Mimosa Collection

Mimosa Collection

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mimosa Collection, Health/Beauty, myitengel 5 Street, Naypyidaw.

08/07/2024

ကျွန်မတို့အားလုံးဟာနာကျင်မှုတွေကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့
ဖြေရှင်းရင်းရှင်သန်နေကြရတဲ့သူတွေပါ
နိုင်ငံကြီးမှာလည်းစိတ်ဒဏ်ရာ
လူတွေမှာလည်း စိတ်ဒဏ်ရာ
တိုးတိုက်မိရုံနဲ့ ပြိုကျသွားမယ့်စိတ်ခန္ဓာတွေမှာ
ကိုယ့်ကိုယ်ကိုယ်နူးညံ့ရမယ်
အနားကလူတွေကို နူးညံ့စွာဆက်ဆံပေးရမယ်
ဒါဟာ မတတ်နိုင်ခြင်းတွေကြားထဲမှာ
ခံနိုင်ရည်ရှိဖို့အတွက် ကျွန်မတို့လုပ်ရမယ့်
တတ်နိုင်တာလေးတစ်ခုပါပဲ။

Crd to original writer with respect 💌

06/05/2024

❝ စက္ကူပန်းရုံရှင်းတမ်း ❞

မတွယ်တာဘူးဆိုပေမယ့်
ခြံသော့ဟာ
အခုထိ ခတ်လို့ အဆင်မပြေဘူး
စေ့ပဲထားရတယ်။

နွေရောက်ရင်
ဓာတ်ပုံတွေက အက်အက်လာပြီး
မိုးဆိုရင်
ဆေးသားတွေက ကွာကျလာတယ်
ဆောင်းရောက်တော့
မြူနှင်းတွေကြား
တစ်ယောက်နဲ့တစ်ယောက် မမြင်ရတော့ဘူး။

အဲ့ဒီကတည်းက
အနံ့မထွက်တဲ့ ပန်းတွေပဲ ပျိုးစိုက်တယ်
ပွင့်သမျှလည်း မျက်ရည်ရောင်ပဲ ထွက်တယ် ။ .. ။


#၀င်းမြင့်

#စက္ကူပန်းရုံရှင်းတမ်း

02/01/2024

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဆုံး သတိရတယ် ၊
အသိပေးချင်တယ်
မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ထားလို့ရတယ်
ပြေပျောက်ရတယ် ၊ နွေးထွေးရတယ်
အဲ့ဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ် ထင်ပါတယ် ။

- ခက်နှောင်

Photos from Mimosa Collection's post 07/12/2023

ခြံဝန်းကျယ်ကျယ်လေးနဲ့ စိုက်ခင်းလေးနဲ့ ❤️❤️❤️❤️

13/11/2023

ကျမကို ကြည့်မရတဲ့သူတွေ ဘယ်မှာလဲဆိုတော့ 🤣🤣🤣👇👇👇👇👇👇

13/11/2023

ဘဝတူတွေရှိလား

17/10/2023

အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့ လူတွေချည်းပါပဲ။

ဘယ်ဆက်ဆံရေးမှ ရွှေရည်စိမ်နဲ့ မကင်းဘူး။

လူဆိုတာ ကိုယ့်အကျိုးလေးပါမှ စေတနာထားတတ်ကြတာ။

ဆီပေးလို့ ဆန်ရတာပါ။
ဒါကိုပဲ စကားလုံးလှအောင်
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ လို့
သုံးနှုန်းပြောဆိုနေကြတာ။

တကယ်တမ်းကျတော့ လူတွေဟာ
ဆရာတာရာမင်းဝေရဲ့ ကဗျာထဲကလို
လူတွေချစ်တယ်ဆိုတာက သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား။

#အလင်းသစ်(သဲကုန်း)

15/09/2023

ငါ့မှာ မင်းအ​ပြစ်တွေကိုပိုမြင်လာလေ
မင်းကိုပိုပြီးလိုချင်လေ၊
မင်းအားနည်းချက်တွေတွေ့ရလေ
မင်းကိုပိုပြီး ပိုင်ချင်လေပဲအချစ်ရေ။

အပြစ်ရှိရင် ပစ်ရမယ်လို့ ဘယ်သူပြောလဲ။
ငါကပိုချစ်လာတာ၊ငါကပိုမမေ့နိုင်တာ။

ငါကထွေးပွေ့ချင်လို့၊
ငါက ပိုပြီးချစ်ပေးချင်လို့ပေါ့။

13/09/2023

ကိုယ်ချစ်တဲ့အရာတိုင်း ကိုယ်ပိုင် မဟုတ်ဘူး၊

ဒီသဘောကို နားလည်တဲ့သူ

ကျမအပြင် ဘယ်သူမှ မရှိနိုင်ဘူး ... ။

#မြကျေး

03/09/2023

သိပ်သဘောကျရတဲ့ လူတစ်ယောက်ရှိတယ်
သူ့အပြုံးလေး မြင်လိုက်တိုင်း
သူ့အသံလေး ကြားလိုက်တိုင်း
သူ့အကြောင်းလေးတွေ တွေးလိုက်တိုင်း
ကိုယ့်ကမ္ဘာမှာ ပန်းတွေပွင့်နေခဲ့တာ
တော်တော်လေးကို ချစ်နေမိတာ
အဲ့လိုလူတစ်ယောက် ကိုယ့်မှာရှိတယ် ။

30/08/2023

ကော်ဖီ


ကော်ဖီတခွက်သောက်လိုက်လျှင်

၁၀ မိနစ်
ကဖိန်းဓာတ်သည် ယခုအခါ သွေးကြောထဲသို့ ဝင်ရောက်ပြီး သွေးပေါင်ချိန်၊ စွမ်းအင်နှင့် နှလုံးခုန်နှုန်းကို တိုးစေပါသည်။ ဤအကျိုးသက်ရောက်မှုသည် အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုသက်ရောက်ပါသည်။

မိနစ် ၂၀
ကဖင်းဓာတ်သည် ယခုအခါ adenosine ပမာဏကို လျော့ပါးသွားစေသောကြောင့် ဤအချိန်သည် ခံစားမှု အကောင်းဆုံးအချိန်ဖြစ်သည်။ အဒီနိုဆင်းသည် အိပ်ချိန်ရောက်သောအခါ ခန္ဓာကိုယ်အား အိပ်ရန် သတင်းသယ်ပို့သော ဓာတ်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သောကြောင့် အိပ်ရာဝင်ချိန် ကော်ဖီမသောက်သင့်ပါ။

၃၀ မိနစ်
ခန္ဓာကိုယ်၏ အဒရီနယ်လင် adrenaline ထုတ်လုပ်မှု တိုးမြင့်လာပြီး စွမ်းအင်ထုတ်လုပ်မှု မြင့်မားလာသည်။ ယင်းကြောင့် ကြွက်သားများဆီသို့ သွေးစီးဆင်းမှု များလာစေသည်၊ အဆုပ် လေဝင်လေထွက်ပြွန်များ ကျယ်လာစေသည်။

၄၀ မိနစ်
ဤအချိန်တွင် serotonin (စိတ်ခံစားချက်ကို ထိန်းညှိပေးသည့် အာရုံကြောဓာတ်) သည် ဦးနှောက်ပေါ်သို့ ပိုမိုထိရောက်လာသဖြင့် စိတ်ခံစားချက် သိသိသာသာ ကောင်းမွန်လာသည်။

၆၀ မိနစ်
ဒိုပါမင်း dopamine ပမာဏအပေါ် ကဖိန်းဓာတ်က ဆက်လက်သက်ရောက်နေသဖြင့် ပိုမိုပြီး ပျော်ရွှင်မှု၊ ကျေနပ်အားရမှုတို့ကို ခံစားရစေသည်။

၆ နာရီ
ကဖင်းအာနိသင်များ ပျောက်ကွယ်သွားသော်လည်းခန္ဓာကိုယ်၏အလုပ်က မရပ်တန့်သေးပါ။ ကော်ဖီ၏ ဆီးသွားစေသည့် အာနိသင်ကကျောက်ကပ်ကိုလှုံ့ဆော်သဖြင့် ဆီး မကြာခဏသွားပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဖယ်ရှားပေးပါသည်။

ထို့ကြောင့် ကော်ဖီတခွက် သောက်လိုက်လျှင် -

ဦးနှောက် -
နိုးကြားလာမယ်
အာရုံစိုက်နိုင်လာမယ်
ပြတ်ပြတ်ထင်ထင်တွေးနိုင်လာမယ်
တုံ့ပြန်မှုမြန်လာမယ်
မှတ်ဉာဏ်တိုးလာမယ်
သိမြင်နိုင်စွမ်းတိုးလာမယ်

မျက်စိ -
သူငယ်အိမ်အနည်းငယ်ကျယ်လာမယ်
အမြင်ထင်ရှားလာမယ်

အဆုတ် -
အဆုတ်လေပြွန်များပိုပွင့်လာမယ်
အသက်ရှူလို့ကောင်းလာမယ်

အစာအိမ် -
အက်ဆစ်ပိုထွက်လာမယ်
အစာချေအားကောင်းလာမယ်
သို့သော်
အစာမရှိဘဲ ကော်ဖီသောက်ပါက
အက်ဆစ်ကအစာအိမ်ကိုလောင်မယ်
အစာအိမ်နာမယ်

နှလုံးနှင့်သွေးကြော -
ကော်ဖီသောက်ပြီးစမှာသွေးချိန်တိုးလာမယ်
ဆက်သောက်တဲ့အခါ နှလုံးခုန်နှုန်းလျော့လာမယ်
ရေရှည်မှာ နှလုံးခုန်နှုန်းတက်လာမယ်

အတန်အသင့်ကော်ဖီသောက်သုံးမှုက နှလုံးသွေးကြောရောဂါဖြစ်ခြင်း လျော့နည်းစေတယ်

ကဖိန်းဓါတ်များပြားခြင်းက အယ်ဇိုင်းမားအန္တရာယ်ကိုလျော့ပါးစေတယ်

သို့သော်
အလွန်အကျွံကော်ဖီသောက်ခြင်းက
စိတ်ချောက်ချားခြင်း
အိပ်မပျော်ခြင်း
သွေးအချိုဓါတ်တက်ခြင်း
သွေးတိုးခြင်း
ရင်ပူခြင်း
ကျောရိုးတိုင်ပွခြင်း( သက်ကြီးအမျိုးသမီးများ) တို့ဖြစ်စေတယ်


Dr. Myint Thein @ 30 August 2023

07/07/2023

ငါမချစ်ရင်
ချိုသော ချဉ်သော အငိုလွယ်သော
နောက်ကျသော
ပြောစရာစကား မရှိဘူး။

ငါချစ်ရင်
ကလင်ကလင်

ငါချစ်ရင်
ယာဉ်အမှီ

ငါချစ်ရင်
ဖြေဆေးမရှိ
အသွားဟာ မြည့်နေတာပဲ။ ။

-စိုင်း၀င်းမြင့်

Category

Telephone

Website

Address


Myitengel 5 Street
Naypyidaw

Alerts

Be the first to know and let us send you an email when Mimosa Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Naypyidaw.