Mol Lady Collection
online shopping
02/06/2022
ကျနော့်အဖိုးပါ ...
တိုက်တန်းနစ် ပေါ်မတက်ကြနဲ့လို့
သူအကြိမ်ကြိမ်အော်ပြောခဲ့တယ် ...
ငါသိနေတယ် ...
အဲ့ဒီသင်္ဘောက သေချာပေါက်နစ်မှာလို့လည်း
ခဏခဏအော်ပြောတယ် ...
ဒါပေမယ့် လူတွေက ဂရုမစိုက်ကြပါဘူး ...
သင်္ဘောပေါ်ကို ပျော်ပျော်ပါးပါးတက်နေကြတယ် ...
အဖိုးကလည်း အဆက်မပြတ်အော်အော်ပြီးပြောနေတယ် ...
အဲ့ဒီလိုနဲ့ ကျနော်တို့ မြေးအဖိုးနှစ်ယောက်
ရုပ်ရှင်ရုံထဲက နှင်ထုတ်တာ ခံခဲ့ရဖူးပါတယ် ...
💜Taylor Swift - Doctor of Fine Arts Graduation Speech (Myan sub)💜
ဒီ speech က 20 mins ကျော်ကြာပါတယ် But ကြည့်ပြီးရင် adult life crisis ကို ကြုံနေရတဲ့လူငယ်တွေအတွက် တွေးစရာတွေ အများကြီးရသွားပါလိမ့်မယ် 👩🎓
30/01/2022
🎀အရမ်းရမ်းလှတဲ့ လက်ကော်ချိတ်လိုင်း🎀
*** NZY Lady Wears *
- အင်ပိုးပိုးယုံဝမ်းဆက် အသင့်ချုပ်ပြီး
- ချုပ်ရိုး ချုပ်သား အထူးသေသပ်လှပ
စွာချုပ်ပေးထားပါတယ်နော် ( စျေးချုပ်လုံးဝမဟူတ်ပါ)
- Size M / L
- အကျီ သီဇာ ၁လက်မဆီ ထည့်ချုပ်ပေးထားပါတယ်
- လေးလွှာ ကွင်းစွတ်ချိတ်ထမီ အသားချိတ် (ဘယ်ဖုံး မန်းလေးဖုံး)
ws- 18500
အစီးစျေး -17500(ကာလာမရွေး 10ရောင်)
30/01/2022
🦋🦋လိပ်ပြာလေး လိပ်ပြာလေးရေ မင်းပဲအနားမှာနေ🦋🦋🦋
*** NZY Lady Wears *
- အင်ဒိုလိပ်ပြာ
- အင်ပိုးပိုးယုံဝမ်းဆက် အသင့်ချုပ်ပြီး
- ချုပ်ရိုး ချုပ်သား အထူးသေသပ်လှပ
စွာချုပ်ပေးထားပါတယ်နော် ( စျေးချုပ်လုံးဝမဟူတ်ပါ)
- Size M / L
- အကျီ သီဇာ ၁လက်မဆီ ထည့်ချုပ်ပေးထားပါတယ်
- လေးလွှာ ကွင်းစွတ်ချိတ်ထမီ အသားချိတ် (ဘယ်ဖုံး မန်းလေးဖုံး)
ws- 18500
အစီးစျေး -17500 (ကာလာမရွေး 10ရောင်)
24/01/2022
မြန်မာစာလုံးတွင် ပညာ ဟု တလုံးတည်း သုံးသော်လည်း
အင်္ဂလိပ် ဘာသာတွင်မူ Education နှင့် Wisdom
ဟူ၍ နှစ်မျိုးကွဲလေသည်။
Education ဆိုတာက ကျောင်းကနေ သော်လည်းကောင်း
မိဘဆီကနေ သော်လည်းကောင်း သင်ယူတတ်မြောက်
ဘွဲ့ရလာတာကို ဆိုလိုတာပါ။
အဲ့တာကို ပညာတတ် educated person လို့ခေါ်ပါတယ်။
နောက်ပညာတစ်ခုက
အမှားအမှန်ကိုကောင်းကောင်း ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာပါ
ဘယ်လို မနေ သင့်ဘူး ဘယ်လိုနေသင့်တယ်
ဘယ်လိုမပြောသင့်ဘူး ဘယ်လိုပြောသင့်တယ်
ဘယ်လိုမယူဆသင့်ဘူး ဘယ်လို ယူဆသင့်တယ်
စသည့် အမှားအမှန်ဝေဖန်နိုင်တာ ကိုတော့
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ်
Wise ဆိုတဲ့စာလုံးက လာတာပါ
................................
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော် စကိုင်းနက်မီဒီယာ
မှာ ဘာသာပြန်လုပ်တာ ၁ သိန်းရပါတယ်။
ကျွန်တော့်အတွက် ဖူလုံ ပါတယ်
ဒါပေမယ့် ကျွန်တော် ဆက်တက်ချင်တဲ့ ဗြိတိသျှကောင်စီက
၈ ပတ် ကို ၃ သိန်းသွင်းရမယ်
IELTS ဖြေရင်လည်း ၁၄၅ ဒေါ်လာ သွင်းရမယ်ဆိုတော့
ကျွန်တော့် လက်ထဲမှာက ၁၀ သိန်းလောက်ပဲရှိတယ်
မလုံလောက်ပါဘူး
အဲ့ဒါနဲ့ စကိုင်းနက် ကနေ အလုပ်ထွက် လိုက်ပြီး
မထသ ၆၂ လိုင်းက ၅ခ /၆၈၀၃ကို isuzu ကားကြီး
ကို တစ်လ ၆ သိန်းနဲ့ ကန်ထရိုက်ယူလိုက်ပါတယ်
...............................
နေ့လည်ဖက်မှာ ယဉ်မောင်းနဲ့စပယ်ယာက လိုင်းဆွဲခိုင်းပါ
တယ်
ကျွှန်တော်ကတော့ သင်တန်းတွေ လိုက်တက်ပါတယ်
ညနေ ပြန်လာတော့ တောင်ဒဂုံက SGI ဆိုတဲ့အထည်ချူပ်
ဖယ်ရီ ယူ ထားပါတယ်
တောင်ဒဂုံ စက်မှုဇုန်ကနေ ရေလည် ကျောက်တန်းဘုရား
ရှေ့ထိပါ ကျွန်တော် ကိုယ်တိုင်မောင်းပါတယ်
ကျောက်တန်းရေ လည် ဘုရားရှေ့မှာ ည အိပ်ပါတယ်
မနက်ကျရင် အလုပ်သမားတွေ ပြန်ကြိုပြီး စက်ရုံပို့ပေါ့
တနေ့ ၄ သောင်း ရပါတယ်
...................................................................
" Wisdom ရဲ့ အရေးကြီးပုံ''
ကျွန်တော့်တို့ကား ဂိတ်က တောင်ဒဂုံ မြို့စွန်မှာ ဂိတ်ဆုံးတယ်
ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ '' အငယ်လေး '' ဆိုတဲ့
လူငယ် တစ်ယောက်ရှိတယ်
အတန်းပညာ ၂ တန်းလောက်တက်ဖူးတယ်
ညနေ မှာ ပြန်ခါနီး သူက ပိုနေတဲ့ ရေ ခဲရေ ကို
လိုင်းဆွဲပြီး ပြန်လာတဲ့ကားသမားတွေ လိုက်လိုက်တိုက်တယ်
ညနေဘက် သူအလုပ်အားရင် ဂိတ်မှာ ပြင်နေတဲ့ကားတွေလိုက် ကူညီတယ်
စကားပြော အလွန်ညက်ပြီး
လူကြီးတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းသင်းတတ်လို့
လူ ချစ်ခံရတယ်
ကျွန်တော်က ကိုယ့်ကား ကို ကိုယ်တိုင်ပြင်တော့
သူက လာလာကူရင်းနဲ့ ရင်းနှီးလာတယ်
သူနေ့တိုင်း လာလာပြင်ပေးတယ်
ကျွန်တော်လည်း ကားပြင်ရင်းသင်ပေးတယ်
ပြီးရင် CNG gas သွားထည့်ရင် သူလိုက်လာတယ်
ကျွန်တော် ကားမောင်း ဆက်သင်ပေးတယ် ကားကြီးတွေရဲ့
စီယာတိုင် ယူဆ ပုံ ကို သူကျွမ်းကျင်လာတော့
ကားတစ်စီးပြီးတစ်စီး gas ထည့်ရင် သူကားရွှေ့ ပေးတယ်
ကျွန်တော်က ကားပေါ်မီးဖွင့်ပြီး အင်္ဂလိပ် စာအုပ်ဖတ်နေတာ
ပေါ့
လိုရင်းပြော ရရင် သူ ကားကြီး မောင်းနိုင်သွားတယ်
နောက်တော့ ကျွန်တော့်ကို စပယ်ယာ လိုင်စင် လုပ်ပေးဖို့
ပူဆာ တယ်
ကျွှန်တော်က ကားလောက မှ ခဏ ပဲ နေမှာ ဒါကြောင့်မို့
ကူညီ နိုင်သလောက် ကူညီမယ် စိတ်ကူးထားတော့
ဘယ်သူကပဲ လိုင်စင်လုပ်ပေးပါ ကားမောင်းသင်ပေးပါ
လာပြောရင် ကွှန်တော်အဆင်ပြေအောင်လုပ်ပေးတာချည်းပဲ
နောက်တော့ အငယ်လေး စပယ်ယာ လိုက်တယ်
တခြားကား
မှာ ကားပိုင်ရှင်ရဲ့ ယုံကြည်မှု ရသွားတော့
Owner casher ဖြစ်လာတယ် ငွေသိမ်းပေါ့
အဲ့ဒီ အချိန်မှာ ကျွှန်တော် IELTS စာမေးပွဲမှာ6.7
ရသွားတော့ ကားလောက ကနေ
ကျွှန်တော် ထွက်သွားတယ်
၃၅ လမ်းမှာ Global link နာမည်နဲ့ အင်္ဂလိပ်စကားပြော
သင်တန်းဖွင့်လိုက်ပါတယ်
ဒီနေ့ အချိန် ထိ
အဲကွန်းအောက်မှာ ဘာသာပြန်ရတဲ့ဘဝ
ကားသမားဘဝ နဲ့
အင်္ဂလိပ်စာဆရာ ဘဝ
ဘယ်ဟာ သဘောကျလဲမေးရင်
ကားသမားဘဝ ကို ကျွှန်တော်ပျော်တယ်
ယောင်္ကျားဆန်ဆန် ရုံးကန် ရတာကို
ကျွှန်တော်နှစ်သက်ပါတယ်...................................................................
၂၀၁၆မှာ YBS မပြောင်း ခင်လေးမှာ
ကျွှန်တော် မြို့တော်ခန်းမ ရှေ့မှာ
ဗီယက်နမ် တစ်ယောက်ကို
မြို့တော်ခန်းမ အကြောင်းရှင်းပြနေတုန်း
လိုင်းကားတစ်စီး ကျွှန်တော့ ဘေးမှာ လာရပ် ပြီး
'' ကိုကျော် ကျွှန်တော့ မှတ်မိလား '' ကျွှန်တော် အငယ်လေး ပါ''
ဂိတ်ဖက်ရောက်ရင် ဝင် လာ ခဲ့ပါဦးဗျာ ကျေးဇူးဆပ် ချင်လို့
ကျွှန်တော် အခု ကားပိုင် ဖြစ်နေပြီဗျ''
ကျွှန်တော် ပြုံး မိ တယ်
တချိန်က ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ ကလေး
အခု လိုင်းကားတစ်စီး ပိုင်သွားတယ်
သူ့မှာ education မရှိခဲ့ဘူး
ဒါပေမယ့် Wisdom တော့ရှိတယ်
ဘဝ မှာ ဘယ်လိုနေသင့်တယ် ဘယ်လိုမနေသင့်ဘူး
ဘယ်သူကို ချဉ်းကပ်သင့်တယ် ဘယ်သူ့ကိုရှောင်သင့်တယ်
ဘယ်လိုစကားမပြော သင့်ဘူး ဘယ်လို ပြောသင့်တယ်
အမှား အမှန်ကို ကောင်းကောင်း ခွဲနိုင်ခဲ့တယ်
သူက ဘဝ ကို Education မရှိပေမယ့်
Wisdom နဲ့ ဘဝ ကို ဖြတ်သန်းသွားတယ်
...................................................................
" Education '' ရဲ့ အရေးပါ ပုံ
Education ကလည်း အရမ်းအရေးပါ ပါတယ်
တချို့ ရဟန်းပညာရှိ လူပညာရှိတွေက ကျောင်းပညာရေး
ကို '' သင်ညာ '' တွေ ဆို ပြီး wisdom လောက် အရေးမပါ
ဘူး လို့ ဆိုတာလည်း မကြာခဏ ဖတ်ရ ပါတယ်
ကျွှနိတော် ယဉ်ကျေးစွာ ငြင်းဆိုပါတယ်
Wisdom လိုပဲ Education ကလည်း အရေးကြီးပါတယ်
ဆရာတယောက်က ပညာဆိုတာ
'' ကျောင်းကသင်လာတာမဟုတ်ဘူး ဆယ်တန်း
အောင်ဖို့ထက် လူ လိုနားလည် ဖို့ လိုတယ် လို့
ဆိုတယ် ''
သူပြော ချင်တာက. လူ့ဘဝ နေတတ် ဖို့ ကို အပြု
သဘောဆို ချင်တာ။
ဒါပေမယ့် အဲ့ဒီ စကားကို
ဆယ်တန်း တဖုတ်ဖုတ် ကျနေတဲ့ကောင်က
ယူ သုံးရော
" ဆယ်တန်းအောင် ဖို့ ထက် လူလိုသိဖို့ လိုတယ်တဲ့ ''
အမှန်က မိဘ ကျောင်းထားပါ လျှက်
ဆယ်တန်းတောင် အဖြစ်ရှိအောင်မဖြေ နိုင်တဲ့ ကောင်က
ယူသုံး လိုက်ပြီး သူ့ရဲ့ ဆယ်တန်းမအောင်တာကို
ကာဗာ လုပ်သွားတယ်
..................................................................
ကျွှန်တော် ကားသမား ဘဝ မှာ
ယုဇန ဥယဉ်မြို့တော်က
ညီညီအောင် ဆိုတဲ့ စက်ဆရာသိပ်တော်တယ်
မျက်စိကို အဝတ်စည်းထားပြီး
ကားအင်ဂျင်က ဘယ်မူလီမဆို ဖြုတ်ယူလာခဲ့
သူလက်နဲ့ စမ်းကြည့်တာနဲ့တင်
ဘယ်နေရာက မူလီ ဆိုတာ အလွတ်ပြောနိုင်အောင်
သူ့Subject ကို သူနိုင် နင်းတယ်
အပြောအဆိုလည်း ညက်တယ်
ကျွှန်တော် ရဲ့
မက်ကနီကယ် အင်ဂျင်နီယာ တက်နေတဲ့သူငယ်ချင်း
အမြဲတမ်း ကျောင်းပြေးပြီး ထန်းရည်သောက်တယ်
အချိန်တန်ဘွဲ့ရ လာတယ်
education certificate ရှိတယ်
စက်နဲ့ ပတ်သတ်တဲ့အင်ဂျင်နီယာပေမယ့်
ကားရဲ့ ပင်စတင် တောင် အပြင်မှာ မတွေ့ ဘူးဖူး
အဲ့တာ သူရယ် စက်ဆရာ ညီညီအောင်ရယ်
သင်္ဘောတက်တော့
စက်ကို အရမ်းကျွမ်းတဲ့ ညီညီ အောင်က
ဆီလောင်းအဆင့်နဲ့သင်္ဘော လိုက်ရတယ်
လခ ၇ သိန်း
စက်အကြောင်းတကယ်နားမလည်တဲ့
အင်ဂျင်နီယာကျောင်းဆင်းက
တတိယ အရာရှိ ဖြစ်သွားတယ်
လခ သိန်း၂၀
ဘာကွာသွားလဲ
Education ကွာသွားတာပဲ
ဒါကြောင့် Education ကလည်း
ဘဝ ရပ်တည်ရေးအတွက်
သူ့နေရာနဲ့ သူ အသုံးဝင်ပါတယ်
သင်ညာ ပဲ ပြောပြော
ဘာပဲပြောပြော
ပြောချင်တာပြော အသုံးဝင်တယ်
...................................................................
တချို့ အရာ ရှိတွေ
သိပ်မောက်မာ ရိုင်းစိုင်းတယ်
လူကြီးကို လည်း ဆဲ ချင်ဆဲတယ်
Wisdomမရှိဘူးပေါ့
ဒါပေမယ့် Education က ရှိနေတော့
ဘဝ ရပ်တည်လို့ရနေတယ်
တချို့လည်း Education မရှိပေမယ့်
နေတတ် ထိုင်တတ် တော့
တဖြည်းဖြည်း အထက်ရောက်လာတယ်
အဲ့တာ ဘဝ ကို Wisdom နဲ့ရပ်တည်တာပေါ့
ဘဝ မှာ
Education
သို့မဟုတ်
Wisdom တခု
ကောင်းကောင်းရှိရင်
ဘဝ ရပ်တည်လို့ရတယ်
နှစ်ခု လုံး ရှိရင် Perfect ဖြစ်သွားပါတယ်
ဒါကြောင့်
ကိုယ့်မှာ လိုနေတာ
ကိုယ့် ကြိုးစားဖြည့်ပေါ့
အလားတူပဲ
Education ကသာ ကောင်းတယ်
Wisdom ကသာ မှန်တယ် လို့
စောင်းပေးပြီ မပြောအပ်ပါဘူး
ဘာလို့လဲ ဆိုတော့ နှစ်ခု စလုံး လိုအပ် လို့ပေါ့
...................................................................
ဗာဟု သစ္စဉ္စ သိပ္ပဉ္စ ဝိနယောစ သုသိက္ခိတော
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ
အကြားအမြင်ဗဟုသုတ များခြင်း
အပြစ်ကင်းသော
စက်မှုလက်မှုအတတ်ကို တတ်ခြင်း
ကိုယ်ကျင့်တရားကောင်းခြင်း
အပြောအဆို ချိုသာခြင်း
ယဉ်ကျေးခြင်း
ဤလေးပါးသည် တိုးတက်ကြီးပွားချမ်းသာကြောင်း
ကောင်းမြတ်သော မင်္ဂလာမည်ပေ၏
ကျော်မင်းထွန်း ( 24.3.2019)
Credit Ko Kyaw Min Tun
Education နဲ့ Wisdomကို သူ့ဘ၀အမှတ်တရလေးတွေနဲ့သေချာရှင်းပြသွားတာအရမ်းသဘောကျလို့ ပြန်လည်တင်ပေးခြင်းပါ။ မူရင်းရေးသားသူ ကိုကျော်မင်းထွန်းအား လေးစားကျေးဇူးတင်မိပါသည်🙏
#သည်ခေတ်နေ
24/01/2022
မြန်မာမှု့လေးတွေကြိုက်ကြတဲ့ မမတွေတွက်
ရိုးရိုးရှင်းရှင်းလေးနဲ့ အလှဆုံး စွဲဆောင်မှု အရှိဆုံးဖြစ်စေဖို့
*** NZY Lady Wears *
- ချည်ပေါင်းသားဝမ်းဆက် အသင့်ချုပ်ပြီး
- ချုပ်ရိုး ချုပ်သား အထူးသေသပ်လှပ
စွာချုပ်ပေးထားပါတယ်နော် ( စျေးချုပ်လုံးဝမဟူတ်ပါ)
- 2/80 ရေနွေးငွေ့ ၂ထပ်ပေါင်း
- ဝတ်သူတိုင်း အရန်းရမ်းကို ကြိုက်တဲ့အသားလေးပေါ် ပန်းထိုးပြီး ချုပ်ပေးထားပါတယ်
- အကျီ သီဇာ ၁လက်မဆီ ထည့်ချုပ်ပေးထားပါတယ်
- လေးလွှာ ကွင်းစွတ်ချိတ်ထမီ အသားချိတ် (ဘယ်ဖုံး မန်းလေးဖုံး)
ws- 16500
အစီးစျေး -15500 (ကာလာမရွေး 10ရောင်)
24/01/2022
NZY Lady Wear ရဲ့ ဒီဇိုင်းအသစ်လေး
အသဲ ခိုက်အောင်လှတဲ့ LV လေးတွေ
အင်ဒိုပိုးယုံးသားလေးကို ချုပ်ပေးထားပါတယ်နော်
ရင်ဆိုဒ် - 36/38
ခါး- 28
Lb - 100-140 (L Size)
ပတ်ထမီ လေးလွှာ ကွင်းစွတ်ချိတ်
1ထည်- 16000
အရောင်မရွေး ၅ထည်စျေး-14500
အရမ်းအရမ်းကိုတန်လွန်းလို့
ချုပ်ခဖိုးတောင်မရှိဘူးနော် ချစ်မမတို့ရေ
24/01/2022
Hzချည်သားကြောင်ခြစ် +မျက်၀န်းပုဆိုး
အနံကြီးကွင်းကျယ် ဆေးခိုင်အာမခံ
Hz - s m l xl (4ဆိုဒ်ရ)
1ထည် - 13500
5စုံစျေး- 12500
Category
Website
Address
Myeik
14051
Alerts
Be the first to know and let us send you an email when Mol Lady Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.