Chaw su
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chaw su, Beauty, cosmetic & personal care, Pyay.
20/07/2022
#အဆိပ်ထုတ်ကာလ(ခေါ်) အကြောင်း
Skin Care အသစ် စသုံးကြည့်လိုက်တယ်။
မျက်နှာမှာ အဆီဖုတွေ(whiteheads/blackheads) ၀ကျခွံတွေ #ကန်ထွက်လာလို့
ဆက်မသုံးဖြစ်တော့တာတွေ ရှိမှာပါနော်။
ကိုယ်စျေးကြီးပေးဝယ်ထားရတဲ့ ပစ္စည်းတွေဆို
အရမ်းကိုနှမြောကြတာပါပဲ။
အဲ့မှာ တစ်ခု သတိချပ်စရာက Skin Purging ဆိုတဲ့
အခြေအနေလေး ရှိပါတယ်။
ပထမဆုံး ပစ္စည်းသစ် စသုံးလိုက်တယ်။
အဲ့ပစ္စည်းမှာ ပါတဲ့ Active Ingredient တစ်ခုခု (especially retinoids, vitamim C, glycolic acid, salicylic acid) သည်
အရေပြားပေါ်က cell တွေရဲ့ cell cycle ခေါ်တဲ့
ဇီ၀ရုပ်ဖြစ်စဥ် မြန်စေပါတယ်။
Cell အဟောင်းအသစ်ဖြစ်တဲ့ Rate
မြန်လာတယ်ပေါ့နော်။
( )
Turn Over Rate မြန်လာတာနဲ့ အမျှ
တွေ ကြွေတာ ပိုမြန်လာပါတယ်။ ကျန်းမာတဲ့ Cell လေးတွေ မျက်နှာပေါ် မရောက်ခင်
အရင်ရှိနေတဲ့ အဆီတွေ
အရေပြားလန်တဲ့အဖတ်လေးတွေဟာ
စုပေါင်းပြီးတော့ ချွေးပေါက်ထဲမှာ သွားစုပိတ်ပါတော့တယ်။
ဆိုတော့ကာ(pimple/whiteheads/blackheads)တွေ
စုပြုံပီး ဘုစိဘုစိလေးတွေ ပေါက်လာနိုင်ပါတယ်။
အလုံးအရေအတွက် အမျိုးအစားကတော့
ကိုယ့် Skin အနေအထားတွေနဲ့ ဆိုင်တာပေါ့နော်။
#ဒီဖြစ်စဥ်ကို အဆီဖုတွေ ဝက်ခြံတွေ ကန်ထွက်ခြင်း
(Skin Purging) လို့ခေါ်ပါတယ်။
Skin Purging ဖြစ်တယ်ဆိုတာ
Break out ဖြစ်တယ်
Reacting ဖြစ်နေတယ် ဆိုတာနဲ့ မတူပါဘူး။
က ကိုယ့်မျက်နှာမှာ
အဖုပေါက်နေကျနေရာတွေမှာ ပေါက်လာတတ်ပါတယ်။
(Breakout ကတော့
ပေါက်နေကျ နေရာမဟုတ်တာတွေမှာပါ
ပေါက်လာပီး ပြူးပြဲ နီရဲရောင်ယမ်းနေတာမျိုးပါ)
Purging သည် Break out ဖြစ်တာလောက်လဲ
ရက်မကြာဘဲ ပြန်ပျောက်တယ်ပါတယ်
Purging သည် ၄ပတ်ကနေ ၆ပတ်လောက်ထိ
ကြာတတ်ပါတယ်
အဲ့ထက်လဲ စောတာမျိုး ရှိပါတယ်။
(cell cyle သည် 28 days ရှိတာရယ်
လူတိုင်းရဲ့ ်_Uniqueဖြစ်တာမို့
အချိန်ကတော့ Variable ဖြစ်နိုင်ပါတယ်နော်)။
ဆိုတော့ Purging ဖြစ်ခြင်းသည်
ပဲ ဖြစ်ပါတယ်။
ို့အတွက်
ဒါလေးတွေ ကျော်ဖြတ်ရပါတယ်တဲ့။
Purging ပီးသွားတဲ့အခါ
မျက်နှာက , and
လေး ရရှိလာမှာ ဖြစ်ပါတယ်
ဝယ်ထားပီး မသုံးဘဲ ပစ်ထားရတဲ့ ပစ္စည်းတွေ
သုံးဖို့ ပြောတာ ဟုတ်ပါဘူးနော်။
တကယ် မတည့်တာတွေ ရှိပီး
