Glom Glom

Glom Glom

Share

​🌟 မေမေ့လက်ရာ - Lunch Box ဝန်ဆောင်မှု (နေပြည်တော်)

✨ သန့်ရှင်း၊ အာဟာရပြည့်၊ ကလေးတိုင်းကြိုက်။

📱 Pre-order & Inquiry: 09409000181

Photos from Glom Glom's post 19/05/2026

🍱 မေမေတို့ရေ... မနက်ခင်းတိုင်း သားသားမီးမီးတို့ ကျောင်းမုန့်ဘူးအတွက် ခေါင်းခဲနေရလို့ စိတ်ညစ်နေပါသလား။
​ကလေးတွေက အပြင်စာတွေပဲ ဝယ်စားချင်တယ်၊ ကျောင်းထမင်းဘူး ပြင်ပေးပြန်ရင်လည်း မကုန်ဘဲ ပြန်ပါလာတတ်လို့ စိတ်ပူနေရတဲ့ မေမေတို့အတွက် "မေမေ့လက်ရာ" ရှိနေပါပြီရှင်။ 🥰
​"မေမေ့လက်ရာ" ဆိုတဲ့ နာမည်လေးအတိုင်းပဲ မေမေကိုယ်တိုင် ကိုယ့်ကလေးကို မေတ္တာပါပါ ချက်ကျွေးသလိုမျိုး -
✨ သန့်ရှင်းမှုကို အဆင့်မြင့်ဆုံး ထိန်းသိမ်းထားပြီး၊
✨ ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရ (၅) ဖြာ မျှတအောင် တွက်ချက်ချက်ပြုတ်ပေးမှာ ဖြစ်သလို၊
✨ မြင်တာနဲ့ စားချင်စိတ်ပေါက်သွားစေမယ့် ချစ်စရာ Bento Box စတိုင်လေးတွေနဲ့ ပြင်ဆင်ပေးသွားမှာပါ 🍱🎨
​🏍️ နေပြည်တော် သီးသန့် အချိန်မှန် အရောက်ပို့စနစ်
​ကျောင်းမတက်ခင် ကလေးတွေ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် စားနိုင်ဖို့အတွက် ကျောင်းအရောက် (သို့မဟုတ်) အိမ်အရောက် အချိန်တိကျစွာ Delivery လိုက်ပို့ပေးမယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်ရှင်။
​📅 Weekly & Monthly Subscription (အပတ်စဉ်/လချုပ်စနစ်)
​တစ်ရက်ချင်းစီ အော်ဒါမှာရတဲ့ အလုပ်ရှုပ်မှုကို သက်သာစေဖို့ (၅) ရက်စာ (တနင်္လာ မှ သောကြာ) Package လိုက် Pre-order ကြိုတင်လက်ခံပေးနေပါပြီ။
​လာမည့်အပတ်အတွက် မတူညီတဲ့ Menu ဆန်းဆန်းလေးတွေကို အပတ်စဉ် ကြိုတင်ချပြပေးသွားမှာမို့ ကလေးတွေ လုံးဝ ငြီးငွေ့မှာ မဟုတ်ပါဘူးနော်။
​"သားသားမီးမီးတို့ ကျန်းမာရေးအတွက်... မေမေ့မေတ္တာအပြည့်နဲ့ မေမေ့လက်ရာ"
​📬 အသေးစိတ် မေးမြန်းစုံစမ်းလိုပါက Page Chat Box ကနေဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်ကနေဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
​📞 Ph: 09409000181 (Viber တွင်လည်း ဆက်သွယ်နိုင်ပါသည်)
📍 နေပြည်တော် မြို့တွင်း သီးသန့် ဝန်ဆောင်မှု

19/09/2023

မိုးအေးအေးနဲ့ Coffee ပူပူလေးရယ်..

23/07/2021

ဝါဆိုလပြည့်နေ့ပါ။🙏🙏🙏

ဝါဆိုလပြည့်နေ့ ဟာ
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေ နေသောနေ့။
၂။ ဂေါတမဘုရားလောင်းတောထွက်တော်မူသောနေ့။
၃။ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့။
၄။ ရေမီးအစုံဖြင့်တန်ခိုးပြာဋိဟာပြတော်မူသောနေ့။
၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့။
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့။
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့။
၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို စတင်ကြားရသောနေ့ ဖြစ်ပါတယ်။

ဥပုတ်သီလများ ဆောက်တည်နိုင်ကြပါစေ။
ကမ္ဘာသူကမ္ဘာသားများအားလုံးကပ်ကြီးသုံးပါးကျော်လွှာနိုင်ကြပါစေ။
အမှန်တရားအတွက်ရင်ဆိုင်တိုက်ပွဲဝင်ကြသောသူရဲကောင်းများဘေးရန်ကင်းကြပါစေ။အမှောင်ခွင်း၍အလင်းဆောင်နေကြပါစေ။

"အရေးတော်ပုံအောင်ကိုအောင်ရမည်"

Photos from Glom Glom's post 17/11/2020

ကျွန်တော့်ဖောက်သည်များအနေနဲ့
ကုန်ပစ္စည်းလက်ခံရရှိပါက ယနေ့မှစ၍
ဓာတ်ပုံဖြင့်သာ အကြောင်းပြန်ပေးကြပါခင်ဗျား..

photos credit

31/10/2020

🕯✨ဗုဒ္ဓဘုရားရှင်သည် ဝါတွင်းသုံးလပတ်လုံး တာဝတိံသာ နတ်ပြည်၌အဘိဓမ္မာတရားဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်ညမှာ လူပြည်သို့ပြန်လည်ဆင်းချီတော်မူခဲ့သည်။ ထိုအခါ လူ၊ နတ်၊ ဗြဟာအ​ပေါင်းတို့သည် ဘုရားရှင်အား ဆီမီးပူဇော်ကြိုဆိုခဲ့ရမှာ သီတင်းကျွတ်မီးထွန်းပွဲတော်ပေါက်ပေါက်ခဲ့ပါသည်။🕯✨

🌟🙏ယ​နေ့တိုင်​အောင် သီတင်းကျွတ်ကာလတွင် ဆီမီးပူ​ဇော်ခြင်း၊ သက်ကြီးရွယ်အိုများအားကန်​တော့ခြင်း၊ ကုသိုလ်​ကောင်းမှုများပြုလုပ်ခြင်း တို့ပြုလုပ်လျက်ရှိသည်မှာ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ရဲ့ ယဥ်ကျေးသိမ်မွေ့ပြီး ချစ်စရာကောင်းလှတဲ့ ဓလေ့လေးတစ်ခုဖြစ်ပါတယ်။

💁‍♂️ယခုလို မွန်မြတ်လှသော အချိန်ကာလလေးမှာ မိဘပြည်သူများအားလုံးစိတ်​၏ချမ်းသာခြင်း၊ ကိုယ်​၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပြီး COVID-19 ​ရောဂါအန္တရာယ်ဘေးမှ ကင်းဝေးပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ခင်ဗျာ။

❤

22/10/2020

"​အေးချမ်းခြင်းလက်​ဆောင်"

ဘယ်လို relationship မျိုးမှာမဆို
မိသားစုပဲဖြစ်ဖြစ်
ချစ်သူရည်းစားပဲဖြစ်ဖြစ်
သူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်
အကောင်းဆုံးပေးသင့်တဲ့လက်ဆောင်ဟာ
"အေးချမ်းခြင်း" ပဲ

ရုပ်ပိုင်းဆိုင်ရာ လက်ဆောင်တွေဘယ်လိုပေးပေး
ဘယ်လောက်ပဲစျေးကြီးတဲ့အရာတွေပေးပေး
ပေးတုန်း ယူတုန်းခဏတာမှာပဲ ပျော်ရွှင်ရပြီး
အချိန်တန်ရင် စိတ်တွေပူလောင်နေရတယ်ဆိုရင်
ရခဲ့တဲ့ပျော်ရွှင်ခြင်း နဲ့
ပေးလိုက်ရတဲ့ပီတိတွေဟာ
ခဏတာပဲ အကျိုးရှိမှာဖြစ်ပါတယ်

အသက်ကြီးလာတဲ့အခါ
ကိုယ်ကလည်း သူများကို
အေးချမ်းမှုတွေပဲပေးချင်သလို...
သူများဆီကလည်း တခြားအရာတွေထက်
အေးချမ်းခြင်းတွေကိုပဲ လိုချင်လာမိတယ်

ဘယ်အချိန်မှာပဲတွေးတွေး
"သူက ငါ့အတွက် အေးချမ်းခဲ့တယ်"
"ငါက သူ့အတွက် ဘယ်အချိန်မှာမဆို
မပူလောင်စေခဲ့ဘူး"ဆိုတဲ့ခံစားချက်မျိုးဟာ
ဘယ်လောက်အေးချမ်းတဲ့ ခံစားချက်မျိုးလဲဆိုတာ..

တစ်ယောက်ယောက်နဲ့ပတ်သက်ပြီး
အရမ်းပူလောင်နေရတဲ့အခါမျိုးမှာ
သိနိုင်ပါတယ်။

ဘာတွေပဲရရ
ဘယ်လိုပဲနေရနေရ
တကယ်တမ်းတစ်ယောက်ယောက်အတွက်နဲ့
ပူလောင်နေရပြီ မပျော်ရွှင်ရတော့ဘူးဆိုရင်
ရုပ်ဝတ္ထု တွေဟာ အပိုသက်သက်သာဖြစ်တယ်ဆိုတာ
သင်နားလည်လာမှာပါ...

ဒါ့ကြောင့်
သင့်ကိုရုပ်ပိုင်းဆိုင်ရာထက်
စိတ်ပိုင်းဆိုင်ရာအေးချမ်းစေတဲ့သူကို
တန်ဖိုးထားပါ....

သင်ကိုယ်တိုင်လည်း
သင်ချစ်ရတဲ့သူကို
ဖြစ်နိုင်ရင် တတ်နိုင်သလောက်
အပူတွေမပေးမိအောင်ကြိုးစားပါ

ကြာရှည်အခံဆုံး ချစ်ခြင်းတရားဟာ
တစ်ဦးအပေါ်တစ်ဦး အေးချမ်းစေခြင်းပါပဲ။

Crd:

16/10/2020

ဒီနေ့ဟာ ကမ္ဘာ့စားနပ်ရိက္ခာနေ့လေး ဖြစ်ပါတယ်

ဒီနေ့ Food Day မို့လို့ ဂုဏ်ပြုတဲ့ အနေနဲ့ တနေ့လုံး

မုန့်တွေမှာစားကြမယ် လို့တော့ မတွေးလိုက်နဲ့ ဦးနော်

Food Day လေးက ၁၉၄၅ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ တည်ထောင်တဲ့နေ့လေးကို ဂုဏ်ပြုထားတဲ့ နေ့လေး ဖြစ်ပါတယ်

Food Day ရဲ့ ရည်မှန်းချက် လေးကတော့ ငတ်မွတ်မှူကြောင့်ဖြစ်တဲ့ အာဟာရချို့တဲ့ ခြင်းတွေနဲ့ အဝလွန်ခြင်းပြဿနာတွေ အသိပညာပေးတဲ့ ရက်လေးဖြစ်ပါတယ်

ဒါကြောင့် ကျန်းမာရေး နဲ့ ညီညွတ်တဲ့ မုန့်တွေစားရင်း

အစားအသောက် လိုအပ်နေတဲ့ သူတွေအတွက်လဲ လှူဒါန်း ပေးရင် Food Day လေးကို ဂုဏ်ပြုလိုက်ပါခင်ဗျာ

google photo
MOE

17/09/2020

၂၀၁၆-၂၀၂၀ လူမှုကာကွယ်ကယ်ဆယ်ရေးကဏ္ဍ တိုးတက်ပြောင်းလဲမှုများ

အသေးစိတ်အချက်အလက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် http://moswrr.gov.mm/ တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။

Telephone

Address


Naypyitaw
Naypyidaw