Htet Htet Win

Htet Htet Win

Share

Lucky Time Productများမှာယူနိုင်ပါတယ်ရှင်

#PR 報酬マラソン開催! 16/01/2025

#PR 報酬マラソン開催! ステージを進むごとに2倍の報酬が獲得できる期間限定キャンペーン!

သွေးဖြူဥ တွေ များတယ်ဆိုတာ 11/01/2025

သွေးဖြူဥ တွေ များတယ်ဆိုတာ သွေးဖြူဥ တွေ များတယ်ဆိုတာ အဖြစ်များပါတယ်။ များတာက ပြဿနာ မဟုတ်ပါ။ များစေတဲ့ အကြောင်းရင်းကသာ ပြဿနာပါ။ အကြောင.....

01/04/2024

Lucky 🤑 April
Happy 😂 April

22/02/2024

သမီးရည်းစားဘဝ အပျိုတုန်းက
ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး
ယဉ်ကျေးလိမ္မာချစ်စရာကောင်းတဲ့
မိန်းကလေးတစ်ယောက်..

အိမ်ထောင်ကျပြီး
ကိုယ့် လက်ထက်ရောက်မှ
ကြာလေ ဒေါသကြီးလေ ဆိုးလေ
ရိုင်းစိုင်းလာလေ ကြောက်စရာ
ကောင်းလောက်အောင်
ပြောင်းလဲသွားတာ ..

`ဒီမိန်းမ အပျိုဘဝတုန်းက
ဟန်ဆောင်ကောင်းခဲ့တာ´
ဆိုတာ မျိုးကြီးထက် ..

သူမကို
ဘယ်လို အကြောင်းအရာတွေက
ခုလို ပြောင်းလဲသွားစေတာလဲ?
တစ်ချက်လောက် ပြန်တွေးကြည့်ပေးပါ ..

ဥပမာ။။
•ကျန်းမာရေးကိစ္စကြောင့်လား?

•နှစ်ဖက်ဆွေမျိုးတွေအကြား
မပြေလည်မှုတွေကြောင့်လား?

•အိမ်အလုပ် သားသမီးတို့
ဝေယျာဝစ္စကိစ္စ ဝင်ငွေရတဲ့ အလုပ်
စတဲ့နေရာတွေမှာ မနိုင်ဝန်
ထမ်းဆောင်နေရလို့လား?

•မိမိကိုယ်တိုင်က
တစ်ကိုယ်ကောင်းစိတ်ရှိသူ
မိသားစုအပေါ် မသိတတ်သူ
ပစ်ထားတတ်သူလား?
စသည်ဖြင့်ပေါ့ ..

ကိုယ်တာဝန်ယူ ရွေးချယ်ထားတဲ့
အိမ်သူကို အလွယ် စိတ်ကုန် စိတ်ပျက်
စွန့်ပစ်တတ်တဲ့ အလုပ် ဆိုတာ ..
ယောက်ျားပီသ သူတွေရဲ့
လုပ်ထုံး မဟုတ်ပါဘူး ..

ပြုပြင်စရာရှိတာတွေကို ပြင်ဆင်ပြီး
သူမ အပျိုတုန်းကလို စိတ်လက်
ပေါ့ပါးပျော်ရွှင်တတ်သူလေး
ပြန်ဖြစ်အောင် ..
ကိုယ်တတ်စွမ်းသလောက်လေး
ဖန်တီးပေးလိုက်ပါ ..

မိန်းမသား အများစုဟာ
မဖြစ်နိုင်တာကို စိတ်ကူးပြီး
စိတ်အလိုမကျ ဖြစ်တတ်သူရှားပါတယ် ..
ဖြစ်သင့်တာ ဖြစ်နိုင်တာလေးတွေ
ဖြစ်မလာတဲ့ အခါကျမှသာ
စိတ်ကုန် စိတ်ပျက် စိတ်ဓာတ်ကျ
တတ်ကြတဲ့ သူတွေပါ ..

တစ်ဖက်လူ ပြောင်းလဲသွားတာကိုပဲ
မမြင်ပါနဲ့ .. သူဘာကြောင့် ဒီလောက်
ပြောင်လဲသွားရတာလဲ ဆိုတာ
တစ်ချက်လောက် ပြန်တွေးကြည့်လိုက်ပါ
ကိုယ့် ပယောဂတွေကြောင့်များလားပေါ့ ..