ပြန်သုံးလိုက်မှ ဆေးရုံဆေးခန်းပြန်ပြနေရမှာ စိုးလို့ပါ။
19/07/2022
ဝက်ခြံတေမထွက်အောင်ဂရုစိုက်ဖို့ကလွယ်ပါတယ်
ဒီအချက်လေးတေပဲလုပ်ကြည့်
15/07/2022
ကိုယ့်ရဲ့အသားအရည်အမျိုးအစားကိုဘယ်လိုခွဲမလဲ
15/07/2022
Social media တွေကြောင့် လူတွေဟာ
ရုပ်ရည်သွင်ပြင်က်ို အရမ်းဂရုစိုက်လာတာကို
ကျွန်တော်တွေ့လာရပါတယ်။
အားလုံးက မော်ဒယ်တွေလို၊ မင်းသားတွေ
မင်းသမီးတွေလို လှချင်ပချင်လာကြပါတယ်။
ဒါကြောင့်လည်း Plastic Surgery လုပ်တာတွေ၊
အလွန်အမင်း diet လုပ်တာတွေဟာ
အရမ်းများလာကြတာကို မိတ်ဆွေတို့ သိကြမှာပါ။
ပြီးတော့ skinny type ကလည်း စံ တခုလို
ဖြစ်နေတာက ဆိုးပါတယ်။ Body shaming
ကြောင့် ကိုယ့်ကိုယ့်ကိုယ် သိမ်ငယ်၊
ရှက်ကြောက်၊ Depression တွေဝင်လို့
လူကြားထဲတောင် တော်ရုံမသွားရဲ
ဓာတ်ပုံမရိုက်ရဲ စတာတွေက စိတ်ကျရောဂါ
လက္ခဏာ တမျိုးပါဘဲ။
ဒါကို ကျော်ဖြတ်ဖို့ ကျွန်တော် နည်းလမ်းလေး
(၂) ခု ဝေမျှပေးချင်ပါတယ် ခင်ဗျာ…
🤍 ကိုယ့်ခန္တာကိုယ်ကို အကောင်းမြင်ပါ 🤍
ခုခေတ်မှာ ဘောင်ခတ်ထားတဲ့
Beauty Standard တွေကို ရိုက်ချိုးခြင်းပါ။
ပိန်ပိန်၊ ဝ.. ဝ အချိူးစား လှလှ မလှလှ၊
ဗိုက်ချပ်ချပ်မချပ်ချပ်၊ ဒူးခေါင်းမဲခြင်း
မမဲခြင်း၊ အမွှေးအမျှင်တွေ ရှိမရှိ
ဒါတွေက အရေးမကြီးပါဘူး။ ဘယ်သူ့
ဝေဖန်ချက်ကိုမှ ဂရုမစိုက်ဘဲ ကိုယ့်ရဲ့
အရှိတရားကို လက်ခံချစ်တတ်ဖို့ လိုပါတယ်
🏋️ ခန္တာကိုယ်ကို သင့်တင့်မျှတအောင်
ထိန်းပါ 🏋️
ကိုယ့်ခန္တာကိုယ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့
ချစ်တတ်အောင် မိတ်ဆွေရဲ့အရပ်အမောင်းနဲ့
သင့်တော်တဲ့ Weight ရှိဖို့လိုပါတယ်။
အစားအစာကို အာဟာရ ပြည့်ဝအောင်
နေထိုင်စားသောက်ပြီး ဝါသနာပါတဲ့
အားကစားလိုက်စားပါ 🏃🏻
တစ်ခုသတိပြုရမှာက မိတ််ဆွေဟာ
လူသားတစ်ယောက်ဖြစ်တဲ့အတွက်
ပြစ်ချက်ဆိုတာရှိနိုင်ပြီး စင်းလုံးချော
ဖြစ်နေစရာမလိုပါဘူး ❗️
မိတ်ဆွေရဲ့ ရုပ်ရည်သွင်ပြင်က
ဘယ်သူဆိုတာ မဖော်ပြပါဘူး။ အဓိကက
ကိုယ့်ကျင့်တရားနဲ့ စိတ်ထားဘဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင် အရှိတရားကို
လက်ခံပြီး ကျန်းမာသော ခန္တာကိုယ်
ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြပါခင်ဗျာ
Category
Website
Address
Pyay
Alerts
Be the first to know and let us send you an email when Chaw su posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.