Pan Ei
Skincare & Makeup
🫶🏼👭
တရုတ်မင်းသမီးလေး ဂူးဂူးရဲ့💐flower makeup trend join ထားတယ်ရှင့် ゚viralシ 💄MaPan
💄MaPan ゚viralシ
မျက်တောင်တု တပ်ရင် ပိုလှမှာ သိတယ်
But ပျင်းလို့😒
08/01/2026
မြစ်ကြီးနား သူလေးတွေ အတွက် သတင်းကောင်း😍
02/01/2026
ယောကျာ်းတွေက မိန်းမတွေရဲ့ စိတ်နားလည် မပေးကြဘူး…
မိန်းမတွေရဲ့ စိတ် : 😬
30/12/2025
လက်တွေ့ သုံးကြည့်ပြီးလို့ ညွှန်းပေးတာ
ဆံပင်ပါးတဲ့သူ ဒီ၂မျိုး တွဲသုံးကြည့် တကယ်ကောင်းတာ ကိုယ်တွေ့
ပွဲတက်အတွက် ဘားချပ် Saveဖြစ်အောင် အိမ်မှာ မျက်တောင်ဆက်မယ်
09/12/2025
ဘုရားရှိခိုးတတ်ရဲ့လား🙏🙏🙏?
*********************************
ဖတ်ကြည့်နော် ။
✍️ဒကာ ။
🙏ဘုရား ။
✍️ဘုရားရှိခိုးတာ
အချက်( ၅ )ချက်ပြည့်အောင်
ကန်တော့ရဲ့လား ?
🙏မှန်ပါ ။
တပည့်တော်လည်း ဘုရားရှိခိုးတာပဲ
ဘုရား ။
ဒါပေမဲ့
အချက်( ၅ )ချက် ပြည့်အောင်
ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့
တပည့်တော် မသိပါဘုရား ။
✍️အေး
ဒကာ သိအောင် ပြောပြမယ် ။
👉( ၁ ) ဘုရား ၊ တရား ၊ သံဃာ ၊
မိဘ ၊ ဆရာ တို့ကို
အရင် ရှိခိုးဦးချ ကန်တော့ပါ ။
👉( ၂ ) အပါယ် ဖျက်ရတယ် ။
ဒီအချက်က လူတိုင်း မသိကြဘူး ။
အပါယ်ဖျက်တာ လွယ်ပါတယ် ။
လူတိုင်း မဖျက်တတ်ကြလို့ပါ ။
✍️ဘယ်လို ဖျက်ရမလဲဆိုတော့
(ယခုဘဝ)
ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကျသော
မိဘ ဘိုးဘွားများ
ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို
ပြစ်မှားမိသည်ရှိသော်
ရှိခိုး ဝန်ချ တောင်းပန်ပါ၏ ။
✍️ဒီလို တောင်းပန်ရင်
လောလောဆယ်
ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေ
ပွင့်မယ် ။
✍️တောင်းပန်ရင်
ဘာကြောင့် ကျေလဲဆိုတော့
ဒီအကြောင်းကို
ဒကာတို့ နာလည်အောင် ပြောရရင်
ကျော်ဟိန်းတောင်
ရုပ်ရှင် ရိုက်ထားတဲ့
ဒေါင်းယောင်ဆောင်သော ကျီး
ဇာတ်ကားမှာလိုပေါ့ ။
✍️ရဟန္တာကို ပြစ်မှားလို့
ယောက်ျားက မိန်းမ ဖြစ်တာလေ ။
မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ
ရဟန္တာကို တောင်းပန်လိုက်တော့
ယောက်ျား ပြန်ဖြစ်သွားတယ် ။
✍️ဒီမှာ ပြောချင်တာက
အဲဒီယောက်ျား ပြစ်မှားတာကို
ရဟန္တာတောင် မသိလိုက်ဘူး ။
မနောကံနဲ့ ပြစ်မှားမိတာပါ ။
✍️ဒါကြောင့်
ကိုယ်က သိလို့ပဲ ဖြစ်ဖြစ်
မသိလို့ပဲ ဖြစ်ဖြစ်
ကာယကံ ၊ ဝစီကံ ၊ မနောကံ နဲ့
ပြစ်မှားမိတာကို
တောင်းပန်ရပါမယ် ။
👉( ၃ ) မိမိကိုယ်ကိုယ် မေတ္တာပို့ပါ ။
ဒကာတို့ ကျန်းမာ ၊ ချမ်းသာမှ
ဘုရားအလုပ် လုပ်နိုင်မယ် ။
တရားအလုပ် လုပ်နိုင်မယ် ။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ ။
👉( ၄ ) ဒကာတို့ လုပ်နေကျအတိုင်း
ပုတီးစိပ် ၊
ဘုရားစာရွတ်
မေတ္တာပွားပေါ့ ။
👉( ၅ ) သစ္စာဆို အမျှဝေပါ ။
✍️ဒီအချက်က
ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ် ။
ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ်
သစ္စာဆို အမျှဝေလို့ ရပါတယ် ။
✍️ဥပမာ....
ဘုရားပန်း လှူတာ ဖြစ်ဖြစ်
တိရိစ္ဆန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်
တခြား အလှူတွေလည်း
သစ္စာဆို အမျှဝေလို့ ရပါတယ် ။
✍️ဘယ်လို သစ္စာဆို အမျှဝေရမှာလဲ
ဆိုတော့....
👉ဥပမာ
ကျွန်တော် ဘုရားပန်း တင်လှူပါတယ် ။
ဤဘုရားပန်း တင်လှူတာ
မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါ ။
ဤ သစ္စာစကား မှန်ကန်ပါက
ရတယ် ။
✍️ဘုရားပန်းတင်လှူသော ကုသိုလ်ကို
အထက်ဘဝဂ်
အောက်အဝီစိအထိ
သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော
ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါ
အပေါင်းတို့အား
အမျှပေးဝေပါတယ်လို့ အမျှပေးလိုက်ပါ ။
✍️ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ
အပါယ်ဘုံသား အားလုံး ရပါတယ် ။
✍️ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ် ။
✍️ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ်
သူတို့က ကူညီပါတယ် ။
✍️ဒကာတို့ ပို့တဲ့ အမျှကြ
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက
သူတို့အတွက်
( ၁ဝ )တန်လောက်ပဲ ရှိတာပါ ။
✍️ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ ။
✍️ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ ။
🙏မှန်ပါ သာဓု သာဓု သာဓုပါ ဘုရား ။
မူရင်းCredit-Shwedagone
စုစည်းရှာဖွေတင်ပြသူ- သာထက်ဇော်(မကွေး)
💙
Category
Contact the business
Telephone
Website
Address
Pyay
Alerts
Be the first to know and let us send you an email when Pan Ei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.