Credit Ma pui (ဇလပ်မြေ)

18/10/2023

စစ်မှန်သော သူကိုရွေးချယ်ပါ

မိန်းကလေးတစ်ယောက်အနေနဲ့ လက်တွဲဖော်ကောင်းတစ်ယောက် ရွေးချယ်တဲ့အခါ ဒီ (၁၂)ချက်နဲ့ တိုက်စစ်ကြည့်ရအောင်… ဘယ်အချက်တွေက ကိုယ်နဲ့ကိုက်ညီနေလဲဆိုတာကိုလည်း လေ့လာကြည့်ကြမယ်။

၁. ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို အရှိအတိုင်းလက်ခံပေးနိုင်တဲ့သူ။
၂. ကိုယ့်ရဲ့အကြောင်းကို အစအဆုံး အပြည့်အဝ နားလည်ပေးနိုင်သူ။
၃. ကိုယ့်အတွက် ချစ်သူအဖြစ်တင်မဟုတ်ပဲ သူငယ်ချင်း ၊ မောင်နှမ ၊ တိုင်ပင်ဖော် တိုင်ပင်ဖက် ၊ ဦးဆောင်လမ်းညွှန်သူအနေနဲ့ပါ ကိုယ့်ဘဝအတွက် ရှိနေပေးနိုင်သူ။
၄. ကိုယ့်ကိုယ်တင် မဟုတ်ပဲ ကိုယ့်မိသားစုနဲ့ ကိုယ့်သူငယ်ချင်းတွေ အပေါ်ကိုပါ အကောင်းမွန်ဆုံးဆက်ဆံပေးနိုင်သူ။
၅. အရာအားလုံးအပေါ်မှာ အကောင်းဆုံးကြိုးစားနေပါတယ်ဆိုတာကို အမြဲတမ်း ထုတ်ဖော်ပြနေသူ။
၆. ကိုယ်နေမကောင်းဖြစ်နေတဲ့အချိန် ၊ လိုအပ်နေချိန်မျိုးမှာ သေချာဂရုစိုက်ပေးနိုင်ဖို့ အရေးမကြီးတဲ့အရာတွေကို ဖယ်ထားပြီး ကိုယ့်အတွက်အချိန်ပေး ပြုစုပေးသူ။ တိုက်ဆိုင်မှုတွေရှိလာရင် ကိုယ့်အတွက်စဉ်စားပေးသူ။
၇. ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းကြောင်း ၊ ကိုယ်လုပ်နေတဲ့ အလုပ်တွေ အကောင်းဆုံးလုပ်နိုင်ဖို့ စိတ်ခွန်အားပေးနိုင်တဲ့သူ။
၈. ကိုယ့်အပေါ် စိတ်ရှည်သည်းခံပြီး လူကြီးတစ်ယောက်လို လမ်းပြသွန်သင် ဆုံးမပေးနိုင်သူ။
၉. ချစ်နေတာတစ်ခုတည်း မဟုတ်ပဲ အတူတူတိုးတက်အောင်မြင်ဖို့ အတွက် အတွေ့အကြုံအသစ်တွေ ဝေမျှပေးနိုင်သူ။
၁၀. အမှားလုပ်မိသွားတဲ့အခါ အမှန်အတိုင်း ဖွင့်ပြောပြီး ကိုယ့်အပြစ်ကိုယ်တာဝန်ယူမှုရှိတဲ့သူ။
၁၁. ကိုယ်အတွက် စိတ်ကသိကအောက်ဖြစ်နေတာ၊ စိတ်တို စိတ်ဆိုးနေတာတွေကို ပြစ်မထားပဲ၊ နာလည်သဘောပေါက်အောင် သဘောထားကြီးကြီး ရှင်းပြ ရင့်ကျက်ပေးသူ။
၁၂. အခက်ခဲ ဒုက္ခတွေကို စိတ်တည်ငြိမ်စွာနဲ့ ရင်ဆိုင်တတ်သူ။

ဒါဆိုရင်တော့ ကျွန်တော်ပြောသွားတဲ့ အချက်တွေကိုဖတ်ပြီးသွားရင် ကိုယ်ပိုင်ဆိုင်ထားတဲ့သူတွေမှာရော ဒီအချက်တွေထဲက အချက်ဘယ်နှချက်နဲ့ ကိုက်ညီနေလဲဆိုတာ Comment မှာပြောသွားကြည့်ရအောင်။

With Love,
Mindspire Team

, ,

14/09/2023

စိတ်ကုန်သွားရင် သံယောဇဉ်တွေလဲမကယ်နိုင်တော့ဘူး
အမှတ်တရတွေလဲမကယ်နိုင်တော့ဘူး
နောက်ဆုံးတစ်လမ်းပဲ ရှိတယ်
အဲ့တာဝေးဖို့ပဲ 🤍🤍🖤🗯

14/09/2023

အိမ်ထောင်ပြုတယ်ဆိုတာ
တော်ရုံအချစ်.....
တော်ရုံသံယောဇဉ်.....
တော်ရုံရေစက်မရှိဘဲ.....
သူစိမ်းနှစ်ယောက်
တွေ့ဆုံပေါင်းသင်းလို့ မရဘူး။

ခင်ပွန်းကောင်းဆိုတာကတော့
မပြောင်းလဲတဲ့ မေတ္တာတွေ
သစ္စာတွေနဲ့ရိုးမြေကျအောင်
ဇနီးတစ်ယောက်ရဲ့
အနားမှာနေပေးမယ့်သူပါ။

ဇနီးကောင်းဆိုတာကတော့
ကိုယ်ယူလိုက်တဲ့ယောက်ျားကို
အတတ်နိုင်ဆုံးသည်းခံပြီး
ဘယ်လိုအခြေနေရောက်ရောက်.....
ဘဝပေးပြီးချစ်မယ့်သူတွေပါ။

မောင်နှမချင်းတောင်
သဘောထားခြင်းမတူညီနိုင်တာ.
သူစိမ်းယောက်ျားနဲ့
သူစိမ်းမိန်းမ ပေါင်းဖက်တဲ့အခါ.....
သဘောထားတွေတူညီဖို့
ခက်ခဲပါတယ်။

မိန်းမတစ်ယောက်က
ချစ်သူဘဝမှာ.....
ကိုယ့်စိတ်ကိုရှေ့တန်းတင်ပြီး
နေလိုရပေမဲ့.....
အိမ်ထောင်သည်ဘဝမှာတော့
ကိုယ့်ရဲ့ဆန္ဒကိုအဓိကထားလို့မရတော့ဘူး။

ယောက်ျားတစ်ယောက်ကလည်း
မိဘအိမ်မှာနေချင်သလို
နေလို့ရပေမဲ့.....
အိမ်ထောင်သည်ဘဝမှာ
ကြိုက်သလိုနေလို့မရတော့ဘူး။

ဇနီးတစ်ယောက်အပေါ်မှာ
ထားတဲ့ဆက်ဆံရေး.....
ကိုယ်ယူထားတဲ့ဇနီးကို
မိဘအိမ်ထက်မသာရင်တောင်
လူတန်းစေ့အောင်ရှာဖွေ
ကျွေးနိုင်သလားဆိုတာကိုကြည့်ပြီး.....
ယောက်ျားတစ်ယောက်ရဲ့
အရည်အချင်းကိုသိနိုင်တယ်။

မိမိယောက်ျားအပေါ်
ချစ်တာတစ်ခုတည်းနဲ့
ဇနီးကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။
ကိုယ့်ရဲ့အတ္တ မာနကို
နည်းနိုင်သမျှနည်းအောင်ကြိုးစားပြီး.....
သာယာတဲ့ မိသားစုဘဝကို
တည်ဆောက်နိုင်သလားဆိုတာ ကြည့်ပြီးတော့လည်းမိန်းမတစ်ယောက်ရဲ့
အရည်အချင်းကိုသိနိုင်တယ်။

တစ်ချို့သောမိန်းမတွေဟာ
ကိုယ့်ဘဝပေးပြီးယူထားတဲ့
ယောက်ျားအပေါ်မှာ
မာန်မာနကိုရှေ့တန်းတင်ပြီး
ဆက်ဆံတဲ့အတွက်.....
အိမ်ထောင်ရေးအဆင်မပြေမှုတွေကို ဖြစ်စေတယ်။

တစ်ချို့သောယောက်ျားတွေကလည်း
ငွေကြေးပြည့်စုံအောင်ရှာဖွေ
ပေးနိုင်ရင်.....
တာဝန်ကျေ ပြီလို့သဘောထားပြီး....
ဇနီးဖြစ်သူကို နိုင်ထက်စီးနင်း
ဆက်ဆံတတ်တာကြောင့်
အိမ်ထောင်ရေးပြိုကွဲမှုတွေဖြစ်စေတယ်။

ဇနီးဖြစ်သူကောင်းတိုင်းလည်း
ခင်ပွန်းကမကောင်းနိုင်ဘူး။
ခင်ပွန်းဖြစ်သူကောင်းပေမဲ့
ဇနီးကဆိုးနေတာတွေလည်းအများကြီးပါ။

ဘယ်လိုပဲဖြစ်ပါစေ.....
အတော်ဆုံးမိန်းမဆိုတာ
ကိုယ်ယူထားတဲ့ယောက်ျားအပေါ်.....
တစ်သက်လုံးမေတ္တာမပျက်ပေါင်းသင်းပြီး.....လှပတဲ့မိသားစုဘဝလေးကို
တည်ဆောက်နိုင်တဲ့သူပါ။

အတော်ဆုံးယောက်ျားဆိုတာကလည်း
ကိုယ်ယူထားတဲ့မိန်းမအပေါ်
ဘယ်ခါမှသစ္စာမပျက်ပဲ
ကိုယ်စွမ်းနိုင်သလောက်
ရှာဖွေကျွေးမွေးပြီး.....
အိမ်ထောင်ရေးကိုမပြိုလဲအောင်.....
ထိန်းသိမ်းနိုင်သူပါ။

ဝဋ်ကြွေးကင်းတဲ့ ပေါင်းဖက်ခြင်း
တွေနဲ့.....မိမိအိမ်ထောင်ကိုသာယာ
အောင်.....
ဖန်တီးတည်ဆောက်နိုင်ကြပါစေ။
crd #
#လူငယ်များအတွက့်စာကြည့်တိုက့်

Category

Address


လျှစ်စစ်လမ်းခွဲ
Pyinmana

Alerts

Be the first to know and let us send you an email when Htet Htet Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyinmana.