La min Lay
mookda my idol
25/11/2022
ပိုင်ရှင်မရှိတဲ့မြစ်ကို ရှာပါ။
ကိုယ့်အနီးအနားက လမင်းကိုပဲ ဖမ်းပါ။
အန္တရာယ်မရှိနိုင်တဲ့ အိပ်မက်ကိုပဲ မက်ပါ။
မလှည့်စားတတ်တဲ့အရိပ်မှာ ခိုပါ။
ကိုယ့်ကို တကယ်လာစေချင်လို့
ခင်းပေးတဲ့လမ်းကိုပဲ လျှောက်ပါ။
အတင်းလုယက် ဝင်စရာမလိုတဲ့တံခါးကိုပဲ ခေါက်ပါ။
အဆင့်အတန်း မခွဲတဲ့တိမ်ကို ရှာပါ။
ကိုယ့်ကို တကယ်ပြန်ကောင်းစေချင်တာ ကျိန်းသေတဲ့
ရာသီဥတုအောက်မှာပဲ ဖျားနာပါ။
ပြင်းထန်ပေမယ့် မယုတ်မာတဲ့
မုန်တိုင်းမျိုးတွေ့မှပဲ ' လွင့် ' ပါ ။
အကြံအစည်မရှိတဲ့ကြိုးကို ရှာပါ။
ကိုယ့်ကို မျက်နှာမငယ်စေတဲ့ ပြတင်းပေါက်ကနေပဲ ငေးပါ။
ထောင်ချောက် မဆင်ထားတဲ့ပုခုံးကိုပဲ မှီပါ။
အရောင်ခဏခဏမပြောင်းတဲ့
ကောင်းကင်အောက်မှာ နေပါ။
ကိုယ့်ကို တကယ်ကျစ်ကျစ်ပါအောင် ဆုပ်ထားမယ့်
နွယ်မှာပဲ အချည်နှောင်ခံပါ
သက်တောင်းသက်သာ ဖြစ်စေမယ့်နွံမှာပဲ နစ်ပါ ။
လွတ်လွတ်ကင်းကင်းရှိတဲ့ အရိပ်ကိုရှာပါ။
ကိုယ့်ကို ထပ်ပြီးမဖိနှိပ်မယ့် "ဝန် " ကိုပဲထမ်းပါ။
တွေ့သမျှ မြင်သမျှကို လှမ်းမခေါ်တတ်တဲ့
အမိုးအောက်မှာပဲ ခိုပါ ။
အဆိပ်မရှိတဲ့ကြယ်ကို ရှာပါ။
ကိုယ့်ကို တကယ်ဖိတ်ခေါ်တဲ့ တိမ်တွေဆီပဲ သွားပါ။
ပြန်လှည့်ကြည့်စရာမလိုတဲ့ မေတ္တာကိုပဲရွေးပါ ။
မာယာမရှိတဲ့အပင်ကို ရှာပါ။
ကိုယ်လက်လှမ်းမှီတဲ့နေရာက အပွင့်ကိုပဲခူးပါ
နောက်ဆံတင်းစရာမလိုတဲ့ ကြိုးကိုပဲချည်ပါ ။
ပြိုင်ဘက် မရှိတဲ့လှေကို ရှာပါ။
ကိုယ့်ကိုပျော်ရွှင်စေတဲ့ ရာသီဥတုမှာပဲနေပါ
အငြိုးအတေး မကြီးတဲ့ရေကိုပဲ သောက်ပါ ။
အဖော်မရှိတဲ့ ယုန်ကိုရှာပါ။
ကိုယ့်ကို လိုလိုလားလားရှိတဲ့ မြက်ခင်းပြင်ပေါ်မှာပဲ အိပ်ပါ ။
မျက်နှာပူစရာ မလိုတဲ့နံရံကိုပဲ မှီပါ ။
#𝘾𝙧𝙚𝙙𝙞𝙩
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လွတ်လပ်စွာကူးယူနိုင်ပါသည်
Category
Contact the business
Telephone
Website
Address
Myeik
LAMINLAY246
Alerts
Be the first to know and let us send you an email when La min Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.