဂတ်ကို တွေးပူပြီး
လက်လျှော့ချင်နေတဲ့စိတ်တွေ
လျော့ပါးလာလိမ့်မယ်တဲ့။
~ အယ်လီနာ မီခယ်လ်ခိုဗာ
#စိတ်သစ်ပင်စာအုပ်စင်

07/02/2025

မိန်းမတွေ အိမ်ထောင်ကျ ပြီးလို့ ပိုလှလာရင် ...ယောကျ်ားက စိတ်ချမ်းသာအောင် ထားတာခံရလို့ ဆိုတဲ့စာတစ်ကြောင်း.... သူများ ရေးထားတာ ဖတ်လိုက်ရတိုင်း ပြုံးမိတယ်.....

⭐️တစ်ကယ်က မိန်းမတွေဟာ ကိုယ့်ဘာသာ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် ကြိုးစားပြီး.... စိတ်ချမ်းသာအောင် နေထိုင်ပြီး... ကိုယ့်ဘဝကို တန်ဖိုးထားပြီး... ကိုယ့်ဘာသာကို လှပအောင် နေထိုင်ကြလို့ လှနေကြတာပါ.....

🤴🏽စိတ်ချမ်းသာအောင် ထားတတ်တဲ့ ယောကျာင်္းကို ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ... မိန်းမတွေဟာ ကိုယ်ရွေးချယ်ခဲ့တဲ့ အရာအတွက်တော့ ပြင်ဆင်နိုင်ခွင့် နည်းပါးကြပါတယ်...

👸🏻ကိုယ် ပြင်ဆင်နိုင်တာက ကိုယ့်စိတ်တစ်ခု ပါပဲ....

👸🏻ကိုယ်ရွေးချယ်ခဲ့လို့ ကြုံလာရတဲ့ဘယ်လိုခက်ခဲ နာကျင်ရတဲ့ အခြေအနေမျိုးမှာ ဖြစ်ဖြစ် ကိုယ့်စိတ်ကို အားတင်း ရင်ဆိုင်ပါ...

👸🏻ကိုယ့်ကိုယ်ကို လှအောင် နေပါ ...
တော်အောင် ကြိုးစားပါ.. တတ်အောင် သင်ယူပါ...

👸🏻အရည်အချင်းရှိသူ ဖြစ်လာအောင် ပြောင်းလဲပါ...

👸🏻ကံကောင်းတဲ့သူ လူနည်းစု အချို့ကို အားကျပြီး ကိုယ့်ဘဝကို သိမ်ငယ်ကာ ထိုင်ကြေကွဲ မနေပါနဲ့...

👸🏻ကိုယ်ထိုင်နေရင် ကိုယ်ပဲ နောက်မှာ ကျန်ခဲ့ပါလိမ့်မယ်...အားရအောင် ငိုပါ ... ပြီးရင် မျက်ရည် သုတ်ပြီး ရောက်တဲ့နေရာက ထပြေးလိုက်ပါတော့...

🏃🏻‍♀️ဘဝခရီးလမ်း အရှည်ကြီးမှာ ဘယ်အချိန် ဘယ်ပန်းတိုင်ကို ရောက်မယ်မှန်း မသိနိုင်ပေမယ့် ပြေးလမ်းပေါ်မှာ ပုံမှန် ပြေးနေဖို့တော့ လိုမယ် မဟုတ်လား ....

07/02/2025

အိမ်ထောင်ရေးမှာ......

မိန်းမချစ်တဲ့အိမ်ထောင် နဲ့ ယောက်ျားချစ်တဲ့အိမ်ထောင် ဘာကွာလဲ?

အချိန်လေးနည်းနည်းပေးပြီး တစ်ဘဝလုံးစာပြင်ဆင်နိုင်ဖို့ ဖတ်စေချင်ပါတယ်....

မိန်းမချစ်တဲ့အိမ်ထောင်

မိန်းကလေးအများစုဟာ အရမ်းအချစ်ကြီးကြပါတယ်... ကိုယ်ချစ်တဲ့သူနဲ့ပေါင်းဖက်နိုင်ဖို့ဆိုရင် ဘာမဆိုစွန့်လွတ်နိုင်တဲ့အရည်အချင်းလည်းရှိကြသေးတယ်
တကယ်ဂုဏ်ပြုထိုက်တဲ့မိန်းကလေးများပါ....

ဒီ post က မိန်းကလေးများအတွက် အရမ်းဆင်ခြင်စရာကောင်းမယ်လို့မျှော်လင့်မိပါတယ်...

အကြောင်းမှာ - ပညာရှင်တွေဟာ နစ်ပေါင်းများစွာ အိမ်ထောင်ရေးအကြောင်းတွေကို သုတေသနပြုခဲ့ကြတယ်။ မိန်းကလေးကချစ်လို့ပြု့ထားတဲ့အိမ်ထောင်ရေးဟာ သာယာတဲ့အိမ်ထောင် ကြီးပွါးတဲ့အိမ်ထောင်ဖြစ်ဖို့ ရာခိုင်နှူန်း နည်းတယ်လို့ အဆိုပြုနိုင်ခဲ့ပါတယ်....

သုတေသနပညာရှင်များရဲ့အကြံပေးချက်အရ အိမ်ထောင်ရေးဟာ ယောက်ျားကချစ်တဲ့အိမ်ထောင်ဖြစ်ဖို့လိုပါတယ်....

ဘာကြောင့်လဲဆိုရင်တကယ့်ဘဝမှာ မိသားစုကို ဦးစီဦးဆောင်ရမှာက ယောက်ျားလေးတွေဖြစ်ပါတယ်
သူတို့ရဲ့ ဦးဆောင်မှုကို ဝန်ခံနိုင်တဲ့ မိန်းကလေးများကိုလည်း အိမ်ရှင်မကောင်းလို့ဆိုပါတယ်.....

ယောက်ျားလေးချစ်တဲ့အိမ်ထောင်

အိမ်ထောင်ရေးမှာ ယောက်ျားလေးကချစ်ဖို့လိုပါတယ် တကယ့် ဘဝပြဿနာနဲ့ ရင်ဆိုင်ခဲ့တဲ့အခါမှာ
ဒီမိန်းမကို ငါယူမယ် ငါလုပ်ကျွေးမယ်
ဘာပဲဖြစ်ဖြစ်ငါတာဝန်ယူမယ်ဆိုတဲ့ ခံယူချက် တွေရှိတာကြောင့် သူတို့ဟာ မိသားစုကို အကောင်းဆုံးဖြစ်စေနိုင်ကြပါတယ်.....

သူတို့ချစ်တဲ့ မိန်းမကို အလှဆင်ဖို့
သူတို့ချစ်တဲ့ မိန်းမကို စိတ်ပျော်အောင်ထားပေးနိုင်ဖို့ကို အလေးထားပြီး ကြိုးစားအားထုတ် နိုင်ကြတာမို့ ယောက်ျားလေးကချစ်တဲ့အိမ်ထောင်ရေးဟာ
သာယာတဲ့အိမ်ထောင် ပိုပြီးဖြစ်စေပါတယ်....

မိန်းကလေးများအတွက်အကြံပေးချက်

စာရေးသူအကြံပေးချင်တာက မိန်ကလေးများဟာ ကိုယ်ပိုင်အရည်အချင်း မရှိတာရှိတာထက် ကိုယ့်ကိုတာဝန်ယူပေးနိုင်မည့် ယောက်ျားလေးကို ရွေးချယ်
ယူနိုင်ဖို့အရေးကြီးပါတယ်....

အရည်အချင်းရှိပြီး ဘယ်လိုပြဿနာ အခက်အခဲပဲရှိရှိ
ကိုယ့်ကို တကယ်တာဝန်ယူ ချစ်နိုင်မည့်ယောက်ျားလေးများကိုရွေးချယ် စေချင်ပါတယ်.....

ဒါကြောင့် မိန်းကလေးများကို ကိုယ့်အချစ်မရှာပဲ သူ့အချစ်ကိုရှာပါလို့ အားပေးချင်ပါတယ်.....

ယောက်ျားလေးများအတွက်အကြံပေးချက်

ကိုယ်တကယ်မချစ်ပဲမယူပါနဲ့
ကိုယ်တကယ် မချစ်နိုင်ပဲ
လူတကာကို ချစ်တယ်မပြောပါနဲ့
ကိုယ်တကယ်ချစ်နိုင်တဲ့သူ တန်ဖိုးထားနိုင်တဲ့သူ တာဝန်ယူနိုင်တယ်ဆိုတဲ့ သူမျိုးကိုပဲရွေးယူပါ.....

ချစ်တယ်ဆိုတဲ့စကားဟာ သမီးရည်းစား ဘဝမှာပဲ
ပြောလို့ကောင်းတာ တကယ့်ဘဝတိုက်ပွဲမှာ
ချစ်တာတွေမေတ္တာတွေ ပျောက်ဆုံးသွားတတ်ကြလို့ပါ...
ယောက်ျားလေးများကိုတော့ သူ့အချစ်မရှာပဲ ကိုယ့်အချစ်ကိုရှာပါလို့ အားပေးချင်ပါတယ်.....

အားလုံးပဲသာယာပျော်ရွှင်တဲ့ မိသားစုများ
ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း
အားလုံးကိုချစ်ခင်လျှက်ပါ....Crd

Address


Pyinmana

Alerts

Be the first to know and let us send you an email when Chel Chel’s Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyinmana.