Mi Mi Natural Bird's Nest
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mi Mi Natural Bird's Nest, Health/Beauty, အမှတ် ၃၅၅ အောင်ချမ်းသာလမ်း, ရေပုန်းရပ် မြိတ်မြို့, Myeik.
အကောင်းဆုံးသဘာဝငှက်သိုက်စစ်စစ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ Mi Mi Natural Bird's Nest ကိုသတိရလိုက်ပါ
သဘာဝငှက်သိုက်ကုန်ကြမ်းများကို ဂရုတစိုက်သန့်စင်ပြီး ပေါင်းရန်အသင့် ငှက်သိုက်ခြောက်နှင့် Ready-to-Drink ငှက်သိုက်ပေါင်းရည်များ ထုတ်လုပ်ရောင်းချပါတယ်။
09/10/2026
သဘာဝနည်းလမ်းအတိုင်းဟော်မုန်းညီမျှမှုရှိစေရန်
——————-
၁ ။ စိတ်ဖိစီးမှုကို လျှော့ချပါ။
စိတ်ဖိစီးမှုများတာက ဟော်မုန်းကျန်းမာရေးကို ထိခိုက်စေတဲ့ အကြီးမားဆုံးသော အချက် ဖြစ်ပါတယ်။
တစ်ချိန်လုံး စိတ်ဖိစီးမှု များပြားနေတာကြောင့် ကော်တီစော၊ သိုင်းရွိုက်ဟော်မုန်း၊ ပရိုလက်တင်နဲ့ ကြီးထွားဟော်မုန်းတွေ အတက်အကျ များနိုင်ပါတယ်။
၂ ။ ဓာတုပစ္စည်းထုတ်ကုန်တွေကို ရှောင်ကြဉ်ပါ။
တစ်ချို့ဓာတုပစ္စည်း ဥပမာ ပလက်စတစ်မှာပါဝင်တဲ့ BPA ၊ မှန်ကြည်ဆေးနဲ့ ပန်းကန်ဆေးဆပ်ပြာရည်၊ ဂျိုင်းလိမ်းထောင့်၊ သွားတိုက်ဆေး၊ စည်သွပ်ဘူးတွေမှာပါဝင်တဲ့ ဓာတုပစ္စည်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေနဲ့ ထိတွေ့မှု
မရှိအောင် ရှောင်ကြဉ်ရပါမယ်။
၃ ။ အိပ်ရေး ဝဝအိပ်ပါ။
အိပ်ရေးဝဝအိပ်ဖို့ လိုအပ်သလို အိပ်ချိန် ထချိန်
လည်း မှန်နေဖို့ လိုပါတယ်။
အိပ်ချင်တဲ့အချိန် အိပ်ပြီး ထချင်တဲ့အချိန်မှထ တာလိုမျိုး အိပ်ချိန် ထချိန် တသတ်မတ်ထဲ မရှိရင် သင့်ဇီဝနရီ ပျက်စီးသွားနိုင်ပြီး စိတ်ဖိစီးမှုဟော်မုန်းကို မထိန်းချုပ်နိုင်တော့သလို အစာစားချင်စိတ်နဲ့ သွေးတွင်းဂလူးကိုစ်ပမာဏတွေ ကိုလည်း ထိန်းချုပ်နိုင်မှာ မဟုတ်တော့ပါဘူး ။
ဒါတွေကြောင့် အဝလွန်တာ၊ ဆီးချိုရောဂါ၊ စိတ်ကျဝေဒနာ၊ စိုးရိမ်စိတ်များတာ၊ နှလုံးသွေးကြောရောဂါနဲ့ တစ်ခြားပြဿနာတွေ ဖြစ်နိုင်ခြေ များလာနိုင်ပါတယ်။
၄ ။ မှန်ကန်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။
ဟော်မုန်း ညီညွတ်မျှတမှု ရရှိအောင် မှန်ကန်တဲ့ အစားအသောက်တွေကိုလည်း ရွေးချယ်စားသုံးတတ်ဖို့ လိုအပ်ပါတယ်။
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ပဲအမျိုးမျိုးတွေမှာ အာဟာရပြည့်ဝစွာပါဝင်ပြီး သင့်ဟော်မုန်းတွေအတွက် အနှောင့်အယှက် မဖြစ်စေဘဲ သင့်ကို စွမ်းအင် အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
နို့နဲ့နို့ထွက်ပစ္စည်းနဲ့ အသားတွေမှာ ဟော်မုန်းတွေ ပြည့်နှက်စွာပါဝင်နေတဲ့အတွက် သင့်ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေနဲ့ ရှုပ်ထွေးနိုင်ပါတယ်။
သကြားနဲ့ ကွက်ကီး၊ ဒိုးနပ်စ်နဲ့ ကိတ်မုန့်လိုမျိုး ဂျုံနု နဲ့ပြုလုပ်ထားတဲ့ မုန့်တွေကလည်း သွေးတွင်းသကြားပမာဏ မြင့်တက်နိုင်ပြီး အင်ဆူလင်ကို ဒုက္ခပေးနိုင်ပါတယ်။
သကြားစားသုံးတဲ့ပမာဏ များလွန်းရင် သကြားပမာဏကို ထိန်းချုပ်ဖို့ ခန္ဓာကိုယ်မှ အင်ဆူလင်တွေ ဆက်တိုက်ထွက်လာတာကြောင့် အင်ဆူလင်ယဉ်ပါးတဲ့ ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။
၅ ။ တက်တက်ကြွကြွနေပါ။
သင်နေ့စဉ်နေ့တိုင်းပြုလုပ်တဲ့ ကာယလှုပ်ရှားမှုက ခန္ဓာကိုယ်ရဲ့ဟော်မုန်းတုံ့ပြန်မှုအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိပါတယ်။
ကျွန်မတို့က လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ ကြွက်သားတွေ ကျုံ့သွားပြီး ဒီလှုပ်ရှားမှုရဲ့ဟော်မုန်းအချက်ပြကြောင့် အဆီဆဲလ်နဲ့ အဆီ
တစ်သျှူးးတွေ တက်ကြွလာပါတယ်။
အာရုံကြောစနစ်နဲ့ နှလုံးကလည်း တက်ကြွလာတဲ့အတွက် ဦးနှောက်မှ ဟော်မုန်းမျိုးစုံ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
၆ ။ နာတာရှည်ရောင်ရမ်းမှုကို ထိန်းချုပ်ပါ။
ကိုယ်တွင်း ရောင်ရမ်းမှုက နာတာရှည်ဖြစ်သွားရင် ခန္ဓာကိုယ်အတွင်းကစနစ် တော်တော်များများ ပျက်စီးသွားနိုင်ပါတယ်။
နာတာရှည်စိတ်ဖိစီးမှုများတာ၊ ပတ်ဝန်းကျင်မှအဆိပ်အတောက် ( စက်ရုံ၊ အလုပ်ရုံ၊ ကားလမ်းမကြီး အစရှိတဲ့ပတ်ဝန်းကျင်ကြောင့်လေထုညစ်ညမ်းမှု) ဒဏ်ခံရတာ၊ အရက်အလွန်အကျွံသောက်တာ၊ မိမိနဲ့ ဓာတ်မတည့်တဲ့အစားအစာစားတာတွေကြောင့် ကိုယ်တွင်း နာတာရှည် ရောင်ရမ်းမှုတွေ ဖြစ်လာနိုင်ပါတယ်။
၇ ။ ဩဂဲနစ် အစားအစာတွေကို တတ်နိုင်သလောက် ရွေးချယ်ပါ။
ကျွန်မတို့ စားသောက်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကြောင့် ဟော်မုန်းတွေ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။
၈ ။ ဆေးဝါးအသုံးပြုတာနဲ့ သန္ဓေတားဆေး အသုံးပြုတာတွေကို သတိထားပြီးသောက်ပါ။
တစ်ချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေမှာ ဟော်မုန်းလုပ်ငန်းတွေ ထိခိုက်တာ ပါဝင်နိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ စားချင်တဲ့အစားအစာ ပြောင်းလဲသွားတာ၊ အိပ်စက်မှုပုံစံပြောင်းလဲတာ၊ s*x ကိစ္စစိတ်မဝင်စားတာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။
အတက်ရောဂါ( ဝက်ရူးပြန်) ပျောက်ဆေး၊ စတီးရွိုက်ဆေး၊ စတက်တင်နဲ့ တစ်ချို့ဆေးဝါးတွေကြောင့် ဟော်မုန်းညီမျှမှု ပျက်စီးနိုင်ပါတယ်။
သင်က ဒီဆေးဝါးတွေကို သုံးစွဲနေရပြီး ဟော်မုန်းမညီမျှတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာရင်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
သန္ဓေတားဆေး အသုံးပြုနေသူတွေကလည်း ဟော်မုန်းမညီမျှတဲ့ လက္ခဏာတွေရှိနေရင် ဆေးအသုံးပြုတာကို ရပ်တန့်သင့်ပါတယ်။
