We Love People Defense Force - PDF
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We Love People Defense Force - PDF, Beauty, cosmetic & personal care, Naypyidaw.
05/03/2022
သေရင်သေပါစေ
လက်မှတ်မထိုးပေးနိုင်ဘူး
12/07/2021
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကားလေးတစ်ခွန်းရှိတယ်
"ဘဝဆိုတာ
အမှန်တရားနဲ့အပြစ်ကင်းစင်မှု ကို
ရှာဖွေတဲ့
မွန်မြတ်တဲ့ ခရီးစဉ်" လို့ ပြောခဲ့ဖူးတယ်
ဒါကြောင့်
အမှန်တရားအတွက်ဆို
ခေါင်းမော့၊ရင်ကော့ပြီး
ပြောရဲတဲ့ သတ္တိရှိရမယ်
ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်🤗
နောက်တစ်ခုက
သူများကိုချနင်းပြီးမှ အမြင့်ရောက်ချင်လို့မရဘူး
ဆိုတဲ့သဘောမျိုးလို့
ကျတော်ကတော့ ယူဆတယ်🤔
#မြန်မာပြည်သူအားလုံးဘေးအန္တာရယ်အပေါင်းမှကင်းဝေးကြပါစေ
07/07/2021
"၇. ၇. ၆၂ မမေ့ကြနဲ့"
ဆဲဗင်းဇူလိုင်လို့ ကျနော်တို့ သုံးနှုန်းရည်ညွှန်းကြတဲ့ (၇ ရက်၊ ဇူလိုင်လ ၁၉၆၂ ခု) ဟာ မြန်မာ့နိုင်ငံရေးသမိုင်း၊ ကျောင်းသားနိုင်ငံရေးသမိုင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာ အထင်ကရ နေ့ရက်တစ်ရက် ဖြစ်ပါတယ်။
အတိတ်သမိုင်းကို ဆောင်ရရင် ဒီမိုကရေစီနည်းကျ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ဦးနုအစိုးရဆီကနေ မတ်လ ၁၉၆၂ ခုနှစ်မှာ စစ်တပ်ခေါင်းဆောင် ဗိုလ်နေဝင်းက လက်နက်အားကိုး အနိုင်ကျင့် အာဏာသိမ်းခဲ့ပါတယ်။ ပြောရရင် အခု ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဟာ အဲ့တုန်းက သမိုင်းတစ်ကျော့ပြန်လည်တဲ့ သဘောပါပဲ။
အဲ့တုန်းက ဗိုလ်နေဝင်းစစ်တပ် အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြကြရာမှာလည်း ကျောင်းသားလူငယ်တွေက ရှေ့တန်းက ဦးဆောင်ခဲ့ကြတာပါပဲ။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ အပါအဝင် ကျောင်းသားလူငယ်တွေဟာ ဗိုလ်နေဝင်း စစ်အာဏာရှင်ကို ရှေ့တန်းကနေ ဦးဆောင်တော်လှန်ခဲ့ကြတယ်။ ဒါ့ကြောင့်လည်း စစ်တပ်က ကျောင်းသားတွေကို အထူးအငြိုးထား၊ သဲကြီးမဲကြီး အကြမ်းဖက် တုန့်ပြန်ခဲ့ပါတယ်။
အာဏာရှင်ဗိုလ်နေဝင်းရဲ့ လက်ပါးစေ ခါးပိုက်ဆောင်စစ်သားတွေဟာ ၇ ရက်၊ ဇူလိုင်လ ၁၉၆၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ဝင်းထဲထိ ကျူးကျော်ဝင်ရောက်လာပြီး တက္ကသိုလ်ကျောင်းသားတွေကို စက်သေနတ်တွေ အသုံးပြုပြီး
ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ကိုနု၊ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းစတဲ့ ကျောင်းသားခေါင်းဆောင်အဆက်ဆက်ကို မွေးထုတ်ပေးလိုက်တဲ့ သမိုင်းဝင်ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဇူလိုင်လ ၈ ရက်နေ့ နံနက်ခင်းပိုင်းမှာ စစ်အာဏာရှင်တွေက စစ်တပ်သုံးဒိုင်းနမိုက်တွေနဲ့ ဖြိုခွဲဖျက်ဆီးလိုက်ကြပါတော့တယ်။ တစ်ပြိုင်နက်မှာပဲ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း အာဏာရှင်တွေက ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဒီ "ဆဲဗင်းဇူလိုင်" အရေးတော်ပုံကြီးမှာ စစ်အာဏာရှင်လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျောင်းသားအာဇာနည်ပေါင်း ရာဂဏန်းထိ ရှိခဲ့ပြီး ဖမ်းဆီးခံရသူ၊ ပျောက်ဆုံးသွားသူတွေလည်း များစွာ ရှိခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးကို မမေ့မပျောက်ကြဖို့ ဒီသမိုင်းဝင် "၇.၇.၆၂ မမေ့ကြနဲ့" ဆိုတဲ့ စာသားကို ဆဲဗင်းဇူလိုင်အရေးတော်ပုံကြီးမှာ ထိခိုက်ဒဏ်ရာရ ကျောင်းသားတစ်ဦးက သူ့ခန္ဓာကိုယ်မှ သွေးနဲ့ ကျောင်းဆောင်နံရံမှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
ဆဲဗင်းဇူလိုင်အရေးတော်ပုံကြီးနဲ့ စပ်လျဉ်းပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း "ဒီ (သမဂ္ဂ) အဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို မရပါဘူး" လို့ ကျောင်းသားများကို ဖော်ကျူး၊ ဂုဏ်ပြုမိန့်ကြားခဲ့ပါတယ်။
ယခုဆိုရင် ဆဲဗင်းဇူလိုင်အရေးတော်ပုံကြီးသည် (၅၉) နှစ်ပြည့်မြောက်ပါတော့မယ်။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ မပြီးမြောက်သေးတဲ့ အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဆက်လက်ဆင်နွှဲနေကြဆဲပဲ ဖြစ်ပါတယ်။
မျိုးဆက် အဆင့်ဆင့်လက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ ဆဲဗင်းဇူလိုင်စိတ်ဓာတ်၊ မဟုတ်မခံ၊ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်၊ သံမဏိစိတ်ဓာတ်တွေကို အရင်းတည်ကာ ၂၀၂၁ မှာလည်း ကျနော်တို့ လူထုက စစ်အာဏာရူးတွေကို ဆက်လက်မောင်းထုတ်ကြပါစို့။
ကျောင်းသား၊ လူငယ်ထု ဦးဆောင်၍ အရေးတော်ပုံ အောင်ရမည်။
#ဆဲဗင်းဇူလိုင်_မမေ့နိုင်
#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်
#အရေးတော်ပုံ_အောင်ရမည်
Category
Culinary Team
Attire
Website
Address
Naypyidaw
Alerts
Be the first to know and let us send you an email when We Love People Defense Force - PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.