သန္ဓေတားဆေးကို ရေရှည်သုံးစွဲသူတွေက ကိုယ်အလေးချိန် မြင့်တက်လာတာ၊ ခါးနာတာ၊ သွေးတိုးတာ၊ ဓမ္မတာသွေးများတာ၊ လေဖြတ်၊ heart attack ၊ စိတ်ခံစားချက် အပြောင်းအလဲများတာ၊ ရင်သားနာကျင်တာနဲ့ တစ်ခြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၉ ။ အိုမီဂါ-၃ ဖက်တီးအက်စစ် မှီဝဲပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ အထူးသဖြင့် အိုမီဂါ-၃ အဆီ ( ငါးခူ၊ ငါးမြင်း၊ ငါးသလောက် လိုမျိုးအဆီများတဲ့ငါးတွေမှာ ပါဝင်တဲ့အဆီ) တွေက ရောင်ရမ်းမှုတွေ လျော့ကျနိုင်တဲ့အပြင် အိုမီဂါ-၆ ဖက်တီးအက်စစ်ကြောင့် ဖြစ်ပေါ်တဲ့ဆိုးကျိုးတွေကို ချေဖျက်နိုင်ပါတယ်။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး
08/10/2026
✅နှလုံးသွေးကြောမပိတ်မီ တစ်လအတွင်း
နိမိတ်ပြလက္ခဏာ (၈) ချက်✅
================================
ရင်ဘတ် အကြီးအကျယ်အောင့် နှလုံးသွေးကြော ရုတ်တရက် ကျဉ်းတာ၊ ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို အရေးပေါ် တက်ရောက်ကုသရသူတွေဟာ မဖြစ်ခင် တစ်လအတွင်း ခန္ဓာကိုယ်က ဒါဖြစ်တော့မယ်ဆိုတာကို ကြိုတင်သတိပေးနေတတ်ပါသတဲ့။
၁။ အလိုလိုနေရင်း နုံးနေခြင်း - နှလုံးသွေးကြော ကျဉ်းလာရင် ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊ အဂါင်္တွေကို သွေးအရောက် နည်းလာပါတယ်။ ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊ နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။
၂။ မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း - နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊ လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။
၃။ မောပန်းမယ် - အလိုလိုနေရင်း လှေကားတက်၊ တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။ နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊ အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။
၄။ ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် - ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ် ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။
၅။ ချွေးစေးတွေ ပြန်လာတတ်မယ် - ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။
၆။ ရင်တလှပ်လှပ်တုန်ခြင်း - ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
၇။ ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် - နှလုံးက စတင်ခုန်နှုန်းကျလာတာမို့ ခန္ဓာကိုယ် အစွန်အဖျား၊ ခြေတွေ လက်တွေကို သွေးအရောက် နည်းလာပြီး ခြေဖျား အေးလာတတ်ပါတယ်။ ရာသီဥတု မှန်ပါလျက်နဲ့ ခြေဖျား လက်ဖျားလေးတွေ အေးစက်စက် ခံစားရပါမယ်။
၈။ မူးဝေလာတတ်မယ် - တရိပ်ရိပ်နဲ့ မူးနေတတ်တာ နေရင်းထိုင်ရင်း ခေါင်းထဲမှာ ရီဝေဝေဖြစ်တာတွေ ရှိတဲ့အခါ နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက် မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။ နှလုံးသွေးကြော လုံးဝပိတ်မသွားခင် ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။
ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး မိမိမှာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊ နှလုံးသွေးကြော ပိတ်နေပြီလား၊ နှလုံးရောဂါ ခံစားရနိုင်တဲ့ အရိပ်အယောင်ရှိမလားလို့ မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။
အနည်းဆုံး သုံးလေးခုလောက် ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်။
CRD..........ဆေးဝိဇ္ဇာအာရုံကြောအားဆေး
#ကျန်းမာရေးဗဟုသုတရကြပါစေ
#လေးစားစွာဖြင့်
06/10/2026
ကုန်ချောအော်ဒါများကိုအစဉ်လိုက်လေးကြိုးစားပေးနေပါတယ်ခင်ဗျား🙆
05/10/2026
ကျွန်တော်တို့ရဲ့ပေါင်းရည်ကိုယုံကြည်စွာမှာယူမေးမြန်းမှုအတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား👇
ကိုယ်ပိုင်တံဆိပ်ထုတ်လိုသူများ 📱0943053615 ဆက်သွယ်နိုင်ပါသည်။
ကျွန်တော်တို့ရဲ့ကုန်ချောများကိုစောင့်ဆိုင်းပြီးအားပေးကြလို့ကျေးဇူးအထူးပါခင်ဗျား🙆
မင်မင်အကြိုက်ဖရဲသီးကောင်းကျိုး👇
လူတိုင်းစိတ်ဓာတ်ကျရတဲ့အခိုက်အတန့်ဆိုတာရှိနေမှာပဲ👇
01/10/2026
ခန္ဓာကိုယ်တွင်း ဝန်ပိနေကြောင်း ဖော်ပြနေသည့် လက္ခဏာများ
———————
၁ ။ ဗိုက်ခေါက်ထွက်လာခြင်း / ဗိုက်အဆီတက်ခြင်း။
အင်ဆူလင်ကို ခံနိုင်ရည်ရှိသွားတာကြောင့်ပါ။ (Insulin resistance)
၂ ။ လည်ပင်းတွင် အကွက်မည်းများ ပေါ်လာ
ခြင်း။
သွေးတွင်းသကြားဓာတ် မြင့်မားနေတာကြောင့်ပါ။
၃ ။ မျက်နှာ ပွရောင်းရောင်းဖြစ်နေခြင်း။
အငန် (ဆား) စားသုံးမှု များနေတာကြောင့်ပါ။
၄ ။ လက်ချောင်းတွေရောင်ရမ်းခြင်း။
ခန္ဓာကိုယ်တွင်း ရေဓာတ် စုပုံနေတာကြောင့်ပါ။
၅ ။ မကြာခဏ လေပွလေ ကယ်ခြင်း။
အစာချေစနစ် မကောင်းတာကြောင့်ပါ။
၆ ။ အဆီပြန်သော အသားအရေနဲ့ ဝက်ခြံထခြင်း။
ဟော်မုန်း မညီမျှတာကြောင့်ပါ။
၇ ။ အငန်ဓာတ်လွန်ကဲတဲ့အစားအစာတွေကို စားချင်စိတ် လွန်ကဲခြင်း။
အက်ဒရီနယ် (Adrenal) ဂလင်း ဖိစီးမှုများနေတာကြောင့်ပါ။
၈ ။ မနက် ၃ နာရီတွင် နိုးလာခြင်း။
စိတ်ဖိစီးမှု ဟော်မုန်းများပြားနေတာကြောင့်ပါ။
၉ ။ ခဏခဏ ရေငတ်ခြင်း။
သွေးတွင်းသကြားဓာတ် ပြဿနာရှိနေတာကြောင့်ပါ။
၁၀ ။ သွားများ ဝါနေခြင်း။
ခန္ဓာကိုယ်တွင် အက်ဆစ်ဓာတ် လွန်ကဲနေတာကြောင့်ပါ။
၁၁ ။ ခန္ဓာကိုယ်မှ အနံ့ဆိုးထွက်ခြင်း။
အသည်းဝန်ပိနေတာကြောင့်ပါ။
၁၂ ။ အစာစားပြီးနောက် ခေါင်းမကြည်လင်
ခြင်း။
သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက် သွားတာကြောင့်ပါ။
၁၃ ။ မွန်းလွဲပိုင်းမှာ အလွန်မောပန်းခြင်း။
ကော်တီစော (Cortisol) ဟော်မုန်း မညီမျှတာကြောင့်ပါ။
၁၄ ။ ခြေထောက်များ လေးလံနေခြင်း။
သွေးလှည့်ပတ်မှု မကောင်းတာကြောင့်ပါ။
၁၅ ။ အသားအရေ ယားယံခြင်း။
အသည်း ဝန်ပိနေတာကြောင့်ပါ။
၁၆ ။ နှလုံးခုန် မြန်ခြင်း။
ဓာတ်ဆား မညီမျှတာကြောင့်ပါ။
၁၇ ။ စိတ်ခံစားချက် ခဏခဏ ပြောင်းလဲခြင်း။
ဟော်မုန်းအတက်အကျဖြစ်နေတာကြောင့်ပါ။
၁၈ ။ အမြဲတမ်း မောပန်းနွမ်းနယ်နေခြင်း။နာတာရှည် ရောင်ရမ်းမှုတွေ ရှိနေတာကြောင့်ပါ။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး
30/09/2026
ကျန်းမာစေရန် လူတိုင်း တစ်သက်လုံး
လိုက်နာရမည့်အချက်များ။
----------------------------------------
ည အိပ်ရေးဝဝမအိပ်လျှင်
96 ပါးရောဂါအကုန်လုံးရသည်။
အသက်တိုမည်။ ရောဂါကုပေးသော
Melatonin ဟိုမုန်းနှင့်
အသက်ရှည်စေသော
HGH (Human Growth Hormone)
ဟိုမုန်းတို့သည် ညအိပ်ချိန်၌သာ
ထွက်သောကြောင့်ဖြစ်သည်။
ညစဉ် ၁၀ နာရီ တွင်အိပ်ပျော်သင့်ပြီး
နံနက် ၄ နာရီတွင် ခန္ဓာကိုယ်ပြုပြင်မှု
လုပ်ငန်းများ ပြီးစီးသည်။
နောက်ကျအိပ် နောက်ကျထလျှင်
ထိုဟိုမုန်းများ မထွက်ပါ။
ညဘက် အိပ်ရေးပျက်ခံ
နေ့ပိုင်းအစားပြန်အိပ်လျှင် နည်းနည်း
အိပ်ရေးဝမည်။ ထိုဟိုမုန်းများမထွက်ပါ။ အိပ်ရေးပျက်လျှင်အသက်ငယ်သူ
ဖြစ်သော်လည်း အရွယ်ကျအိုမင်းလွယ်မည်။ အိပ်ရေးပျက်ခြင်းကို
ဆေးဖြင့်အစားထိုးကုစား၍မရပါ။
အိပ်ရေးပျက်ခံလျှက် အဘယ်အလုပ်မှ
လုပ်မစားသင့်ပါ။ ပြန်လည်ကုစားရမည့်ကုန်ကျစရိတ် ခံရမည့်ဝေဒနာနှင့် မတန်ပါ။.................
ညမီးထွန်းအိပ်လျှင်
ခန္ဓာကိုယ်က နေ့ဟုသာ မှတ်ယူနေသဖြင့်
ညမှောင်မှ ထုတ်လုပ်ရသော အထက်ပါ
Melatonin နှင့် HGH ဟိုမုန်းတို့ကို
မထုတ်လုပ်သဖြင့် အသက်တိုကြောင်း၊
ကင်ဆာ၊ သွေးတိုး၊ ဆီးချို ၊
ကိုယ်ခံအားကျ၊ အာရုံကြောပြဿနာ
စသည့် 96ပါးရောဂါများ ဖြစ်သည်။.....................
GMO သီးနှံများစားလျှင်
ယခုခေတ် သီးနှံအများသည်
ဗီဇပြောင်းလျှက်ထုတ်လုပ်ထားပြီး
ယနေ့မြန်မာနိုင်ငံသို့တင်သွင်းနေသော
ဂျုံတို့သည် ထိုမျိုးများဖြစ်သည်။
ထိုအစာတို့ကိုစားလျှင် ခန္ဓာကိုယ်၏
ခုခံအားစနစ်မှ foreign body
ရန်သူဟုသိမြင်ကာ
တိုက်ခိုက်ဖျက်ဆီးသဖြင့်
အူလမ်းကြောင်းပျက်စီးယိုစိမ့်ကာ
အူလမ်းကြောင်းမကောင်းဖြစ်မည်။
ရောဂါတို့၏၈၀%သည် အူလမ်းကြောင်း
မကောင်းခြင်းကြောင့်ဖြစ်ရပါသည်။
အထင်ရှားဆုံးဥပမာမှာ ခုခံအား
ကစဉ့်ကလျားဖြစ်ကာ အရေပြား၊
အဆစ်၊ သွေး၊ မျက်ခွံတို့ကို
တိုက်ခိုက်ဖျက်ဆီးသောရောဂါများရမည်။
သကြားပြောင်းနှင့် စားတော်ပဲသည်
ထိုမျိုးများဖြစ်သည်။ ဂျပန်၊ ရှရှား၊
ဥရောပနိုင်ငံတို့တွင် GMO မျိုးများကို
စိုက်ခွင့်မရှိ။ နိုင်ငံတွင်းသို့တင်သွင်းခွင့်မရှိ။
non GMO မျိုးများသာ သုံးစွဲစေသဖြင့်
ထျုနိုငျငံတို့တှငျ ဂျုံ၊ ပြောင်းတို့ကို
စားသုံးသဖြင့် အန္တရာယ်မဖြစ်ပါ။......................
ခြောက်နေသောအရာများတွင်
အာဖလာတောက်စင်မှိုဖြစ်နေသည်။
နှစ်ပေါက်နေသော ငါးခြောက်များ အခြောက်အခြမ်းများ၊ ဆန်ဟောင်း၊
ပဲဟောင်း၊ အသီးခြောက်များကို
ဟောင်းသည်အထိ ထားပြီး
မသုံးသင့်ပါ။ ဆန်ကိုလည်း
ကြိတ်သစ်သာ စားသင့်ပါသည်။
ဆိုးကျိုးမှာ အသဲကိုခွောကျစပွေီး
အသဲကင်ဆာ၊ ဆီးချိုသွေးချို
ရောဂါများထပ်မံခံစားရမည်။....................
ဒန်အိုးများနှင့်ချက်စား လျှင်
ဒန်ဆိပ်သင့်သည်။ မတူးသောအိုးများနှင့်
ချက်စားလျှင် သာလီယံအဆိပ်၊
အင်တီမိုနီ အဆိပ်များသင့်သည်။
သံဗူးသွပ်အစားအစာတို့ကိုစားလျှင်၊။
ဆံပင်ဆေးဆိုးလျှင်၊
ရေမွှေးအလှပြင်ပစ္စည်းများ
အလွန်သုံးလျှင်ခဲဆိပ်သင့်သည်။
ထိုအဆိပ်တို့သည် ရင်သား၊
သားအိမ်၊ ဦးနှောက်၊ ဆီးကျိတ်တို့သို့
ဝင်ရောက်ပြီးကင်ဆာဖြစ်စေသည်။....................
အစာကိုညက်ညက် ဝါးမစားလျှင်
မကျေညက်သောအစာတို့ကို
ခန္ဓာကိုယ်ခုခံအားက ရန်သူဟုသတ်မှတ်ကာ တိုက်ခိုက်သဖြင့် အစာအိမ် အူလမ်းကြောင်းပေါက်ပြဲပျက်စီးမည်။ နှစ်ရှည်လာလျှင်
ခုခံအား ကစဉ့်ကလျား ဖြစ်လာကာ
Autoimmune ရောဂါများ၊
အရေပြားလေးဘက်နာ
SLE, သွေးလေးဘက်နာ RA ဖြစ်မည်။
အစာမညက်လျင် ဝမ်းချုပ်မည်။
ကိုယ်နံ့ ၊ ခံတွင်းနံ့ နံမည်။
ခံတွင်းမှ အရေးကြီးသော
Amylase အင်ဇိုင်းများ
လုံလောက်အောင်မရသဖြင့်
အစာမကြေပဲ အမြဲခံစားနေရမည်။
ညက်အောင်ဝါးစားမှသာ ပါးသောင်မှ
အစာခြေအင်ဇိုင်းအရည်များ ထွက်ပြီး
အစာကြေပါမည်။ ကျွဲ နွား သိုး ဆိတ်တို့
စားသောအစာနှင့် လူတို့စားသော
အစာတို့သည် အဟာရ
အလွန်ကွာခြားသော်လည်း
လူတို့ထက် ခွန်အားပိုကောင်း၊
သွေးအားကောင်း၊ ရောဂါကင်းကြသည်မှာ အစာခြေအင်ဇိုင်း၏
အစွမ်းကြောင့်ဖြစ်သည်။
အစာအိမ် အူလမ်းကြောင်းသည်
အရည်ဖြစ်မှသာ စုပ်ယူနိုင်စွမ်းရှိပါသည်။
အရည်မဖြစ်သော အစာများသည်
ခန္ဓာကိုယ်ပြင်ပသို့ ရောက်ရှိသွားသဖြင့်
ဈေးကြီးပေးဝယ်ထားသော အသား၊
ငါးများကို အလဟဿဖြုန်းတီးခြင်းလည်း
ဖြစ်နေမည်။
အစာကိုညက်ညက်ဝါးစားလျှင်
ဝမ်းမချုပ်ပါ။ဗိုက်နေလို့ကောင်းပါသည်။
ထမင်းကို နှစ်ပန်းကန်မစားနိုင်တော့ပဲ
သွားများကပါ ဝခြင်းကိုခံစားရပြီး
တစ်ပန်းကန်သာကုန်ပါတော့သည်။
သို့သော် ယခင်စားနေကျ မညက်သော
နှစ်ပန်းကန်စားသည်ထက်
အဟာရ နှစ်ဆရသည်။
နုပျိုသည် အသက်ရှည်သည်။
အသားအရေကြည်လင်သည်။
ချွေးနံ့ ခံတွင်းနံ့ပျောက်သည်။
ဝိတ်ကျသည်၊
အစာကိုညက်ညက်ဝါးစားလျင်
အဆိပ်ဖြစ်မည့်အစာပင် ပြယ်ပြီး ၊
ထိုသို့မစားလျှင်
အဟာရပြည့်စုံသောအစာသည်ပင်
အဆိပ်ဖြစ်သည်။......................
အဖြူရောင်ဆား၊
အဖြူရောင်သကြားစားလျှင်
တိုက်တေနီယံဒိုင်အောကျဆိုကျပါသဖွင့်
ဖြူဖွေးနေခြင်းဖြစ်ပြီး၊
ကင်ဆာဖြစ်စေသောပစ္စည်း ဖြစ်သည်
ဆားကြမ်း သို့မဟုတ် ပန်းရောင်ဆားစားပါ။
ဆားသည်ကိုယ်တွင်း
သယ်ယူပို့ဆောင်ရေးလုပ်ပေးခြင်းကြောင့်
အလွန်အရေးကြီးပါသည်။..................
ဆီကြော်စာများစားလျှင်
သွေးကြောများ ညစ်ပတ်ဂျိုးတက်ပြီး
သွေးကြောမာကာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သွေးတိုးရောဂါရသည်။
နှလုံးသွေးကြောညစ်ပတ်ပြီး
နှလုံးသွေးကြောကျဉ်းရောဂါရသည်။
ခန္ဓာကိုယ်ရောင်ကိုင်းခြင်းအားဖြင့်
ရောဂါမျိုးစုံရကြောင်းဖြစ်သည်။
လုံးချက် ချက်ခြင်း၊ အသားပြုတ်၊
အရွက်များကို ဆီဆမ်း၍
သုတ်စားနိုင်ပါသည်။................
ဒညင်းသီးကဲ့သို့ အဆိပ်သီးနှံများစားလျှင်
ဒညင်းသီးတွင် ဂျက်ကောလစ်အက်စစ်
ပါဝင်သဖြင့် ကျောက်ကပ်ဆီးပြုပြွန်များကို
ပျက်စီးစေသည်။
ကျောက်ကပ်သည်
တစ်ကိုယ်လုံးအညစ်အကြေး
အဆိပ်အတောက်များကို
ဆေးကြောရသောအင်္ဂါဖြစ်ပါသဖြင့်
သူအလုပ်မလုပ်နိုင်တော့သောအခါ
ကျောက်ကပ်အစား စက်ဖြင့် ဆေးရ၊
ကျောက်ကပ်လဲရ အသက်တိုရမည်။...........................
အတုအစားအစာများစားလျှင်
ကော်ဖီမစ်အတု၊ ပဲဆီအတု၊ နှမ်းဆီအတု၊
များစွာသောမုန့်များတွင်
ဓါတုနည်းဖြင့်ဖေါ်စပ်ထားသော
အရောင်အတု၊ အနံ့အတုနှင့်
တာရှည်ခံဆေးများ ပါဝင်နေပြီး
အသဲကင်ဆာ၊
အူလမ်းကြောင်းကင်ဆာများ ဖြစ်စေသည်။....................
အချိုမှုန့် ကြက်သားမှုန့်စားလျှင်
အရိုးပါး၊ အရိုးပွရောဂါဖြစ်သည်။
အဆစ်များကြားရှိ အရိုးနုများလည်း
ပျက်စီးသည်။
ခန္ဓာကိုယ် မည်သည့်အင်္ဂါကိုမဆို
ဒုက္ခပေးသည်။..................
ထမင်းစားပြီးပြီးချင်း လက်ဖက်ရည်၊
ကော်ဖီ၊ ရေနွေးကြမ်းသောက်ခြင်း၊
လက်ဖက် စားလျှင်
သံဓါတ်စုပ်ယူမှုကိုတားမြစ်သဖြင့်
သံဓါတ်ချို့တဲ့သော
သွေးအားနည်းရောဂါရတတ်သည်။
စားပြီး နာရီဝက်ခွါလျှက်သုံးဆောင်ပါ။...................
ဆေးလိပ်သောက် လျင်
ကိုယ်တွင်းသို့ရောက် လာသော
နီကိုတင်းအဆိပ်ကို အသဲမှဖျက်ဆီးရာတွင်
အခြားအဆိပ်များလို ရိုးရိုးဖျက်၍မရ၊
အမျိုးသားဟော်မုန်းကိုအသုံးပြု၍
ဖျက်ရသဖြင့် ထိုဟိုမုန်းကျဆင်းပြီး
ထိုဟိုမုန်း၏လုပ်ငန်းတာဝန်များ
လစ်ဟင်းကာ အိပ်မပျော်၊ မှတ်ဉာဏ်ကျ၊ အာရုံကြောအားနည်း၊ စိတ်ဓါတ်ကျ၊
အရိုးပါး အရိုးပွ၊ ကြွက်သားများ ကြုံလှီ၊
နှလုံးအားနည်း၊ ဆီးကြိတ်ကြီး၊
ပန်းသေပန်းညှိုး၊
အမျိုးသားအင်္ဂါသေးကျုံ့သွား
စသဖြင့်ခံစားရသည်။ ..................
ဆီးကိုအော့င်ထားလျှင်
ဆီးအိမ်ထဲမှ ပိုးများသည်
အထက်သို့တက်လာပြီး
ကျောက်ကပ်ထိ
ပိုးဝင်ရောင်ရမ်းခြင်းဖြစ်သည်။
ဆီးလမ်းကြောင်းတိုသဖြင့်
အမျိုးသမီးများပိုဖြစ်တတ်သည်။....................
လှုပ်ရှားမှုနည်းလျှင်
ခန္ဓာကိုယ်သည် တစ်နာရီမလှုပ်ရှားပဲ
နေခြင်းကို မကြိုက်ပါ။
သွေးအနည်ထိုင်ဟည်။
ကင်ဆာဖြစ်နိုင်ခြေမြင့်သွားသည်။
အူလမ်းကြောင်းရွေ့လျှားမှုမကောင်း၊
ဝမ်းချုပ်တတ်သည်။
လိပ်ခေါင်းဖြစ်လွယ်မည်။
အရိုးပါးအရိုးပွဖြစ်မည်။
နှလုံးသည်သွေးကို ညှစ်ဖြန့်လိုက်၊
ပြန်စုပ်လိုက် လုပ်ရသဖြင့်
သူ့ချည်းပင်ပန်းသည်။
ကိုယ်လက်လှုပ်ရှားပေးလျှင်
နှလုံးသက်သာသည်။ ....................
လက်ကိုင်ဖုံး၊ လျှပ်စစ်ပစ္စည်းများနှင့်
နီးနီးအိပ်လျှင် လျှပ်စစ်အဆိပ်သင့်သည်။
ဆယ်ပေခွါအိပ်ရမည်။..................
နွားနို့သောက်လျှင်
နွားနို့တွင်
အဟာရဓါတ်များစွာပါဝင်သည်မှန်ပါသည်။ သို့သော် နွားနို့ကိုချေဖျက်ပေးသော
အူတွင်းကောင်းသော
ဘက်တီးရီးယာများသည်
အရှေ့တိုင်းသားတို့၏အူထဲတွင်
မပါဝင်သောကွောငျ့ အစာမကြေ
ရောင်ကိုင်းခြင်းဖြစ်ပြီး ကိုယ့်ထဲရှိ
ကယ်လစီယံဆုံးရှုံးမှုဖြစ်ပြီး
ရောင်ကိုင်းခြင်းကြောင့်
ကင်ဆာဖြစ်စေသည်။...................
စိတ်ကို သတိနှင့်
တစ်လုံးချင်းစောင့်ရှောက်လျှင်
ရောဂါတို့၏ 90%သည်စိတ်ကြောင့်
ဖြစ်ရသဖြင့် စိတ်ကိုသတိနှင့်
စောင့်ရှောက်ခိုက် စိတ်အနားရသည်။
စိတ်ထောင်းကိုယ်ကြေ အဖြစ်နည်းပါမည်။ .................
ဈေးသွားလျှင်
အိမ်ရှင်မကိုယ်တိုင်သွားသင့်ပြီး
အပြန်တွင် ဆေးခြင်းတောင်း
သယ်လာရန်ဖြစ် ပါသည်။
ဘေးခြင်းတောင်း သယ်မလာမိပါစေနှင့်။
..............
မိမိအတွက် အန္တရာယ်ရှိသည်များကိုမသိပဲ
လုပ်နေမိခြင်း၊
အန္တရာယ်များကို ငွေပေးဝယ်စားမိနေပြီး
ရောဂါအရတွင်
ဆေးများဝယ်ယူနေရခြင်းအားဖြင့်
မိမိရှာသမျှသည် မိမိအတွက်
ဘာကျန်ဦးမည်နည်း။
Credit.
continuous learning & servicing for friends
Share
Category
Telephone
Website
Address
အမှတ် ၃၅၅ အောင်ချမ်းသာလမ်း, ရေပုန်းရပ် မြိတ်မြို့
Myeik
14051
Alerts
Be the first to know and let us send you an email when Mi Mi Natural Bird's Nest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.